Thursday, October 18, 2012
အစိုးရ တပ်က လက်နက်ကြီး များဖြင့် ဖားကန့်ဒေသ မော်မောဘွမ်း ကျေးရွာသို့ ပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရ
ဖားကန့် မြို့ရှိ အစိုးရ စစ်ဗျူဟာ ကုန်းသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေ ဖြစ်သော
ဖားကန့်ဒေသ
မော်မောဘွမ်း ကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား
နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဒေသခံ ကချင်လူငယ် ခေါင်းဆောင်
တဦးက ဆိုပါသည်။
“ ပစ်တာက ည (၉နာရီနဲ့ ၁၀) နာရီ ကြားမှာပါ။ ၁၂၀ မမ လို့ ထင်ရတဲ့ လက်နက်ကြီး အလုံး (၂၀) လောက် ရှိမယ် ပစ်တာ။ တပ်ရင်း (၆) က KIA တပ်သားလည်း (၂) ဦး သေပြီး (၂) ဦး ဒါဏ်ရာ ရတယ်လို့ တပ်ထဲက သူငယ်ချင်းက ပြောပြ တယ်လေ။ တိုက်ပွဲ မဖြစ်တာ ကြာပြီးဗျ။ (၁၀) ရက် မကတော့ဘူး။ ပြီးတော့ ဆွေးနွေးပွဲ လေသံတွေလည်း ကြားနေရတော့ ဒီတခါ အေးဆေးပြီးပေါ့ စဉ်းစား နေကြတယ်ဘဲ ရှိသေးတယ်။ ညက ထပစ်လိုက်တော့ မျှော်လင့်ချက်က သဲထဲရေသွန် မလားတော့ မပြောတတ်ဘူး” ဟု ဆိုပါသည်။
ဒါဏ်ရာရသော ရွာသား များသည် ဖါးကန့် ဆေးရုံသို့ ရောက်ရှိ နေကြ ပါသည်။ အစိုးရ တပ်ဖွဲ့ရှိသည့် စစ်ဗျူကုန်းနှင့် မော်မောဘွမ်း ကျေးရွာသည် မြေပုံအရ (၃) မိုင်ကျော် ရှိပါသည်။ ဤဖါးကန့်နယ်ထဲ၌ ပြီးခဲ့သည့် ရက်ပိုင်းတွင် မော်မော့ဗုံနဲ့ ဆိုင်ဂျာဗွန် ကျေးရွာဖက်၌ တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့သည်မှ တပါး တိုက်ပွဲ မရှိဟု ဒေသခံ ကချင် လူငယ် ခေါင်းဆောင် ခွန်ဆိုင်က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည်၊ ကချင် တပ်မဟာ (၄) ဖက်၌ ဗျူဟာ (၃)ခုနှင့် စစ်ဆင်နေသည်ဟု ပလောင် အဖွဲ့မှ ဆိုပါသည်။ မန် ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်ထဲ ဂွင်ထဲတွင် အစိုးရ တပ်ဖွဲ့ (၁၀) ရင်းကျော် လှုပ်ရှားနေပါ သည်။ ၄င်းစစ်ဗျူဟာမှူးများသည် မန်ဆန်းမြို့၊ မန်တုံမြို့နှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေချပြီး စစ်ဆင် နေပါသည်။
ဤစစ်ဆင်ရေးတွင် ပလောင် ကျေးရွာ လူကြီးများကို ဖမ်းဆီး နေကြပြီး ညှင်းပမ်းနှိပ်စက်မှုဖြင့် KIA နှင့် ပလောင်တပ်ဖွဲ့ သတင်း များကို ဖေါ်ထုတ် နေကြပါသည်။ KIA တပ်မဟာ (၄) ဒေသတွင် ပလောင် လွတ်မြောက်ရေး အဖွဲ့မှ တပ်ရင်း (၄) ရင်း လှုပ်ရှား နေပါသည်။
အစိုးရသည် KIA နှင့် တွေ့ဆုံ ဆွေးနွေးရန် ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က ကမ်းလှမ်း ခဲ့ပါသည်။ အောက်တိုဘာ လဆန်း တရက်နေ့မှ (၁၀) ရက်နေ့ အထိ KIA နှင့် ဖြစ်ခဲ့သော တိုက်ပွဲပေါင်းမှာ (၂၀) ပွဲထက်မနဲ ရှိသည်ဟု စစ်ရေး လေ့လာ သူများက ခန့်မှန်း ထားပါသည်။
ဤသို့ကြောင့် တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွား နေသည့်ကြားမှ KIA နှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးရေးသည် ဖြစ်လာဖွယ်ရှိ သော်ငြားလည်း KIA ၏ တောင်းဆို မှုကသာ ဆွေးနွေးပွဲကို လွှမ်းမိုး နေမည် ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံ...
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်ကျေးရွာမှာ လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ က စတင်ကျင်းပနေပြီး ဒေသခံ တောင်သူတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ကျောင်း သားတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေက ကိုယ် စားလှ
ယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ ညီလာခံ
ပထမရက်အတွင်းမှာ လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊
ရခိုင်တိုင်ရင်းသား အရေးနဲ့ ကချင် ဒေသမှာ စစ်ဖြစ်နေ တာတွေ ရပ်ဆိုင်းရေး
စတဲ့ အချက် (၃)ချက်ကို အဓိကထား ဆွေးနွေးသွားကျတယ်လို့ ဆည်တည်း ရွာက ဦဇင်း
ဦးနန္ဒာစာရက မိန့်ပါတယ်။(၂)ရက်ကြာ ကျင်းပမယ့် ပြည်သူ့ညီလာ ခံကို ပြည်ပရာက်
ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကလည်း ထောက်ခံ ကြောင်း
သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် နှင့် ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ အတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့ နယ်မန့် စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမေးမြန်းရိုက်နှက်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူး တဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေး ဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။
ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်
အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊
အောက်မန် ဝယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊
ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။
''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့
အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကော
တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊
တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ် သွေးထွက်
သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်
ကပြောပြသည်။
ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချူပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့
ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်
မယူရဲ တော့ ပဲ နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း
သတင်းအရသိရသည်။
အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေ
ရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။“ဒါကတမင်သက်သက်
လုပ်လိုက်တာပဲ ။
ဒီအစိုးရစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကို လိုက် တိုက်နေတာ
သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ်
ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်း
သားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေ
တာဖြစ်မယ်” ဟု သူကဆိုသည်။
အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာ
လကြာသည်နှင့် အမျှလူ့ အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာ
သည်ကိုတွေ့ ရသည်။

ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု
လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်း
သည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။
“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။ ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။
သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ် ပိုက်ဆံပေး ရ ကြောင်း - ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။
“ဒီလုပ်ရပ်က ဒေသခံလူထုအတွက် အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ ဆက်ရှိနေသေးတာဘဲ” - ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။
၎င်းနှင့်ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။
အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။
သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ‘ ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်’ ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။

Subscribe to:
Posts (Atom)