468x60 Ads


Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Tuesday, March 25, 2014

နာကျင်စရာအိမ်ထောင်းရေးများကိုအယ်လ်ဘမ်သစ်တွင်လှစ်ဟပြမည့်ဂျေလို

 
 

ပရိသတ်များကဂျေလိုဟုချစ်စနိုးခေါ်ဝေါ်ကြသည့်အဆိုတော်မင်းသမီးသည်(၂၀၁၁)ခုနှစ်ကခင်ပွန်းသည်မက်အန်သိုနီနှင့်လမ်းခဖြစ်
ခဲ့သည်။
သူမ၏ အသစ်ထွက်ရှိမည့် အယ်လ်ဘမ်သည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်ရေး ပြိုကွဲမှုကို ထင်ဟပ်စေလိမ့်မည်ဟု ဂျနီဖာလိုပက်ဇ်က ဝန်ခံခဲ့သည်။ ပရိသတ်များက ဂျေလိုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် အဆိုတော် မင်းသမီးသည် (၂၀၁၁)ခုနှစ်က ခင်ပွန်းသည် မက်အန်သိုနီနှင့် လမ်းခွဲဖြစ်ခဲ့သည်။ အသက်(၄၄)နှစ် ရှိပြီဖြစ်သော ဂျေလိုက “အရင်တုန်းကဆိုရင် ကျွန်မ အဓိက ပြောပြချင်သမျှ အကြောင်းတရားက ချစ်ခြင်းမေတ္တာပဲ။ ဒါဟာ ကျွန်မအတွက် စိတ်ဓာတ်လှုံ့ဆော်မှုလည်း ဖြစ်တယ်။ ကျွန်မ အဓိက တွေးတော တဲ့ အရာဆိုရင်လည်း မမှားဘူး။ ဒီအရာကပဲ ကျွန်မကို အနှစ်ချုပ် ပုံသွန်းပေးထားတာလို့ ဆိုရပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။
သူမက “ကျွန်မရဲ့ အရင်အယ်လ်ဘမ် (၉)ခုနဲ့တော့ ပုံစံကွဲလိမ့်မယ်။ ခုချိန်မှာ ကျွန်မ တွေးတောခံစားတဲ့ ဖြတ်သန်းမှုတွေကို ထင်ဟပ်စေလိမ့်မယ်။ ကျွန်မ ဒီအယ်လ်ဘမ်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက အကောင်အထည် ဖော်နေခဲ့တာပါ။ ခုဆို (၁)နှစ်ကျော် ကြာသွားပြီ။ ခုလောလောဆယ် ကျွန်မရဲ့ နယ်လှည့် ဖျော်ဖြေပွဲတွေလည်း နားထားပြီ။ ဒီတော့ စတူဒီယိုမှာ ကျွန်မရဲ့ အင်အားတွေကို အပြည့်အဝ လမ်းမှန်ကမ်းမှန် စိုက်ထုတ်ရတော့မယ်။ ဒီအယ်လ်ဘမ်မှာ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ အတတ်နိုင်ဆုံး ကျွန်မဆိုလိုချင်တာကို ရိုးရိုးသားသား ပြောပြဖို့ပါပဲ”ဟုလည်း ဆိုသည်။
ဂျေလိုက “ကျွန်မဟာ ကွာရှင်းပြတ်စဲမှု တစ်ခုနဲ့ ကြုံထားရတာပါ။ ကိစ္စတွေ အများကြီး ပြောင်းလဲ ဖြစ်ပျက်ခဲ့ပြီးပြီ။ ဒီအတွေ့အကြုံဟာ ကျွန်မဘဝမှာ အပြောင်းအလဲ အလှည့်အပြောင်း တစ်ခုလို့တောင် ကျွန်မ အလေးအနက် ခံစားမိခဲ့ပါတယ်” ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar 

