468x60 Ads


Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts

Wednesday, December 5, 2012

ဘင်ဖီကာအသင်း၏တိုက်စစ်အပေါ်စိုးရိမ်နေသည့်ပီကေး

ဘာစီလိုနာ အသင်း၏ နောက်ခံလူ ပီကေးမှ သူသည် ဘင်ဖီကာ အသင်း၏ တိုက်စစ်ကို စိုးရိမ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘာစီလိုနာ အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၅)ပွဲ ကစားပြီး (၄)ပွဲနိုင်ဖြင့် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်သော်လည်း ပြိုင်ဘက် ဘင်ဖီကာ အသင်းသည် အုပ်စု ဒုတိယနေရာ အတွက် ဆဲလ်တစ် အသင်းနှင့် ယှဉ်ပြိုင်နေရပြီး ယခုပွဲစဉ်တွင် အနိုင် ရရှိမှ သာ နောက် တစ် ဆင့် တက်ေ ရာက်ရန် မျှော်လင့်ချက်ရှိမည့် အသင်းဖြစ်သည်။ ပီကေးမှ “သူတို့ အသင်းက အိန်းအား၊ ကာဒို ဇို တို့ နဲ့ တိုက်စစ်အရမ်း အားသန်တဲ့ အသင်းပါ။ သူတို့တွေဟာ စွမ်ရည်ပြည့်ဝ နေပြီး ဒီကိုအနိုင်ကစားဖို့ အတွက် လာကြမှာ ပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref:soccer myanmar

Tuesday, November 27, 2012

တစ်ပတ်အတွင်းဘောလုံးပွဲများနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ဇယား


Ref:eleven

ထိုင်းကိုအနိုင်ကစားမှာပါလို့ ပြောတဲ့နည်းပြချုပ်ပတ်ဆောင်ဟွာ


မန်မာ့လက်ရွေးစင်နည်းပြချုပ်ပတ်ဆောင်ဟွာကဆူဇူကီးပြိုင်ပွဲအုပ်စုအဆင့်မှတက်ရောက်နိုင်ရန် အ တွက် လက် ကျန် ၂ ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်းနှင့် အိမ်ရှင် ထိုင်းအသင်းနှင့် ပွဲအတွက် လည်း နည်းဗျူဟာ များ ချမှတ် ထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
“မြန်မာ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ ပွဲမှာ ခံစစ် ဦးစားပေးပြီး တန်ပြန် တိုက်စစ်နဲ့ ကစားတဲ့ နည်းဗျူဟာ သုံးခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဂျပန် ကလပ် အိုကာယာမာနဲ့ ကစားတုန်း က ကျွန်တော်တို့ ကစားသမားတွေ ခြေစမ်းပွဲ ကစားတယ် ဆိုတဲ့ ခံယူချက်နဲ့ ကစားကြတာ ဖြစ်ပေမယ့် ဗီယက်နမ်နဲ့ က စား တဲ့ ပွဲမှာတော့ တကယ့် ပြိုင်ပွဲဖြစ် လို့ မလျော့တမ်း စိတ်ဓာတ် အပြည့်နဲ့ ကစားသွား ခဲ့ ကြ ပါ တယ်။ ပြိုင်ပွဲ အတွက် ကစားသမားတွေ ကိုလည်း စိတ်ဓာတ် မြှင့်တင်ပေး ခဲ့ပြီး ပါပြီ။ မြန်မာ ဆို တာ ဘောလုံးကို ချစ်မြတ်နိုးတဲ့ သူတွေနေတဲ့ တိုင်းပြည် ပါ။ အောင်မြင်မှုတွေ လည်း ရရှိခဲ့ဖူး ပါတယ်။ ဆီ မီး ဖိုင်နယ် တက်ဖို့ လက်ကျန်နှစ်ပွဲ စလုံး ရလဒ်ကောင်းအောင် ကြိုးစား သွားမှာပါ။ လာမယ့် ထိုင်းနဲ့ပွဲ အ တွက် လည်း နည်းဗျူဟာတွေ ချမှတ် ထားပြီးပါပြီ။ ထိုင်း ကစား တဲ့ခြေစွမ်း ကို ရုပ်သံ ပြကွက်တွေ ပြသပြီး က စားသမား များကို အသေးစိတ် ရှင်းလင်းထားပြီး ဖြစ် သလို နည်းဗျူဟာနဲ့ ပက်သက်ပြီးလည်း မှာကြား ထား ပြီး ပါ ပြီ” ဟု ပတ်ဆောင်ဟွာ က ဖွင့်ဟ ခဲ့သည်။
အ ဖွင့် ပွဲစဉ်တွင် ဗီယက်နမ် ကို သရေ ရရှိအောင် ကစားနိုင် ခဲ့သည့် မြန်မာ အသင်းမှာ ထိုင်းနှင့် ပွဲတွင် အနိုင် ရရှိခဲ့ပါက ဆီမီးဖိုင်နယ် အဆင့် သို့ တက်ရောက်နိုင် ရန် အခွင့် အရေးကောင်း ပိုင်ဆိုင်နိုင်မည် ဖြစ် ရာအိမ်ရှင်အသင်းနှင့်ဒီကနေ့တွင် ရင်ဆိုင် ရမည့် မြန်မာ အသင်း အား ထိုင်းနို င် ရာက်  မြန် မာ  ပရိ သတ် များ  မှာ အများ အပြား လာရောက် အားပေးရန် စီ စဉ်နေ ကြကြောင်း လည်း  သိ ရှိရသည်။
Ref:myanmanrstriker

Thursday, November 22, 2012

ချန်ပီယံလိဂ် မှာ ကံ မကောင်းခဲ့တဲ့ မန်စီးတီး

ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၅)၊ ဒုတိယနေ့တွင် အာဆင်နယ် အသင်း အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး မန်ချက်စတာ စီးတီးမှာမူ အုပ်စု အဆင့်မှပင် ကျောခိုင်း ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
မန်ချက်စတာစီးတီး ၁ - ၁ ရီးယဲလ်မက်ဒရစ်
မရဏအုပ်စုဖြစ်သော အုပ်စု(D)ပွဲစဉ်တွင် ရီးယဲလ်သည် မန်စီးတီးကို သရေကစားပြီးနောက် ဘိုရပ်ရှားဒေါ့တ်မန်နှင့်အတူ ရှုံးထွက်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ မန်စီးတီးတွင် ဆာဂျီယို အဂူရို၊ အီဒင်ဂျက်ကို၊ ဒေးဗစ်ဆေးလ်ဗား၊ အလက်ဇန္ဒား ကိုလာရော့ဗ်၊ ဆမ်မီနာဆရီ၊ ယာယာတိုရေး၊ ဒေါက်ဂလက်စ် မိုင်ကွန် အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ ရီးယဲလ်တွင်မူ ကီရင်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လူကာမိုဒရစ်၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ဖေဘီယို ကွန်ထရာအို၊ ပီပီအစရှိသည့် ကစားသမားများ ပွဲထွက်ခဲ့သည်။
ယခုပွဲတွင် ရီးယဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၀)မိနစ် ကတည်းက ဘန်ဇီးမားက သွင်းယူခဲ့သည်။ ဒီမာရီယာ ဖြတ်ပို့လိုက်သည့် ဘောလုံးကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဘန်ဇီးမားက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမား ဂျိုးဟတ်နှင့် အနီးကပ် အနေအထားမှ အပိုင်ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲချိန် (၇၁)မိနစ်တွင်မူ အဂူရို ထိုးဖောက်လာမှုကို တားဆီးရန် ကြိုးစားရင်း ရီးယဲလ်နောက်ခံလူ အယ်လ်ဗာရို အဘီလိုအာ အနီကတ် ထိခဲ့သလို ရီးယဲလ်အသင်း ပင်နယ်တီပါ ပေးခဲ့ရသည်။ ထိုပင်နယ်တီကို အဂူရိုက အမှားအယွင်းမရှိ ကန်သွင်းပြီး မန်စီးတီးတို့ ချေပဂိုး ရရှိသွားသည်။ ထို့နောက်ပိုင်းတွင် ရီးယဲလ်က ပွဲကို မရှုံးအောင် ထိန်းကစားရင်း သရေရလဒ်ဖြင့် ပွဲပြီးကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

