468x60 Ads


Tuesday, April 1, 2014

၄၈နှစ်အတွင်းမြန်မာကာကွယ်ရေးဝန်ကြီးရဲ့ပထမဆုံးအမေရိကန်ခရီး

မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုတွေတိုးမြှင့်လုပ်ဆောင်လာနေတဲ့အမေရိကန်ပြည်ထောင်စုရဲ့ဖိတ်ကြားချက်နဲ့နှစ်ပေါင်း၅၀နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာ ကာကွယ်ရေး ၀န်ကြီး အမေရိကန်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးကို တက်ရောက် လာခဲ့ ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ကာကွယ်ရေး ၀န်ကြီးတွေကြား ဆွေးနွေးကြမယ့် ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က ထိပ်သီးအစည်းအဝေး ကို တော့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်လာတာပါ။

ဆယ်စုနှစ် ၅ ခုလောက်အကြာ ပြန်လည်နွေးထွေးလာတဲ့ ဆက်ဆံရေး အခြေအနေတွေကိုတော့ ဟိုနိုလူလူမှာ ကိုယ်တိုင် သွား ရောက်  သတင်း ယူနေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ဦးရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။

ပထမဦးဆုံးသော ၀န်ကြီးများအဆင့် အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးကို အမေရိ ကန် ပြည်ထောင်စုမှာ ၂၀၁၄ ခုနှစ်မှာ ကျင်းပဖို့ အမေရိကန်ဘက်က ကမ်းလှမ်းခဲ့တဲ့ အကြောင်းရင်းကိုလည်း ကာ ကွယ် ရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အဲဒီတုန်းက သူပြောတာက ကျနော်တို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို သူကဖိတ်တာက ၂၀၁၄ ခုနှစ် မတ်လလောက်ကို ကျနော်တို့ မြန်မာနိုင်ငံကလည်း အဲဒီအချိန်မှာ အာဆီယံ အိမ်ရှင်နိုင်ငံ အစည်းအဝေးတွေ ကျင်းပမယ့်၊ တာဝန်ယူရမယ့် ကာလဖြစ်ပါတယ်။ ဆိုတော့ ဒီဟာအပေါ်မှာ ကျနော်တို့ မြန်မာနိုင်ငံကနေ ပြီးတော့မှ အာဆီယံကို ဦးဆောင်နေတဲ့ အချိန်အခါမှာ သူ့အနေနဲ့ ဟာဝိုင်ယီကို ဖိတ်ပြီးတော့ ဒီအစည်းအဝေးကို ကျင်းပချင်တယ်လို့ ကျနော်တို့ ကာကွယ်ရေး ၀န်ကြီးတွေကို ဖိတ်ပါတယ်။ အထူးသဖြင့် ထူးခြားတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ အမေရိကန်ကနေ ဖိတ်ကြားလာတာဆိုတာ ဒါဟာ သမိုင်းဝင်ပါပဲ။ အင်မတန်လည်း ၀မ်းသာဖို့ ကောင်းပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော် ၂ ရပ်ကြားမှာ ဆက်ဆံရေး တာဝန်တွေကို ထမ်းဆောင်နေတဲ့ အမေရိကန် အရန်တပ်မတော်က မြန်မာနိုင်ငံဖွား ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် ကတော့ ဒီဒေသရဲ့ လုံခြုံရေးကို စည်းဝေးတိုင်ပင်ရာမှာ ဒီဒေသမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံကို ချန်ထားလို့ မရဘူးလို့ အခုလို ပြောပါတယ်။

“ဒီကနေ့ Security Environment က နိုင်ငံတခုတည်းနဲ့ လုပ်လို့မရဘူး။ အားလုံး ပူးပေါင်းပြီးတော့ လုပ်ရမယ်။ ဆိုတော့ မြန်မာနိုင်ငံဟာလည်း အာရှ-ပစိဖိတ် ထဲမှာလည်း ရှိနေတဲ့နိုင်ငံ။ နောက်ပြီးတော့ Strategic location (မဟာဗျူဟာကျတဲ့ နေရာ) လည်း ဖြစ်နေတယ်၊ အဲဒီအတွက် မြန်မာနိုင်ငံ မပါလို့ မရဘူး။ ဆိုတော့ ဒီ dialogue တွေဘာတွေ as a part of international community ပေါ့နော် ဆွေးနွေးပွဲတွေ ဘာတွေ သူတို့ရောက်သင့်တယ်၊ ရောက်ရမယ်။ ကျမတို့လည်း ဒီဘက်က အမေရိကားကလည်း အဲဒီလိုမျိုးတွေ လုပ်တဲ့အခါကျတော့ မြန်မာနိုင်ငံကို ဖိတ်ခေါ်တာပေါ့နော်။ ဆိုတော့ အဲဒါက ဒီဥစ္စာ ပထမဆုံး တွေ့ရတာပဲ။ ဒီနှစ်ကတော့ အရမ်း historic ဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီနှစ်ကတော့ မြန်မာနိုင်ငံ ပထမဆုံး ဟာဝိုင်ယီကို လာပြီးတော့ participate လုပ်တယ်ဆိုတော့ အရမ်းထူးခြားတာပေါ့။ အဲဒီဥစ္စာ မြန်မာနိုင်ငံ အတွက်လည်းကောင်းတယ်၊ မြန်မာနဲ့ US relation အတွက်လည်း သိပ်ကောင်းပါတယ်။”

