Sunday, October 21, 2012
ထူးထူးဆန်းဆန်း ပန်းရောင်ရေကန်ကြီး ဆီသို့ 
တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်နိုင်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင်စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါးဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့
Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင်ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။
အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင်ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကိုခံ စားချင်သူ တွေအတွက်အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေမနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေကဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာအသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။
၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို
အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး
အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။
၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာနေရာလည်း
ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ
ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့
ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ
ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့
ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။
GTC မှလူသတ်မှုအကြောင်း
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့
ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား
လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ် အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့
တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်
အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို ပြန်တောင်းပန်ပြီ
ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်
ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့
ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ် လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်
အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ်
အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်
ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာ ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း
လျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက
တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိ
ညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့ နင်ကအိုကီဆပ်ပြာမှုန့်မှမသုံးတာကိုးတဲ့

အွန်လိုင်းပေါ်မှာ ဒီလို မိန်းကလေးတွေလည်း ၇ှိပါသေးလားနော်.....
ပုံတွင်ဖော်ပြထားသူ၏ အမည်မှာNaw Dawn Ahyone Ooဖြစ်သည်၊
အသက်မှာ ၂၂ပင်မပြည့်သေးပေ ပြည်ပတွင်နေထိုင်သူတစ်ဦးဖြစ်သည်၊ ပြည်တွင်းနှင့်ပြည်ပမှကျောင်းတက်နေသော၊အလုပ်လုပ်နေသော
ယောကျာ်းလေးများကိုအွန်လိုင်းပေါ်မှာ ရည်းစားလုပ်ယုံမျှမကပဲ Skype မှတဆင့် မဖွယ်မရာများကို
ပြသခြင်း၊ Phoneမှတဆင့်မဖွယ်မရာစကားများကို ပြောဆိုခြင်းများကို ပြုလုပ်ခဲ့ပါတယ်