အာဆင်နယ် ၂ - ၀ မွန့်ပယ်လီယေး
အာဆင်နယ် အသင်းသည် အိမ်ကွင်းတွင် လူးကက်စ် ပိုဒေါ့စကီး၊ အိုလီဗီရာ ဂီရော့ဒ်၊ အဲလက်စ်အိုလိဒ် ချိန်ဘာလိန်၊ ဆန်တီကာဇိုလာ၊ ဂျက်ဝီလ်ရှိုင်းယား၊ သောမတ်စ် ဗာမေလန်စသော ကစားသမားများကို ပွဲထုတ်ပြီး ပြိုင်ဘက်ကို တိုက်စစ်ဆင် ကစားခဲ့သည်။ အုပ်စုတက်ရေး မျှော်လင့်ချက် ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ပြင်သစ်ချန်ပီယံ မွန့်ပယ်လီယေးသည် ဂေတန်ချာဘိုနီရာ၊ အန်သိုနီ မော်နီရာ၊ ယိုနက်စ် ဘယ်လ်ဟန်ဒါ၊ မာကို အက်စ်ထရာဒါ၊ ဟန်နရီ ဘက်ဒီမို၊ ဒင်နီရယ် ကွန်ဂရီ အစရှိသည့် အဓိက ကစားသမားများ ပါဝင်ကာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် ပထမပိုင်း၌ (၂)သင်းလုံး ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်က (၂)ဂိုးဆက် သွင်းယူကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၄၉)မိနစ်တွင် ဗာမေလန် ကန်တင်ပေးလိုက်သော ဘောလုံးကို ဂီရော့ဒ်က ခေါင်းတိုက် ချပေးလိုက်ရာ ကွင်းလယ်လူ ဝီလ်ရှိုင်းယားက ဂိုးသမားနှင့် အနီးကပ် အနေအထားမှ အသာအယာ ကျော်ကန်ပြီး ဂိုးသွင်းယူခဲ့သည်။ (၆၃)မိနစ်တွင် ဂီရော့ဒ်ပင် ဖန်တီးပေးသည်ကို ပိုဒေါ့စကီးက မြေမကျ အပြင်းကန်သွင်းကာ အာဆင်နယ်အတွက် ဒုတိယဂိုးကို ရယူပေးသွားခြင်း ဖြစ်သည်။ ယခုပွဲစဉ် အနိုင်ရလဒ်နှင့်အတူ အာဆင်နယ်သည် သေချာပေါက် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

ဒေါ်လာသန်း ၁၀၀ ရရှိမည့် ပ၇ီးမီးယားလိဂ်

လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ပရီးမီးယားလိဂ် ဥက္ကဋ္ဌများ အစည်းအဝေးတွင် ပရီးမီးယားလိဂ် အဖွဲ့ချုပ် အမှုဆောင် ဆူရာဂိုက ယခုရာသီ တွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ဆုကြေးပေါင်းသန်း ၁၀ဝ နီးပါးရရှိဖွယ်ရှိကြောင်း အသိ ပေးပြောကြားခဲ့ရာနိုင်ငံတကာ ဘောလုံးငွေကြယ်ပွင့်များ၏အဓိက ရည်မှန်းချက်မှာ အင်္ဂလန်ပရီးမီး ယားလိဂ် ဖြစ်လာဖွယ်ရှိသည်ဟု သတင်းများကဆိုသည်။ နာမည် ကြီး ရုပ်သံကုမ္ပဏီကြီးများဖြစ် သည့် BSKYB,BT တို့နှင့် သုံး နှစ်ချုပ်ဆိုခဲ့ရာမှ ဝင်ငွေ ပေါင် ၃ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီးBSKYB မှ တစ်နှစ်ပြသခွင့်ပွဲပေါင်း ၁၁၆ ပွဲ ရရှိခဲ့ပြီး တစ်ပွဲချင်း တွက်ကြည့် ပါက ပရီးမီးယားလိဂ်တစ်ပွဲ လွှင့် လျှင် ပေါင် ၆ ဒသမ ၆ သန်း ရရှိ မည်ဟုသိရသည်။ လက်ရှိ ပရီး မီးယားလိဂ်ချန်ပီယံ မန်စီးတီးမှာ မန်ယူနောက် ဒုတိယနေရာတွင် ရပ် တည်နေပြီးချန်ပီယံလိဂ်တွင်လည်း အုပ်စုမှပြုတ်ခဲ့ပြီဖြစ်ရာ ပရီးမီးယား လိဂ်သရဖူကိုပင် အသည်းအသန် ကန်ရတော့မည်ဖြစ်သည်။ပင်လယ် ရပ်ခြား ရုပ်သံလွှင့်ခများကိုမူ ပရီးမီးယားလိဂ်အသင်း ၂၀ မှ အချိုးကျခံစားရရှိမည်ဟုသိရသည်။

Tuesday, November 20, 2012

အိမ်ကွင်းမှာမန်စီးတီးကို နိုင်ဖို့မလွယ်တဲ့ ချယ်လ်ဆီး


ဒီတစ်ပတ်ပရီးမီးယာလိဂ်ရဲ့အကောင်းဆုံးတစ်ပွဲဖြစ်တဲ့ချယ်ဆီးနဲ့မန်စီးတီးတို့ရဲ့အားပြိုင်မှုမှာရာသီအစကခံစစ်
အရမ်းညံ့ခဲ့တဲ့မန်စီးတီးရဲ့စွမ်းဆောင်ရည်ပြန်တက်လာချိန်၊ရာသီအစကခံစစ်အရမ်းကောင်းခဲ့တဲ့ ချယ်လ်ဆီးခံ
စစ်ပိုင်းပြန်ကျသွားချိန်မှာဒီနှစ်သင်းတွေ့ဆုံမှာဖြစ်ပါတယ်မန်စီးတီးကွင်းလယ်အထနှေးတတ်တာကိုချယ်လ်ဆီး
အသုံးချနိုင်ရင်အခြေအနေကောင်းနိုင်မှာဖြစ်ပေမယ့်လက်၇ှိခြေစွမ်းအရတော့မန်စီးတီးကိုနိုင်ဖို့မလွယ်ပါဘူး၊ ချယ်ဆီးကပရီးမီးယားလိဂ်ပထမအကျော့်ပွဲစဉ်တွေမှာမန်ယူ၊လီဗာပူးတို့ကိုအိမ်ကွင်းတွေကစားရသလိုမန်စီးတီး
ကိုလည်းအိမ်ကွင်းမှာပဲကစားရအုံးမှာပါ၊ဒါကြောင့်ဒုတိယအကျော့ကချယ်လ်ဆီးအတွက်ပိုခက်ခဲနိုင်ပါတယ်၊ပထ
မအကျော့မှာရမှတ်တွေရသလောက်ယူရမှာဖြစ်ပေမယ့်မန်ယူနဲ့လီဗာပူးတို့ဆီကနေတစ်မှတ်ပဲရယူနိုင်ခဲ့ပါတယ် ၊လက်ရှိအနေအထားအရမန်စီးတီးဆိကလည်း (၃)မှတ်မရနိုင်ပါဘူး။
Ref:eleven

Monday, November 19, 2012

ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဆုကို ရော်နယ်လ်ဒို ရသင့်ကြောင်း ကားလို့စ် မျှော်လင့်

ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(FIFABallond'Or)ကိုခရစ္စတီယာနို ရော်နယ်လ်ဒိုအား ပေးအ
အပ်သင့်ကြောင်း ရောဘတ်တို ကားလို့စ်က ပြောကြားလိုက်သည်။
ဘရာဇီးလ်ဂန္ထဝင်ဘယ်နောက်ခံကစားသမားဟောင်းကြီးကယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆုကို ရော်နယ်လ်ဒို ရရှိစေလိုကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ရီးယဲလ်မက်ဒရစ် ကစားသမားကို ဆန္ဒပြုပေးခဲ့သလို တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို ရသင့်ကြောင်း ကောက်ချက် ချခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာနှင့် အာဂျင်တီးနား လက်ရွေးစင် အသင်း တိုက်စစ်မှူး မက်ဆီက ပြီးခဲ့သည့် (၃)နှစ်ဆက်တိုက် ဆွတ်ခူး သိမ်းပိုက်နိုင်ခဲ့သည်။
ကားလို့စ်က "ဒီနှစ်လည်း လူတိုင်းက မက်ဆီအကြောင်းချည်း ပြောနေသလိုပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူဟာ ရသင့်တဲ့ ဂုဏ်ပြုမှုတွေကို လုံလုံလောက်လောက် ပိုင်ဆိုင်ပြီးပြီ ထင်ပါတယ်။ သူ့ရဲ့ ဆုတံဆိပ် ဘီရိုမှာလည်း နေရာတောင် မဆံ့လောက်တော့ပါဘူး" ဟု FIFA.comသို့ ပြောကြားခဲ့သည်။ ၎င်းက "ဒါကြောင့်ကျွန်တော်ရော်နယ်လ်ဒိုကိုထောက်ခံပါတယ်။သူဟာအသင်းကိုမတူညီတဲ့အခြေအနေမျိုးတွေကနေ အနိုင်ရစေဖို့ စွမ်းဆောင်နိုင်သူပါ။ တိုက်စစ်ကို ပုံစံမျိုးစုံ ကစားနိုင်ပါတယ်။ နောက်တစ်ခါလောက် ဒီဆုကိုရဖို့ သူက ထိုက်တန်နေပါတယ်"ဟုလည်း ဆိုသည်။
ကားလို့စ်က နည်းပြဆုနှင့် ပတ်သက်ပြီး "ဘာစီလိုနာကို ဂျိုးဆက် ဂွာဒီယိုလာ စွန့်ခွာသွားချိန်မှာ ဒီဆုဟာမော်ရင်ဟိုပဲရထိုက်သွားပြီလို့ကျွန်တော်ထင်မိပါတယ်။ကလပ်အသင်း တစ်ခုဟာ နိုင်ငံလက်ရွေးစင် အသင်းတစ်ခုထက် ကိုင်တွယ်ဦးဆောင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော် ရီးယဲလ်မှာ ကစားတုန်းက ဖေဘီယို ကာပယ်လိုဟာ အကောင်းဆုံးတွေ လုပ်ပြဖူးပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ ရလဒ်တွေကို ပြန်ကြည့်ရင် သူ့ရဲ့ နည်းပြစွမ်းရည် ထက်မြက်မှုဟာ ပိုပေါ်လွင်နေမှာပါ။ သူဟာ တွေ့ကြုံလာတဲ့ အခြေအနေတွေကို ပီပြင်ဆီလျော်အောင် ထိန်းသိမ်းနိုင်သူပါ"ဟု မှတ်ချက်ပြုသွားသည်။

Friday, November 16, 2012

၂၀၁၁ ၂၀၁၂ ရာသီလာလီဂါပြိုင်ပွဲ ၏ အကောင်းဆုံးဘောလုံးသမားဆုများအား ဘာစီလိုနာအသင်း၏တိုက်စစ်မှူးလီယွန်နယ်မက်စီ (၄) နှစ်ဆက်တိုက် ဆွတ်ခူး

 
 ၂၀၁၁ ၂၀၁၂ ရာသီလာလီဂါပြိုင်ပွဲ ၏ အကောင်းဆုံးဘောလုံးသမားဆုများအားပြီခဲ့သည့် အင်္ဂါနေ့ က ချီးမြှင့်ခဲ့ရာဘာစီလိုနာအသင်း၏တိုက်စစ်မှူးလီယွန်နယ်မက်စီသည်အကောင်းဆုံးဘောလုံးသမားဆုနှင့် အ
ကာင်းဆုံးတိုက်စစ်မှူးဆုတို့ကို တစ်ပြိုင်နက်ဆွဆ်ခူးသွားခဲ့ကြောင်းသိရသည်။ စပိန်လိဂ်အဖွဲ့ ချုပ် (LFP) သည် နှစ်ပတ်လည်ဆုများအဖြစ်ချီးမြှင့်ခဲခြင်းဖြစ်ပြီးယခုတစ်ကြိမ်အပါအ၀င်ဆုချီးမြှင့်သည့် အကြိမ်အရေအ
တွက်(၄)ကြိမ်အထိ၇ှိလာပြီဖြစ်ရာမက်ဆီသည်လည်းယင်း(၄)ကြိမ်စလုံးတွင်အကောင်းဆုံး ဘောလုံးသမား
ဆုနှင့်အကောင်းဆုံးတိုက်စစ်မှူးဆုတို့ကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။LFPသည်အကောင်းဆုံးနည်းပြဆု
ကိုဘာစီလိုနာနည်းပြဟောင်းဂွါဒီယိုလာအားရွေးချယ်ခဲ့သာကြောင့်သူကလည်း(၄)ကြိမ်မြှောက်ရရှိခဲ့သူဖြစ်
သည်။LFPမှဆုများကိုရွေးချယ်ရာတွင်ကစားသမားများနှင့်နည်းပြများကမဲပေးကာဆန်ကာတင်ရွေးချယ်ပြီး
နောက်LFPမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။၂၀၁၁-၂၀၁၂ရာသီလာလီဂါပြိုင်ပွဲအတွက်ဆု(၉)မျိုးကိုပေးအပ်ခဲ့ပြီး
ဘာစီလိုနာက(၅)ခုရရှိခဲ့သည်အခြားရရှိသူများမှာကားစီးလက်၊ရာမို၊အလွန်ဆို၊အင်နီယေစတာ၊ပူယိုး၊အစ္စကို တို့ဖြစ်သည်။LFPသည်လာလီဂါအပြင်ဆီဂန်ဒါပြိုင်ပွဲအတွက်လည်း ရွေးချယ်ခဲ့ပြီးအကောင်းဆုံးဘောလုံးသမား
ဆုကိုဒီပို့ဒီပိုအသင်းမှဝါရင့်ကွင်းလယ်လူဗယ်လာရွန်ကဆွတ်ခူးသွားခဲ့သည်။အကောင်းဆုံးနည်းပြဆုကိုတော့
ဒီပို့ ဒီပိုနည်းပြ ဟိုဆေးလ်လူးဝစ်ဇ်အော်ထရာက ဆွတ်ခူးသွားခဲ့ပြီးဘာစီလိုနာ(ဘီ)မှနောက်ခံလူဘာထရန် ၊ ဒီပို့ဒီပိုတောင်ပံကစားသမားဂွါဒါဒိုတို့မှာလည်း အကောင်းဆုံးဆုများရရှိခဲ့သည်။

