468x60 Ads


Showing posts with label ထူးခြားအံ့ဖွယ်သတင်းများ. Show all posts
Showing posts with label ထူးခြားအံ့ဖွယ်သတင်းများ. Show all posts

Tuesday, March 25, 2014

ဘလော့ထဲမှသူငယ်ချင်းများသို့ ................

ဒီဘလော့လေးကိုဝင်ရောက်အားပေးတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးပါ...ဒီဘလော့လေးနဲ့အတူ ရွှေဥဒေါင်း (click) ပေ့လေးကိုလည်းဖိတ်ခေါ်လိုက်ပါတယ် .. ကျေးဇူး..ကျေးဇူးပါဗျာ....

Monday, March 24, 2014

မိခင်ဖြစ်သူနတ်ကွန်းသန့်ရှင်းရေးသွားလုပ်နေစဉ်အိမ်ကျန်ရစ်သည့်သမီးအားအဓမ္မပြုကျင့်ခံရ


မုံရွာမြို့နယ်၊ထနောင်းတောတောင်ရွာတွင်ယခုလ၂၂ရက်နေ့မနက်၉နာရီကမိခင်ဖြစ်သူမနတ်စင်အားသန့်ရှင်း သွားလုပ်နေစဉ် နေအိမ်၌ ကျန်ခဲ့သော အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခံရ သည့်ပြစ် မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်းညောင်ဖြူပင်ရဲကင်းစခန်းမှရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြော ကြားသည်။
ဖြစ်စဉ်မှာမုံရွာမြို့နယ်၊ထနောင်းတော(တောင်)ကျေးရွာနေ ဥယျာဉ်ခြံလုပ်ငန်း၊လုပ်ကိုင်သူ မ… ဆိုသူ သည် ရွာနတ်ကွန်းစင်အားသန့်ရှင်းရေးသွားလုပ်ပြီးနေအိမ်သို့ပြန်ရောက်လာစဉ်နေအိမ်၌အိမ်စောင့် အ ဖြစ် ကျန် ခဲ့သူအသက်(၁၂)နှစ်အရွယ်မ…ဆိုသူမှငိုယိုကာသူမအားတစ်ရွာတည်းနေကိုနေ၀မ်းဆိုသူကသားမယား အဖြစ်ပြုကျင့်ခဲ့ ကြောင်းမိခင်ဖြစ်သူ အားပြောပြတိုင်တန်းခဲ့သည်။
ထို့ကြောင့်မိခင်ဖြစ်သူကသမီးဖြစ်သူ၏ပြောပြချက်များအရညောင်ဖြူပင်ရဲကင်းစခန်းသို့သွားရောက်တိုင်တန်း ခဲ့ရာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းဇော်ဦးမှ မုံရွာမြို့မရဲစခန်းသို့ တဆင့်တိုင်တန်းခဲ့သည်။ အဆိုပါ တိုင် တန်း ချက်အား မြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၂/ ၂၀၁၄၊ ရဲစခန်း(ပ) ၉၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အ ရ အ မှုအား လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အညာဒေသရှိမိရိုးဖလာနတ်ကိုးကွယ်ယုံကြည်သူများသည်တပေါင်းလသို့ရောက်သောအခါမိဆိုင်ဖဆိုင်ရိုးရာနတ်များအားပူဇော်ပသခြင်း၊နတ်ကွန်းနတ်နန်းများအားသန့်ရှင်ရေးပြုလုပ်ခြင်းများကိုလုပ်ကိုင်သည့် ဓလေ့ထုံးတမ်းများရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး (ဖွဘွတ်)


Thursday, March 13, 2014

“KIA ဘယ်လို ယုတ်မာလိုက်လဲဆိုတာ နှင်းမေသာ မေးကြည့်ပါ”

ဝါးခရာဘွမ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ခင်တန်ခေါင်းဆောင်တဲ့ KIA ၃ ဦးဟာ စီသော်ကျေး ရွာသို့ ညနေ ၄ နာရီချိန်ခန့်တွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး စီသော်ကျေးရွာမှ စီငန်း ကျေးရွာအထွက် သစ် ကွင်း တွင်ဈေးရောင်နေသော မိုးဒါးလေးကျေးရွာနေ မနှင်းမေအား အတင်း အဓမ္မဆွဲခေါ်ကာ ကားပေါ် သို့ တင်ဆောင်၍ စီသော်ကျေးရွာ ကျောင်းရှေ့နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သဖြင့် ရပ်ကွက်လူကြီးများမှ သွားရောက်တောင်းပန်ခဲ့ရာည၁၀နာရီအချိန်တွင်ပြန် လည်စေ လွှတ်ပေးခဲ့ တယ် လို့ ဒေသ ခံများထံမှ သိရှိ ရပါ တယ်။ KIA ဆီကနေတော့ သတင်းမှန် သိရမှာမဟုတ်ဘူး… မနှင်းမေ အနေနဲ့လည်း စကားမေး မရဘဲ ငိုပဲငိုနေပြီး ဘာမှ မပြောရဲရှာဘူးဖြစ်နေတယ်… ဒေသခံအချို့ကတော့ မနှင်းမေဟာ ခင်တန် တို့ အုပ် စု ရဲ့ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရတာလိုထင်ကြေးပေးပြောဆိုနေကြပါတယ်။ဒါသိတဲ့ကိစ္စ…ဘယ်သူမှမသိလိုက်ဘဲမု ဒိမ်းကျင့်ခံရတဲ့ကချင်ပြည်နယ်ထဲကမိန်းကလေးတွေဘယ်နှစ်ယောက်လောက်ရှိမလဲဆိုတာ တော့  တွေးသာ ကြည့်ကြပါတော့ဗျာ….။
ရပ်ကွက်လူကြီးတွေ ကတော့ခု KIAတွေ ရဲ့ လုပ် ရပ် ဟာ ဇာတ် လမ်း ထဲ က လူကြမ်းတွေ ရဲ့လုပ် ရပ် မျိုြး ဖစ် ကြာင်း၊ လူ့အခွင့်  အရေးနှင့် နိုင်ငံရဲ့ ဥပဒေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက် ခြင်း ဒေသခံတွေ  ကို လက် နက် ကိုင်အနိုင်ကျင့်ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
KIA တွေဟာ မနှင်းမေကို ညနေ ၄ နာရီကနေ ည ၁၀ နာရီထိ အလှကြည့်နေကြတာ လား? ဒါမှမဟုတ်… ထမင်းဖိတ်ကျွေးတာလား…ဘာတွေလုပ်ခဲ့ကြပြီးဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့မနှင်းမေပဲအသိဆုံးဖြစ်ပါ
လိမ့်မယ်… ပရိတ်သတ်ကြီးရော ခင်တန်တို့အုပ်စု ဘာလုပ် မယ်လို့ ထင် မြင်ယူဆကြပါသလဲ…?
Myawady