အခုဆိုရင် မလေးရှားတွင်အလုပ်လုပ်နေသောယောကျာ်းလေးတစ်ယောက်မှာသူ့အကြောင်း အကြောင်းစုံသိရှိပြီးနောက် ယူကျုံးမရဖြစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင် ရန်ကြိုးစားနေကြောင်းသိရှိရသည်။ ကာယကံရှင် ယောကျာ်းလေး မရှိချိန်မှာလည်း ယင်းယောကျာ်းလေးရဲ့ အခန်းဖော် ယောကျာ်းလေးများကိုပါ ထပ်ပြီးSkypeမှာမဖွယ်မရာ လုပ်ဖို့ကြိုးစားပြန်ပါတယ်။ အခန်းဖော်ယောကျာ်းလေးများ က၎င်းမှာ ချစ်သူရှိကြောင်းနဲမလုပ်သင့်ကြောင်းပြောသော်လည်းလက်ရှိချစ်သူထက်ပိုပြီး စိတ်ဝင်စားစရာတွေ ပြမည်ဖြစ်သောကြောင့်Skypeကြည့်ဖို့အကြိမ်ကြိမ်တောင်းဆိုရာမှမရချိန်မှာ စိတ်ဝင်စား အောင်အသံချွဲအသံများဖြင့်ပြောဆိုသွားပါတယ်။ မိန်းကလေးတို့အိနြေ္ဒရွှေပေးလို့မရ ဆိုတဲ့ စကားပုံကို မေ့မေ့ပျောက်ပျောက်ဖြစ်ကာ အင်တာနက်ပေါ်တွင် မိန်းမရွှင်တစ်ဦး အဖြစ် ကျင်လည်နေသောကြောင့် ယောကျာ်းလေးများအနေဖြင့်သတိထားကြပါရန် တင်ပြလိုက်ခြင်းဖြစ်သည်။ယခုသူမလက်ရှိသုံးနေသော် facebook အကောင့်မှာ http://www.facebook.com/DawnAhyoneOo ဖြစ်ပါတယ်။

၁၉ နှစ်အရွယ် ဂျပန်မကလေးက ထူးဆန်းသောခန္ဓာကိုယ် အနုပညာကိုပြသ
ဂျပန်နိုင်ငံ တိုကျိုမြို့ မူဆာရှီနို အနုပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ ချိုဆန်း(၁၉နှစ်)သည် အခရိုင်းလစ်ဆေးများကို အသုံးပြုကာ ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်၌ မျက်လုံး၊နှုတ်ခမ်း၊ ဇစ် အစရှိသည်တို့ကို ရေးဆွဲပြီး ထူးဆန်းသော အနုပညာတင်ဆက်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ရုရှား
ရုရှားနိုင်ငံမှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။
ရုရှားနဲ့အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ်အဖွဲ့ရဲ့ နျုကလီယားလက်နက် ဒဏ်ကာကွယ်ရေး
ကွန်ယက် တည်ဆောက်ဖို့အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ
ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။
ရုရှားစစ်ဖက်အရာရှိတွေကလည်း ဒီနျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် စမ်းသပ်လွှတ်တင်မှု ကို
တာဝေးမဟာဗျူဟာ ပစ်ခတ်မှုကရိယာတွေနဲ့ ပစ်ထုတ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
ရုရှားအနေနဲ့ အမေရိကန်နဲ့သံတမန်ဆက်ဆံရေးတင်းမာလာတဲ့ အချိန်အခါမျိုးမှာ ခုလိုလုပ်ရပ်မျိုးကို
လုပ်လေ့ရှိပါတယ်။ ဒီ NATOအဖွဲ့ရဲ့ နျုကလီယာလက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့
အစီအစဉ်ကို ရုရှားအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ်ခံယူလာခဲ့ပြီး၊ ဒီအစီအစဉ်ကို
ဆက်လုပ်မယ်ဆိုရင် NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကတော့ ဒီနျုကလီယား လက်နက်ဒဏ်ကာကွယ်ရေး
ကွန်ယက်အစီအစဉ်ဟာ ရုရှားကိုပစ်မှတ်ထား ခြိမ်းခြောက်တာမဟုတ်ဖူးလို့ ဆိုနေပါတယ်။
အရင် အမေရိကန် သမ္မတ George W. Bush လက်ထက်တုံးက အီရန်နဲ့
အခြားရန်လိုတဲ့ အစိုးရတွေရဲ့ လုပ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကနေ NATO မဟာမိတ်နိုင်ငံတွေကို
ကာကွယ်ပေးဖို့အတွက် မြေပြင်အခြေစိုက် Missile ဒုံးကျည်ကာကွယ်ရေးကွန်ယက်တခု လုပ်ဖို့ အဆိုပြုခဲ့ဖူးပါတယ်။
ဒါပေမဲ့ သမ္မတ Barack Obama ကတော့ နောက်ပိုင်းကာလမှာ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန်
မဖြစ်အောင် ပြောင်းလဲပေးခဲ့ပြီး၊ဒီဒုံးပစ်တာ ကိုစစ်ဆေးဖမ်းယူမိနိုင်ဖို့ စစ်သဘောင်္ကြီးတွေပေါ်မှာ
ရေဒါတပ်ဆင်မှုလုပ်ဖို့ပဲ စီစဉ်ပေးခဲ့ပါတယ်။

WiFi ဖြင့် အင်တာနက်အသုံးပြုနိုင်သော စားသောက်ဆိုင်သစ် နေပြည်တော် အမျိုးသားဥယျာဉ်တွင်ဖွင့်လှစ်
နေပြည်တော် အမျိုးသားဥယျာဉ်တွင် တည်ရှိသော အမြင့်ပေ (၁၈၀) ရှိ
အမွှာကောင်းကင်မျှော်စင်ပေါ်တွင် WiFi ဖြင့် အင်တာနက် အခမဲ့သုံးစွဲနိုင်သော
