
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ
တစ်ခုမှ မူလတန်း ကျောင်းသား ကလေးငယ် (၃) ဦးသည်ကျောင်းမှအပြန် ခွေးရူး
ကိုက်ခံခဲ့ရသော်လည်း အနီးအနားရှိ အစိုးရ ဆေးရုံများတွင် ခွေးရူးကု ဆေး မရှိသဖြင့် ဆေးမကုသရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ခွေးရူးကိုက်ခံရသူ ကလေးငယ် သုံးဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်း ဒေသ
လောင်းချောင်း တိုက်နယ် အပိုင် နေပူခံ ကျေးရွာမှ မလှဝင်း (၉ နှစ်)၊
မောင်ကျော်ဇော(၈ နှစ်) နှင့် အောင်ခိန်(၁၀ နှစ်) တို့ဖြစ်ကြသည်။သူတို့သည်နိုဝင်ဘာလ၁၉ရက်ညနေ၅နာရီအချိန်တွင်ကျောင်းမှအပြန်...