ဆွီဒင် တစ်နှစ်တာအကောင်း ဆုံးဘောလုံးသမားဆုကို အီဗရာဟီမိုဗစ် ရရှိ

ပြီးခဲ့သည့်တနင်္လာနေကဆွီဒင်နိုင်ငံစတော့ဟုမ်းGlobeArenaတွင်တစ်နှစ်တာအတွင်း ခြေစွမ်းပြကစားနိုင်ခဲ့
သည့်အမျိုးသားနှင့်အမျိုးသမီးကစားသမားများကိုဆုချီးမြှင့်ပွဲကျင်းပခဲ့ရာPSGအသင်းမှဆွီဒင်  လက်ရွေးစင်
တိုက်စစ်မှူးအီဗရာဟီမိုဗစ် နှင့် လိုင်ယွန် (အမျိုးသမီး)အသင်းတိုက်စစ်မှူးရှလင်းတို့က ရရှိသွားခဲ့ကြသည်။
ဆွီဒင်တစ်နှစ်တာအကောင်းကစားသမားဆုကို(ရွှေဘောလုံးအား)၁၉၄၆မှစတင်ချီးမြှင့်ခဲ့ပြီးတစ်ရာသီလုံး
ခြေစွမ်းပြကစားနိုင်သည့် သူကိုသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ အကောင်းဆုံ အမျိုးသမီး ဆုကိုတော့(စိန်ဘောလုံး)ကိုချီးမြှင့်ခြင်း ဖြစ်ပြီးဆွီဒင်ဘောလုံးအဖွဲ့  ချုပ်နှင့် ဆွီဒီသတင်းစာ Sydsvenskans တို့ကရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါသည်။အသက်(၃၁)နှစ်၇ှိပြီးဖြစ်သောအီဗရာဟီမိုဗစ်သည်ရွှေဘောလုံးဆုကို (၇) ကြိမ် ရရှိထားပြီး အကြိမ်အများဆုံးရရှိထားသူလည်း ဖြစ်သည့်အပြင်၂၀၀၇ မှ၂၀၁၂ အထိ (၆) နှစ် ဆက်တိုက် ရရှိထားခြင်းလည်းဖြစ်သည်။ ထို့အတူလိုင်ယွန် အမျိုးသမီး အသင်း တိုက်စစ်မှူးရှလင်းမှာ ဆွီဒင်တစ်နှစ်တာအမျီုသမီးအကောင်းဆုံးဆုကို၂၀၁၁နှင့်၂၀၁၂များတွင်(၂)စ်ဆက်တိုက်ရရှိထားသူလည်း
ဖြစ်သည်။

Wednesday, November 14, 2012

၂၀၁၂ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဘယ်သူလဲ

 ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုအတွက် ဆန်ကာတင် စာရင်းကို ဖီဖာအဖွဲ့ချုပ်က မနေ့ကကြေညာလိုက်ပြီဖြစ်ပါတယ်။ ဆန်ကာတင် လူစာရင်းထဲမှာ ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်းသားတွေ အများစုပါဝင်လာပြီး အလွန်ဆို၊ ဘက်စကွက်၊ ပီကေး၊ ရာမို့စ်၊ ဇာဗီ၊ ကာဆီးလက်၊ အင်နီယေစတာတို့ အားလုံးပေါင်း ၇ ယောက်တိတိ ပါဝင်လာခဲ့ပါတယ်။
အလားတူ စပိန်အသင်းရဲ့ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ဒယ် ဘော့စကေးဟာလည်း အကောင်းဆုံး နည်းပြစာရင်းမှာ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။ စပိန်နဲ့ အီတလီ အသင်းတို့ ဟာ ယူရို ပြိုင်ပွဲတုန်းက ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းဖြစ်ပါတယ်။ ၂၀၁၁ တုန်းက အကောင်းဆုံးဆုရခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဆန်ကာတင်စာရင်းမှာ ပြန်လည်ပါဝင်လာပြီး ဒုတိယဖြင့်သာကျေနပ်ခဲ့ရတဲ့ရော်နယ်ဒိုဟာလည်းဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပြီးဆုရဖို့ ရေပန်း
စားနေပါတယ်။ နောက်ထပ် ရေပန်းစားနေတဲ့ ကစားသမားကတော့ အန်ဒရေ ပီယာလို ဖြစ်ပြီး ဂျူဗင်တပ် အသင်းနဲ့အီတလီနိုင်ငံအတွက်အကောင်းဆုံးစွမ်းဆောင်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ရှေ့ တန်းကစား
သမားတွေထဲက နာမည်ကြီး ၀ိန်း ရွန်းနီနဲ့ အတူ ကိုလံဘီယာ ကစားသမား ဖယ်ကာအိုနဲ့ ဘရာဇီး ကစားသမားနေမာတိုလည်းပါဝင်လာပါတယ်။ ရွန်းနီဟာ အင်္ဂလိပ်ကစားသမားတွေထဲက တဦးတည်းသော ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဆန်ကာတင်စာရင်းထဲ ပါဝင်ထားပါတယ်။
ပရီးမီးယားလိဂ်က ကစားသမားတွေထဲက ယမန်နှစ် ဂိုးသွင်းအများဆုံး ကစားသမား ဗန်ပါစီနဲ့ လက်ရှိချန်ပီယံ မန်စီးတီး အသင်းမှာ ဘာလော့တယ်လီ၊ အဂူရိုနဲ့  ယာယာ တိုရေး တို့ လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။ နည်းပြ စာရင်းထဲမှာတော့ ဆာအဲလက်စ် ဖာဂူဆန်က မန်စီးတီး အသင်းကို နှစ် ၄၀ ကြာကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ကို ပြန်လည်ယူဆောင်ပေးခဲတဲ့ မန်ချီနီနဲ့ အတူ ပါဝင်နေပြီး မထင်မှတ်ဘဲ ၂၀၁၂ ရဲ့ နာမည်အကျော်ကြားဆုံး နည်းပြစာရင်းထဲ ၀င်သွားတဲ့ ရော်ဘတ်တို ဒီ မက်တီယို ဟာလည်း ချယ်ဆီးအသင်းကို ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အိမ်မက် ယူဆောင်ပေးခဲ့တာကြောင့် ဆုရဖို့ ရေပန်းစားနေပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှာ အခမ်းအနားနဲ့ ကြေညာကာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဆန်ကာတင် ကစားသမားများ
အဂူရို၊ အလွန်ဆို၊ ဘာလော့တယ်လီ၊ ကာရင် ဘန်ဇီမာ၊ ဘက်ဖွန်၊ ဘက်စကွက်၊ ကာဆီးလက်၊ ရော်နယ်ဒို၊ ဒရော့ဘာ၊ ဖယ်ကာအို၊ အီဗရာဟီမိုဗစ်၊ အင်နီယေစတာ၊ မက်ဆီ၊ နူအာ၊ နေမာ၊ အိုဇေးလ်၊ ပီကေး၊ ပီယာလို၊ ရာမို့ စ်၊ ရွန်းနီ၊ ယာယာ တိုရေး၊ ဗန်ပါစီ၊ ဇာဗီ
ဆန်ကာတင် နည်းပြများ
ဘော့စကေး၊ ရောဘတ်တို ဒီမက်တီယို၊ အဲလက်စ် ဖာဂူဆန်၊ ဂါဒီယိုလာ၊ ဂျက် ဟေးနက်၊ ဂျာဂန် ကလော့၊  ဂျုချင်လို၊ မန်ချီနီ၊ မော်ရင်ညို၊ ပရန်ဒယ်လီ