Monday, February 3, 2014

ကိုယ်ခန္ဓာတောင့်တင်း ပြည့်ဖြိုးလှပလိုသူတိုင်းလိုက်နာသင့်သောအချက်များ


“လူ့အလို နတ်မလိုက်နိုင်”ဆိုတဲ့ စ ကားအတိုင်း ဝတဲ့သူတွေက ပိန်ချင်ကြပြီး ပိန်တဲ့သူတွေက ခန္ဓာကိုယ် ပြည့်ဖြိုး အလှတိုးချင်ကြပါတယ်။
အစားအသောက်
- တစ်နေ့ အနည်းဆုံး ထမင်း ငါးကြိမ် စားပါ။ ဒါမှ ကယ်လိုရီ များများ ရရှိမှာ ဖြစ်ပါတယ်။ သစ်သီးခြောက်၊ ဒိန်ချဉ်၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို များများထည့် စားပါ။ သင့်ကိုယ် အလေးချိန်၊ အရပ်အ မောင်းနဲ့ လှုပ်ရှားမှု အဆင့်ပေါ်မူတည်ပြီး ကယ်လိုရီ လိုအပ်ချက်က ပြောင်းလဲနေ တတ်ပါတယ်။ ပရိုတင်းဓာတ် များများရ ရှိတဲ့ အစာတွေကို စားပေးတာကြောင့် ကြွက်သားသန်စွမ်းအောင် တည်ဆောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပဲနီလေး၊ ကုလား ပဲ၊ ပဲစိမ်းစတဲ့ ပရိုတင်းပါဝင်မှု မြင့်မား တဲ့ အစာတွေကို စားပေးပါ။
- ဥအမျိုးမျိုး၊ ငါးနဲ့ အသားတွေအပြင် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို များများ စား ပေးပါ။
- မစ်ရှိတ်(Milk Shake)၊ သစ်သီး ဖျော်ရည် စတာတွေကို သောက်တာ ကြောင့် ကိုယ်အလေးချိန်ကို မြင့်တက် စေနိုင်ပါတယ်။
- သံလွင်ဆီ၊ အခွံမာတဲ့ အစေ့အဆန်၊ မြေပဲ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေကို များများ စားပေးပါ။
- သီဟိုဠ်စေ့၊ သဖန်းသီး၊ ငှက်ပျောသီး စတဲ့ သရေစာတွေကို ထမင်းစားချိန်တစ် ချိန်နဲ့ တစ်ချိန်ကြား စားပေးသင့်ပါတယ်။ - အာလူးနဲ့ ပြောင်းဖူးတို့လို ကစီဓာတ် များတဲ့ ဟင်းသီးဟင်းရွက်တွေကို များ များ စားပေးပါ။
- သစ်သီးဖျော်ရည်နဲ့ သစ်သီးခြောက် တွေမှာ ကယ်လိုရီအများအပြား ပါဝင် တာကြောင့် သင့်ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။
အနားယူမှု
- တစ်ညအနည်းဆုံး အိပ်ချိန် ရှစ်နာရီ ထားပေးရပါမယ်။
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပြီး များများအနား ယူပေးပါ။
လေ့ကျင့်ခန်း
- လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် လျော့ကျဖို့ အတွက်ပဲ အသုံးဝင် တယ်လို့ လူအများစုက ထင်နေကြ ပါတယ်။ နေ့စဉ် အသင့်အတင့် လေ့ကျင့်ခန်း လုပ်တာ ကြောင့် ကြွက်သားထု ထည်ကို တိုးစေပြီး အစာစားချင်စိတ်ကို ကောင်းမွန်စေ ပါတယ်။
- ပုံမှန် လေ့ကျင့်ခန်း အသင့်အတင့် လုပ် တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေကာ အစာခြေဖျက် နှုန်း တိုးတဲ့အတွက် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ အညီ တိုးစေတာ ဖြစ်ပါ တယ်။ အဆီတွေ မတိုးဘဲ ကြွက်သား ထုထည်တိုးကာ ပြည့်ဖြိုးလှပစေဖို့ရာအ တွက် လေ့ကျင့်ခန်းက မဖြစ်မနေ အရေး ပါလှပါတယ်။ 


Ref:good health



Wednesday, December 5, 2012

ဒါရိုက်တာ"ကြောင်ခံတွင်းပျက်"နဲ့ မော်ဒယ်"ဇရက်တောင်ပံကြိုး"လေးများ

ယနေပြောင်းလဲဖွဲ့စည်းလိုက်သောမြန်မာ့ရုပ်၇ှင်အစည်းအရုံ့းလက်ထက်တိုးတက်လာတယ်လို့ပြောရမလား၊
ပွင့်လင်းမြင်သာမှုရှိလာတယ်လို့ပြောရမလား၊ဒီမိုကရေစီနိုင်ငံတော်ကိုလျှောက်လှမ်းနေသောနိုင်ငံတစ်နိုင်
ငံ၏အစပျိုးခြင်းလားဆိုတာဘယ်လိုနားလည်ရမှန်းကိုနသိတော့ပါဘူးဗျာ..ရုပ်ရှင်ထူးချွန်ဆုပေးတာကိုဘာ
တစ်လုံးမှနားမလည်တဲ့လူတွေရွေးတာသဘာဝမကျပါဘူးဆိုတဲ့ယခုရုပ်ရှင်အစည်းအရုံးဥက္ကဌအကယ်ဒမီဇင်
ဝိုင်းတို့လိုနားလည်တတ်ကျွမ်းတဲ့သူတွေလက်ထက်မှဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့လိင်ဆွဲဆောင်မှု
အားကောင်းတဲ့ရုပ်ရှင်တွေ၊ဗီဒီယိုတွေ၊ဂျာနယ်တွေထထွက်လာတာဗျ..အရင်အစိုးရလက်ထက်မှာတုန်းဆင်
ဆာဖြတ်လွန်းလို့စိတ်ညစ်နေတဲ့သရုပ်ဆောင်မင်းသမီးမင်းသားများအနေနနဲ့တော့အခုလိုခေတ်ရောက်လာ
ပြီဆိုတော့အကြိုက်ပေါ့ဗျာ..ဒီမိုကရေစီနိုင်ငံလေဒီလောက်တော့၇ှိမှာပေါ့..လူတိုင်းကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိ
လာပြီကိုး..၊ဒါပေမယ့်ဒီလောက်နဲ့တော့မလုံလောက်သေဘူးဗျအခုထွက်လာတဲ့ဇာတ်ကားတွေ၊ဗီဒီယိုတွေက
ကြည့်၇တာမှုန်ဝါးဝါးနဲသိပ်ပြီးတော့မထင်၇ှားသေးဘူး..ဒီထက်ပိုပြီးတော့ဒီမိုကရေစီနိုင်ငံပီသအောင်၊ပွင့်လင်း
မြင်သာမှ၇ှိအောင်အနုပညာ၇ှင်များအနေနဲ့ဆက်ကြိုစားကြပါအုံးလို့အားပေးလိုက်ပါတယ်…။
By:အမည်မသိရှေးစာဆို

Tuesday, December 4, 2012

ဟောလိဝုဒ်မင်းသမီးတို့ ၏ခန္ဓာကိုယ် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ

ကိုယ်လုံးကိုယ်ပေါက် လှပကြည့် ကောင်းတယ် ဆိုတဲ့ ဟယ်လီ ဘယ်ရီ၊ ဟေဒီ၊ ဂျနီဖာအနစ္စတန် နဲ့ ဂျနီဖာ လိုပက်ဇ်တို့ရဲ့သူတို့ကိုယ်ခန္ဓာကိုဘယ်လိုထိန်းသိမ်းတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေ ကိုဖော်ပြလိုက် ပါ တယ်။
ဂျနီဖာအနစ္စတန်
ကိုယ်လုံးကိုယ်ပေါက် စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အစာကို ပုံမှန်စားပါတယ်။ အမျိုးသမီးအများစုရဲ့ အမှားကြီး တစ်ခုက ကယ်လိုရီတွေကို အလွန် အ မင်းဖြတ်တောက် လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ဇီဝရုပ်ဖြစ်ပျက်မှုနှေးပြီး အားမရှိသလိုဖြစ် သွားပါ တယ်။ ပုံမှန် အတိုင်း အစာပြန်စားတဲ့အခါ ကိုယ်အလေးချိန် တက်လာပါတယ်။
(၂) ဒါပေမဲ့ အစာကို ဖြည်းဖြည်းပဲ စားပါတယ်။ အစာ တစ်လုတ်စားပြီးတဲ့အခါ ဇွန်းခက်ရင်းကိုချပြီး တစ် ကနေ ၁၀ အထိ ရေတွက်ပါတယ်။ ဒါက ဦးနှောက် ကို အစာအိမ်က ဗိုက်ပြည့်နေပြီဖြစ်ကြောင်း အ ချက် ပြ ခွင့်ပေး လိုက်တာပါ။
(၃) လှုပ်ရှားမှု လုပ်ပါတယ်။ အဓိကက ပေါင်အတွင်း၊ အပြင် ကျစ်လျစ်အောင် လေ့ကျင့်ခန်းလုပ်တာပါ။ ကြမ်းပြင်ပေါ်မှာ ဖဲချပ် ၁၀ ချပ်ကို ချထားပါ။ ပြီး ရင် ဆောင့်ကြောင့်ထိုင်ပြီး ဖဲချပ်တစ်ချပ်ကို ကောက် ယူပါ တယ်။ အဲ ဒီနောက် ညာဘက်ကို ခြေလှမ်းလေး လှမ်းလောက် ရွေ့လိုက်ပါ။ ပြီးရင် ဖဲချပ်အပုံတွေ ဆီ ပြန် လာ ပြီး နောက် တစ်ချက်ကို ကောက်လိုက်၊ ညာ ဘက်ကို ခြေလှမ်း လှမ်းလိုက်..ဖဲချပ် ၁၀ ချပ် စ လုံး ကောက် ယူပြီး တဲ့အထိ ပြုလုပ်ပေးပါ။
ဟေဒီကလမ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) တင်ပါးကို ကော့ပြီး ထိုင်ထလေ့ကျင့်ပါတယ်။ဒါက တင်ပါးတင်မက ပေါင်အပြင် ပိုင်းနဲ့ ခြေသ လုံး  တွေ ကို ပါ သန်စွမ်းစေလို့ပါ။
(၂) သင့်အနေနဲ့ ကြိုးခုန်တာ၊ အလေးမတာ၊ ပြေးတာ ..ဘယ်လိုလေ့ကျင့်ခန်းမျိုးကိုပဲ လုပ်လုပ် သင့် တံ တောင် ဆစ်  နဲ့ ဒူးတွေကို ထိန်းချုပ်မထားပါနဲ့။ ဒီအ စိတ်အပိုင်းတွေကို ပျော့ပျော့ပျောင်းပျောင်း ထားရှိ လိုက် ပါ။ ဒါ မှ အဆစ်ထိခိုက်မှု မဖြစ်အောင်ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
(၃) တင်ပါးလှစေဖို့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါတယ်။ ပြုလုပ်နည်းကတော့ ၄-၁၀ပေါင်ကြား အလေး တုံးကို လက်နှစ်ဖက်ကို အဖြောင့်အတိုင်းထားကာ ခေါင်းပေါ်မြှောက်ကာ မယပါတယ်။ ပြီးရင် တတ်နိုင် သလောက်ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်။အဲဒီအတိုင်းရှေ့ကိုခြေလှမ်းနည်းနည်းရွှေ့ကြည့် တာ၊  နောက် ကို  ဆုတ် တာတို့ လုပ်ဆောင်ပါတယ်။
ဟယ်လီဘယ်ရီ
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အမြင့်တက်ပြီး လမ်းလျှောက်တာက အကောင်း ဆုံး နှလုံးသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါ က သင့် တင်ပါး၊ ပေါင်နဲ့ ခြေထောက်အောက်ပိုင်း တွေကို တင်းရင်းစေပြီး ဒူးတွေကို သန်စွမ်းစေပါတယ်။
(၂) လက်မောင်းနဲ့ ပခုံးသားတွေ သန်မာစေတဲ့ ပစ္စည်း Dumbbells ဟာ အလေးတုံး သီးသန့်တွေထက် ပို ပြီး ကြွက် သားတွေကို သန်စွမ်းစေပါတယ်။ အကြောင်းက တော့ ဒီအသုံးအဆောင်တွေက ညှိ ယူ စရာ မလို တဲ့အ ပြင် ခန္ဓာကိုယ်ကို သဘာဝကျကျ လှုပ်ရှားနိုင်စေပါတယ်။
(၃) လေ့ကျင့်ခန်းအနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လိမ်တဲ့ လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒါက ဝမ်းဗိုက်ဘေး တစ် ဖက်တစ်ချက်ရှိ အဆီပိုတွေကို လျော့ကျစေပါတယ်။ ပြုလုပ်နည်းကတော့ ဖျာတစ်ချပ်ပေါ် ဒူးကွေး ပြီး မတ် မတ် ထိုင်ပါ။ အဲဒီအနေအထားနဲ့ အနောက် ဘက်ကို အနည်းငယ်လှန်လိုက်ပါ။ ပြီးရင် ညာဘက် လက် နဲ့ ခန္ဓာ ကိုယ် ဘယ်ဘက်အခြမ်းကို ပွေ့ဖက် တာ၊ ဘယ်ဘက်လက်နဲ့ ခန္ဓာကိုယ်ညာခြမ်းကို ပွေ့ဖက် တာ ကို ၁၀ ကြိမ် ပြုလုပ်ပါတယ်။
ဂျနီဖာလိုပက်ဇ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) လှေကားတက်ရင် ခပ်မြန်မြန် တက်တဲ့နည်းကို ရှောင်ပါတယ။် ဒီနည်းဟာ ကြာကြာနဲ့ ဖြည်းဖြည်းချင်း တက် တာထက် ကြွက်သားတွေကို အလုပ်လုပ်ဖြစ်နှုန်း နှေးပြီး ကယ်လိုရီလောင်ကျွမ်းနှုန်း လည်း နည်း ပါတယ်။
(၂) အလေးမတဲ့ အကြိမ် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးမိနစ်ထက်ပိုပြီး မနားပါနဲ့။ အကြာ ကြီးနား ရင်ြွကက် သားတွေ သွေးအေးသွားပြီး လေ့ကျင့်ခန်းရဲ့ အကျိုး အာနိသင် လျော့ကျသွားနိုင်လို့ပါ။
(၃) ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လက်မောင်းတွေ ကျစ်လျစ်အောင် လုပ်ပါတယ်။ ပြုလုပ်နည်းကတော့ လက် တစ် ဖက် တစ်ချက် မှာ ၅-၈ ပေါင်ခန့်လေးတဲ့ Dumbbellကို ကိုင်ပြီး ဦးခေါင်းပေါ် ရောက်တဲ့အထိ မပါ။ ပြီး ရင် ဦးခေါင်း ဘေးကနေ Dumbbell ကို ဖြည်းဖြည်းချင်း နှိမ့်ချ လိုက်ပါ။ ဒီနည်းအတိုင်း တစ်နေ့ သုံး ကြိမ် လေ့ ကျင့် ပါတယ်။
 Ref:good health