ဒေသတွင်း လုံခြုံရေးဆိုတာမှာ လက်နက်နဲ့ လုပ်ဆောင်ရတဲ့ လုံခြုံရေးအပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး ကိစ္စရပ်တွေလည်း ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“လုံခြုံရေးဆိုတဲ့ နေရာမှာလည်း သမားရိုးကျ လုံခြုံရေး ခြိမ်းခြောက်မှုဆိုတာ လက်နက်ကိုင်ဆောင်ပြီးမှ လုံခြုံရေး ဆောင်ရွက် ရတယ်ဆိုတဲ့ ခေတ်ကာလက ကုန်ခဲ့ပါပြီ။ ဒီနောက်ပိုင်းမှာ လုံခြုံရေးဆိုတဲ့ဟာက သမားရိုးကျ လုံခြုံရေးအပြင် သမားရိုးကျ မဟုတဲ့ လုံခြုံရေးတွေပါ ပါလာပါတယ်။ နိုင်ငံတကာ အကြမ်းဖက်မှုတွေ၊ အဖျက်စွမ်းအား ကြီးမားတဲ့ လက်နက် ထုတ်လုပ်မှုတွေ၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ၊ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင် ရောင်းဝယ် မှုတွေ၊ လူကုန်ကူးမှုတွေ၊ ပင်လယ်ရေကြောင်း လုံခြုံမှုတွေ၊ သဘာဝဘေးအန္တာရာယ် ကျရောက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ၊ ကူးစက်ရောဂါ ဖြစ်ပေါ်ပျံ့ပွားမှုတွေ၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ဒေသရဲ့ လုံခြုံရေး ကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို ခြိမ်းခြောက်နေတဲ့ အချိန်မှာ ခုနက သဘာဝဘေးအန္တာရာယ် ကျရောက်မှုတို့၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုတဲ့ဟာလည်း လုံခြုံရေး ကျိုးပေါက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေ ကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ ဒေသရဲ့ တည်ငြိမ်ရေး၊ နောက် ဒီကနေတဆင့် ကမ္ဘာ့ ရဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ အစည်းအဝေး Forum တရပ် ဖြစ်မယ်၊ သမိုင်းဝင်တဲ့ Forum တရပ်ဖြစ်မယ်လို့ ကျနော့်အနေ နဲ့ ယူဆပါတယ်။”

အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားမှုနဲ့ ၁၉၆၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေး ၀န်ကြီးပါ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ၄၈ နှစ်အကြာမှာ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

Friday, March 28, 2014

ထိုင်းမှာရောင်းစားခံမြန်မာ၂၁ ဦးကိုကယ်တင်

 
ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးကမဟာချိုင်မြို့မှာရှိတဲ့ပုဇွန်စက်ရုံမှာလူပွဲစားတွေကတဆင့်အရောင်းစားခံထားရတဲ့မြန်မာရွှေ့ပြောင်း

အလုပ်သမား၂၀ကျော်ကိုထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့နဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATတို့ ပူး ပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲက အသက် ၁၆ နှစ်အောက် ကလေးငယ် နှစ်ဦးအပါ အဝင် မြန်မာနိုင်ငံသား ၂၁ ယောက် လွတ်မြောက် လာတာဖြစ်တယ်လို့ လူကုန်ကူးသူတွေကနေတစ် ဆင့် ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အခု လို ပြောပါတယ်။

“သမီး ၁၈ ရက်ပဲ ရှိသေးတယ်။ အရင်လုပ်တုန်းက ဟိုး လပ်ဘူရီ နာနတ်ခြံ၊ နာနတ်ခြံမှာ တစ်သောင်း နဲ့ရောင်းပြီး ဒီမှာက ခြောက်ထောင်၊ အဲ့နာနတ်သီးခြံမှာ ရောင်းတာ သမီးနဲ့အတူ သုံးယောက် ဟိုမှာ လင်မယားနှစ်ယောက် ကျန်ခဲ့တယ်၊ အခု သမီးတို့နဲ့ပါ လာ တာ ရက်ပိုင်းနဲ့ အများဆုံးကြာရင် ၂ လလောက်ပဲ။ သမီးတို့ ဒီမှာ အများကြီးပဲ။ မိန်းခလေးက ၁၁ ယောက် ကလေး တစ် ယောက် ပါတယ်၊ ယောက်ျားလေးလည်း ၁၀ ယောက် ကလေးတစ်ယောက်ပါတယ်။”

လူကုန်ကူးခံခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာဟာလည်း မတ်လ ၂၆ ရက်နေ့က ထိုင်း မြန်မာ နယ်စပ် မြ၀တီမြို့မှာရှိတဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ATIPD က တာဝန်ရှိသူတစ်ဦးကနေပြီး ထိုင်း နိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်း ကို အကူ အညီ တောင်းခံလာရာက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။

“မြ၀တီမြို့မှာ အခြေစိုက်တဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ လူတစ်ယောက်ကနေပြီးတော့ ဒီ မဟာချိုင် ပုဇွန်အလုပ်ရုံတစ်ရုံမှာ လူကုန်ကူးခံနေရတယ် ဒါကို အကူအညီပေးပါဆိုပြီးတော့ သတင်းအချက်အလက်တွေကို ကျနော် ရယူလိုက်တော့ အဲ့ဒီ အ လုပ်ရုံက ကျနော် ၂၀၁၂-၂၀၁၃ တုန်းက အလုပ်သမား ၇၀ လောက် ပိတ်လှောင်ခံထားရတယ် ဆိုပြီးတော့ ကျနော်တို့ ကယ်ထုတ်ဖို့ ကြိုးစားပြီးတော့ မအောင်မြင်ခဲ့တဲ့ အလုပ်ရုံဖြစ် နေတယ်၊ ဒါကြောင့်မိုလို့ မနေ့က စက်ရုံရှေ့ကို သွားစောင့်၊ အဲဒီထဲက အလုပ်သမားတစ်ယောက်ကို ခေါ်ထုတ် ပြီးတော့မှ ခေါ်ထုတ်လာတဲ့ အလုပ်သမားနဲ့ ဒီ..ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို သွားပြီးတော့မှ အကျိုးအကြောင်း သွားပြောပြီးတော့မှ ကယ်ထုတ်လိုက်ကြ တာဖြစ်တယ်။”

လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ ဘန်ကောက်မြို့အနီးမှာရှိတဲ့ ပထုန်ဌာနီမြို့က ကယ်ဆယ် ရေးစခန်း မှာ နေရာချပေးထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

RFA

တပ်ထဲတွင်တိုင်းရင်းသားများရာထူးနေရာချထားမှုခွဲခြားမှုမရှိဟုကာချုပ်ပြောအခြေခံဥပဒေမှာလူပုဂ္ဂိုလ်တစ်ဦး၊ပါတီတစ်ခု၊အဖွဲ့အစည်းတစ်ခု၊တိုင်းရင်းသားတစ်ခု၊တပ်မတော်အတွက်ရေးဆွဲခဲ့ခြင်းမဟုတ်ဟု ကာချုပ်ဆို

တပ်ထဲတွင်တိုင်းရင်းသားများအားရာထူးနေရာချထားပေးမှုတွင်ခွဲခြားထားခြင်းမရှိကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တိုင်းရင်းသားလူမျိုးစုများသည် တပ်မတော်ရှိ အဆင့်တိုင်းတွင် တာဝန်ထမ်းဆောင်နေကြကြောင်း၊ မည်သည့်တိုင်းရင်းသားဖြစ်မှ ရာထူးပေးမည်ဆိုပြီး ခွဲခြားထားမှုမရှိကြောင်း၊ နိုင်ငံနှင့် တပ်မတော်အပေါ်တွင် သစ္စာရှိမှု၊ စစ်ရေး၊ နိုင်ငံရေးအမြင်ရှိပါက အဆင့်မြင့် ရာထူးများတွင် တာဝန်ထမ်းဆောင်ခွင့်ရှိကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။
မတ်လ ၂၇ ရက်တွင် ကျင်းပခဲ့သော (၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား၌ ပြောကြားသော မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
‘‘တိုင်းရင်းသားတွေထဲက တပ်မတော်မှာ ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့သူတွေရှိသလို တိုင်းမှူးနဲ့အထက် တာဝန် ထမ်းဆောင် နေကြတဲ့သူတွေထဲမှာလည်း တိုင်းရင်းသားတွေ ပါရှိနေတာတွေ့ကြရမှာဖြစ်တယ်’’ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
လက်ရှိတပ်မတော်၏ ထိပ်ပိုင်းအရာရှိကြီးများတွင် တိုင်းရင်းသားများပါဝင်မှု ရာခိုင်နှုန်း နည်းပါးနေပြီး တိုင်းရင်းသားများလည်း တပ်ထဲတွင် ရာထူးမြင့်မြင့်မားမားပေးမှု အားနည်းနေသည်ကို တွေ့ရှိရသည်ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေး သာ အောင် ကပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC)ကလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မ တော် တည်ထောင်လိုကြောင်း တောင်းဆိုမှုများရှိသည်။
တပ်မတော်သည် တိုင်းရင်းသားပြည်သူများဖြင့် စတင်ဖွဲ့ စည်းတည်ထောင်ခဲ့သည့်အတွက် ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
(၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် မိနစ်သုံးဆယ်ကြာ ပြောကြားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့် ခွန်း၌ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ တပ်တွင်း တည် ဆောက်ရေးကိစ္စရပ်များ ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်း သားလူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း၊ ပြင်ဆင်ရန် လိုအပ်လာပါကလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပြဋ္ဌာန်းထားမှုများနဲ့အညီ ဆောင်ရွက်သွားရမည်ဟုလည်း တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲလျှင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားနိုင်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှင်သန်နိုင်ရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားပြည်သူအားလုံးက အလေးထားရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
(၆၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် [ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) ]