Saturday, February 22, 2014

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ

အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။
အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ် အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် အမွေး အမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွား သည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။ သို့ရာ တွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံ ကြည် ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။အဆိုပါ သား အိမ် ရော ဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာ ကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။
Ref: Daily Mail

Monday, February 3, 2014

HPV ပိုးက အမျိုးသမီး များမှာ သာအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားများအတွက်တော့ ပါးစပ်ကင်ဆာဖြစ်တတ်ပါတဲ့ ...

HPV ခေါ်သည့် ကြွက်နို့ရောဂါပိုးသည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်နိုင်သကဲ့သို့ အမျိုး သားများ တွင်လည်း ခံ တွင်း ကင်ဆာနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားနိုင်ကြောင်း ကျန်း မာရေးဦးစီးဌာန၊ ခု ခံကျ/ ကာ လသား ရောဂါတိုက် ဖျက် ရေးစီမံချက်မှ အထူးကုဆရာ ၀န်ဒေါက်တာမျိုးသန့်က ပြော ကြား သည်။
အမျိုးသားများတွင် အ ဆိုပါကင်ဆာများဖြစ်ရခြင်းမှာ လိင် ဆက်ဆံသည့်အခါ သဘာ ၀အတိုင်း မ ဟုတ် သည့်  နည်း လမ်း များဖြင့် ဆက်ဆံ ကြခြင်း ကြောင့်ဖြစ်ကြောင်း သိ ရသည်။
““HPVပိုးက လိင်တံတို့၊ သားအိမ်ခေါင်းတို့စသဖြင့် နေ ရာတွေမှာ ကိန်းအောင်းနေတာ တို့ဖြစ်နေရင် မကြာ ခင် ကင်ဆာ အဖြစ်သို့ကူးပြောင်း သွားနိုင်တာပဲ။ ကာမဆက်ဆံတဲ့အခါ ပုံမှန်နည်းအတိုင်းမဟုတ်ဘဲ နည်းမျိုးစုံနဲ့သုံးတော့ ခံတွင်း ကင်ဆာတို့၊ လည်ချောင်းကင် ဆာတို့ဖြစ်နိုင်ပါတယ်””ဟု ယင်း က ဆက် လက်ပြော ကြားသည်။
အဆိုပါ HPV ခေါ် ကြွက် နို့ပိုးရောဂါသည် ကင်ဆာဖြစ် နိုင်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖြစ်ရာ ယင်းရော ဂါဖြစ်ပေါ်လာ ပါက ခံစားမှုဝေဒနာ ကို ပြသ လေ့ မရှိဘဲ များသောအားဖြင့် အသက်ငါးဆယ် ၀န်း ကျင် အ မျိုး သားများတွင် ပိုမိုအဖြစ်များ ကြောင်းသိရသည်။
““ခံတွင်းကင်ဆာဖြစ်တဲ့ လူနာတွေကတော့ ကွမ်းစားတဲ့ သူတွေပါ။ အဲဒီအထဲ မှာမှ HPV ခေါ် ကြွက်နို့ပိုးကြောင့် ခံတွင်း ကင်ဆာဖြစ်တဲ့သူ ၄ ဒသမ ၈ ရာခိုင်နှုန်း အ ထိတွေ့ ရ တယ်””ဟု ဆေး သုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၏ ၄၂ ကြိမ်မြောက် ဆေးသုတေသန ညီ လာ ခံ တွင် စာ တမ်းရှင်တစ် ဦးကလည်းဆိုသည်။
ယင်း HPV ခေါ် ကြွက် နို့ပိုးရောဂါနှင့်ပတ်သက်၍ သား အိမ်ခေါင်းရောဂါကာ ကွယ်ဆေး ရှိသော်လည်း အ မျိုး သားများ မှာမူ အဆိုပါကင်ဆာရော ဂါ ဖြစ်နိုင် မှုအခြေအနေပိုမိုနည်း ပါးခြင်းကြောင့် ယင်း တို့အ တွက် ကာ ကွယ်ဆေးထိုးနှံရန် အထူး တလည်သတ်မှတ်ထားခြင်းမ ရှိကြောင်း သိရသည်။
““HPV သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး ကို နိုင်ငံခြားမှာဆို မထိုးမနေရ စီမံကိန်း တစ်ခု အေ န နဲ့ ထားပြီး အပျိုဘ၀ကစပြီးထိုးရ တယ်။ မြန်မာနိုင်ငံ မှာတော့ အထူးကု ဆေးခန်းတွေမှာရှိသလို သား ဖွား မီးယပ် ဆေးခန်းတွေမှာလဲ ရှိတယ်။ များသောအားဖြင့် အ မျိုးသမီးတွေ က ကူးစက်မှုပိုများ သလို ကင် ဆာဖြစ်နိုင် မှုမှာလဲ ပိုမိုဆိုးရွားစေတယ်။ ဒါကြောင့် သားအိမ်ခေါင်းကာကွယ်ဆေး ကိုထိုး သင့်တယ်””ဟု ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။
Ref: Yangon media group