Monday, December 3, 2012

ကချင်အမျိုးသားများအတွက်တဲ့ 

 
 
 
 
 
နန်းသီရိမောင်၏ လှလှပပ ဖော်ချွတ်ထားပုံများသည် ယောကျာင်္းသားများစွဲမက်စရာပါ။ သို့သော် ရိုရာ ယဉ်ကျေး မှုနဲ့မပိုက်ပေမယ့် ကျန်မာရေးရူထောင့်အရ မိန်းကလေးရဲ့ရင်သားလှလှပပ ကိုကြည့်နေ ရသော  ယောကျာင်္းလေး များအသက်ရှည်တယ်လို့စာစောင်တစ်ခုမှာတွေ့လို့ ကျွန်တော်တို့ ကချင် လူငယ်လေး များ အသက်ရှည်စေချင်သောဆန္ဒနဲ့တင်ပေးလိုက်ချင်းဖြစ်ပါသည်။ 
Ref:ကချင်နေ့ စဉ်သတင်း

MPT အတွက်လက်ဆောင်

Ref:from facebook

သရုပ်ဆောင်ချောရတနာရဲ့ မင်္ဂလာပွဲ

 
 
 

 
ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ကိုဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀ အချိန် တွင်  ဆီဒိုး နားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပန်းကြဲအဖြစ် ၀တ် မှုံရွှေ ရည်၊ပန်းကုံးဗန်းကိုင် ယုသန္တာတင်၊မင်္ဂလာလက်စွပ်ဗန်းကိုင်အဖြစ် ၀ါဆိုမိုးဦးနှင့် မင်္ဂလာသတို့သား / သမီးအရံအဖြစ် ကောင်းပြည့်နှင့်အွန်ဆိုင်း၊ဆန်းတိုးနိုင်နှင့် Mဆိုင်းလူတို့က ပါ ၀င်ဆောင် ရွက်ပေး ခဲ့ကြ ပါ တယ်။
Ref: powpularnews

လိင်ကိစ္စဦးစားပေးရေးသားသော ညို့မဂ္ဂဇင်း

 စာနယ်ဇင်းကျင့်ဝတ်နှင့်မကိုက်ညီဘဲ ပုံနှိပ်ထုတ်ဝေသော ညို့မဂ္ဂဇင်း

Thursday, November 29, 2012

ဖြူဖြူကျော်သိန်းတောင်မျက်ရည်ကျခဲ့ရတဲ့ကောင်မလေး


ချစ်သူကိုပေးမယ့်မွေးနေ့ လက်ဆောင်ပါ

Uunique London ကုမ္ပဏီက ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကိုတီထွင်ထုတ်လုပ်ခဲ့သည်။အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံလုပ် သားရေ၊ ၁၈ ကာရက်ရှိရွှေရောင်နှင်းဆီပွင့်ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကိုအသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။
၎င်း iPhone ဟန်းဆက်၏ တန်ဖိုးမှာ အိမ်တစ်လုံး တန်ဖိုးထက် ပို၍ တန်ဖိုး ကြီးကြောင်း ၊ မြင်ရ သူတိုင်း က ကြိုက်နှ စ်သက်၍လိုချင်ကြမည်ဖြစ်ကြောင်းအဆိုပါ ဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင် နာ က ပြော ကြား ခဲ့သည်။၎င်းဟန်းဆက်အား ဖုန်းပြပွဲတွင် မော်ဒယ်လ်မစ်ချာဘာတန်က ပြသခဲ့ပြီးတန်ဖိုး မှာ စတာ လင်ပေါင်  ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။

Friday, November 23, 2012

သာမန်လူတန်းစား တစ်ယောက်ရဲ့ သိက္ခာ ကို ရိုက်ချိုး ဖော်ပြ ခဲ့သော စာနယ်ဇင်း အယ်ဒီတာချုပ်...