7Day Daily

ဖိလစ်ပိုင်တွင်(၄၅)နှစ်ကြာပြည်တွင်းစစ်အဆုံးသတ်ရန်လက်မှတ်ရေးထိုး

လူ ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး နှစ်ပေါင်း ၄၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖိလစ်ပိုင် အစိုး ရ နဲ့ဖိလစ်ပိုင် အကြီးဆုံး သူပုန်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က အစိုးရအိမ်တော်မှာ ငြိမ်းချမ်းရေး သဘောတူ လက် မှတ် ရေးထိုးပွဲ ကျင်းပခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဆယ်စုနှစ် ၅ ခုလောက် မွတ်စလင်ခွဲထွက်ရေး သူပုန်တွေ၊ ကွန်မြူနစ်တွေနဲ့ပါ ပြည်တွင်း စစ် ဖြစ်ပွားခဲ့တာကြောင့် စစ်ဖြစ်ပွားတဲ့ဒေသတွေ မှာ ခေတ်နောက်ကျ ကျန်ခဲ့ရပါတယ်။
သဘာဝအရင်းအမြစ် ကြွယ်ဝလျက်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လည်း မလုပ်နိုင်ခဲ့ကြတာလည်း ဖြစ်ပါ တယ်။
ငြိမ်းချမ်းရေးစာချုပ်အရ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကို ဖြုတ်သိမ်းမှာ ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတွေကို အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အစိုးရကလည်း သူပုန်တွေ တောင်းဆိုခဲ့တဲ့ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမှာ ဖြစ်ပြီး ဒေသခံတွေရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အစိုးရနဲ့ အခွင့်အာဏာ ခွဲဝေယူကြမှာ ဖြစ်ပါတယ်။
အခုလို သဘောတူညီချက်ရဖို့ အစိုးရနဲ့ သူပုန်အဖွဲ့တွေဟာ ၁၇ နှစ်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပြီး မလေးရှားနိုင်ငံကလည်း ၂၀၀၁ ခုနှစ်ကတည်းက ကြားဝင်စေ့စပ်သူ အဖြစ် ပါဝင်ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ အကွီနိုက ဒီပဋိပက္ခမှာ လူပေါင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရတာ ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်တွေဟာ ဒီအခြေအနေရောက်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့ရတာဖြစ်လို့ ငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ကလည်း အခုအဆင့်အထိ ရောက်လာတာဟာ နှစ်ဖက်ပြည်သူတွေ ဟာ အတိတ်ကို ပြန်မကြည့်တော့ပဲ အနာဂတ်ကို ရှေးရှုကြလို့သာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မွတ်စလင်သူပုန်အဖွဲ့ကြီးကနေ ခွဲထွက်သွားတဲ့အဖွဲ့ငယ်တွေ၊ အယ်ကိုင်ဒါနဲ့ဆက်စပ်တဲ့ မွတ်စလင်အစွန်း ရောက်အဖွဲ့တွေနဲ့ အစိုးရကို ဆန့်ကျင်နေတဲ့ လူမျိုးစုငယ်တွေဟာ ဆက်လက်တိုက်ပွဲဝင်နေကြတာကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ခြိမ်းခြောက်နေဆဲပဲလို့ ဆိုပါတယ်။

လူဦးရေ ၉၇ သန်း ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်း လောက်ရှိတာ ဖြစ်ပါတယ်။

DVB

အမေရိကန်နှင့်တောင်ကိုရီးယားနှစ်(၂၀)အတွင်းအကြီးဆုံးပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားကဂျပန်နိုင်ငံအထိရောက်အောင်ပစ်ခတ်နိုင်သောတာလတ်ပစ်တိုက်ချင်းပစ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနော
က်တစ်ရက်တွင်နှစ်ပေါင်း(၂၀) အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေး လေ့ ကျင့်မှု ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်သား ၁၅၀၀၀ ခန့် ပါဝင်သော ကမ်းတက် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၏ အရှေတောင်ဘက် ကမ်းခြေတွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်တပ်သား ၁၀၀၀၀ ခန့် ပါဝင်သည်။

Twin Dragons ဟု အမည်ပေးထားသော အဆိုပါ ကမ်းတက်စစ်ရေး လေ့ကျင့်မှုသည် ၁၂ ရက်ခန့်ကြာမည် ဖြစ်ပြီး တောင်ကိုရီးယားဘက်မှ မရိမ်းတပ်သား ၃၅၀၀ နှင့် ရေတပ်သား ၁၀၀၀ ခန့် ပါဝင်လေ့ကျင့်လျက် ရှိသည်။

အမေရိကနှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်မှုအဖြစ် မြောက် ကိုရီးယားက ရှုမြင်လေ့ရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုပစ် ဒုံးကျည်များ၊ တာလတ် ပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့သည်။

တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်းမပြုရန် မြောက်ကိုရီးယားကို ကုလသမဂ္ဂက တားမြစ်ထားပြီး မြောက်ကိုရီး ယား သည် ယမန်နေ့က တိုက်ချင်းပစ် တာလတ်ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါး ပိတ် အစည်းအဝေးကို ကြာသပတေးနေ့တွင် ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

တောင်ကိုရီးယားတွင် အမေရိကန် တပ်သား ၃၀၀၀၀ ခန့် အမြဲတမ်း တပ်စွဲထားပြီး တောင်ကိုရီးယားနှင့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လေ့ ရှိသည်။

အမေရိက၏ ရန်လိုမှု အခြေအနေကို မြောက်ကိုရီးယား၏ နျူကလီးယား အဟန့်အတားဖြင့် တုံ့ပြန်မည် ဆိုသည်ကို လက်တွေ့ ပြသမည်ဟု ယခုလအစောပိုင်းက မြောက်ကိုရီးယား အမျိုးသားကာ ကွယ်ရေးကော်မရှင်က ခြိမ်းခြောက် ပြောဆိုထားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်တို့အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

ကရင်ပြည်နယ်တွင်ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့်ကလေး(၁)ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့နယ်အိမ်တဲကျေးရွာမှာမတ်(၂၂)ရက်နေ့ကမပေါက်ကွဲသေးတဲ့၄၀မမကျည်ဆံဟောင်းတလုံးကို ကလေး ငယ် တွေ က ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။
အိမ်အနီးက လယ်ကွင်းတခုမှာ နွားကြောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မောင်လှကျော်ဟာ မပေါက်ကွဲသေးတဲ့ ၄၀ မမ တလုံးကို တွေ့ရှိပြီး အိမ်ကို ယူလာခဲ့ပြီး အိမ်အောက်မှာ ထုကစားရင်းနဲ့ အဲဒီလက်နက်ကြီး ကျည်ပေါက်ကွဲတဲ့အတွက် မောင်လှကျော်ဟာ ပွဲချင်းပြီး သေဆုံးပြီး သူညီမတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မကျူကီးနဲ့ အသက် ၅ နှစ်အရွယ် မစုဒါးက ဦးခေါင်းနဲ့ ကိုယ်လက်တွေမှာ ပေါက်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဘားအံမြို့ခံ ဦးပွင့်ဆန်းက ပြောပါတယ်။
ဒဏ်ရာရရတဲ့ ကလေးငယ်တွေကို လက်ရှိ ဘားအံပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

