Wednesday, October 31, 2012
အက်သလက်တီကို တွင်ဆက်လက် သက်တမ်းတိုးအုံးမယ့် ဖယ်ကာအို
အက်သလက်တီကို မက်ဒရစ် အသင်းသည် ၎င်းတို့၏
အဓိက ကစားသမား ရာဒါမယ်လ် ဖယ်လ်ကာအိုအား စာချုပ် သက်တမ်းတိုး ချုပ်ဆိုရန်
ကြိုးပမ်းနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများသည် ကိုလံဘီယာ လက်ရွေးစင်ကို ပေါင်စတာလင် (၄၆)သန်းဖြင့် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် အက်သလက်တီကို ၎င်းတို့၏ တိုက်စစ်မှူးအား ထိန်းသိမ်းသွားရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ဖယ်လ်ကာအိုသည် ဆောင်းရာသီ ဈေးကွက် အတွင်းတွင်ပင် အင်္ဂလန် ထိပ်တန်း ကလပ်များ၏ ကမ်းလှမ်းမှုကို ခံရဖွယ် ရှိနေသည်။ သို့သော်လည်း အက်သလက်တီကိုက ကစားသမားအား ရောင်းချ ရသည့်တိုင် နွေရာသီမှ လက်လွှတ်ခံရန် ဆန္ဒ ရှိနေသည်။

ထို့ကြောင့်လည်း ဖယ်လ်ကာအိုအား ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက်
လက်ရှိစာချုပ်ကို တိုးမြှင့်သွားရန် စပိန်ကလပ်က လိုလားနေခြင်း ဖြစ်သည်။
ဖယ်လ်ကာအိုသည် (၂၀၁၁)ခုနှစ်၊ နွေရာသီကမှ ဗင်းဆင့် ကယ်လ်ဒါရွန်
ကွင်းကြီးသို့ ရောက်ရှိလာခဲ့ပြီး (၂၀၁၆)ထိ စာချုပ်သက်တမ်း ရှိနေသည်။
ကလပ်အသင်းသည် ၎င်း၏ စာချုပ်တွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၄၆)သန်း
ပေးချေပါက ထွက်ခွာခွင့် ပေးမည်ဟု သဘော တူညီထားသည်။ ဖယ်လ်ကာအို
ကိုယ်တိုင်ကမူ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ယတိပြတ် မည်သည့် အရာမျှ
မပြောနိုင်သေးဟု ဆိုသည်။
"ကျွန်တော် ဒီမှာ ပျော်နေသလို လက်ရှိ အနေအထားကို ကျေနပ်ပါတယ်။ ထွက်ခွာဖို့
မစဉ်းစားသေးပါဘူး။ ဒီတစ်ရာသီလုံး အသင်းမှာ ဆက်ကစားဖြစ်ဖို့နဲ့ အားလုံး
အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အသင်းပြောင်းဖို့ ဆိုတာကတော့ အချက်အလက်
အများကြီးပေါ် တည်မှီနေတာပါ။ ကလပ်ရဲ့ စီးပွားရေး၊ ချန်ပီယံလိဂ် ဝင်ခွင့်လို
ကိစ္စတွေပေါ့။ လောလောဆယ်တော့ ဘာမှ အပြတ်မပြောနိုင်သေးပါဘူး"ဟု ဖယ်လ်ကာအိုက
ပြောကြားသွားသည်။
ဆာဂျီယို ရာမို့စ် ပြောတဲ့ ရီးရဲ စိတ်ဓါတ်
ဘာစီလိုနာနောက် အမီ လိုက်ရမည် ဆိုသော
အခြေအနေက ရီးယဲလ်မက်ဒရစ် အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ်
ဖြစ်လာစေကြောင်း ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
ရီးယဲလ် အသင်း၏ စပိန် လက်ရွေးစင် နောက်ခံလူက လက်ရှိတွင် အမှတ်ပေး ဇယား အဆင့်(၄) နေရာ၌ ရပ်တည်နေသည့်တိုင် ထိပ်ဆုံးမှ ဘာစီလိုနာကို မိမိတို့ အမီလိုက်နိုင်မည်ဟုလည်း ဆိုသည်။ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ် အသင်းများသည် ရီးယဲလ်ကို (၈)မှတ်ဖြတ်ကာ ဦးဆောင်နေသော်လည်း ယင်းအနေအထားကြောင့် အမှတ်ပေး ပြိုင်ပွဲ ပြီးဆုံး သွားပြီဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ကြောင်း ရာမို့စ်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "ကျွန်တော်တို့ဟာ ဘာစီလိုနာကို လိုက်မီရမယ် ဆိုတဲ့ စိန်ခေါ်မှုကြောင့် စိတ်ဓာတ် တက်ကြွလာတာပါ။ ကျွန်တော်တို့ဟာ အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နေဦးမှာ ဖြစ်ပါတယ်။ အဆုံးထိပေါ့။ ကျွန်တော်တို့ ပြန်လာနေပြီ မဟုတ်လား" ဟု Marcaသို့ ပြောကြားခဲ့သည်။ "ခုချိန်မှာ နှစ်သင်းက ထိပ်ဆုံး ရောက်နေပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ပေါ့။ ဒါပေမဲ့ ရီးယဲလ်ကလည်း ပွဲတွေမှာ အနိုင်ရလဒ်ကို ထိန်းထားနိုင်ရင် သူတို့ကို ဖိအားအများကြီး ပေးနိုင်ပါလိမ့်မယ်။ မာယော့ကာကို ကျွန်တော်တို့ နိုင်လိုက်တာက အရေးကြီးပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နေရာမှာ ရလဒ်ကောင်း ရခဲ့တယ်။ ရှေ့ဆက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေဦးမှာ ဖြစ်ပါတယ်"ဟု ရာမို့စ်က ပြောကြားသွားသည်။