ပြီးခဲ့တဲ့ရက်ပိုင်းက ဖတ်မိတဲ့ဂျာနယ်ထဲမှာ စာနင်ဇင်းကထင်ရတဲ့ လူကြီးတစ်ယောက် မုန့်စားပြီး မုန့် တွေ ကိုတစ်သျှူးလေးနဲ့ထုတ်ပြီးအိတ်ထဲထည့်နေတာကိုဓါတ်ပုံရိုက်ပြီး စာမျက်နှာပြည့်ဖေါ်ပြလာ တာကိုတွေ့ရပါ
တယ်“ အသိပေးတာပါ ” တဲ့ ။ဘာကို အသိပေးချင်တာလဲ ကိုမြတ်ခိုင်ရေ လို့ ကျွန်တော်ကမေးချင်ပါတယ် ။ ပွဲလမ်းသဘင်တွေ ကျင်းပပြီးတဲ့အချိန် သို့မဟုတ် ဟော်တယ်ကြီးတွေမှာ ကျင်းပနေတဲ့အချိန် မှာ ဟော်တယ်က စားစရာတွေကို လူမသိအောင် တစ်ရှူးနဲ့ထုပ်ယူသွားတာ ရှက်စရာကောင်းလှပါတယ် ဒါမျိုးကို ဒီမှာကြည့်ကြပါဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ ဖေ့ဘုတ်ပေါ်က စာဖတ်သူတွေကိုအသိပေးတာလို့ ကျွန်တော်က ရှင်းရှင်းပဲတွေးမိတယ် ။ ကောင်းပါပြီ ကျွန်တော်တို့ ဒါဆိုစဉ်းစားကြည့်ရအောင်လား ။ ပထမဆုံးအခုကိုမြတ်ခိုင်တင်လိုက်တာသည် လူတစ်ဦးတစ်ယောက်ရဲ့ privacy ကို ချိုးဖောက်တာလို့ ကျွန်တော်မြင်လိုက်တယ် ။
၁။သူသည်  ဖခင် တစ်ယောက်ဖြစ် ချင်ဖြစ်မယ် မီဒီယာ သမား တစ်ယောက်ဖြစ် ချင်ဖြစ်မယ်ဧည့်သည်တစ်
ယောက်ဖြစ်ချင်ဖြစ်မယ်။

၂။ ဒီပွဲသည် အိမ်ကို စားစရာတွေ သယ်မသွားရဘူး လို့ မသတ်မှတ်ထားဘူး သူ့မှာ လုပ်ပိုင်ခွင့်ရှိတယ် ။ အဲဒါကိုလည်း ရှက်စရာလို့ ထင်တဲ့သူတွေက ထင်နေလိမ့်မယ် သို့သော် . . . .

၃။သူ အဲဒီလို အိမ်ကိုစားစရာလေး( ဟော်တယ်က အကောင်းစားမုန့်တွေဖြစ်ချင်ဖြစ်မယ် ) သယ်သွားတာသည်သူ့မိသားစုအတွက်ဖခင်တစ်ယောက်ကသားသမီးတွေကိုစားစေချင်တဲ့စေတနာနဲ့ရော
သယ်သွားတာမဖြစ်နိုင်ဘူးလားခင်ဗျာ။သူ့ဇနီးသူ့အဖေအမေအတွက်ဟော်တယ်စာတွေစားစေချင်တဲ့စေတ
နာနဲ့ရောသယ်သွားတာမဖြစ်နိုင်ဘူးလားခင်ဗျာ။ဒါကိုအသိပေးတာပါဆိုပြီး ဖေ့ဘုတ်ပေါ်တင်တဲ့ကိစ္စကတော့ သက်သက်အရှက်ခွဲချင်တဲ့ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်မြင်မိကြောင်းပြောပါရစေ ကိုမြတ်ခိုင် ။

၎။သူ့မှာဒီမုန့်လေး ကိုသယ်သွားတဲ့ ရည်ရွယ်ချက်ရှိမှာပေါ့ကိုမြတ်ခိုင်ရေအဲဒါကို ကျွန်တော်တို့ အားလုံးတွေး
ကြည့်ရမယ်မဟုတ်လား ။ သူ ဟာ သူများ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခိုးတာမှမဟုတ်ပဲလေ စားဖို့ချထားတဲ့သူ စားခွင့်ရှိတဲ့အစားအစာကို မစားရက်ပဲ သူ့ဘာသာ လုပ်ပိုင်ခွင့်အရ သယ်သွားတာပဲမဟုတ်လား ခင်ဗျာ ။