မှတ်သားလောက်ပါတယ် သူခိုးကြီး ရယ်.....

ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။
ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။ ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။ သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။(အရုပ် ဆိုတာက အ၀တ်အစားရောင်း တဲ့ဆိုင်ရှေ့တွေမှာထောင်ထားတတ်တဲ့ လူပုံတူ အ ရုပ်တွေ ဖြစ်ပါ လိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထား တတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ) တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ ဖော်ပြ ပါ တယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါး ပဲ တက်လာပါတယ်)
ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။
ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာ ပဲဖြစ်မယ် လို့ ပြောထား ပါတယ်။ ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်း စာတစော င် ကို ပြော ပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ် ချက်မှ မပေးပါဘူး တဲ့။ 

Ref: အေးချမ်းမွန်ဖေ့ဘွတ်

ခေါ်ရင်လာ ခိုင်းတာလုပ် ပြန်မပြောနဲ့  ဓါးနဲ့ ခုတ်ခံရမယ်

 
တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့ သည်ဟု မြို့နယ် ရဲစခန်း မှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယောက်ျားဖြစ် သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကား များပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။
"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။
ဖြစ် စဉ် တွင် စကား များ ရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ် ဓါးမ အား ဘေး ချ ထား ပြီး နှီး ဆက် ထိုးနေ စဉ် ဇနီးဖြစ်သူ မတင်မာဝင်း က ဓါးမအား ကောက် ၍ နောက် မှ ခုတ် ခဲ့ခြင်း ဖြစ် သည် ဟု ရဲ တပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက် ခလယ် ၊ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။
ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီး ရဲစခန်း က (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက် လံ ရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
Ref:News in Burmese

လှိုင်သာယာ၌ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ အမ်အေပွိုင့် (၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ခုပါဝင်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ဓည၀တီ(၂)လမ်း အမှတ်-၃၃၂ နေ ဦးခင်သန်း အသက်(၆၀)နှစ် နေအိမ်မှ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ ခန့် တွင် (MA. ၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ ခုနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။
၎င်းဖြစ်စဉ်အားစုံစမ်းသိရှိရသည်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ (ဆ.ခ. ခ-၃) တပ်ရင်းမှ သားဖြစ်သူ တပ်သားငယ် လေးနှင့် တပ်သား ကိုရဲ (သမက်)တို့နှင့်သွား ရောက်တွေ့ဆုံခဲ့ပြီး နေရပ်သို့ပြန်လည်ထွက် ခွာလာသော ဦးခင်သန်း၊ ဇနီးဒေါ်ငယ်လေး၊ မခင်မာထွေးနှင့်မြေး  ငယ်လေးတို့သည်မိုးကောင်း မှ မန္တလေးသို့ ရထားစီးနင်း လိုက်ပါလာစဉ်က ၎င်းတို့နှင့်အတူ မြွေရေခွံ လက်ဆွဲအိတ်တစ်လုံး၊ အလျား ၂ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မအမြင့်ရှိ အစိမ်းရောင် သံသေတ္တာ တစ်လုံးတို့ အတူ ပါရှိလာခဲ့သည်။
မြစ်ကြီးနား-မိုးကောင်း-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် စာပို့ရထားအတွင်း ၌ တပ်မတော် သားစစ် သည် များ ရောနှောလိုက် ပါစီးနင်းခဲ့ကြပြီး ဦးခင်သန်း အပါအ၀င် မိသားစုဝင်တို့သည် မိုးကောင်း-မန္တလေး ခရီးစဉ်မှ မူလနေထိုင်ရာ ရန်ကုန် မြို့ လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် နေအိမ် သို့ရောက်ရှိ စဉ် သေတ္တာ သော့အားဖျက်၍ ဖွင့်လိုက်ရာ ၎င်းတို့ပိုင် ပစ္စည်းမဟုတ်သော (MA-၁၂၃၄)ဖိုင်ဘာ ကျည်ဘောက် များ အပြင် စစ်သုံးပစ္စည်းများကိုပါ တွေ့ရှိ လိုက်ရသဖြင့် ကြောက်လန့်တကြားနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများကို အသိပေး အကြောင်း ကြားခဲ့သည်။
ဦးခင်သန်းပြော ဆိုချက်အရ မြို့နယ်အဆင့် လှိုင်သာယာမြို့မ ရဲစခန်း သို့ ဆက်သွယ်မှုရယူကာ အသေးစိတ် စိစစ်ချက်အရ တွေ့ရှိရသော ကျည်ကတ် (၈၁) ခု အပါအ၀င် ပစ္စည်းမျိုးစုံအား စနစ်တကျ စာရင်းပြုစုကာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပိုင်ရှင်လက်ဝယ်သို့
ပို့အပ်နိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်ပိုင်(လှိုင်သာယာ)