KIA ပစ်သတ်ခဲ့သော ကြောင့် အရပ်သားနှစ်ဦး သေဆုံး
အောက်တိုဘာလ (၃၀) ရက်နေ့တွင် KIA တပ်များနှင့်
အစိုးရတပ်တို့ ဖားကန့်မြို့နယ် နန့်မော်ရွာ အထွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်
KIA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားအရပ်သား (၂)ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရ ခဲ့ကြောင်း သိရပါတယ်။အောက်တိုဘာလ
(၃၀) ရက် နေ့လည် (၁) နာရီခန့်တွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ အင်အား (၄၀) ခန့်သည်
အစိုးရတပ်အား တိုက်ခိုက်ရန် နန့်မှော်ရွာ ကုန်းဆင်းတွင် စောင့်ဆိုင်းနေခဲ့ပြီး အစိုးရတပ်များ
နမ့်မှော်ရွာတွင်းမှ ထွက်လာစဉ်တွင် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအစိုးရတပ်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း
သိရပါတယ်။နှစ်ဘက်ပစ်ခတ်မှုများမှာ
တစ်နာရီးခွဲခန့် ကြာပြီးနောက် KIA တပ်များမှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး
အဆိုပါတိုက်ပွဲတွင် KIA ဘက်မှ (၁) ယောက်ကျဆုံးခဲ့ကာ (၄)
ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။“ KIA ကကြိုစောင့်နေတာ
စစ်တပ်ရွာကထွက်လာတာနဲ့ စပစ်တော့တာပဲ ရွာထဲကိုလည်း လက်နက်ကြီး တွေကျတယ်၊
ရွာသားတွေတော့ မထိပါဘူး။ ဒါပေမယ့် ဖားကန့်ကနေလာတဲ့ ကားကိုတော့ ထိသွားတယ်။ ကားက
တိုက်ပွဲစဖြစ်ချိန်မှာ စစ်တပ်နားမှာရောက်နေတော့ KIA ပစ်တာတွေ မှန်သွားတာ။
ကားပေါ်မှာ လူ (၅) ယောက်ပါတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ် ၊ (၃)
ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု နမ့်မှော်ဒေသခံ တစ်ဦးက ဆိုပါတယ်။အဆိုပါတိုက်ပွဲတွင် သေဆုံးဒဏ်ရာရသွားသူ ခရီးသည်အရပ်သားများအားစစ်တပ်နှင့်ဒေသခံများမှဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရ ပါတယ်။ အဆိုပါ တိုက်ပွဲတွင် သေဆုံး/ဒဏ်ရာရ သွားခဲ့သူ
အရပ်သား ခရီးသွားများအနက်မှ မှ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နေသူမဆွေဆွေအောင်(၂၅)နှစ်နှင့်စစ်ကိုင်းတိုင်းကလေးမြို့ နေသူ မောင်ကျော်ကျော်တို့ (၂)ဦးမှာ
နေရာတွင်ပင် သေဆုံးခဲ့ပြီးမောင်စိုင်းစိုင်းအောင်၊မောင်ထွန်းမင်းအောင်နှင့်မမြင့်မြင့်ခိုင်တို့သုံးဦးမှာဒဏ်ရာရရှိခဲ့ပြီး
ဖားကန့်ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းဖားကန့်ဆေးရုံမှဆရာဝန်တစ်ဦးကအတည်ပြုပြောကြားပါတယ်
သိရပါတယ်။
ထိုသို့
တိုက်ပွဲဖြစ်ပွားနေချိန်တွင် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့်
KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင်
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်းဆွေးနွေး ပွဲတွင် KIA
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်သဖြင့် စစ်ရေးဆိုင်ရာများ
ဆွေးနွေးနိုင်ခြင်းမရှိခဲ့ ကြောင်း သိရပါတယ်။
Subscribe to:
Posts (Atom)