468x60 Ads
  • 0
  • 1
  • 2
  • 3
  • 4
  • 5
Monday, October 8, 2012
" ကား " ကြမယ်လေကောင်းကောင်း...
ရီဟန်းနား၏ Diamonds တေးသီချင်း ဗြိတိန်နိုင်ငံတွင် လူကြိုက် အများဆုံး ဖြစ်လာ
လော့စ်အိန်ဂျလိစ်အောက်တိုဘာ၈ တောင်ကို ရီးယား ပေါ့ပ် အဆိုတော် Psy  ၏ "Gangnam Style" တေးသီချင်း နေရာတွင် ဘာဘေး ဒီယန်း ပေါ့ပ် အဆိုတော် ရီဟန်းနား၏ "Diamonds"  တေးသီချင်းက အစားထိုး ဝင်ရောက်ကာ ဗြိတိန် နိုင်ငံတွင် လူကြိုက် အများဆုံး ပေါ့ပ်တေး သီချင်း ဖြစ်လာခဲ့ သည်ဟု သိရသည်။ ဗြိတိန်နိုင်ငံ၏ လူကြိုက်အများဆုံး တေးသီချင်း စာရင်းတွင် One Direction အဖွဲ့၏ "Live While We're Young" တေးသီချင်းက နံပါတ်(၃)နေရာ၊ လန်ဒန်မြို့ဖွား အက်ဒယ်လ်၏ ဂျိန်းစ်ဘွန်း...
သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ရောက်ရှိ
ကျေးလက် အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုးတဲ့ နိုင်ငံ ဖြစ်လာ အောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းကို လေ့လာ  တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။တောင်ကိုးရီးယား နိုင်ငံကို ကျေးလက် စက်မှုလုပ်ငန်း အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး သရုပ်ဖော် ထားတဲ့ သမိုင်းပြတိုက်...
အိုဘားမား နိုင်ငံခြားရေး မူဝါဒ ရော်မနေဝေဖန်
ရီပါ့ဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေ  အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြား ရေးရာ မူဝါဒနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားကို ရီပါဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေက ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောကြား လိုက်ပါတယ်။အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ အိုဘားမား သမ္မတ စဖြစ်ခဲ့တဲ့ ကာလတုန်း ကထက် ပိုပြီး ကြီးထွား လာနေတယ်လို့ မစ္စတာ ရွန်မနေက ဆိုပါတယ်။ သမ္မတ အိုဘားမားရဲ့ ခေါင်းဆောင်မှုဟာ နောက်ကောက်ကျနေပြီး ကမ္ဘာတလွှားက ဖြစ်ပျက်သမျှတွေမှာ အိုဘားမားရဲ့ မှားယွင်း တွက်ဆမှုကြောင့်...
ဒီမိုကရေစီမိတ်ဆွေ ပါတီ အစည်းအဝေး
ချင်းတိုင်းရင်းသား   မြန်မာ နိုင်ငံမှာ ဒေသ တခုချင်း အလိုက်၊ တိုင်းရင်းသား ပြည်နယ်တွေ အလိုက် စီမံခန့်ခွဲခွင့် အပြည့်ရရှိတဲ့ စနစ် ကို ဖေါ်ဆောင်နိုင်ရေး အတွက် ဒီမိုကရေစီ ၁ဝ ပါတီ အစည်းအဝေး ကနေ သဘောတူ လိုက်ကြပါတယ်။ဒီမိုကရေစီ ၁ဝ ပါတီထဲမှာ ရှမ်း၊မွန်၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီ တွေပင် မကပဲ ပြည်မ က ပါတီတွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီ၊ NDF၊ ဒီငြိမ်း၊ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ စတာတွေ နဲ့ စုစည်းထားတာပါ။ဖယ်ဒရယ်ပြည်ထောင်စု...
လူမင်းတို့မိသားစု ၅ ရက်တာ စင်ကာပူ အပန်းဖြေ အမှတ်တရများ
မိသားစုကို အချိန်ပေးရင်း အပန်းဖြေခရီးအဖြစ် စင်ကာပူကို စက်တင်ဘာ ၁၉ ရက်နေ့က သွားခဲ့တဲ့ လူမင်းတို့ မိသားစုက ၂၃ ရက်နေ့ မှာ ပြန်ရောက်ခဲ့ ပါတယ်။ မိသားစု အပန်းဖြေခရီး အဖြစ် ပထမဆုံး ဖြစ်တာကြောင့် သားနဲ့သမီးက တအား လည်း ပျော်သလို ကိုယ်တိုင်ကလည်း စိတ်ကျေနပ် ပျော်ရွှင်ရတယ် လို့ဆိုတဲ့ လူမင်းကို ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးကြည့် ဖြစ်တော့ ..”စင်ကာပူကို သွားတာ က အသုံးစရိတ် နည်းနည်း ကြီးပေ မယ့် သွားရလာရတာ ကောင်း တယ်။ ယူနီဗာဆယ် စတူဒီယို၊ ဆန်တိုဆာ တို့ဆိုတာ...
လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင်သာမှု ရှိတယ် ထင်ကြောင်း ကျားပေါက်ပြော
လက်ရှိ ဂီတ အစည်းအရုံးသစ်က ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ထင်တဲ့ ကျားပေါက် (ဟန်ထူးလွင်)တို့ Big Bag ရဲ့နောက်ထပ် တီးဝိုင်း တစ်ခုဖြစ် တဲ့ Blood Sugar Politik တီးဝိုင်းက စက်တင်ဘာ ၂၉ ရက်နေ့ မှာတော့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ rock on the lake ဖျော်ဖြေ ပွဲ မှာလည်း ဖျော်ဖြေခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Blood Sugar Politikt အနေနဲ့ ပြင်ပက လာခေါ် ပြီးဆိုဖြစ်တာ ပထမဆုံး ပွဲပဲ ဖြစ်ပါတယ်။ အဲဒီနေ့ပွဲမှာ လည်း ပရိသတ်ကို အကောင်းဆုံး တင်ဆက်နိုင်ခဲ့...
သရဲကားများပေါ် သရုပ်ဆောင် ခန့်စည်သူ၏ အမြင်
သစ္စာရှင်တမ်း’ ဇာတ်ကားကို ရိုက်ကူး ဖို့အတွက် ဝတ္ထုကို စာရေး ဆရာမ လွန်းထားထား ဆီက ဝယ်ထားတာ ကြာပြီ ဖြစ်ပေမယ့် မရိုက် ဖြစ်ခဲ့ဘဲ အခု နောက်ပိုင်း ဆင်ဆာ လျှော့ပေါ့ လာတာကြောင့် အခုမှ ရိုက်ကူး ဖြစ်တယ်လို့ ခန့်စည်သူက ပြောပါတယ်။ ”အရင်တုန်း က ဝယ်ထားပေမယ့် ဒီ ဝတ္ထုက အဲဒီခေတ် ကာလ အခြေ အနေက ဆင်ဆာ ခွင့်ပြုချက် မရနိုင်ဘူးလို့ ယူဆတာနဲ့ မရိုက်ဖြစ်တာ။ ဒီဇာတ်ကို နောက်မင်းသား တစ်ယောက်ကလည်း လာဝယ်သေးတယ်။ အခု ဆင်ဆာ ခွင့်ပြုချက် လျှော့ပေါ့ လာတော့ ရိုက်ဖြစ်တာပါ။ လူတစ်ယောက်နဲ့...
လေယာဉ်မယ်အလုပ် ထွက်ပြီး အနုပညာ လောကထဲ ရောက်လာသူ ခင်သဇင်
အိုး..ဟော့တယ်’ ဗီစီဒီနဲ့ ပရိသတ်တွေ သိခဲ့တဲ့ ခင်သဇင်က ‘ကာလာစုံ Lesson’  ဒီဗီဒီ ဇာတ်ကား တစ်ကား ရိုက်ကူးထားပါ တယ်။ခင်သဇင် က ဒါရိုက်တာဇေပါ ရိုက်ကူး တဲ့ ‘သစ္စာရှင်းတမ်း’ ဇာတ်ကား မှာတော့ ခန့် စည်သူ၊ မိုးဟေကို တို့နဲ့ ရိုက်ကူးနေ ပါ တယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတယ် ဆိုတဲ့ ခင်သဇင်က… “ဇင် က ကိုခန့်နဲ့ လွန်ခဲ့တဲ့ ၆နှစ် လောက်ကတည်းက မောင်နှမ တွေလိုပဲ ခင်နေ တာ။အဲဒီ ကတည်းက Valentine Day အတွက် ရတီ ကာဗာ ရိုက် ချင်...
လက်ရှိ အခြေအနေသည် အားလုံး ကောင်းသည့် အခြေနေ မဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
"နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ ရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီ စနစ်လို့ ပြောလို့ မရသေးပါဘူး။ လက်ရှိ အခြေအနေအရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်လာတယ် ဆိုတာကို ရှင်းပြဖို့ သွားတာပါ။ ဒီမိုကရေစီ လမ်းစကို ရောက်တယ်ဆိုတာဟာ ဖြူးဖြောင့်နေတဲ့ လမ်း မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင် ဖောက်ယူရမယ့် လမ်းပါ။ ကျွန်မတို့ ကိုယ်တိုင်ဆိုတာ ဘယ်သူတွေလဲ...
သမ္မတ လုပ်ရဲသည့်စိတ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက် နှစ်ရပ် ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း...
မကြာမီတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်မည်ဟု ဖာဂူဆန်မှ ယုံကြည်နေသည့် ရွန်းနီ
မန်ယူနည်းပြ ဖာဂူဆန်မှ အသင်း၏ တိုက်စစ်မှူး ရွန်းနီ သည် ပေါင် ဒဏ်ရာမှအပြည့်အ၀ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် နောက် တစ်ကြိမ် ခြေစွမ်းပြ ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဟု မိမိ ယုံကြည် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။ ရွန်းနီသည် ယခုနှစ် ရာသီအစ တွင် စိုးရွားသော ပေါင်စုတ်ပြဲ ဒဏ်ရာ နှင့် အတူခြေစွမ်းပြနိုင် ရန် ရုန်းကန်နေရသူ ဖြစ်သည်။ သို့သော် လည်း မန်ယူနည်းပြ ဖာဂူဆန်က ရွန်းနီသည် ယခုအခါတွင် ကြံ့ခိုင်မှု အပြည့် အ၀ ပြန်လည် ရရှိလာပြီ ဖြစ်ကာ လေ့ကျင့်ရေးကွင်းတွင်...
ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့သည့် အက်ရှ်လေးယန်း
မန်ယူ အသင်း၏ တောင်ပံ ကစားသမား အက်ရှ်လေးယန်းသည် ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ကာ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ကစားရမည့် စတုတ်စီးတီးနှင့် ပွဲစဉ်တွင် ပါဝင်ကစားရန် ရှိနေသည်။ ယန်းသည် ပြီးခဲ့သော သြဂုတ်လမှ စတင်ကာ မန်ယူ အသင်းအတွက် ကစားပေးနိုင် ခဲ့ခြင်းမရှိသော်လည်း အသင်း၏ ဆေးဝန်ထမ်းများက ၎င်းသည် နိုင်ငံတကာ ပွဲစဉ်များ အပြီးတွင် ပြန်လည် ကစားနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ မန်ယူ အသင်းသို့ ယမန်နှစ် ရာသီက ယူရိုသန်း (၂၀)ဖြင့် ပြောင်းရွှေ့လာခဲ့သည့် အက်ရှ်လေးယန်းသည်...
မြန်မာ့ ဘဏ္ဍာရေး ဥပဒေ အသက်ဝင်ရန် ဥပဒေ တစ်ရပ် အိုဘားမား လက်မှတ်ထိုး
အမေရိကန် သမ္မတ ဘားမားက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို ထောက်ပံ့ ပေးနေသော နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများအား အမေရိကန် ထောက်ခံ အားပေးရာတွင် ပိုမို လွယ်ကူစေမည့် ဥပဒေ တစ်ရပ်ကို လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ထိုဥပဒေသည် ပြီးခဲ့သည့်လက ကွန်ဂရက်တွင် မြန်မာအပေါ် အမေရိကန်က ဘဏ္ဍာရေးနှင့် အခြား ပိတ်ဆို့မှုများ ရုပ်သိမ်းပေး အပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဥပဒေမှာ သမ္မတ ဦးသိန်းစိန် ဦးစီး ဆောင်ရွက်နေသော နိုင်ငံရေး ပွင့်လင်းမှုကို အားပေးရန်...
လူထုပုံရိပ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကျပ် တပ်မတော် တွင်းသို့ ဝင်ရောက်ရန် ခြိမ်းခြောက် သူများအား ဖော်ထုတ် ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၇ ၂ဝ၁၂ ခုနှစ်  စက်တင်ဘာ  ၂၈ ရက်ကထုတ်ဝေသည့်  လူထုပုံရိပ်ဂျာ နယ် အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ (၁၉)တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထား လာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မ စစ်ထဲ ဝင်ရန် စေခိုင်း ခံရသော လူငယ် တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင် ပါဝင်သည့် ဖြစ်စဉ်၌ ပါဝင် ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်း ရှာဖွေခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည့်...
နူးကမ့်တွင် သရေကျခဲ့သည့် အယ်လ်ကလက်စီကို တိုက်ပွဲ (သို့မဟုတ်) မက်ဆီ ၂ - ၂ ရော်နယ်လ်ဒို
စပိန် လာလီဂါ၏ နာမည်ကျော် အယ်လ်ကလက်စီကို ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ အားပြိုင်မှုသည် (၂)ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့ရသည်။ နူးကမ့်တွင် ကစားသည့် ပွဲစဉ်သည် နှစ်သင်းလုံး အတွက် အရေးပါခဲ့ပြီး ဘာစီလိုနာ အသင်းက ပက်ဒရို...
ကစားသမား များကို ကျေးဇူး တင်သည်ဟု ပတ်ဆောင်ဟွာ ဖွင့်ဟ
တီမော အသင်းအား အကြိတ်အနယ် ကစားကာ အနိုင် ရခဲ့သည့်နောက် မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက ပွဲအတွင်း ရေကုန်ရေခန်း ကြိုးစား ကစားခဲ့ကြသည့် ကစားသမားများကို ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့သည်။ မြန်မာအသင်းသည်မိမိတို့ထက် ကြံ့ခိုင်မှုပိုကောင်းသော တီမောအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီးပွဲချိန်(၇၃)မိနစ်တွင်သွင်းယူသည့်ကြည်လင်း၏ဂိုးကြောင့်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာသည် ယခုပွဲ အနိုင်ကြောင့် အမှတ်ပေး ဇယားထိပ်တွင် ရပ်တည်နိုင်ခဲ့ပြီ...