Monday, November 12, 2012

ရွန်နီ ဂိုး(၂၀)အထက် သွင်းမည်ဟု ဖာဂူဆန် ယုံကြည်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝိန်းရွန်နီသည် အသင်းအတွက် ယခုရာသီ ဂိုး(၂၀)မျှ သွင်းပေးနိုင်မည်ဟု ထောက်ခံ ပြောကြားလိုက်သည်။
ရွန်နီသည် တိုက်စစ်တွင် ရော်ဘင် ဗန်ပါစီ၏ ခြေစွမ်းပြမှု အရိပ် ထိုးခြင်းကို ခံနေရသလို ယခုရာသီတွင် တိုက်စစ်နေရာထက် ကွင်းလယ်ကို အားပြုသော Playmaker ပုံစံမျိုး ပိုမို အားပြု ကစားလာခဲ့သည်။ ထိုအနေအထားတွင် ရွန်နီ၏ ဂိုးသွင်းနှုန်း ကျဆင်း သွားမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း ဖာဂူဆန်ကမူ အင်္ဂလန် လက်ရွေးစင် တိုက်စစ်သမားသည် မန်ယူအတွက် ဂိုး(၂၀) သွင်းပေးမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုသွားသည်။ ရွန်နီသည် ယခုရာသီ တတိယမြောက် သွင်းဂိုးကို စပို့တင်း ဘရာဂါနှင့် ချန်ပီယံလိဂ် ပွဲစဉ်၌ ပင်နယ်တီမှ တစ်ဆင့် ရရှိခဲ့သည်။ထိုအတော အတွင်း ဗန်ပါစီက မန်ယူအတွက် (၁၁)ဂိုး၊ဟာဗီးယားဟာနန်ဒက်ဇ်က(၆)ဂိုးစီသွင်းယူပေးထားပြီးဖြစ်သည်။ဖာဂူဆန်က"ရွန်နီဟာဂိုး (၂၀)နဲ့အ
ထက်သွင်းပေးမှာပါ။ဒါကိုကျွန်တော်သေချာပေါက်ပြောရဲတယ်"ဟုဆိုသည်။"ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းမှာ အားကောင်းမောင်းသန်ပေါင်းစပ်မှုမျိုးရှိနေတာပါ။ဗန်ပါစီကအတွေ့အကြုံရင့်ကစားသမား တစ်ယောက်ဖြစ် ပါတယ်။သူနဲ့တွဲကစားနေတာဟာရွန်နီအတွက်ဂိုးသွင်းခွင့်တွေပိုပြီးဖြစ်ပေါ်စေပါတယ်"ဟုလည်း ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "လက်ရှိ အသင်းတိုက်စစ်မှာ ဗန်ပါစီက (၁၁)ဂိုးနဲ့ ဟာနန်ဒက်ဇ်က (၆)ဂိုး သွင်းပေးထားပါတယ်။ ဒါဟာ ဟာနန်ဒက်ဇ်ရဲ့ ပုံစံကောင်း ပြန်ရလာတာပါ။ တစ်ဖက်က ကြည့်ရင် နွေရာသီမှာ အပြည့်အဝ အနား ရခဲ့တာကသူ့ရဲ့ခြေစွမ်းပြန်တက်လာဖို့အထောက်အကူဖြစ်ခဲ့တယ်ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

Thursday, November 8, 2012

မော်ရင်ဟို ခေါင်းဆောင်မှုအောက်တွင် ကစားချင်သည့် ဂျရတ်..

ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ကစားခွင့် ရမည် ဆိုပါက မိမိ ပျော်ရွှင်မိမည် ထင်ကြောင်း လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ဖွင့်ဟ ပြောဆိုခဲ့သည်။
ချယ်လ်ဆီး အသင်းကို ပေါ်တူဂီသား မော်ရင်ဟို မန်နေဂျာအဖြစ် ကိုင်တွယ်နေစဉ် (၂၀၀၄)နှင့် (၂၀၀၅)ခုနှစ်များက ဂျရတ်အား ချိတ်ဆက်ဖူးသော်လည်း ကစားသမားက အန်းဖီးလ်တွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုအတောအတွင်း ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ဆုဖလားကို (၂)ကြိမ် ရရှိခဲ့သည်။ ယခုအခါ မော်ရင်ဟိုမှာ ရီးယဲလ် မက်ဒရစ်တွင် နည်းပြအဖြစ် တာဝန် ယူနေပြီး လက်ရှိ ရီးယဲလ် ကစားသမား၊ လီဗာပူးလ်တွင် ဂျရတ်နှင့် တွဲကစားဖူးသူ ရှာဘီ အလွန်ဆိုက ဂျရတ်သည် ဘာနေဗျူးတွင် ပါဝင် ကိုယ်စားပြုရန် ထိုက်တန်သူဟု ထုတ်ဖော် ချီးကျူးခဲ့သေးသည်။
အသက်(၃၂)နှစ်ရှိ ဂျရတ်က "ကျွန်တော်က Special One မော်ရင်ဟို လက်အောက်မှာ ကစားချင်ခဲ့ပါတယ်" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဂျရတ်သည် လီဗာပူးလ်တွင် (၁၄)နှစ်ကြာ ကစားဖူးပြီး ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ် အပါအဝင် အာင်မြင်မှုအချို့ ရရှိခဲ့ဖူးသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နှင့်မူ ဝးကွာနေခဲ့သည်။ သတင်းထောက်များက မော်ရင်ဟို ချယ်လ်ဆီးတွင် ရှိစဉ်က ၎င်းကို ချဉ်းကပ်ခဲ့ချိန်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဂျရတ်က "အဲဒီတုန်းက လီဗာပူးလ်က အောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလေ။ ဒါကြောင့် စဉ်းစားစရာ အခြေအနေတွေ ပေါ်လာတာပါ"ဟု ဖြေကြားခဲ့သည်။
၎င်းက "'ဒါပေမဲ့ ကျွန်တော် ချယ်လ်ဆီးရဲ့ ချဉ်းကပ်မှုကို ငြင်းလိုက်ပါတယ်။ နောက်တစ်နှစ်မှာလည်း ဟင့်အင်းလို့ထပ်ပြောခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့(၂)နှစ်ကရီးယဲလ်ကို မော်ရင်ဟို ရောက်လာတော့ နောက်တစ်ခါ ချဉ်းကပ်ခဲ့ဖူးသေးတယ်။ ရီးယဲလ်နဲ့ ဘာစီလိုနာလို အသင်းတွေက စိတ်ဝင်စားတဲ့ ကစားသမားတွေကို ကျွန်တော် စောင့်ကြည့်ဖူးပါတယ်။ ဒါဟာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒါကို မစဉ်းစားတော့ပါဘူး"ဟုလည်း ပြောဆိုသွားသည်။

Tuesday, November 6, 2012

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို သိပ်မလိုချင်ရှာတဲ့ ရော်နယ်ဒို....

အကယ်၍ ဖြစ်နိုင်ခြေ အခွင့်အရေး ရှိပါက ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)အတွက် မိမိကိုယ်မိမိသာမဲပေး ဖြစ်လိမ့်မည်ဟု ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။
ရီးယဲလ်မက်ဒရစ် အသင်းတွင် ကစားနေသော ပေါ်တူဂီ လက်ရွေးစင်သည် ယခုနှစ် ဆုပေးပွဲ အခမ်းအနားတွင် ဘာစီလိုနာမှ မဟာပြိုင်ဘက် အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ်လ်မက်ဆီနှင့် စပိန်လက်ရွေးစင် အင်းဒရက်စ် အင်နီယေစတာတို့နှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ဘာစီလိုနာ အသင်း၏ (၃)နှစ်ဆက် လာလီဂါ ချန်ပီယံဆု ဆွတ်ခူးရရှိနိုင်မှုကို တွန်းလှန်ကာ ရီးယဲလ်ကို စပိန်ချန်ပီယံ ဖြစ်လာအောင် အဓိက ကူညီပေးခဲ့သည့် ရော်နယ်လ်ဒိုက မိမိအနေဖြင့်မူ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး ကစားသမားအဖြစ် ယူဆထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ဇန်နဝါရီလ (၇)ရက်တွင် ပေးအပ်ချီးမြှင့်မည့် ဆုနှင့် ပတ်သက်ပြီး "တကယ်လို့ အခွင့်အရေးရှိရင် ကိုယ့်ဖာသာပဲ မဲပေးလိုက်တယ်။ ကျွန်တော့် လက်ရှိ အနေအထားကို ကျေနပ်တယ်။ ပျော်ရွှင်တယ်။ အရမ်းအရမ်း နှိမ့်ချနေတယ် ဆိုတာမျိုးကလည်း မကောင်းပါဘူး။ ပေါ်တူဂီမှာတော့ အလွန်အကျွံ နှိမ့်ချ ချိုးနှိမ်ပြနေတယ် ဆိုတာက အနှစ်သာရ ကင်းမဲ့ပါတယ်"ဟု ရော်နယ်လ်ဒိုက မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော်ဟာ ဘောလုံးကို နှစ်နှစ်ကာကာ ကစားနေသလို ကိုယ်ကစားတဲ့ အသင်းကို ချစ်ခင်ရိုသေပါတယ်။ တကယ်လို့ ကျွန်တော်သာ ငွေကြေးကြောင့် ဘောလုံး ကစားနေတယ် ဆိုရင် တခြားကလပ် တစ်ခုကို ရောက်နေလောက်ပြီ" ဟုလည်း ပြောကြား သွားခဲ့သည်။