Cafe` Paradise စားသောက်ဆိုင်ဖွင့်ပွဲကို ယခုလ (၆) ရက်နေ့ ညနေ (၆)
နာရီအချိန်ခန့်က အဆိုပါစားသောက်ဆိုင် တည်ရှိရာနေရာတွင် ကျင်းပခဲ့ကြောင်း
သိရသည်။
အဆိုပါဆိုင်တွင် စားသုံးသူများ စားသောက်ရင်း အင်တာနက်အသုံးပြုနိုင်ရန်အတွက် FTTH လိုင်း 1 MB ဖြင့် WiFi ကိုလွှင့်ပေးထားကြောင်း သိရသည်။ “WiFi ကိုလွှင့်ပေးထားတာက စားသုံးသူတွေနဲ့ ပတ်ဝန်းကျင်ကသူတွေ အလွယ်တကူ အသုံးပြုလို့ရအောင် Password မခံထားပါဘူး။ တိုက်ရိုက်ပဲ လွှင့်ထားပါတယ်။ စားသုံးသူတွေအနေနဲ့ မိမိပါလာတဲ့ Netbook, Notebook, Tablet, Laptop, i-Devices စတာတွေနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်” ဟု Cafe` Paradise စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ Cafe` Paradise စားသောက်ဆိုင်တွင် အဆင့်မြင့်ကော်ဖီ၊ အအေးများသာမက European, Thai, Chinese, Myanmar အစားအစာများကိုပါ စားသုံးနိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ကြီးနဲ့ Catwalk လျှောက်တဲ့ မော်ဒယ် ရာဖယ်လာဖီကို
မြာပွေလှတဲ့
မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီ ရင်ခွင်ထဲ ခိုနားခဲ့ဖူးသူ
မိန်းမပျိုလေးတွေ၊ မိန်းမလှလေး တွေ အများအပြား ရှိခဲ့တဲ့အနက် အီတလီ မော်ဒယ်
ရာဖယ်လာဖီကို တစ်ယောက်လည်း အပါအဝင် ဖြစ်ပါ တယ်။ တစ်ချိန်တုန်းက ရာဖယ်လာနဲ့
ဘာလော့ တယ်လီတို့ဟာ မိုးမမြင် လေမမြင် ချစ်ခင် နှစ်သက် ခဲ့ကြဖူးပေ မယ့်
ယနေ့ အချိန်မှာတော့ ဆက်ဆံရေး ပြတ်တောက်သွား ခဲ့ပါပြီ။ လက်ရှိ အချိန်မှာ
ရာဖယ်လာဟာ ခြောက်လ အရွယ်ရှိတဲ့ ကိုယ်ဝန် လွယ်ထားရပြီး ပြီးခဲ့တဲ့ရက် သတ္တပတ
များအတွင်း မီလန် ဖက်ရှင်ရှိုးမှာ ကိုယ်ဝန် အရင့် အမာကြီးကို ဖော်ပြကာ
Catwalk လျှောက်ခဲ့ ပါတယ်။ ဒီကိုယ်ဝန်ဟာ ဘာလော့တယ်လီနဲ့ ရတာလို့ သူမက
ဆိုထားပြီး ဘာလော့တယ်လီ က ဟုတ်မဟုတ် DNA စစ်ဆေးမယ် ဆိုတာကြောင့် သူမတို့ အကြား အမုန်းပွား နေကြပါတယ်။
ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်.....
ယနေ့ခေတ်
အမျိုးသမီး တင်းနစ် ပြိုင်ပွဲ တွေမှာ ရုပ်ရည် ချောမော လှပပြီး ဆွဲဆောင်အား
ကောင်းလှတဲ့ တင်းနစ်မယ်တွေ အများ အပြား ရှိနေတာကို ပရိသတ် များလည်း သတိထား
မိကြပါ လိမ့်မယ်။ အမေရိကန်က ဝီလျံ ညီအစ်မက လွဲရင် ကျန် တင်းနစ်မယ်
တော်တော် များများ ကတော့ သူ့အတိုင်း အတာနဲ့ သူ ပရိသတ်ကို ဆွဲဆောင်
နိုင်တာချည်း ပါပဲ။
ယနေ့
ကမ္ဘာ ပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်က ဘယ်သူလဲလို့ မေးရင်
ဆားဘီးယား တင်းနစ်မယ် အန်နာ အီဗန်နိုဗစ်လို့ပဲ ပြော ရတော့ မှာပါ။ သူမဟာ
၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်က မွေးဖွားခဲ့ ပြီး အခု ဆိုရင် အသက် ၂၄ နှစ်ပဲ
ရှိပါ သေးတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅ဝ ရှိပြီး အရပ် ၆ပေ၊ ၂ လက်မ
ခွဲမြင့်တဲ့ ညာဘက် လက်အားပြု ဆားဘီးယား တင်းနစ်မယ် အီဗန်နိုဗစ်ဟာ ကမ္ဘာပေါ်က
တင်းနစ်မယ်တွေ ထဲမှာ အချော ဆုံး၊ အလှဆုံး၊ လိင်ဆွဲဆောင်အား အကောင်းဆုံး
တင်းနစ်မယ် အဖြစ် ရွေးချယ် ခံခဲ့ ရကြောင်း Sportige.com က ဖော်ပြပါတယ်။
အီဗန်နိုဗစ်ဟာ
၂ဝဝ၈ ဇွန်လ တုန်းက ကမ္ဘာ့ အဆင့် ၁ တင်းနစ်မယ် အဖြစ် ရပ်တည်ခဲ့ ဖူးပြီး WTA
ချန်ပီယံ ဆုဖလား ၁၁ ခု၊ ITF ချန်ပီယံ ဆုဖလားငါးခု အပြင် ပြင်သစ် အိုးပင်း
ချန်ပီယံ ဆုလည်း ရရှိ ခဲ့ဖူးတော့ ရုပ်ချောတာ၊ ဆွဲဆောင်အား ကောင်းတာတွေတင်
မကဘဲ တင်းနစ် အားကစား ဘက်မှာလည်း ထူးချွန်သူ ဖြစ်ကြောင်း သက်သေ ပြထား
ပါတယ်။
ပြိုင်ဆိုင်မှအား ပြင်းလာတဲ့ ချစ်သူများ...