Friday, December 7, 2012

ငှက်ပျောသီးဘယ်နေရာကိုကျွေးရင်ကောင်းမလဲဆိုတဲ့ဘုန်းတော်ကြီးနဲ့ အကုန်ပူးခံတဲ့ဒကာမ


သာသနာတော်ပြန်ပွားအောင်အကျိုးတော်ဆောင်နေကြသောတကယ်ကြည်ညိုဖွယ်ကောင်းဘုန်းတော်ကြီး
များ ကိုဦးစွာ ပထမ ရှိခိုးတောင်း ပန်အပ် ပါ သည် အရှင် ဘုရား သာသ နာကိုစော်ကား လိုခြင်း မ ဟုတ် သလို ဗုဒဘာသာကို လည်းစော် ကားခြင်း လည်း မဟုတ်ပါ ကျွန်နော် လည်းမြန်မာ လူမျိုး တစ်ယောက်ပါ .မြန်မာလူမျိုးတစ်ယောက်အနေ နဲ့ ဒီလို မျိုးတွမြင်ေ တွ့ေ နရ တာတော်တော် ကို စိတ် မကောင်းဖြစ် မိ ပါသည်. အခုဖြစ် ရပ် မှာ ဘုန်းကြီး ကိုပဲ အပြစ် တင် လို့မရ ပါဘူး ဒကာ မတွေ ဘက် မှာ လည်း မလုပ်သင့်တဲ့အရာတစ်ခုပါ ချဲဂဏန်းတောင်းတာတို့ အတိတ်ကောက် တာတို့ဆို ရင်သိပ် ကို ၀ါသနာ ပါကြတာမြန်မာ လူမျိုး အချို့ ရဲ့ အားနည်းချက်ပါ ဒီဗီဒီယို မှာကြည့်လိုက်ရင်ပေး တဲ့ ဘုန်းကြီး ကလည်း ဘာတွေပေးမှန်းမသိ သလို ကောက်တဲ့လူတွေ ကလည်း ဘယ်လိုတွေနားလည်ကြမယ်မှန်းတော့ မသိပါဘူး သိတာတစ်ခုကတော့ မိန်းမ ရဲ့ တ်ခမ်း ကို လူတွေရေ့ မှာ နမ်းလိုက် ရ တယ်. ပါးကို နမ်း လိုက် ရ တယ်..ရင်ဘတ်ခြင်းထိလိုက်ရတယ်..ပေါင်ကိုပွတ်နေလို့ ရတယ် ငှက်ပျောသီးခွံ့ ကျွေးဖို့အခွင့်အရေးရတယ် ရည်းစား စကားလည်းပြော လိုက်ရသေးတယ်ဗျာ.မိုက်တယ်နော် ကျွန်နော်စော် ကားတာ မဟုတ်ပါဘူးမြ င် တာ ကိုမြင်တဲ့အတိုင်းပြောပြတာပါ. တကယ် သာသနာ အကျိုးဆောင်ရွက်နေတဲ့ ကြည် ညို ဖွယ်ေ ကာင်း တဲ့ ဘုန်းတော်ကြီးတွေမြန်မာပြည် မှာအများကြီးပါ. အခုဒီဗီဒီယိုလေးကအဲဒီဆရာေ တ်ာကြီးတွေ ကိုစော် ကား လိုက်သလိုဖြစ်နေသလို ဒါဟာ ဘယ်လိုမှ အဓိပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ် ဒကာ မတွေ က လည်း ချဲဂဏာန်းရမယ် အတိတ်ကောက်လို့ရမယ် ဆိုရင် ဘာကိုမှမစဉ်းစားတော့ပဲ အကုန်လုံးကို လျစ် လျူ ရှု့ ထား သလိုဖြစ်တာပေါ့ဗျာ သင်္ကန်းစီးထားတာကြောင့် သင်္ကန်းကိုတော့ ၇ှိခိုးကန်တော့တောင်းပန်ပါတယ် ဒါပေမယ့် ဒီလိုမျိုးတွေကို အယုံလွယ်ပြီးနောက်ထပ်မြန်မာမိန်းကလေးများယုံစားမိမှာစိုးတဲ့အတွက် ပြီးရင် ဒီ လို လုပ် စားနေသူတွေကို တွေ့ ရင်လည်း အစစ် အမှန် ဟုတ်မဟုတ် ဆိုတာသေချာလေ့ လာပြီး မှ ယုံကြည် ကိုးကွယ်ကြပါလို သတိပေးတိုက်တွန်းလိုက်ပါတယ်.(စော်ကားပြောဆိုခြင်းမဟုတ်ပါ)။
By : အမည်မသိ