Monday, November 5, 2012

မန်ယူမှလွဲ ပြီး အသင်းကြီးတွေ နိုင်ပွဲပျောက်ခဲ့ တဲ့ ပရီးမီးယားလိဂ်

မန်ချက်စတာ ယူနိုက်တက် ၂ - ၁ အာဆင်နယ်
မန်ယူအသင်းသည် အစဉ်အလာ ပြိုင်ဘက်ဟောင်းကြီး အာဆင်နယ်နှင့် ရင်ဆိုင်ရန်အတွက် ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီ၊ တွမ်ကလီဗာလေ၊ မိုက်ကယ်ကာရစ်၊ အန်တိုနီယို ဗလန်စီယာ၊ အက်ရှ်လေယန်း၊ ရီယိုဖာဒီနန်၊ ပက်ထရစ် အီဗရာ အစရှိသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။ အာဆင်နယ်တွင်မူ အိုလီဗီရာ ဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီး၊ ဆန်တီကာဇိုလာ၊ မိုက်ကယ် အာတီတာ၊ ဂျက်ဝီလ်ရှိုင်းယား၊ အေရွန်ရမ်ဆေး၊ သောမတ်စ် ဗာမေလန်၊ အန်ဒရီဆန်းတို့စ်၊ ဘာကလေ ဆက်ဂ်ညာ အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။
ပွဲအစ (၃)မိနစ်ကတည်းက မန်ယူအသင်း ဦးဆောင်ဂိုး ရရှိသည်။ ညာခြမ်းမှ ရာဖေးလ် ဒါဆေးလ်ဗား ဖြတ်တင်ပေးသော ဘောလုံးကို အာဆင်နယ် အသင်းခေါင်းဆောင် ဗာမေလန် တားဆီးပုံ မသေသပ်သဖြင့် ဗန်ပါစီက ညာခြေဖြင့် ထောင့်ဖြတ် ကန်သွင်းသွားခြင်း ဖြစ်သည်။ ယင်းသည် ဗန်ပါစီ၏ အသင်းဟောင်း အာဆင်နယ်သို့ ပထမဆုံး သွင်းယူသော ဂိုးဖြစ်လာပြီး ၎င်းသည် အာဆင်နယ်ကို လေးစားမှု ပြသသည့် အနေဖြင့် အောင်ပွဲ မခံခဲ့ချေ။ ပထမပိုင်း ပြီးခါနီးတွင် ကာဇိုလာ လက်ထိသည့် ဘောလုံးမှတစ်ဆင့် မန်ယူတို့ ပင်နယ်တီ ရခဲ့သော်လည်း ရွန်နီ၏ ကန်သွင်းချက် ဂိုးပေါက်လွဲသွားသည်။ မန်ယူအတွက် ဒုတိယဂိုးကိုမူ (၆၇)မိနစ်တွင် အီဗရာက ရွန်နီ ကန်တင်ပေးသော ဘောလုံးအား ခေါင်းတိုက်ကာ သွင်းယူခဲ့သည်။ (၆၉)မိနစ်တွင် အီဗရာကို အဖျက်ကြမ်းသဖြင့် ဝီလ်ရှိုင်းယား ဒုတိယ အဝါထိကာ အထုတ်ပယ် ခံရပြီး အာဆင်နယ်တို့ (၁၀)ယောက်ဖြင့် ဆက်ကစားခဲ့ရသည်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်တွင် မန်ယူခံစစ်၏ အမှားမှတစ်ဆင့် ကာဇိုလာက ထောင့်ဖြတ် ကန်သွင်းကာ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည် ရရှိခဲ့သည်။
ဆွမ်ဆီးစီးတီး ၁ - ၁ ချယ်လ်ဆီး
အိမ်ကွင်းတွင် ကစားပုံ သပ်ရပ်ကြောင်း အသိအမှတ်ပြု ခံရသည့် ဆွမ်ဆီးကို အနိုင်မကစားနိုင်ခြင်းကြောင့် ချယ်လ်ဆီးတို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို မန်ယူလက် လွှဲအပ်လိုက်ရသည်။ ဆွမ်ဆီးတွင် မီချူ၊ ပက်ဘလို ဟာနန်ဒက်ဇ်၊ ကီဆောင်ယောင်း၊ လီယွန်ဘရစ်တန်၊ ဂျိုနသန်ဒီဂါ့ဇ်မန်း၊ ဝိန်းရော့လတ်ဂ်ျ၊ ဘန်ဒေးဗီးစ် အစရှိသည့် ကစားသမားများ ပါဝင်လာသည်။ ချယ်လ်ဆီးကမူ ဖာနန်ဒိုတောရက်စ်၊ အီဒင်ဟာဇက်၊ အော်စကာ၊ ဗစ်တာမော့ဆက်စ်၊ ဂယ်ရီကာဟေးလ်၊ ဂျွန်အိုဘီမီခေးလ်၊ ဆီဇာ အက်ဇ်ပီကျူတာတို့ဖြင့် ပွဲထွက်ခဲ့သည်။
ယခုပွဲတွင် ချယ်လ်ဆီးအသင်းက ပွဲကို ဦးဆောင်ခွင့် စတင်ရရှိခဲ့သည်။ (၆၃)မိနစ်တွင် အော်စကာ ကန်တင်ပေးသော ထောင့်ကန်ဘောကို ကာဟေးလ်က ခေါင်းတိုက်သည်ကို မော့ဆက်စ်က လမ်းကြောင်းလွှဲ ခေါင်းတိုက်လိုက်ရာ ဂိုးဝင်သွားသဖြင့် ချယ်လ်ဆီးတို့ ဂိုးစတင် ရရှိသွားသည်။ သို့သော်လည်း ပွဲပြီးခါနီးတွင် ချယ်လ်ဆီးတို့ စိတ်ပျက်စေမည့် ဂိုးကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ဆွမ်ဆီးအတွက် ပြန်လည် သွင်းယူခဲ့သည်။ ဘီးကုပ်အစပ်နားမှ ဟာနန်ဒက်ဇ် အလစ်လှမ်းကန်သော ဘောလုံးကို ပီတာဆက်ခ်ျ မတားဆီးနိုင်သဖြင့် ဂိုးဝင်သွားပြီးနောက် ပွဲအပြီးတွင် နှစ်သင်းလုံး တစ်မှတ်စီသာ ခွဲယူခဲ့ရသည်။

ဝက်စ်ဟမ်းယူနိုက်တက် ၀ - ၀ မန်ချက်စတာစီးတီး
လက်ရှိချန်ပီယံ မန်စီးတီးသည် အဝေးကွင်းတွင် တန်းတက် ဝက်စ်ဟမ်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။ ဝက်စ်ဟမ်းတွင် မက်သရူးဂျာဗစ်၊ အန်ဒီကာရိုးလ်၊ ယိုဆေး ဘီနာယောင်၊ ကီဗင်နိုလန်၊ မာ့ခ်နိုဘယ်လ်၊ ဂျိုယေး အိုဘရိုင်ယန်တို့ ပါဝင် ကစားခဲ့သည်။ မန်စီးတီးတွင် အီဒင်ဂျက်ကို၊ မာရီယို ဘာလော့တယ်လီ၊ ကားလို့စ်တီဗက်ဇ်၊ ဆမ်မီနာဆရီ၊ ဂါရတ်သ်ဘယ်ရီ၊ ယာယာတိုရေး၊ ဗင်းဆင့်ကွမ်ပနီ၊ မာတီဂျာ နက်စ်တာဆစ်၊ ဂေးလ်ကလစ်ချီတို့ ပွဲထွက်လာခဲ့သည်။
ပွဲချိန် (၄)မိနစ်တွင် နိုလန် ဂိုးသွင်းနိုင်ခဲ့သော်လည်း လူကျွံနေခဲ့သည်။ ယခုပွဲတွင် မန်စီးတီးသည် ဝက်စ်ဟမ်းကို ထိုးဖောက်ရန် ခက်ခဲနေခဲ့ပြီး ကာရိုးလ်ဦးဆောင်သည့် ဝက်စ်ဟမ်းတိုက်စစ်ကလည်း မန်စီးတီးကို တုံ့ပြန်သွားခဲ့သည်။ ထို့အပြင် ကာရိုးလ်နှင့် တီဗက်ဇ်တို့လည်း အခွင့်ကောင်းများ အသီးသီး လက်လွှတ်ခဲ့ရသည့်နောက် ဂိုးမသွင်းနိုင်ဘဲ ပွဲအပြီးတွင် ဂိုးဗလာဖြင့်ပင် (၁)မှတ်စီ ခွဲယူသွားကြသည်။

