468x60 Ads

Thursday, October 18, 2012

လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံ...

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်ကျေးရွာမှာ လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ က စတင်ကျင်းပနေပြီး ဒေသခံ တောင်သူတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ကျောင်း သားတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေက ကိုယ် စားလှ
ယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ ညီလာခံ ပထမရက်အတွင်းမှာ လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ရခိုင်တိုင်ရင်းသား အရေးနဲ့ ကချင် ဒေသမှာ စစ်ဖြစ်နေ တာတွေ ရပ်ဆိုင်းရေး စတဲ့ အချက် (၃)ချက်ကို အဓိကထား ဆွေးနွေးသွားကျတယ်လို့ ဆည်တည်း ရွာက ဦဇင်း ဦးနန္ဒာစာရက မိန့်ပါတယ်။(၂)ရက်ကြာ ကျင်းပမယ့် ပြည်သူ့ညီလာ ခံကို ပြည်ပရာက် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကလည်း ထောက်ခံ ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

0 comments:

Post a Comment