DVB

Wednesday, March 26, 2014

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအတွက်တပ်မတော်ဆက်ရှိနေဖို့လိုဟုသမ္မတဦးသိန်းစိန်ပြော

သမ္မတဦးသိန်းစိန်ကဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်တပ်မတော်၏အခန်းကဏ္ဍအရေးကြီးပြီးနိုင် ငံရေးပြဿနာများအဖြေရှာရာသည့်စားပွဲဝိုင်းတွင်လည်းတပ်မတော် ဆက်လက် တည်ရှိနေရန်လိုအပ်ကြောင်းပြောဆို လိုက် သည်။
ယနေ့ပြည်ထောင်စုလွှတ်တော်တွင်သမ္မတသက်တမ်း၃ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောဆိုစဉ် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ် ပြီး တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး ပြဿနာများအဖြေရှာရာတွင် မဖြစ် မနေ ရှိနေရန် လိုအပ်သည်ဟု ပြောဆိုသည်။

“နိုင်ငံရေးဖြစ်ရပ်တွေ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီး ပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရအုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြ ဿနာ တွေကို နိုင်ငံရေးနည်းနဲ့ ညှိနိှုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုက ရေစီ ရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက် နိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုး အလားအလာများကို ထည့်သွင်း စဉ်းစားသုံးသပ်ရန် အရေးကြီးကြောင်းပြောဆိုသည်။

“ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာ လေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှု ဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှု တွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင် မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်´´ ဟု ဦးသိန်းစိန်က ဆက်လက် ပြော သည်။

အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်အကြား ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်းရှိကြောင်း၊ လုပ်နိုင်တာများရှိသကဲ့သို့ မလုပ်နိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အားသာ ချက်၊ အားနည်းချက်များကို သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ဖော်ဆောင် နိုင်မည်ဟု ယုံ ကြည် ကြောင်း၊ အတိုက်အခံများကိုလည်း လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ဖော်ဆောင် နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွား အပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်´´ဟု ဦးသိန်းစိန်က ဆိုသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသည် ယခင် စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦး ဆောင် သော နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ တွင် တရား ၀င်အာဏာ လွှဲပြောင်းရယူခဲ့သည်။

ဧရာဝတီ

ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုဖို့အမေရိကန်လွှတ်တော်မှာဆွေးနွေး

မြန်မာအစိုးရအနေနဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုတိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်အသိအမှတ်ပြုဖို့နဲ့မြန်မာအစိုးရရဲ့တိုင်းရင်းသားလူနည်းစုတွေအပေါ်ခွဲခြားဆက်ဆံတဲ့မူဝါဒတွေပယ်ဖျက်ရေးအတွက်အမေရိကန်အစိုးရကဦးစားပေးဆောင်ရွက်ဖို့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီမှာမနေ့ကဆွေးနွေးခဲ့ပါတယ်။
၂ဝ၁၃ခုနှစ်နိုဝင်ဘာလကချမှတ်ခဲ့တဲ့အမေရိကန်အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အမှတ်(၄၁၈)ကိုဖြည့်စွက်ပြင်ဆင်ပြဌာန်းဖို့အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မစ္စတာရွိုက်စ်(Mr.Royce)ကဆွေးနွေး တင်ပြခဲ့ပါတယ်။

အောက်လွှတ်တော်ရဲ့လက်ရှိဆုံးဖြတ်ချက်အမှတ်(၄၁၈)မှာပါဝင်တဲ့နှစ်ချက်ကရိုဟင်ဂျာတွေအပေါ်နည်းမျိုးစုံဖိနှိပ်၊ခွဲခြားဆက်ဆံမှု
တွေရပ်ပြီး ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံအတွက် နိုင်ငံတကာက ပြဌာန်း ထားတဲ့ လူ့အခွင့်အရေးအတိုင်း မြန်မာအစိုးရက လေးစား လိုက်နာဆောင် ရွက်အောင် အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုဖို့နဲ့ ရိုဟင်ဂျာတွေ ဖိနှိပ် ခံရမှု အဆုံး သတ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက လိုအပ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးပြီး၊ ဘာသာပေါင်းစုံ တိုင်းရင်း သား ပေါင်း စုံ ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အခုထပ်မံဖြည့်စွက်မယ့် အချက် ၂ ချက်ကတော့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံ သားဖြစ် ခွင့်ကိစ္စတွေအတွက် ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းဖြေရှင်းဖို့နဲ့၊ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြား ဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင် ရွက်အောင် လွတ်တော်အနေနဲ့ တောင်းဆို ဖို့ စ တဲ့ အချက်တွေဖြစ်ပါတယ်။

ဒီဖြည့်စွက်ချက်တွေကို ပြဌာန်းဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော် မတီ ဥက္ကဌ မစ္စတာ ရွိုက်စ် (Mr. Royce)၊ နယူး ယောက် ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် မစ္စတာအန်ဂယ်လ် ( Mr. Engel) ၊ အိုဟိုင်းယိုးပြည်နယ်က လွှတ်တော် ကိုယ်စား လှယ် မစ္စတာ ချားဘော့ထ် (Mr. Chabot) နဲ့ ဟာဝိုင်အီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မစ္စဂေးဘတ် (Ms. Gabard) တို့ပူးတွဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA

Tuesday, March 25, 2014

ဘလော့ထဲမှသူငယ်ချင်းများသို့ ................

ဒီဘလော့လေးကိုဝင်ရောက်အားပေးတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးပါ...ဒီဘလော့လေးနဲ့အတူ ရွှေဥဒေါင်း (click) ပေ့လေးကိုလည်းဖိတ်ခေါ်လိုက်ပါတယ် .. ကျေးဇူး..ကျေးဇူးပါဗျာ....

