သူ့ ရဲ့ ဂုဏ်သတင်းကျော်ဇောမှုနဲ့ ငွေကြေးဓနဥစ္စာကြွယ်ဝမှုက သူ့ မှာဇနီးမယား ၆ ယောက်အ
ထိရှိစေခဲ့ ပါတယ်...
သူရဲ့ မကုန်ခမ်းနိုင်တဲ့ အချစ်ကြီးချစ်မှုတွေကိုလည်း အပ်ဂ်ဘပ်ဂ်ဘူ အိုဝပ်ပါ ဒေသရှိ အလှဆုံး
အချောဆုံးဆိုတဲ့ အမျိုးသမီးငယ်၊ မိန်းကလေးတွေကို ဖြန့် ကျဲပေးအပ်ခဲ့ လေပြီ...
နိုင်ဂျီးရီးယားနိုင်ငံ၊ဘီနူးပြည်နယ်၊ အော့ဂ်ဘာဒီဘို နယ်မှ အူရိုကိုအိုနိုဂျာ အမည်ရှိသူ ကိုဖိုးစွံတစ်
ယောက်တော့ ၎င်းရဲ့ ချစ်ခြင်းငယ်ပြိုင်မယ်၊ ချစ်မေတ္တာဘယ်မခမ်း ဆိုရမယ့် တစ်ဦးနှင့် တစ်ဦး
အနိုင်မခံအရှုံးမပေးစိတ်ရှိကြတဲ့ ဇနီးမယား ၆ ယောက်ရဲ့ သံသာလေကမ်းတိုင် လှမ်းပြိုင်တူပျော်
မယ် စိတ်ထားကြောင့် သူတို့ လေးတွေရဲ့ ၇မက်ဆန္ဒကိုဖြည့် ဆည်းပေးယင်း လှေလှောင်ယင်း
တက်ကျိုးရတဲ့ အဖြစ်နဲ့ ဆုံကာ အိပ်ယာပေါ်မှာတင် အသက်ပျောက်ခဲ့ ရပါတယ်...
ဒုက္ခအားလုံးရဲ့ အစကတော့ လွန်ခဲ့ သည့် အင်္ဂါနေ့ နံနက် ၃ နာရီတိတိမှာပဲ အပ်ဂ်ဘပ်ဂ်ဘူ ဒေ
သရဲ့ နာမည်ကျော်ပျော်ပါးသောက်စားရာ အိုချန်ဂျာနေရာက ပြန်လာတဲ့ အူရိုကိုတစ်ယောက်
သူ့ ရဲ့ အငယ်ဆုံးဇနီးလေးရှိရာအခန်းထဲ ၀င်သွားခဲ့ ပါတယ်...