468x60 Ads


  • 0
  • 1
  • 2
  • 3
  • 4
  • 5

Thursday, November 15, 2012

ဒါဟာ ဟာသပုံမဟုတ်ပါဘူး ကြေကွဲဖွယ်ရာ မြင်ကွင်းလေးပါ...

အသက် ၂၅နှစ် အရွယ်ရှိတဲ့ ဗြိတိန် စစ်သား Barry Delaney ဟာ အရောင်တောက်တောက် အစိမ်းရောင်ကြိုးတစ်ချောင်းဂါဝန်နဲ့ပန်းရောင်ခြေအိတ်ရှည်ကိုဝတ်ဆင်ပြီးသူ့ရဲ့သေဖော်သေဖက်သူငယ်ချင်း Kevin Elliott ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ဈာပနာ တစ်ခုမှာ ငိုကြွေးနေတဲ့ပုံပါ... သူတို့နှစ်ယောက်ဟာအာဖဂန်စစ်မြေပြင်မှာအတူတူတာဝန်  ထမ်းဆောင်ခဲ့ကြတဲ့သူ ငယ် ချင်းကောင်း နှစ် ယောက်ပါ။ သူတို့ အချင်းချင်း ကတိတစ်ခုပေးထားကြတယ်... အခန့်မသင့်လို့တစ်ယောက်ယောက် ကများ လူ့ဘ၀ကနေ အရင်ဆုံးထွက်ခွာသွားရမယ်ဆိုရင် ...

မြန်မာစစ်တပ် တပ်မ (၈၈)မှ စစ်သားတစ်ဦး ကလေး ၃ ယောက်မိခင်တစ်ဦးအား အဓမ္မပြုကျင့်

ကချင်ပြည်နယ်မိုးကောင်းမြို့နယ်တွင်မြန်မာအစိုးရတပ်မ၈၈စစ်သားတစ်ဦးမှ ခဆန် (Hka San) ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။ အင်အား(၅၀)ခန့်ရှိသောအစိုးရတပ်ဖွဲ့သည်ကားမိုင်း နှင့် မိုးကောင်းကြားရှိ ခဆန် (Hka San) ကျေးရွာတွင် ၀င်ရောက်လာချိန်အောက်တိုဘာလ(၃၀)ရက်နေ့တွင်ထိုအမျိုးသမီးကိုအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံများပြောသည်။ ယခုချိန်ကားမိုင်းနယ်မြေတွင်လှုပ်ရှားနေသောအစိုးရတပ်ဖွဲ့များသည်ကချင်အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း...

ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ

ကချင်ပြည်နယ်ကားမိုင်းမြို့နယ်ခွဲနှင့်ပူတာအိုသွားလမ်းသီးခြားနှစ်နေရာတွင်ယမန်နေ့ကကချင်လွတ်မြောက် ရေးတပ်ဖွဲ့KIAနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာမြန်မာအစိုးရတပ်ဘက်မှ၇ဦးသေဆုံးပြီးတချို့ဒဏ်ရာရရှိကြောင်း  ရှေ့ တန်း KIA အရာရှိများမှသိရသည်။ တိုက်ပွဲများသည်နိုဝင်ဘာလ၁၁ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအိုလမ်း တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) ကြားတွင်လည်း အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်း...

အိုဘာမား ခရီးစဉ်အတွက် လုံခြုံရေး စိတ်မချ ရလျှင် ခရီးစဉ် ဖျက်သိမ်းမည်...

အမေရိကန်သမ္မတအိုဘားမား၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍လုံခြုံရေးစိုးရိမ်မှုမှာ မြောက်ကိုရီးယားဖြစ် ကြောင်းသံတမန်သတင်းရပ်ကွက်တခုကပြောသည်။သမ္မတအိုဘားမား၏အတွက် လုံခြုံရေးကို အမေရိကန် SecretServiceများက၎င်းတို့ဘာသာလုပ်ဆောင်ခွင့်မြန်မာဘက်ကပေးထားပြီးလက်နက်များပါမိမိအစီအစဉ် ဖြင့်သယ်ယူတင်သွင်းခွင့်ပြုထားကြောင်းလည်းနေပြည်တော်သတင်းရပ်ကွက်တခုကဆိုသည်။“ယခုအချိန်အ ထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန်ဘက်က မပေးဘူး”ဟု အဆိုပါသတင်းရပ်ကွက်ကပြောသည်။မြောက်ကိုရီးယားပညာရှင်အချို့မြန်မာနိုင်ငံထဲတွင်ရှိနေဆဲဖြစ်သည် ဟုအကဲခတ်များကထင်မြင်ချက်ပေးထားကြသည်။မြန်မာနိုင်ငံသို့အမေရိကန်သမ္မတအနေဖြင့် ...

ဒေါ်အောင်ဆန်းစုကြည် ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြော မှု အစအဆုံး

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။ “အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။ ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့...

မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ် မီးရရှိ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု သိရသည်။ (၆) ကြိမ်မြှောက်နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကော်မရှင် အစည်းအဝေးတွင် ထိုသို့မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။ နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော...

e-Government စစ်တမ်းအရ မြန်မာ နိုင်ငံသည် အာဆီယံဒေသ အတွင်းတွင် အဆင့် ၁၀ သို့ရောက်ရှိ

"နိုဝင်ဘာလ အတွင်းမှာပဲပြင်ပါ။ ဒီနှစ်မကူးမီ အပြီးပြင်ကြပါ။ Update ဖြစ်အောင်လုပ်ကြပါ။ ကိုယ့်ဌာန Website လည်းကိုယ်ပြန် ကြည့်ကြပါ။ တချို့ဌာနတွေရဲ့ Website တွေဆို အရင်အစိုးရ လက်ထက်က နိုင်ငံတော် အလံနဲ့တွေ့နေရတယ်" ဟု ဝန်ကြီးက ဆိုသည်။ လူအင်အား အများအပြား အသုံးပြုခြင်းထက် IT နည်းပညာကို အသုံးပြုခြင်းက ကုန်ကျစရိတ် ပိုသက်သာ သကဲ့သို့ လူလည်းသက် သာကြောင်း ဝန်ကြီးကပြောဆိုသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက အခြေခံ အဆောက်အဦများ တည်ဆောက်ပေး...

သမ္မတ အိုဘားမား မလာခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမည်....

မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၂ ဦး ကို အမေရိကန်သမ္မတ အိုဘားမား မလာရောက်ခင်ပြန်လွှတ်ပေးမယ်လို့မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကိုမြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်၊ မပါဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ မစ္စတာ T Kumar...