မြန်မာနိုင်ငံတွင်အေအိုင်ဒီအက်စ်ရောဂါကြောင့်တစ်နာရီတွင်လူ၂ ဦးနှုန်းသေဆုံး

မြန်မာနိုင်ငံတွင်အေအိုင်ဒီအက်စ်ရောဂါကြောင့်တစ်နာရီတွင်လူ၂ဦးနုန်းသဆုံးပြီး၊တစ်ရက်တွင်အယော က်  ၅၀ ၀န်းကျင်ခန့် သေဆုံးသောအခြေအနေမှ သုညအခြေအနေသို့ ကျဆင်းအောင်ပြုလုပ်မည်ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့အထိမ်းအမှတ် အခမ်း အ နားတွင်မြန်မာနိုင်ငံအိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများကွန်ရက်မှ  ဒေါ်ခိုင်မာဆွေက ပြောကြားခဲ့သည်။                                   
မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုးရှိသူများ၏ ၃၀ရာခိုင်နုန်း သည် ရပ် ရွာကျေးရွာကိစ္စများတွင် ပါဝင်ခွင့်မရရှိခြင်းများ၊ ၁၅ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါ ၀င်  ပတ်သက်ခွင့်မရရှိခြင်းများနှင့် ၄၁ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန်ခံရခြင်းနှင့် လုပ်ဖော် ကိုင် ဖက် များ၏ ခွဲခြားဆက်ဆံခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစားနေရသူများသည် ကိုယ့်ကို ကိုယ်သက်သေချင်စိတ်နှင့်မိမိကိုယ်ကိုအပြစ်ရှိသူအဖြစ်ခံစားနေရ ကြောင်း သိရှိ ရ သည်။                     
''ခွဲခြားဆက်ဆံမှုတွေရှိနေသ၍ကာကွယ်တားဆီးရေးနဲ့ကုသရေးတွေမှာ အခက်တွေ့နိုင် ပါ တယ်။ သူတို့ ကိုယ် သူ တို့ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ် နိုင်အောင် လို့ ခွဲခြားဆက်ဆံမှုတွေမရှိဖို့လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက် လက်  ပြော ကြား ခဲ့ သည်။                      
နှစ်စဉ် အသက်၁၅နှစ် နှင့်အထက် လူပေါင်း၈၀၀၀ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပ ညာရှင်များက ခန့်မှန်းကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီး သူပေါင်း ၂၀ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေရကြောင်းလည်း သိရှိရသည်။           
မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည် ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်း ကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူ များ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ် (ခ်ျ)အိုင် ဗွီပိုးရှိ သူ များ ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။
Ref:eleven

Wednesday, December 5, 2012

မိုဘိုင်းဖုန်းတစ်လုံးရဲ့ လျှို့ ဝှက်ချက်များ

မြန်မာနိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံး ရဲ့အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အ လွန် နည်း ပါး နေပါတယ်။ ကိုင် နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိတာ တွေလောက်သာ အသုံးပြုနေကြတာ များပါတယ်။ ဒါကြောင့် ဒီထက် ပိုပြီး အသုံး ဝင်မှုနဲ့ လျှို့ဝှက် ချက် အနည်း ငယ် ကို  ဖော်ပြပေး လိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆို တဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ဖုန်းနံ ပါတ်ဖြစ် ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှုဧရိ ယာထဲမှာရှိရင် ဒီနံ ပါတ် ကိုနှိပ် လိုက်တာ နဲ့ဖုန်း ဟာအနီး ဆုံးဆက်သွယ် မှုကွန်ရက်ကိုအလိုလျောက်ရှာမှာဖြစ်ပါတယ်။ဒီနံပါတ်ဟာ မိုဘိုင်း ဖုန်းရဲ့ ခ လုတ်တွေ ကို ပိတ်ထားရင်တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီအရေးပေါ်အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆိုရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကိုပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန်ပြည့်လာတာကိုတွေ့ရ မှာဖြစ်ပါတယ်။
နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့် တဲ့အခါမှာ သာမာန်နဲ့အရေးပေါ်သုံးနှစ်မျိုးလုံးအတွက် ဘက် ထရီ အားကို အလိုလျောက်အားပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူ အများ စု အတွက် အသုံး ဝင်စေ မယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကား အသုံးပြုသူတွေအတွက် ကား ထဲမှာေ သာ့ ကျန် ခဲ့ခြင်း၊ အပိုသော့တစ် ချောင်း အိမ်မှာကျန်ရှိနေခြင်းဖြစ်ပေါ်ကြုံလာပါက မိုဘိုင်းဖုန်းတစ်လုံး ရှိရုံနဲ့ အဆ င်ပြေတာကိုတွေ့ရမှာပါ။
အသုံးပြုပုံ ကတော့ အိမ်မှာရှိ တဲ့လူတစ်ယောက် ဖုန်းကိုမိမိမိုဘိုင်းဖုန်းနဲ့လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အ ဆက် အသွယ် ရရင် အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို ဖုန်း အနား ကပ်ပြီးနှိပ် ခိုင်းလိုက် ရုံနဲ့ ကားတံခါး ပွင့်သွား မှာဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ဒီနည်းဟာမိမိအတွက် ပင်ပန်း မှုမရှိစေဘဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်းအခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုး ခံရခြင်း အစရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက် ဆုံးသွားလို့ ပြန်မရနိုင်တော့ဘူးဆိုရင် အဲဒီဖုန်းကတ်ကိုဖျက်ဆီးပစ် လို့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်ကိုသိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါမှာ ဂ ဏန်း (၁၅) လုံးပေါ် လာ မှာဖြစ်ပါတယ်။
အဲဒီ ဂဏန်းတွေဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမ ဆုံးသိ ရှိထား ဖို့တော့ လိုအပ် မှာ ပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဖုန်း ဆက်ပြီး ကုတ် နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့ ခိုးသူဟာSimcard ကို မထုတ် ရသေးခင် တိုင်တန်း မယ် ဆို ရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြား သူမ သိအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia  ရဲ့ဖုန်းကုတ်နံပါတ်မိုဘိုင်းဖုန်းတွေရဲ့ ကုတ်နံပါတ်တွေ ဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြပါဘူး။ ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက် ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကိုပိုပြီး ရှင်းလင်းပြတ်သားစွာမြင်ချင်တယ်ဆို ရင် *#67705646# ကိုနှိပ်ပြီး ကြည့် ရှုနိုင် ပါ တယ်။ ဖုန်းမှာ အသုံးပြု ထားတဲ့ ဟန်းဆက်ရဲ့ ဆော့်ဖ်ဝဲ Version ကိုကြည့်မယ်ဆိုရင်တော့ *#0000# ကိုနှိပ်ပြီး ကြည့်နို င်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကို ကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါ တယ်။
ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကိုနောက်ဆုံး ဘယ် အချိန် မှာ ပြုပြင်ခဲ့ တယ်ဆို တဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင် တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ် သား ထားသော ဖုန်းနံပါတ် များကို ချေဖျက်ချင်ပါက *#3925538# ကိုနှိပ်ပြီးဖျက်နိုင်ပါတယ်။ Serial  60 ဖုန်းတွေအတွက်က တော့ *#737092 5538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်းပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကို ရိုက် ထည့် လိုက် ရင် ဖုန်းပြန် ပွင့်သွား မှာဖြစ် ပါ တယ်။ မိုဘိုင်းဖုန်း တစ်လုံးအား ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။
Ref:မောက္ခ