လီဗာပူးလ် ၁ - ၁ နယူးကာဆယ်လ် ယူနိုက်တက်
လီဗာပူးလ်သည် အိမ်ကွင်း အန်းဖီးလ်တွင် နယူးကာဆယ်လ်အား နောက်မှ လိုက်ကစားကာ သရေကျခဲ့သည်။ လီဗာပူးလ်တွင် လူးဝစ်ဆွာရက်ဇ်၊ ရာဟင်စတာလင်၊ ဆူဆို၊ နျူရီဆာဟင်၊ ဂျိုးအလန်၊ စတီဗင်ဂျရတ်၊ ဟိုဆေး အန်ရီကေး၊ မာတင်စကာတယ်လ် အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ နယူးကာဆယ်လ်တွင်မူ ဒမ်ဘာဘား၊ ပက်ပစ်ဆစ်ဆေး၊ ဟေတမ်ဘန်အာဖာ၊ ဂျိုနက်စ် ဂူတီယာရက်ဇ်၊ ယိုဟန်ကာဘာယီ၊ ဒေးဗစ် ဆန်တန်၊ ဖာဘရီစီယို ကိုလော့စီနီ၊ ဗာနွန်အနီတာစသော ကစားသမားများ ပွဲထွက်လာခဲ့သည်။
နယူးကာဆယ်လ်အတွက် ပထမဂိုးကို ပွဲချိန် (၄၄)မိနစ်တွင် ကွင်းလယ်လူ ကာဘာယီက သွင်းယူခဲ့သည်။ ညာခြမ်းမှ ဘန်အာဖာ ဖြတ်တင်ပေးသော ဘောလုံးကို တားယူကာ ကာဘာယီက လှလှပပ ထောင့်ဖြတ် ကန်သွင်းသွားခြင်း ဖြစ်သည်။ လီဗာပူးလ်အတွက် ချေပဂိုးကိုမူ အန်ရီကေး ပေးပို့သော ဘောလုံးမှတစ်ဆင့် ဆွာရက်ဇ်က ဂိုးသမား တင်မ်ကားလ်ကိုပါ လိမ်ခေါက်ဖြတ်ကျော်ကာ အနီးကပ် သွင်းယူခဲ့သည်။ ပွဲချိန် (၈၄)မိနစ်တွင်မူ ဆွာရက်ဇ်ကို ဖျက်ပုံကြမ်းခဲ့သည့်အတွက် နယူးကာဆယ်လ် ခံစစ်မှူး ကိုလော့စီနီ အနီကတ် ထိခဲ့ပြီး လက်ကျန်မိနစ်ပိုင်းကို (၁၀)ဦးတည်းဖြင့် နယူးကာဆယ်လ်တို့ ဖြတ်သန်းခဲ့ရသည်။

Thursday, November 1, 2012

ရော်နယ်ဒို PSG ပြောင်းမှာလား...

PSG အသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းမှ အဓိက ကြယ်ပွင့် နှစ်ဦးအတွက် ပေါင်စတာလင် သန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သိရသည်။ ရည်မှန်း  ချက်   ကြီးမားသော ပြင်သစ် ကလပ်သည် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ပေါ်တူဂီ နည်းပြ ဟိုဆေးမော်ရင်ဟို တို့အား ကမ်းလှမ်းရန် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးနေပြီး ၎င်းသည် ရီးယဲလ်၏ ပရော်ဖက်ရှင်နယ်ရေးရာ လုပ်ဆောင်မှု အချို့အတွက် ဝမ်းနည်းမိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ရော်နယ်လ်ဒိုသည် ရီးယဲလ်ထံမှ အခွန်နုတ်ပြီး တစ်နှစ်  ပေါင်စတာလင် (၁၄.၅)သန်း လုပ်ခကို တောင်းဆိုခဲ့သည့်နောက် ကလပ်နှင့် အဆင်မပြေ ဖြစ်နေကြောင်းလည်း သတင်းများက ခန့်မှန်း ရေးသားခဲ့သည်။ PSGသည် အသက်(၂၇)နှစ်ရှိ ရော်နယ်လ်ဒို အလိုရှိသော လုပ်ခမျိုး ပေးချေကာ ၎င်းအား ဝယ်ယူရန် လိုလားနေခြင်းဟု သိရသည်။ ထို့အပြင် PSGသည် ကာလိုအန်ဆလော့တီ နေရာတွင် အစားထိုးရန် နည်းပြ မော်ရင်ဟိုကိုလည်း တစ်ပါတည်း ကမ်းလှမ်း လာနိုင်ကြောင်း သတင်းများက ဆိုသည်။

ကာကာ ဘယ်ကိုသွားမှာလဲ..

ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် မိမိတွင် အစီအစဉ် ရှိမနေကြောင်း ရီကာဒို ကာကာက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် Playmakerက လတ်တလောတွင် အသင်း၌ ပုံမှန် ပွဲထွက်ခွင့် မရသော်လည်း အသင်းကို ကျောခိုင်းရန်ထက် နောက်ထပ် ပွဲများများ ကစားခွင့်ရရန်သာ မျှော်လင့်ထားကြောင်း ဆိုသည်။ ကာကာသည် (၂၀၀၇)ခုနှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိခဲ့သော်လည်း (၂၀၀၉) ခုနှစ်တွင် အေစီမီလန်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာပြီး ကတည်းက ဒဏ်ရာများနှင့် ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးခဲ့ရသည်။ သို့သော် စက်တင်ဘာလက အသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အယ်လ်ဖရက်ဒို ဒီစတီဖာနို အတွက် ရည်စူးသည့် ဂုဏ်ပြုခြေစမ်းပွဲတွင် ခြေစွမ်းပြကာ Hat-Trick သွင်း ယူနိုင်ခဲ့သည်။အသက်(၃၀)အရွယ် ကာကာက "နွေရာသီကတည်းက အပြောင်းအရွှေ့ကိစ္စ သတင်းတွေ အမျိုးမျိုး ထွက်ခဲ့ပေမယ့် ကျွန်တော်ကတော့ ရီးယဲလ်က ထွက်ဖို့ လုံးဝ မစဉ်းစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က အသင်းအတွက် အများကြီး လုပ်ပေးနိုင်ဆဲ ဆိုတာကို သိနေလို့ပါပဲ။ ကျွန်တော့် စာချုပ်က အသင်းမှာ (၃)နှစ် ကျန်ပါသေးတယ်။ ရှေ့ဆက်နိုင်စွမ်း ရှိသေးတယ်လို့လည်း ယုံကြည်တယ်။ ပြီးတော့ အသင်းမှာ နေရာတစ်ခု ရဖို့အတွက် ကြိုးစားရင်း အသင်းနဲ့ အတူ ဆုဖလားတွေ ရယူချင်ပါတယ်"ဟု ပြောကြားသွားသည်။