ဆီယက်တဲလ်မြေပြိုမှု(၈)ယောက်သေ၊(၁၀၈)ဦးပျောက်ဆုံးဆဲ

လူ(၈)ယောက်ထက်မနည်းသေဆုံးပြီးပျောက်ဆုံးသူ(၁၀၈)ယောက်အထိရှိနေတဲ့အမေရိကန်ကမြေပြိုကျတဲ့ဖြစ်ရပ်တစ်ခုမှာအသက်
ရှင်ကျန်ရစ်သူတွေကိုရှာတွေ့ဖို့ မျှော်လင့်ချက်မှေးမှိန်လာနေပါတယ်။

နိုင်ငံအနောက် မြောက်ပိုင်း ဝါရှင်တန် ပြည်နယ်မှာ သဲတွေလို ကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီး ပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ် သားတွေက ရှာဖွေရေး ဆက်လုပ် နေကြ ပါတယ်။ တချို့နေရာ တွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေ ကျော် နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

စနေနေ့မနက်ပိုင်းမှာ ပြင်းထန်တဲ့ အင်အားနဲ့ မြေပြိုကျခဲ့ချိန်က ဆီယက်တဲလ်မြို့တော် မြောက်ဘက် ကျေးလက်ဒေသလေးမှာ နေထိုင်ခဲ့ဖွယ် ဒါမှမဟုတ် ကား ဖြတ်မောင်းသွားဖွယ်ရှိတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာ ထားပါတယ်။ စနေနေ့မှာ အခင်းဖြစ်ခဲ့ပြီး ကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး။

အပျက်အစီးပုံတွေကြားမှာ သက်ရှိထင်ရှားရှိနေသူ တစ်ယောက်ယောက်ရဲ့ ဘယ်လို အရိပ်လက္ခဏာမျိုးကိုမှ ကယ်ဆယ်ရေး လုပ် သားတွေ မကြားရသေးဘူးလို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

မြေပြိုကျတဲ့လမ်းကြောင်းတလျှောက် အိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးပြီး ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ မကြာသေးခင်က အပြင်းအထန်မိုးရွာပြီး မြေအောက်ရေ ပြည့်လျှံလာတာကြောင့် မြေပြိုကျတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

VOA

နာကျင်စရာအိမ်ထောင်းရေးများကိုအယ်လ်ဘမ်သစ်တွင်လှစ်ဟပြမည့်ဂျေလို

 
 

ပရိသတ်များကဂျေလိုဟုချစ်စနိုးခေါ်ဝေါ်ကြသည့်အဆိုတော်မင်းသမီးသည်(၂၀၁၁)ခုနှစ်ကခင်ပွန်းသည်မက်အန်သိုနီနှင့်လမ်းခဖြစ်
ခဲ့သည်။
သူမ၏ အသစ်ထွက်ရှိမည့် အယ်လ်ဘမ်သည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်ရေး ပြိုကွဲမှုကို ထင်ဟပ်စေလိမ့်မည်ဟု ဂျနီဖာလိုပက်ဇ်က ဝန်ခံခဲ့သည်။ ပရိသတ်များက ဂျေလိုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် အဆိုတော် မင်းသမီးသည် (၂၀၁၁)ခုနှစ်က ခင်ပွန်းသည် မက်အန်သိုနီနှင့် လမ်းခွဲဖြစ်ခဲ့သည်။ အသက်(၄၄)နှစ် ရှိပြီဖြစ်သော ဂျေလိုက “အရင်တုန်းကဆိုရင် ကျွန်မ အဓိက ပြောပြချင်သမျှ အကြောင်းတရားက ချစ်ခြင်းမေတ္တာပဲ။ ဒါဟာ ကျွန်မအတွက် စိတ်ဓာတ်လှုံ့ဆော်မှုလည်း ဖြစ်တယ်။ ကျွန်မ အဓိက တွေးတော တဲ့ အရာဆိုရင်လည်း မမှားဘူး။ ဒီအရာကပဲ ကျွန်မကို အနှစ်ချုပ် ပုံသွန်းပေးထားတာလို့ ဆိုရပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။
သူမက “ကျွန်မရဲ့ အရင်အယ်လ်ဘမ် (၉)ခုနဲ့တော့ ပုံစံကွဲလိမ့်မယ်။ ခုချိန်မှာ ကျွန်မ တွေးတောခံစားတဲ့ ဖြတ်သန်းမှုတွေကို ထင်ဟပ်စေလိမ့်မယ်။ ကျွန်မ ဒီအယ်လ်ဘမ်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက အကောင်အထည် ဖော်နေခဲ့တာပါ။ ခုဆို (၁)နှစ်ကျော် ကြာသွားပြီ။ ခုလောလောဆယ် ကျွန်မရဲ့ နယ်လှည့် ဖျော်ဖြေပွဲတွေလည်း နားထားပြီ။ ဒီတော့ စတူဒီယိုမှာ ကျွန်မရဲ့ အင်အားတွေကို အပြည့်အဝ လမ်းမှန်ကမ်းမှန် စိုက်ထုတ်ရတော့မယ်။ ဒီအယ်လ်ဘမ်မှာ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ အတတ်နိုင်ဆုံး ကျွန်မဆိုလိုချင်တာကို ရိုးရိုးသားသား ပြောပြဖို့ပါပဲ”ဟုလည်း ဆိုသည်။
ဂျေလိုက “ကျွန်မဟာ ကွာရှင်းပြတ်စဲမှု တစ်ခုနဲ့ ကြုံထားရတာပါ။ ကိစ္စတွေ အများကြီး ပြောင်းလဲ ဖြစ်ပျက်ခဲ့ပြီးပြီ။ ဒီအတွေ့အကြုံဟာ ကျွန်မဘဝမှာ အပြောင်းအလဲ အလှည့်အပြောင်း တစ်ခုလို့တောင် ကျွန်မ အလေးအနက် ခံစားမိခဲ့ပါတယ်” ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar 

Monday, March 24, 2014

ကြေကွဲစရာအကောင်းဆုံးမလေးရှားလေကြောင်းဌာန၏MH370နောက်ဆုံးအဆုံးသတ်ပြီ...