Friday, November 30, 2012

မီးခိုးဗုံးအကြောင်းသိစေချင်


Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီး ခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ် စခန်း ထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်တွေ လောင်တာဖြစ်ပါတယ်.. ( မယုံ ရင် မိမိ အ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အပေါ်က ဗီဒီ ယို လင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆိုတာ တွေ့ရပါလိမ့်မယ်.. ခု ကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးလောင်ဗုံးကို အင်္ဂ လိပ် လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူ ချိန် ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိ ပါ တယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန် မှာ မဟုတ် ဘူး.. နောက် တစ်ခု က ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်း မ ထုတ်နိုင်သေးပါဘူး.


Wednesday, November 21, 2012

ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းများ

ပထမ အကြီးဆုံး = ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊
 ဓမ္မစေတီခေါင်းလောင်းကြီး အချက်အလက်များ
ဓမ္မစေတီမင်းသည်ထိုခေါင်းလောင်းကိုဒဂုံ(ယခုရန်ကုန်)ရှိရွှေတိဂုံစေတီတော်သို့လှူဒါန်းခဲ့သည်။ ရှေးခေတ်
စာမှတ်တမ်းများအရ၄င်းခေါင်းလောင်းကြီးတွင်ကြေးနီအပြင်ရွှေ၊ငွေတို့လည်းပါသည်ဟုဆိုသည်။ခေါင်းလော
လောင်းထဲတွင်မြ နှင့် နီလာ ရတနာ တို့လည်းမြှုပ်ထားသည်ဟုဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။
ခေါင်းလောင်းကြီးသည်(၁၂)တောင်မြင့်ပြီး(၈)တောင်ကျယ်သည်။တစ်ပြိုင်တည်းမှာပင်၅၀၀ပိဿာရှိခေါင်းေ
လောင်းအသေးလည်းသွန်းလောင်းလှူဒါန်းခဲ့သည်ဟုဆိုသည်။အပိန္နသော်’အမည်ရှိဓမ္မစေတီ’ ခေါင်းလောင်း
ပင်ဖြစ်သည်။ခေါင်းလောင်း၏ဘွဲ့အမည်မှာမြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမဆုံးခေါင်းလောင်းဖြစ်သည်။
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။၎င်းကိုတန်ဖွဲ့ပါက၂၉၀တန်ရှိသည်။ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည်စာကိုလိုကောခေါင်း
လောင်းထက်မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကိုထောက်ကာသမိုင်းပညာရှင်တို့သည်ဓမ္မစေတီခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံးအဖြစ်မှတ်တမ်းတင်
ထားဆဲပင် ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်း သမိုင်း
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ရန် တာဝန်ပေးခဲ့သည်။ အမတ်များကအိမ်စာရင်းသာမကအိမ်တိုင်းမှကြေးကိုပါကောက်ခံခဲ့ရာကြေးစင်တစ်သန်းနှင့်ရှစ်သိန်းရရှိခဲ့သည်။ မင်းကြီးကကြေးပါကောက်ယူခဲ့သောအမတ်လေးဦးအားအပြစ်ဒဏ်ပေး၏။ကြေးများကိုကာယကံရှင်များအားပြန်
ပေးစေသည်။ပိုင်ရှင်များကပြန်မယူပဲမင်းကြီးသင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည်ဤကြေးများဖြင့်အမတ်ကြီးဗညားအိမ်ကိုအကြီးအမှူးခန့်၍ ခေါင်းလောင်းသွန်းလုပ်စေ
သည်။
အမတ်ကြီးသည်လည်းဆရာတို့အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်ကြာသာပတေးနေသိဟ်လဂ်တွင်
ပွဲကြီးသဘင်ပြု၍ခေါင်းလောင်းကြီးကိုပြုလုပ်တော်မူသည်။သို့သော်ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမ
မြည်ပဲရှိခဲသည်။ ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏအမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်း
လုပ်ပြီးလျှင်အပြစ်အနာအဆာမရှိချောမောလိမ့်မည်။သို့သော်အသံကားမြည်မည်မဟုတ်ဟုမင်းကြီးအားလျှောက်
၏။မင်းကြီးကအကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန်ဆရာတို့ပေးသောအခါသည်နက္ခတ်ခြောက်လုံးဖြစ်
သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ်ဖြစ်သဖြင့်မိကျောင်းမှာလျှာမရှိ၍အသံမမြည်နိုင်ချေ။မင်းကြီးလည်းခေါင်းေ
လောင်းကို ‘ အပိန္နသော်’ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင်ချိတ်ဆွဲထားစေသည်။
စာကိုလိုကောခေါင်းလောင်းသည်၁၈ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီးဓမ္မစေတီခေါင်းလောင်းမှာအေ
ဒီ၁၅ရာစုကသွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့်နှစ်၃၀၀ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည်ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်း မလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့ကဓမ္မစေတီခေါင်းလောင်းကိုအမြောက်သွန်းလုပ်ရန်ဖောင်ဖြင့်သန်လျင်သို့သယ်ဆောင်ခဲ့သည်
ဒါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

