ချယ်လ်ဆီး - နော်ဝစ်ခ်ျ
ချယ်လ်ဆီးကတော့ အာဆင်နယ်ကိုနိုင်သွားလို့ ယုံကြည်မှုကတော့ ပြည်ဝသွားခဲ့ မယ်ထင်ပါတယ်။ ချန်ပီယံလိဂ် ကန်ထားပေမယ့် သိပ်ပြီးပင်ပန်းမယ် မထင်ပါဘူး။ နော်ဝစ်ခ်ျက တိုက်စစ်အားနည်းတယ်။ ချယ်လ်ဆီး အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ နိုင်မှာမို့ ချယ်လ်ဆီးကို ယုံလိုက်ပါ။ ချယ်လ်ဆီးကို အကြိုက်တွေ့မိပါတယ်။
ချယ်လ်ဆီးကတော့ အာဆင်နယ်ကိုနိုင်သွားလို့ ယုံကြည်မှုကတော့ ပြည်ဝသွားခဲ့ မယ်ထင်ပါတယ်။ ချန်ပီယံလိဂ် ကန်ထားပေမယ့် သိပ်ပြီးပင်ပန်းမယ် မထင်ပါဘူး။ နော်ဝစ်ခ်ျက တိုက်စစ်အားနည်းတယ်။ ချယ်လ်ဆီး အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ နိုင်မှာမို့ ချယ်လ်ဆီးကို ယုံလိုက်ပါ။ ချယ်လ်ဆီးကို အကြိုက်တွေ့မိပါတယ်။
မန်စီးတီး - ဆန်းဒါးလန်း
မနှစ်က မန်စီးတီးကွင်းမှာ ဆန်းဒါးလန်း ခြေစွမ်းပြခဲ့ပြီး ၃-၁ နဲ့ နိုင်ရာက
နေ ၃-၃ သရေကျခဲ့လို့ ဆန်းဒါးလန်းနစ်နာသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ရှုံးပွဲမရှိသေး
တဲ့ ဆန်းဒါးလန်းရှုံးပွဲတွေ့မှာ သေချာသလို မန်စီးတီးအနိမ့်ဆုံး သုံးဂိုးပြတ်နဲ့
နိုင်မယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီးကို အကြိုက်တွေ့မိပါတယ်။
ဝက်စ်ဟမ်း - အာဆင်နယ်
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်နေပါတယ်။ ၀က်စ်ဟမ်းအိမ်ကွင်းကစားအားကောင်း
ပြီး နည်းပြဆမ်အလာဒွိုက်စ်ဟာ အတွေ့အကြုံရင့်သူဖြစ်လို့ အာဆင်နယ် ခက်ခက်
ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်း ဒီပွဲကို အနိုင်ထက် သရေကိုပဲ ပထမ
ဦးစားပေးကစားလာနိုင်ပါတယ်။ သရေကျသွားနိုင်ပါတယ်။
နယူးကာဆယ် - မန်ယူ
ကာလင်းဖလားပွဲ မန်ယူကွင်းမှာ နယူးကာဆယ်ကို ၂-၁ နဲ့ နိုင်ထားပါတယ်။
အခုပွဲက နယူးကာဆယ်ကွင်းဖြစ်လို့ မန်ယူခက်ခက်ခဲခဲ ကစားရဦးမှာပါ။
ဗီဒစ်မပါလို့ မန်ယူနောက်တန်းပေါက်နေပါတယ်။ နယူးကာဆယ်က အိမ်ကွင်းမို့ သရေအနိမ့်ဆုံးကန်နိုင်မယ်ထင်လို့ နယူးကာဆယ်ကိုပဲ ကြိုက်ပါတယ်။
လီဗာပူး - စတုတ်
နိုင်ပွဲပျောက်နေတဲ့ လီဗာပူးပြီးခဲ့တဲ့အပတ်က နိုင်ပွဲတွေ့လို့ အားပြန်တက်
သွားပါတယ်။ အခုလီဗာပူးကွင်းမှာ စတုတ်ဟာ ခံစစ်ဦးစားပေးမယ်မထင်ပါဘူး။
လီဗာပူးဟာမန်ယူကို အိမ်ကွင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အဲဒီခြေစွမ်း
မျိုး စတုတ်နဲ့ပွဲမှာ လီဗာပူးကို တွေ့ရနိုင်ပါတယ်။ လီဗာပူးအောင်ဦးမှာပါ။
စပါး - ဗီလာ
စပါးက နောက်ဆုံးသုံးပွဲမှာ အနိုင်ကစားထားပါတယ်။ ရက်ဒင်း၊ ကျူပီအာရ်နဲ့
မန်ယူတို့ကို နိုင်ထားတာပါ။ တစ်ခုသတိထားရမှာက အဲဒီသုံးပွဲစလုံးမှာ
ဂိုးတွေ
ပြန်ပေးခံထားရပါတယ်။ ဗီလာက ခြေပုံမှန်မရှိလို့ အထင်သေးစရာဖြစ်ပေမယ့်
တစ်ဂိုးတော့ ပြန်သွင်းနိုင်လို့ စပါးရဲ့အနိုင်က မပြတ်သားပါဘူး။
ဆောက်သမ်တန် - ဖူလ်ဟမ်
ဒီပွဲက တိုက်စစ်အားပြိုင်ဦးမယ့်ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ကို လျှော့တွက်
လို့ မရပါဘူး။ တိုက်စစ်ကောင်းပါတယ်။ အခုပွဲက အိမ်ကွင်းမို့ ဖူလ်ဟမ် ခက်ခဲဦး
မှာပါ။ တိုက်စစ်ဖွင့်မှာမို့ နှစ်ဖက်သွင်းဂိုးများနိုင်ပြီး ဆောက်သမ်တန် နိုင်သွား
ပါလိမ့်မယ်။
ဝက်စ်ဘရွန်း - ကျူပီအာရ်
ဝက်စ်ဘရွန်းက အိမ်ကွင်းမှာ ထူးထူးကဲကဲ ခြေစွမ်းနဲ့ ကစားနေပါတယ်။
ကျူပီအာရ်က နောက်တန်းမှာ ဒဏ်ရရနေသူတွေများနေပါတယ်။ ဒါကြောင့် ၀က်စ်ဘရွန်းနိုင်ပွဲ ထပ်ရဦးမယ့်ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ရက်ဒင်း
ရာသီအစ တာထွက်ကောင်းတဲ့ ဆွမ်ဆီးဟာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျအပြီးမှာ
နောက်ဆုံးသုံးပွဲကို ဂိုးပြတ်တွေနဲ့ရှုံးခဲ့ပါတယ်။ ရက်ဒင်းဟာလည်းအခုထိ မနိုင်သေး
လို့ ဂရုတစိုက်ရှိလာနိုင်ပါတယ်။ သရေနဲ့ အဆုံးသတ်ဦးမှာပါ။
ဝီဂန် - အဲဗာတန်
အဲဗာတန်ရဲ့ခြေစွမ်းက တော်တော်လေးကောင်းနေလို့ နှစ်ခြိုက်စရာဖြစ်နေ
ပါတယ်။ ဒါပေမယ့် အိမ်ကွင်းဆိုရင် ၀ီဂန်ရုန်းအား ပိုကောင်းပါတယ်။ ၀ီဂန်
သရေနဲ့ အနိုင်ဖြစ်လာပါလိမ့်မယ်။