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မက်ဆီ ရရှိ


Wednesday, October 31, 2012

အက်သလက်တီကို တွင်ဆက်လက် သက်တမ်းတိုးအုံးမယ့် ဖယ်ကာအို

အက်သလက်တီကို မက်ဒရစ် အသင်းသည် ၎င်းတို့၏ အဓိက ကစားသမား ရာဒါမယ်လ် ဖယ်လ်ကာအိုအား စာချုပ် သက်တမ်းတိုး ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများသည် ကိုလံဘီယာ လက်ရွေးစင်ကို ပေါင်စတာလင် (၄၆)သန်းဖြင့် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် အက်သလက်တီကို ၎င်းတို့၏ တိုက်စစ်မှူးအား ထိန်းသိမ်းသွားရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ဖယ်လ်ကာအိုသည် ဆောင်းရာသီ ဈေးကွက် အတွင်းတွင်ပင် အင်္ဂလန် ထိပ်တန်း ကလပ်များ၏ ကမ်းလှမ်းမှုကို ခံရဖွယ် ရှိနေသည်။ သို့သော်လည်း အက်သလက်တီကိုက ကစားသမားအား ရောင်းချ ရသည့်တိုင် နွေရာသီမှ လက်လွှတ်ခံရန် ဆန္ဒ ရှိနေသည်။
ထို့ကြောင့်လည်း ဖယ်လ်ကာအိုအား ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် လက်ရှိစာချုပ်ကို တိုးမြှင့်သွားရန် စပိန်ကလပ်က လိုလားနေခြင်း ဖြစ်သည်။ ဖယ်လ်ကာအိုသည် (၂၀၁၁)ခုနှစ်၊ နွေရာသီကမှ ဗင်းဆင့် ကယ်လ်ဒါရွန် ကွင်းကြီးသို့ ရောက်ရှိလာခဲ့ပြီး (၂၀၁၆)ထိ စာချုပ်သက်တမ်း ရှိနေသည်။ ကလပ်အသင်းသည် ၎င်း၏ စာချုပ်တွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၄၆)သန်း ပေးချေပါက ထွက်ခွာခွင့် ပေးမည်ဟု သဘော တူညီထားသည်။ ဖယ်လ်ကာအို ကိုယ်တိုင်ကမူ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ယတိပြတ် မည်သည့် အရာမျှ မပြောနိုင်သေးဟု ဆိုသည်။
"ကျွန်တော် ဒီမှာ ပျော်နေသလို လက်ရှိ အနေအထားကို ကျေနပ်ပါတယ်။ ထွက်ခွာဖို့ မစဉ်းစားသေးပါဘူး။ ဒီတစ်ရာသီလုံး အသင်းမှာ ဆက်ကစားဖြစ်ဖို့နဲ့ အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အသင်းပြောင်းဖို့ ဆိုတာကတော့ အချက်အလက် အများကြီးပေါ် တည်မှီနေတာပါ။ ကလပ်ရဲ့ စီးပွားရေး၊ ချန်ပီယံလိဂ် ဝင်ခွင့်လို ကိစ္စတွေပေါ့။ လောလောဆယ်တော့ ဘာမှ အပြတ်မပြောနိုင်သေးပါဘူး"ဟု ဖယ်လ်ကာအိုက ပြောကြားသွားသည်။

ဆာဂျီယို ရာမို့စ် ပြောတဲ့ ရီးရဲ စိတ်ဓါတ်

ဘာစီလိုနာနောက် အမီ လိုက်ရမည် ဆိုသော အခြေအနေက ရီးယဲလ်မက်ဒရစ် အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်လာစေကြောင်း ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
ရီးယဲလ် အသင်း၏ စပိန် လက်ရွေးစင် နောက်ခံလူက လက်ရှိတွင် အမှတ်ပေး ဇယား အဆင့်(၄) နေရာ၌ ရပ်တည်နေသည့်တိုင် ထိပ်ဆုံးမှ ဘာစီလိုနာကို မိမိတို့ အမီလိုက်နိုင်မည်ဟုလည်း ဆိုသည်။ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ် အသင်းများသည် ရီးယဲလ်ကို (၈)မှတ်ဖြတ်ကာ ဦးဆောင်နေသော်လည်း ယင်းအနေအထားကြောင့် အမှတ်ပေး ပြိုင်ပွဲ ပြီးဆုံး သွားပြီဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ကြောင်း ရာမို့စ်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "ကျွန်တော်တို့ဟာ ဘာစီလိုနာကို လိုက်မီရမယ် ဆိုတဲ့ စိန်ခေါ်မှုကြောင့် စိတ်ဓာတ် တက်ကြွလာတာပါ။ ကျွန်တော်တို့ဟာ အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နေဦးမှာ ဖြစ်ပါတယ်။ အဆုံးထိပေါ့။ ကျွန်တော်တို့ ပြန်လာနေပြီ မဟုတ်လား" ဟု Marcaသို့ ပြောကြားခဲ့သည်။ "ခုချိန်မှာ နှစ်သင်းက ထိပ်ဆုံး ရောက်နေပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ပေါ့။ ဒါပေမဲ့ ရီးယဲလ်ကလည်း ပွဲတွေမှာ အနိုင်ရလဒ်ကို ထိန်းထားနိုင်ရင် သူတို့ကို ဖိအားအများကြီး ပေးနိုင်ပါလိမ့်မယ်။ မာယော့ကာကို ကျွန်တော်တို့ နိုင်လိုက်တာက အရေးကြီးပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နေရာမှာ ရလဒ်ကောင်း ရခဲ့တယ်။ ရှေ့ဆက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေဦးမှာ ဖြစ်ပါတယ်"ဟု ရာမို့စ်က ပြောကြားသွားသည်။

Friday, October 26, 2012

ရွန်နီကို အန်ဇီး စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ရုရှားကလပ် အန်ဇီးက အလို ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ဘီလျံနာ သူဌေး အသင်း ပိုင်ရှင်၏ ကျောထောက်နောက်ခံ ဓန အင်အားဖြင့် အန်ဇီးက အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အား ပြောင်းရွှေ့ကြေး မြောက်မြားစွာ အသုံးပြု ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း သိရသည်။ အန်ဇီးသည် ယူရိုပါလိဂ်တွင် လီဗာပူးလ်ကို အန်းဖီးလ်၌ (၁-၀)ဖြင့် အရေးနိမ့် ထားသည်။ အန်ဇီးသည် ရွန်နီအား ခေါ်ယူဖြစ်ပါက အသင်းမှ ကင်မရွန်း တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကဲ့သို့ပင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၅၀၀၀၀)ထိ ပေးချေရန် အသင့်ရှိနေကြောင်းလည်း ဆိုသည်။
အသင်း ဒါရိုက်တာ ရောဘတ်တို ကားလို့စ်က ရွန်နီကို ခေါ်ယူလိုခြင်း ရှိမရှိ မေးမြန်းမှုများအား "ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ယောက်ပါ။ ရွန်နီလို ကစားသမားမျိုး အသင်းကို ရောက်လာလို့ မပျော်ရွှင် နိုင်တဲ့သူ မရှိပါဘူး။ ပြီးတော့ သူ့အသက်ကလည်း ငယ်ရွယ်ပါသေးတယ်။ တကယ် ဖြစ်လာနိုင်တယ်လို့တော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ သူ့ကို လိုချင်တာ အန်ဇီး တစ်သင်းပဲ ရှိနေတာလည်း မဟုတ်ပါဘူး။ အီတလီနဲ့ စပိန် ကလပ်တွေလည်း ရှိပါတယ်။ ပြောရရင် တစ်ကမ္ဘာလုံးက အသင်းတိုင်း ရွန်နီလို ကစားသမားကို လိုချင်ကြတာပါပဲ" ဟု ဖြေကြားသွားသည်။

အန်ဇီးသည် ပေါင်စတာလင် (၄)ဘီလျံမျှ ချမ်းသာသည့် ရုရှားသူကြွယ် ဆူလီမန် ကာရီမော့ဗ်၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေသည်။ ကာရီမော့ဗ်သည် အသင်းအတွက် အီတူးအပြင် ခရစ္စတိုဖာ ဆမ်ဘာ၊ လာဆာနာ ဒီယာရာစသည့် ကစားသမားကောင်းများကိုလည်း ဝယ်ယူပေးပြီးဖြစ်သည်။