ဒုတိယ အကြီးဆုံး = ( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol) ဆာ-ကိုလိုကိုးဖြစ်သည်။ထိုခေါင်းလောင်းကြီးကိုလက်မှုပညာရှင်(၂၀၀)ကျော်ကျော်ဖြင့်သွင်းလုပ်ထားခြင်းဖြစ်
သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။ထိုခေါင်းလောင်းကြီးမှာတစ်ချိန်ကအရှင်းလင်းအကြည်မြဆုံးသောသံစဉ်ထွက် ခေါင်းလောင်းကြီြး
ဖြစ်ခဲ့သည်။အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သောတန်(၁၈၀)အလေးချိန်ရှိထိုခေါင်းလောင်းကြီးမှာခေါင်းလောင်းသွန်းလုပ်စဉ်ကတစ်နေရာပဲ့
သွား၍ပဲ့သွားသည့်အစသည်ပင်အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟုဖော်ပြပြီး
Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ ဒုတိယအကြီးဆုံးခေါင်းလောင်းနောက်တလုံးသည်လည်းမော်စကိုမြို့မှာပင်ရှိ၍အလေးချိန်၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။
http://www.russianbells.com/interest/biggest.htmlမှာလည်း လေ့လာနိုင်ပါသည်။

စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊
မင်းကွန်းခေါင်းလောင်းတော်ကြီး
မြန်မာနိုင်ငံတွင်လက်ရှိအကြီးဆုံးခါင်းလောင်းမှာမင်းကွန်းခေါင်းလောင်းကြီးဖြစ်သည်။ယင်းခေါင်းလောင်းကို
ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ခေါင်းလောင်း၏ အတိုင်းအတာကိုလည်း အ၀အချင်း ၃၁တောင် ၄သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင်၁မိုက် ၄သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃တောင် ၁မိုက် ၄သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟု ဖော်ပြခဲ့သည်။တန် ၈၀ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ပဉ္စမ အကြီးဆုံး = Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊


ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism )ကျောင်းတော်တွင်တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါးလိုအပ်မည်ဖြစ်သည်။http://www.sacred-destinations.com/japan/kyoto-chionin.htmမှာလည်း လေ့လာနိင်ပါသည်။

ဆဋ္ဌမ အကြီးဆုံး = Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊
တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ယခုအခါ ဘေဂျင်းမြို့သိုပြောင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင်မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူပူဇော်ထားသည် ဟု သိရပါသည်။http://www.chinatour.com/attraction/big_bell_temple.htmမှာလည်း လေ့လာနိုင်ပါသည်။

နေ့ စဉ်ရေသောက်ရန် အကောင်းဆုံး အချိန်

 ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏမှန်မှန်သောက်သုံးမှသာထိထိရောက်ရောက်ကောင်းကျိုးပေးတာဖြစ်ပါတယ်။ဒါကြောင့် ရေသောက်
ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ မနက် အိပ်ယာထချိန်
ဖန်ခွက်တစ်ခွက်သို့မဟုတ်(၂)ခွက်စာရေသောက်သုံးခြင်းဖြင့်သွေးလည်ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေးစေး
ပျစ်မှုလျော့ချပေးခြင်း၊ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။ ၂။ အစားမစားမှီ
အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ အစားစားပြီး
အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။
၎။ ညနေအချိန်
ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။
၅။ ညအိပ်ယာဝင်ခါနီး
ညအိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။
၆။ ချွင်းချက်
ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင်ရအရမ်းဆာတတ်ပါတယ်။အဲ့ဒီအချိန်ကျဘာမှသတ်မှတ်မနေတော့ပဲရေအငတ်ပြေဖို့အတွက် သောက်သုံး
ဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည်သောက်သုံးခြင်းထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကောင်းမွန်းပါတယ်။
အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
Ref: medic facts

Monday, November 19, 2012

မြန်မာ့ ကော်နက်ရှုင် ကမ္ဘာ က သိစေရမယ်...

အိုဘာမား မြန်မာပြည်လာတဲ့အချိန်လေး သူ့လက်ကိုင်ဖုန်းလေး မြည်ပါစေလို့ ဆုတောင်းမိပါတယ်.. အဲဒါ မှ မြန်မာပြည် ရဲ့ ကော်နက်ရှင် ဘယ်လောက်ကောင်းတယ်ဆိုတာ အသိအမှတ်ပြုသွားစေချင်လို့ပါဗျာ....