ယနေ့ ကမ္ဘာမှာ
အကောင်းဆုံး ကစားသမားဟာ မက်ဆီလား၊ ဒါမှမဟုတ် စီရော်နယ်ဒိုပဲလား ဘောလုံးလောက
အတွင်း အငြင်း ပွားမှုဟာ ကာယကံ ရှင်များနဲ့ သက်ဆိုင်တဲ့ ချစ်သူ
မိန်းကလေးတွေ အထိတောင် ပျံ့နှံ့လာ ခဲ့ပါတယ်။ ရီးရဲလ် နည်းပြ မော်ရင်ဟိုက
မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုရင် စီရော်နယ်ဒိုက စကြဝဠာ အတွင်းမှာ
အကောင်းဆုံး ကစားသမား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မက်ဆီရဲ့
ချစ်သူ အန်တိုနယ် လာ ရော့ကူဇိုနဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူ အီရီနာရှေ့ခ်
တို့အနက် ဘယ်သူ ပိုမို ချောမော လှပသလဲ၊ ဘယ်သူက ပိုပြီး ဆွဲဆောင်မှု ရှိသလဲ
အငြင်းပွားမှု များတောင် ရှိလာပြီလို့ သိရပါတယ်။ စစ်တမ်း တစ်ရပ် အရ မက်ဆီရဲ့
ချစ်သူ အန်တိုနယ်လာဟာ လာလီဂါ ကစားသမား တွေရဲ့ ချစ်သူဇနီး မယား (WAGS)
တွေထဲ အဆင့် ၉ နေရာမှာ သာရှိပြီး အီရီနာရှေ့ခ်ကတော့ ထိပ်ပိုင်းနားမှာ
ရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ တချို့ ကလည်း ရမ္မက် ပြင်းပြတဲ့ ပုံမျိုး
ရှိနေသူ အီရီနာရှေ့ခ် ထက်စာရင် အေးဆေး တည်ငြိမ်တဲ့ အလှပိုင်ရှင် ညိုချော
လေးဖြစ်တဲ့ အန်တိုနယ်လာက ပိုပြီး ချစ်ဖို့ကောင်းတယ် လို့လည်း မှတ်ချက်
ပေးပါတယ်။ လက်ရှိအချိန် မှာတော့ အန်တိုနယ်လာဟာ မက်ဆီရဲ့ ရင်သွေးလေး ဖြစ်တဲ့
သားငယ် ကိုယ်ဝန် လွယ်ထားရပြီး အောက်တို ဘာလအတွင်း မွေးဖွားမယ်လို့
သိရပါတယ်။
အာဆင်နယ် ကွင်းလယ်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ဖြစ်လာနိုင်ဟု ဝင်းဂါးသုံးသပ်
အဘူဒီယာဘီ
တို့ကဲ့သို့ အရည်အချင်း ပြည့်ဝသော ကွင်းလယ် လူများနှင့် ဒဏ်ရာမှ သက်သာ
လာသည့် မိမိတို့ အသင်းသည် ပရီးမီးယား လိဂ်တွင် အကောင်းဆုံး ကွင်းလယ်ကို
ပိုင်ဆိုင် လာလိမ့်မည်ဟု အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးက ဟောကိန်း
ထုတ်လိုက်သည်။
ဆန်တီ
ကာဇိုလာကို မာလာဂါ အသင်းထံမှ ဝယ်ယူ နိုင်ခဲ့ခြင်းက ယခုရာသီ အာဆင်နယ်၏
ကွင်းလယ် လုပ်အား နှုန်းကို သိသိသာသာ မြင့်တက် လာစေ ခဲ့သည်။ ပရိသတ် များက
ဝင်းဂါးသည် ယခုအခါ ဆက်စ်ဖာ ဘရီဂက်စ်၏ နေရာကို စပိန် လက်ရွေးစင် တစ်ဦးပင်
ဖြစ်သော ကာဇို လာနှင့် အောင်မြင်စွာ အစားထိုး နိုင်ခဲ့ပြီဟု ယုံကြည်
လျှက်ရှိသည်။ ထို့အပြင် မစ်ကယ် အာတီတာ၊ အေရွန် ရမ်ဆေး၊ ဂျက်ဝီလ်ရှိုင်းယား