၅။နောက်ဆုံး အဲဒီမုန့်လေးကို သယ်သွားတဲ့ လူသားတစ်ယောက်ဟာ သူစားဖို့အတွက် သူ့တကိုယ်ကောင်းဆန်ဖို့အတွက်တော့မဖြစ်နိုင်ပါဘူးကိုမြတ်ခိုင်ရေသူစားချင်တယ်ဆိုအဲဒီမှာတင်ကုန်အောင်
စားလိုက်လို့ရတယ်မဟုတ်လားသူ့လုပ်ရပ်ဟာကိုမြတ်ခိုင်အမြင်မှာရှက်စရာကောင်းတယ်လို့ မြင်နေပေမယ့် တကယ်တော့မေတ္တာတရားသူ့အိမ်သားတွေစားစေချင်တဲ့နောက်ဆုံးအိမ်သားတွေအတွက်မဟုတ်တောင်လမ်း
ဘေးကခွေးလေးတစ်ကောင်ကိုကျွေးဖို့အတွက်ရောမဖြစ်နိုင်ဘူးလားကျွန်တော်ကတော့ရှက်စရာလို့မမြင်မိပါဘူး
ခင်ဗျာ ။
တကယ်တော့ လူတွေသတ်မှတ်နေတဲ့ “ အဆင့်အတန်း ” ဆိုတာ ငွေ ၊ ဂုဏ် ရာထူး စည်းစိမ်တွေအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ စေတနာသန့်သန့်နဲ့မေတ္တာတရားနဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်အတွက်ဆိုရင် အဲဒီလူမှာအဆင့်အတန်းရှိနေပြီးသားပါ။ ငွေဂုဏ်ရာထူးအပြည့်နဲ့အဆင့်အတန်းနိမ့်နေသူတွေအများကြီးရှိနေသ
လိုသာမန်လက်လုပ်လက်စားငွေကြေးမချမ်းသာတဲ့ လူသားတစ်ယောက်မှာလည်း အဆင့်အတန်းမြင့်မားစွာ ရှိနေကြောင်းဒီနေရာကနေပြောလိုက်ပါရစေ ။
ဒိလူဘာရည်ရွယ်ချက်နဲ့  လူအများ သိအောင်လုပ်လိုက်တာလဲ ဆိုတာကို စဉ်းစားလို့ မရပါဘူး သူ အဲ လို တင်လိုက်တဲ့အချိန်မှာငါဒီလိုတင်လိုက်တဲ့အတွက် ဘာတွေ ဖြစ်လာမလဲ ငါ့ အတွက် ဘာအကျိုးရှိလာမှာလဲ ဆိုတာကိုရောတွေးမိရဲ့လားမသိဘူး..သေသေချာချာတွေးကြည့်လိုက်မယ်ဆိုရင်တော့ရင်နာဖို့ကောင်းတယ်ဗျ..
.အဲဒါကြောင့်ပြောတာ ဓါတ်ပုံတစ်ပုံ ပန်းချီကားတစ်ချပ်ဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်ဆိုတာ တကယ်မှန်တယ်ဗျ..အခုလည်း မြတ်ခိုင်ဆိုတဲ့ လူ တင်လိုက်တာက အမှုမဲ့  အမှတ်မဲ့  ပဲ ဒါပေမယ့် တကယ်ဘ၀ကို အဲ ဒီလိုမျိုး ဖြတ်သန်းနေတဲ့လူတွေအတွက်တော့ ရင်နာစရာပေါ့ဗျာ ..မလုပ်သင့်ပါဘူး...

Friday, November 16, 2012

မက်ဒေါနားနဲ့  တွဲ က ခဲ့တဲ့ အိုပါး စတိုင်


Wednesday, November 14, 2012

အိုက်တင် ကိုပဲ အဓိကထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်..

လတ်တလောမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးနေ တဲ့ “မော်ဒန်နိုက်(စ်) လူကြမ်း” ဇာတ်ကားကို သူထူးစံ၊ မင်းဦး တို့နဲ့အတူ ပါဝင် သရုပ်ဆောင် နေပါတယ်။ သင်ဇာဝင့်ကျော်က ဇာတ်လမ်း အဆန်း လေးတွေလည်း ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး “ကိုယ့်ကို ဇာတ် တစ်ပုဒ် လာငှားပြီဆိုရင် ဇာတ်ကို အရင် ဖတ်တယ်။ ပြီးရင် မင်းသမီး ဘယ်နှယောက်ပါလဲ ကြည့်တယ်။ ဇာတ်ကားရိုက်ပြီ ဆိုရင်လည်း တစ်ကား နဲ့တစ်ကား အိုက်တင် မထပ်အောင် ဂရုစိုက် ပါတယ်။ အဓိကက ကာရိုက်တာ မှာ မု(ဒ်)ဝင်သွားတယ်၊ အိုက်တင်လည်း ကောင်းတယ်ဆိုရင် ပရိသတ်တွေ ကလည်း ကြည့်ရတာ ရိုးမှာ မဟုတ်ပါဘူး။
သင်ဇာတို့ကအဝတ်အစားပိုင်းမှာလည်းသိပ်ပြီးတော့ပြောင်းလဲလို့မရဘူး။ကာရိုက်တာပေါ်မူတည်ပြီး ပြောင်း
ပေမယ့် အဓိကကတော့ အိုက်တင်ပိုင်း ကိုပဲ အဓိက ထားပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီး ထွက်လာတဲ့ နောက်ပိုင်းမှာ ဇာတ်ကားထဲက ကာရိုက်တာ နဲ့လိုက်အောင် ကိုယ်ကြိုက်တဲ့ ဆံပင်တု ပုံစံမျိုးကို တပ်ပြီး သရုပ်ဆောင် ရတဲ့ အခါမှာပိုပြီးတော့အဆင်ပြေတယ်လို့ ဆိုပါတယ်။
သင်ဇာ ဒီအနုပညာ လောကထဲ ရောက်တဲ့ အချိန်မှာ ရန်ကုန်မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲကို တစ်နှစ်ပဲ တက်ခဲ့ ဖူးတယ်။ အဲဒီတုန်းက သင်ဇာက မော်ဒယ်ပဲ ရှိသေးတယ်။ သရုပ်ဆောင်တောင် မဖြစ်သေးဘူး။ နောက်နှစ် လည်းကျရော သင်ဇာက ဗန်းကိုင် ဖြစ်သွားတယ်။ အဲဒီနှစ်မှာပဲ နေပြည်တော် မှာကျင်းပတော့ သင်ဇာက နှစ်တိုင်း နေပြည်တော်ပဲ တက်နေရတယ်။
ဒီနှစ်က ရန်ကုန် မှာပြန်ဖြစ်တဲ့ အခါဆိုတော့ သင်ဇာ့အနေနဲ့ စိတ်ခံစားမှုက အသစ်ပြန်ဖြစ် မယ်ဆို တာတော့ သေချာတယ်။ နောက်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရန်ကုန် မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲ ကိုတော့ ဒါပထမ ဦးဆုံး တက်ဖြစ် မှာပါ” လို့ အကယ် ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။

ပြေတီဦးမွေးနေ့မှာ အိန္ဒြာကျော်ဇင် ဘာလက်ဆောင်ပေးမှာလဲ...