Monday, November 12, 2012

ကဲ ကြင်ယာရှာနေပြီ... အပျိုကြီးများ စိတ်ဝင်စားလျှင် ဆက်သွယ်ပါ

ရှားရှားပါးပါးရောဂါတစ်မျိုးကြောင့်ခေါင်း၊ခြေ၊လက်များကြီးကာရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်လူငယ်တစ်ဦး
သည်သူ၏ကြင်ဖက်ကိုရှာဖွေလိုကြောင်း DMသတင်းဌာန၌ မေလ ၃၀ ရက်နေ့တွင် ဖော်ပြသည်။စိန်းမန်  တက်ဇ်(၂၂နှစ်)သည်ProteusSyndromeဟုခေါ်သောရှားရှားပါးပါးရာဂါတစ်မျိုးကြောင့်သူ၏ခန္ဓာကိုယ်  အ
စိတ်အပိုင်းများသည်နေရာကွက်၍အဆက်မပြတ်ကြီးထွားလာနေသည်။သူသည်ပါကစ္စတန်နိုင်ငံလာဟိုးမြို
့ဆင်ခြေဖုံးနေထိုင်ပြီးယခုအခါဟိုဟိုသည်သည်သွားလာဖို့ပင်ခက်ခဲ၍လာသည်ဟုဆိုသည်။သူသည် ကလေး ဘ၀မှစတင်၍ယင်းရောဂါကိုခံစားရခြင်းဖြစ်သည်။ဘ၀၌နေထိုင်ရခက်ခဲ၍လာသော်လည်းမိတ်ဆွေ များနှင့် မိသားစု၏ အားပေးထောက်ပံ့မှုကြောင့်သူသည် ဘ၀ကို ရဲဝံ့စွာ ဖက်တွယ်ထားနိုင်ခဲ့သည်။စိန်းနှင့် သူ၏မိသားစုသည်သူ့အတွက်ကြင်ဖက်ရရှိစေရန်အတွက် ဆေးကုသမှုတစ်ရပ်ကို မျှော်လင့်   လျက်ရှိသည်။
သူ၏ဖခင်ဖြစ်သူဝါဇာအလီကသူ၏သားသည်တစ်နေ့၌ရောဂါပျောက်ကင်းကာ ဆိုက်ကားလုပ်ငန်း တစ်ခုကို ထူထောင်လျက် ဇနီးတစ်ယောက်ကို ရှာဖွေနိုင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Thursday, November 8, 2012

ရေပေါ်ကျွန်း...

ရွေ့လျားသွားလာလို့ရတဲ့ အပန်းဖြေ ရေပေါ်ကျွန်းဖြစ်ပါတယ်...လျှပ်စစ်စွမ်းအင်အတွက် လေအားနဲ့ ဆိုလာ(solor)စနစ်တွေကို တပ်ဆင်အသုံးပြုထားပြီး...စိတ်ဝင်စားသူတွေအနေနဲ့ ၂၀၁၃ ရောက်ရင် ၀ယ်ယူအားပေလို့ရပါပြီ...ဈေနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄.၆ သန်း လို့ဆိုပါတယ်....ခင်ဗျား....။
 
 

 
 
 
 
 
 
 
 
 

 
 


ဓါတ်ပုံ ဘေးမှာ သရဲ မ ပုံ ပေါ်နေတယ်တဲ့

 မကြာသေးမီ က မင်္ဂလာဒုံ ဆေးရုံ မှာ ကလေးလေးတစ်ယောက် ခွဲခန်းဝင်တာ ပုံမှန်အတိုင်း OT record အနေနဲ့ သူနာပြုတွေက ဓါတ်ပုံရိုက်ထားတယ် ။ ခွဲစိတ်တာလည်းပြီးတော့ ဓါတ်ပုံတွေကို ပြန်ကြည့်တဲ့ အခါမှာ နောက်ဆုံး operation ပြီးတော့  ကလေးကို ရိုက်ထားတဲ့ ဓါတ်ပုံမှာ ထူးဆန်းစွာနဲ့ ကလေးရဲ့ဘေးမှာ သရဲမ တစ်ယောက်ရဲ့ပုံကို တွေ့လိုက်ရတာပဲ။ သရဲမက အင်္ကျီအဖြူရောင်နဲ့ ဆံပင်ကို ဖားလျားချထားတယ် နဖူးမှာလည်း ဒဏ်ရာနဲ့   ။သေသေချာချာ ကြည့်ရင်တွေ့ရလိမ့်မယ်။ အခုတော့ အဲသည် OT မှာပုရိတ် ရွတ်ဖို့ လုပ်နေတယ်။

မြွေဖမ်းနည်း သင်ပေးမယ်...

အော်...ဒီလူတွေဖမ်းစရာ ရှားလို့ မြွေကိုဒီနည်းနဲ့ ဖမ်းကြတာတဲ့..။ မတွေးရဲ စရာပဲနော် ။ Anaconda မြွေ
အမျိုးအစားတွေကို ဒီနည်းနဲ့ဖမ်းကြတာပါ ။
ပထမဆုံး လက် အ၀တ်နဲ့ အရင် စည်းပါတယ်
လက်ကိုစည်းထားတဲ့ လူ က တွင်းထဲ မှာ မြွေ ရှိမရှိ ၀င်ကြည့်ပါတယ်

မြွေ ကို ၇ှာဖွေရန် မီးတုတ်ငယ်လေူကိုသာ အသုံးပြုကြပါတယ်
မြွေ ကို တွေ့ ပါပြီ
မြွေ ဟာ လူကို တွေ့တွေ့ ချင်း လှမ်းကိုက်တဲ့ ပုံ ဖြစ်ပါတယ်
ခုနက အ၀တ်စည်းထားတဲ့ လက် ကိုကိုက်ခံထား ပြီးတော့ ကျန်လက်တစ်ဘက်နဲ့ မြွေ ကို အပြင် ဆွဲ ထုတ် ..
အပြင် က လူကလည်း ခြေထောက်ကိုင်ပြီး ဆွဲ ထုတ် စဉ်

ဒီနေ့ တော့ ဗိုက်ခွေးနမ်း ပြီပေါ့ကွာ.....

Wednesday, November 7, 2012

ဝတ်ကြအုံးမလား ပူစီဖောင်း ဂါဝန်များ