တို့ကြောင့် အာဆင်နယ်၏ အလယ်တန်း စုဖွဲ့မှုသည် ပိုမို တောင့်တင်း ကျစ်လစ်
လာဖွယ် ရှိနေသည်။
ဝင်းဂါးက
"ဒါဟာ ကျွန်တော်တို့ ပြသချင်တဲ့ အင်အား တစ်ရပ်ပါပဲ။ ရာသီ အစပိုင်း ကတည်းက
ကွင်းလယ်က အရမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ ခုချိန် ထိ အလယ်တန်းမှာ လူစုံသေးတာ
မဟုတ်ပါဘူး။ လူတွေလည်း စုံလာပြီး အသင်း ဟန်ချက်ကို ချိန်ညှိနိုင်ပြီ
ဆိုရင်တော့ ကျွန်တော်တို့ဟာ အကောင်း ဆုံး အလယ်တန်း ဖြစ်လာဖို့ အခွင့် အရေး
ရှိသွားပါပြီ။ အာဆင်နယ်မှာ စိတ်ဓာတ်နဲ့ အရည်အသွေး ကောင်းတွေ ရှိပြီး သားပါ။
ပုံမှန် ခြေစွမ်းကို ပြသ နိုင်ရင် အာဆင်နယ်ရဲ့ တက်လှမ်းမှုက ပိုမြင်
သာလာမှာ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြု ပြောဆို သွားသည်။
အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ နိုဝင်ဘာ ၂၄ ရက် ကျင်းပမည်
အာဆီယံ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၂
ရက် အထိ ကျင်းပ သွား မည် ဖြစ်ရာ မြန်မာ အသင်းသည် ထိုင်းနိုင်ငံတွင်
ကျင်းပမည့် အုပ်စု(က) ၌ ပါဝင်ကြောင်း သိရသည်။ အုပ်စု (က)တွင် အိမ်ရှင်
ထိုင်းအသင်း အပါ အဝင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာ
အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၃ ရက် အထိ အာဆီယံ ဆူဇူကီး ဖလား
ခြေစစ်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ ခဲ့စဉ်က လာအို အသင်းနှင့်
အတူ ခြေစစ်ပွဲ အောင်မြင် ခဲ့သည်။ မြန်မာ အသင်း သည် ဘရူနိုင်းကို ၁
ဂိုး-ဂိုး မရှိ၊ တီမောကို ၂ ဂိုး-၁ ဂိုး၊ ကမ္ဘောဒီးယား အသင်းကို ၃ ဂိုး-ဂိုး
မရှိ ဂိုးပြတ် ဖြင့် အနိုင် ရရှိခဲ့ပြီး လာအို အသင်းကို ဂိုးမရှိ သရေ
ကစားကာ ခြေစစ်ပွဲ ပထမ နေရာမှ အောင်မြင် ခဲ့သည်။
မြန်မာ
အသင်းသည် အာဆီယံ ဆူဇူကီး ဖလား နောက်ဆုံး အဆင့် ပြိုင်ပွဲ ဝင်ရောက် မကစားမီ
နိုင်ငံတကာ ခြေစမ်း ပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ် ထားသည်။ မြန်မာ
နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မြန်မာ အသင်းနှင့် ခြေစမ်း ကစားရန် အတွက် အာရှ
ဘောလုံး အင်အားကြီး အသင်းများကို ဖိတ်ကြားကာ ခြေစမ်း ကစားမည်ဟု ဆိုသည်။ ယင်းခြေစမ်း ကစားပွဲများ မကစား ဖြစ်မှသာ ပြည်ပ နိုင်ငံများသို့ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)