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘ပြိုင်ဘက်’ ဇာတ်ကားမှာ လူမင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ အိန္ဒြာကျော်ဇင်က သီတင်းကျွတ် လပြည့်နေ့မှာ နှစ်ဖက်လူကြီး မိဘတွေကို မိသားစုနဲ့အတူ လိုက်ကန်တော့ဖြစ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၃ဝရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ဘာစီစဉ်ထားပြီလဲလို့ အိန္ဒြာကျော်ဇင်ကို မေးတော့ ”ဘာပေးရင် ကောင်းမလဲတော့ စဉ်းစားနေတယ်။ ပစ္စည်းတစ်ခုက ကိုယ်လိုချင်တဲ့ အရာကိုပေးရင် ပိုကြိုက်တတ်ကြတယ်လေ။ ကိုယ်လိုချင်တဲ့ အရာကိုပေးရင် အဆင်လည်းပြေတယ်။ ပိုလည်းကြိုက်တတ်ကြတော့ အစ်မက အဲဒီလိုမျိုးလေးဖြစ်စေချင်တယ်။ကိုယ့်ဟာကိုပေးတယ်ဆိုတာထက်သူဘာလိုချင်မလဲ၊ဘာလိုအပ်မလဲဆိုတာ
ကို မေးပြီး ပေးချင်တာ။ သူကတော့ တင်းနစ်နဲ့ ပတ်သက်တာကို လိုချင်တယ်ပဲပြောမှာပဲ”လို့ ပြောပြီး မနှစ်က မွေးနေ့မှာတော့ တင်းနစ်ဖိနပ်လေးကို လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။
ပြေတီဦးရဲ့မွေးနေ့မှာနှစ်ရက်ခွဲပြီးကျင်းပမယ့်ပြေတီဦးဖောင်ဒေးရှင်းရန်ပုံငွေပွဲမှာပါဝင်မယ့်အိန္ဒြာကျော်ဇင်က “လူကြီးတွေနဲ့meetingပြန်ထိုင်ပြီး ဘယ်လိုပုံစံလေး လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေး ကြရဦးမှာလေ။ နှစ်တိုင်း လုပ်နေတယ်ဆိုတော့ အရင်နှစ်နဲ့မတူအောင် ထူးခြားအောင် ဘာလုပ်ကြမလဲလို့ အကုန်လုံးက ခေါင်းထဲမှာ ရှိကြတယ်။ မတူအောင်တော့ လုပ်ကြမှာပါ”လို့ ပြောပြပါတယ်။

ပြန်ကြားရေး ၀န်ကြီးဌာန က စာနယ်ဇင်းကောင်စီကို သတိပေးပြီ..




Monday, November 12, 2012

2012-2013 Miss Internet Award

နယူးယောက်မြို့ကMiss Diaspor Models 2012-2013International Beautyပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာမော်ဒယ်ယမုံမိုးကအင်တာနက်မှမဲအများဆုံးပေးတဲ့ဆုရရှိသွားပါတယ်။ထိုဆု
မှာပြိုင်ပွဲကြီး၏အမှတ်ရေတွက်မှူတွင်၁၀%အရေးပါကြောင်းလည်းသိ၇ပါတယ်။ထိုဆုကို ဂျော်ဂျီရာ မော်ဒယ်
လ်နှင့် အွန်လိုင်းvotingအကြိတ်အနယ်ယှဉ်ပြိုင်ကာရ၇ှိခဲ့ခြင်းဖြစ်သည်။

အော်စကာ ဆုရ ခဲ့ တဲ့ စန္ဒီမြင့်လွင်

ဆုပန်ထွာ က အမေရိက ကို ဖျော်ဖြေရေး ခရီးသွား ခဲ့ပြီး အပြန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် လက်ဆောင်တွေ ဝယ်လာခဲ့ သလို စန္ဒီမြင့်လွင် အတွက် လည်း အော်စကာ ဆုဝယ်ခဲ့တယ် လို့ ပြောပြ ပါတယ်။စန္ဒီမြင့်လွင်အတွက်အော်စကာဆုဝယ်ပေးဖြစ်ခဲ့တဲ့ဆုပန်ထွာက”မပန်နဲ့ဖေ့စ်ဘုတ်ထဲမှာပြောကြတာ။ သူ့အတွက် တစ်ရုပ် ဝယ်ခဲ့ ဆိုတာနဲ့ ပူဆာလို့ ဝယ်လာခဲ့တာ။ ဒါပေမဲ့ မပန်တို့ပြန်လာတော့ ပစ္စည်းတွေ တအား များလို့ ချန် ထား ခဲ့တာ။ အခု မေကဗျာပြန်လာတော့မှ အထုပ်တွေ ထပ်သယ် လာပေးတော့ အရုပ်လေးက အခုမှ ရတာ။ ပြန်ရောက် ကတည်းက မပေးရ သေးတာ။ တခြား ညီမတွေ ကတော့ တခြားလက်ဆောင်တွေပေးဖြစ်တယ်။ ဒီအရုပ်ကတော့ နှစ်ရုပ် ဝယ်လာခဲ့တယ်။ မေမေ့ အတွက် တစ်ရုပ်နဲ့ ဒီးဒီ အတွက် တစ်ရုပ်ပေါ့။ လက်ဆောင် ဝယ်တဲ့ ဆိုင်ရောက်တော့ ဒီးဒီ လေးက ပူဆာတာနဲ့ ဝယ်ဖြစ်ခဲ့တာ” လို့ပြောပါတယ်။ ဆုပန်ထွာက လတ်တလော မှာတော့ ဒုတိယ စီးရီး သီချင်းခွေ အတွက် ကိုပဲလုပ်ဖြစ်နေပြီး အတွဲခွေ အတွက်လည်း သီချင်းတွေ ပဲလုပ် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

ခင်မောင်တိုး မသေပါ...