မလေးရှားလေကြောင်းပိုင်Boring777-200အမျိုးအစားလေယာဉ်ကြီး၏ကွာလာလမ်ပူ-ပေကျင်းခရီးစဉ်ဖြစ်သောပျံသန်းအမှတ် MH 370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှု ထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။

ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။
ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...

သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။
ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထို လေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာန များတွင် ယခု ကြော်ငြာပြီဖြစ်သည် ။

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။

Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors

MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည် သူ မျှ မသိရှိနိုင်သေးပေ ။

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံး သတ် ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။
ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....

မည်သို့ပင်အဆုံးသတ်စေ ...
သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...

ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...
ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..

***Pray for MH370 passenger's and Crew's Families***

Kayan Times

သီတဂူမျက်စိအထူးကုအဖွဲ့အလှူဒါနများ..






ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ သီတဂူမျက်စိအထူးကုအဖွဲ့၏ ၅ ရက်မြောက်နေ့ ၁၈-၃-၂၀၁၄ရက်မှ ၂၂-၃-၂၀၁၄ရက်နေ့အထိ ရပ်ဝေး ရပ်နီးမှ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသော မျက်စိဝေဒနာရှင်ပေါင်း (၁၅၅၅)ယောက်ကို စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအထဲမှ (၂၃၄)ယောက်ကို ခွဲစိပ်ပေးပြီး မျက်စိအလင်း အလှူများ ပြုခဲ့ပါသည်။

သီတဂူ မျက်စိအထူးကုအဖွဲ့တွင် မျက်စိအထူးကု ဆရာဝန်ကြီးများ

၁။ ပရော်ဖက်ဆာ ဒေါက်တာ ဦးမြအောင်(ငြိမ်း)၊ 
၂။ ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်ခိုင်(ငြိမ်း)၊ ၃။ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ 
၎။ ဒေါက်တာ ဒေါ်ခင်အေးသီ၊ 
၅။ သူနာပြုဆရာမကြီး ဒေါ်ခင်ကြူ၊ 
၆။ လွိုင်လင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအေး၊ ၇။ ဒေါက်တာသော်တာဝင်း၊ 
၈။ တောင်ကြီးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး အောင်မိုးထွန်း၊ 
၉။ သီတဂူအာယုဒါနဆေးရုံတော်မှ ဒုဆေးရုံအုပ် ဒေါက်တာဒေါ်မိမိခင်နှင့် သီတဂူ အထူးသူနာပြု(၁၀)ဦး တို့က ပါဝင်လုပ်အားဒါနပြုခဲ့ပါသည်။

လိုက်ပါသွားသော သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများ

သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများဖြစ်ကြသော 
၁။ ဦးတင်အေး(အတွင်းရေးမှူး(၂))၊ 
၂။ ဦးမြင့်အောင်(အတွင်းရေးမှူး(၃)၊ 
၃။ ဦးသန်းလွင်(ဘဏ္ဍာရေးမှူး)၊ 
၎။ ရန်ကုန်ထရန်စဖေါ်မာ - ဦးအောင်သောင်း (အဖွဲ့ဝင်)

သီတဂူရဲ့ ကျေးဇူးတင်စကား

သီတဂူမျက်စိအထူးကုအဖွဲ့တွင် ပါဝင်ကြသော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများနှင့် သီတဂူမျက်စိအထူးကုအဖွဲ့ကို စားဝတ်နေရေးအတွက် အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးပါသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် ဇနီး၊ အရာရှိ၊ အရာခံ အကြပ်တပ်သားများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

ဆေးရုံကုသရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလန်မြို့၊ ကုတင်(၁၀၀)ဆံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးယုဝေနှင့် အထူးကုဆရာဝန်များ၊ သူနာပြု ဆရာ/ဆရာမများ၊ ခိုလန်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ဒေသရှိ အဖွဲ့အစည်း များကလည်း ပါဝင်လုပ်အားဒါနပြုခဲ့သည်ကို သီတဂူမျက်စိအထူးကု အဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

မွေးရာပါ မျက်စိနှစ်ကွင်းအလင်းမရသူအား အလင်းရရှိစေခဲ့ပြီ

ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်း၊ မျက်စိအထူးကုအစီအစဉ်မှာ မွေးရာပါ မျက်စိနှစ်ကွင်း အလင်းမရရှာကြသည်ကို ပရော်ဖက်ဆာဒေါက်တာ ဦးမြအောင် (ငြိမ်း)၏ လမ်းညွှန်ချက်ဖြင့် သီတဂူအဖွဲ့က ခွဲစိပ်ကုသရာ ကလေးငယ်(၂)ဦး မအီနေနှင့် မသဇင်ထွန်း မျက်စိနှစ်ကွင်း အလင်းရရှိသွားခဲ့ကြလေသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၄

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၂ဝ၁၅ ရွေးကောက်ပွဲဝင်၊မဝင်ညီလာခံတွင်အဆုံးအဖြတ်ယူမည်