 Sep ဒုတိယပါတ် ၀န်းကျင်မှာစင်္ကာပူတွင် ဆေးကုသရန်ရောက်နေသော၊ကိုတိုးနဲ့ တိုက်ရိုက် စကားပြောဖို့  သူ့ အိမ်မှာ ၃ ယောက် တပြိုင်တည်း ပြောနိုင်အောင် စီစဉ်ပေးတဲ့သူက၊ ခင်ဗျားတို့  မှား ကုန်ပြီ။ ကိုတိုး ကွယ်လွန်ပြီ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ယခု မနက်မှာဘဲ စင်္ကာပူ ဆရာတော်ကြီးအား သင်္ကန်းကိုယ်တိုင် ကပ်လှုပြီးတရားနာသာဓုခေါ်နိုင်ကြောင်းဖုန်းခေါ်လာပါတယ်။ကျနော်တိုအလွန်အံ့အားသင့်ရပါတယ်။မြန်မြန်
 ပြန်ရေးပါလို့  ဖုန်းခေါ်လာပါတယ်။ အဲဒီတော့ ဒီထက်သေခြာတာ မရှိတော့ပါဘူး။ ဖုန်းချပြီးတာနှင့် ကျနော် ဒီစာရိုက်တင်လိုက်ပါတယ်။
(လွန်ခဲ့သော၁၉နာရီခန့်ကကိုတိုးသည်စင်္ကာပူဆရာတော်ထံ သင်္ကန်းကပ် လှူ၍ တရားနာယူခဲ့ပါသည်။ )ထို အချိန်မတိုင်မှီရှေ့ပိုင်းတွင်၊ကိုတိုးကွယ်လွန်ပြီဆိုသောသတင်းအမှားများ ထွက်လာပြီး ဖြစ်သကဲ့သို့  ရေးခဲ့ပြီး သတင်းများမမှန်ကြောင်းအခြေအချဖတ်ခဲ့ရသော၊မိတ်ဆွေများအား၊ကိုတိုးယခုတိုင်မကွယ်လွန်ကြောင်းနှင့်
၊ပြီးခဲ့သည့်နာရီပိုင်းတွင်တရားနာယူခဲ့ကြာင်း၊ကျနော့်အား ရေးခိုင်းခဲ့ပါသည်။စင်္ကာပူတွင် ဆေးကုသမှုခံယူ
လျက်ရှိသော၊ကိုတိုးအား၊ကျနော်တို့အားလုံး၊ကိုတိုးလျင်မြန်စွာကျန်းမာလာစေကြောင်း၊ဆုတောင်း မေတ္တာ
ပို့ရန်သာတိုက်တွန်းပါရစေ။

Friday, November 9, 2012

နိုဝင်ဘာ (၁) ရက်နေ့ ဟာ အမရေိကန်တွေ အတွက် ၀မ်းနည်းဖွယ် ဖြစ်ပေမယ့် အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် ထပ်ဆင့်ဖြစ်ခဲ့..

စန္ဒီမုန်တိုင်းက နိုဝင်ဘာ၁ရက်နေ့မှာ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဒေသများကို တိုက်ခတ်ခဲ့တာဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်ဒေသများမှာ ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၈ဝဦး ထက် မနည်းသေဆုံးခဲ့ရပါတယ်။ အခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အဆိုးရွား ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသမီး အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် တွေထပ်ဆင့် ဖြစ်ခဲ့ရပါတယ်...
နိုဝင်ဘာ၁ရက်နေ့ကကမ္ဘာကျော်ဘောလီးဝုဒ်မင်းသမီးအက်(ရှ်)ဝါယာရိုင်းရဲ့အသက်၃၉နှစ်ပြည့် မွေးနေ့ဖြစ်
သလို၊ အောင်မြင်မှုတွေ ထပ်ဆင့်လောင်းတဲ့နေ့ ထူးနေ့မြတ်လို့ပြောရင်လည်း မမှားပါဘူး။ Indo-French ပူးပေါင်းဆောင်ရွက်မှုများ၊ရုပ်ရှင်၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေမှာ ဖွံ့ဖြိုး တိုးတက်စေမှု၊ ရုပ်ရှင်လောကမှာ ဘုရင်မတစ်ဦးသဖွယ်အောင်မြင်စွာရပ်တည်နိုင်မှုစတာတွေကြောင့်သူမကိုပြင်သစ်အစိုးရကဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါတယ်။
ဂုဏ်ပြုဆုပေးအပ်ပွဲကို ၂ဝ၁၂ခုနှစ် ၊နိုဝင်ဘာ ၁ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး၊ သူမမွေးနေ့ရက်နဲ့လည်း တိုက်ဆိုင်ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Francois Richier က ပြင်သစ်အစိုးရ ကိုယ်စား သူ့ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒီဂုဏ်ပြုပွဲကို သူ့ရဲ့ မိဘ၊ ယောက္ခမဖြစ်သူ ဘောလီးဝုဒ်မင်းသားကြီး အမီတာ ဘချမ်း၊ ခင်ပွန်းဖြစ်သူ မင်းသား အဖီရှပ် အပါအဝင်တစ်မျိုးလုံး တက်ရောက်မှာပါ။ ဒီလို တက်ရောက်နိုင်ဖို့လည်း တခြားအလုပ်တွေ အားလုံးကို ဖျက်လိုက်ရပါတယ်။