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည်၂ဝ၁၅အထွေထွေရွေးကောက်ပွဲဝင်၊မဝင်နှင့်SNLDနှင့်SNDPှနှစ်ပါတီပေါင်းရေး၊မပေါင်းရေးကိုမတ်လ၂၄ရက်မှ၂၆ရက်အထိတောင်ကြီးမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတွင်ကျင်းပလျှက်ရှိသည့်ပါတီ၏မြို့နယ်ပေါင်း
စုံညီလာခံ အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ထုတ်ပြန်သွားမည်ဟု SNLD ပါတီ၏ ဗဟို စည်းရုံးရေးမှူး ဦးစိုင်းခင်မောင်ညွန့်က မတ် ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

"နှစ်ပါတီ ပေါင်းစည်းရေး ၊မစည်းရေးရယ် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာ အများဆန္ဒ ညီလာခံအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သုံးရက်တာ ညီလာခံ ပြီးသွားရင် အဖြေတစ်ခု ထွက်ပေါ်လာမှာ ဖြစ်တယ် " ဟုပြောသည်။

ယင်းမြို့နယ်ပေါင်းစုံ ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ် ၃၆ မြို့နယ် အတွင်းရှိ ကိုယ်စားလှယ်များက တစ်မြို့ နယ်လျှင် ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ဆွေးနွေးလျှက်ရှိသည်။

မတ် ၂၄ ရက်တွင် နှစ်ပါတီ ပေါင်းစည်း သင့် ၊မသင့် နှင့် ပတ်သက်ပြီး ကွန်ဟိန်း၊ ကျေးသီး၊ ကျိုင်းတုံ၊ ကျောက်မဲ၊ ဆီဆိုင်၊ သီပေါ အစရှိသည့် ၆မြို့နယ်မှ အဆိုများတင်သွင်းထားပြီး ၃ မြို့နယ်က ပေါင်းစည်းရန် ဆွေးနွေးထားသည် ဟုလည်း ဦးစိုင်းခင်မောင်ညွန့် က ဆိုသည်။

"သက်ဆိုင်ရာ မြို့နယ် ၃၆ မြို့နယ်လုံးက အစီရင်ခံစာတင်သွင်းသွားမယ် ဆိုတော့ SNDP နဲ့ပေါင်းသင့်မသင့်ဆိုတာလည်း မြို့နယ် ကိုယ်စားလှယ် အနေနဲ့တက်ရောက်လာသူ သုံးဦးက မဲပေးခွင့် ရှိတယ်၊ မဲပေးပြီးတော့ ဆုံးဖြတ်သွားမယ် " ဟု ၎င်းကပြောသည်။ 

ပါတီ၏ လုပ်ငန်းစဉ် နှင့် ပတ်သတ်ပြီး မူဝါဒပိုင်း ပြင်သင့် ၊မပြင်သင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရာတွင်လည်း ကိုယ်တိုင် လွတ်လပ်စွာ တင်သွင်းပြီး မိမိကို မကြိုက်ပါကလည်း နှုတ်ထွက်ပေးနိုင်သည်ဟု SNLD ပါတီ၏ မြို့နယ်ပေါင်းစုံ ညီလာခံ အဖွင့် မိန့်ခွန်း တွင် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ထည့်သွင်းပြောဆိုသွားသည်။

သုံးရက်တာ ကျင်းပလျက်ရှိသည့် ညီလာခံသို့ ပါတီစတင်တည်ထောင်သူ ၁၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၇ဦး၊ ဗဟိုကော်မတီဝင် ၇ဦး၊ မြို့နယ်ပေါင်းစုံ (၃၆) မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်လျက်ရှိသည်။

ယခုပါတီ၏ မြို့နယ်ပေါင်းစုံညီလာခံသည် တံခါးပိတ်အစည်းအဝေးဖြစ်၍ မီဒီယာသမားများ ဝင်ခွင့်မရပေ။
Mizzima

မိခင်ဖြစ်သူနတ်ကွန်းသန့်ရှင်းရေးသွားလုပ်နေစဉ်အိမ်ကျန်ရစ်သည့်သမီးအားအဓမ္မပြုကျင့်ခံရ


မုံရွာမြို့နယ်၊ထနောင်းတောတောင်ရွာတွင်ယခုလ၂၂ရက်နေ့မနက်၉နာရီကမိခင်ဖြစ်သူမနတ်စင်အားသန့်ရှင်း သွားလုပ်နေစဉ် နေအိမ်၌ ကျန်ခဲ့သော အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခံရ သည့်ပြစ် မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်းညောင်ဖြူပင်ရဲကင်းစခန်းမှရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြော ကြားသည်။
ဖြစ်စဉ်မှာမုံရွာမြို့နယ်၊ထနောင်းတော(တောင်)ကျေးရွာနေ ဥယျာဉ်ခြံလုပ်ငန်း၊လုပ်ကိုင်သူ မ… ဆိုသူ သည် ရွာနတ်ကွန်းစင်အားသန့်ရှင်းရေးသွားလုပ်ပြီးနေအိမ်သို့ပြန်ရောက်လာစဉ်နေအိမ်၌အိမ်စောင့် အ ဖြစ် ကျန် ခဲ့သူအသက်(၁၂)နှစ်အရွယ်မ…ဆိုသူမှငိုယိုကာသူမအားတစ်ရွာတည်းနေကိုနေ၀မ်းဆိုသူကသားမယား အဖြစ်ပြုကျင့်ခဲ့ ကြောင်းမိခင်ဖြစ်သူ အားပြောပြတိုင်တန်းခဲ့သည်။
ထို့ကြောင့်မိခင်ဖြစ်သူကသမီးဖြစ်သူ၏ပြောပြချက်များအရညောင်ဖြူပင်ရဲကင်းစခန်းသို့သွားရောက်တိုင်တန်း ခဲ့ရာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းဇော်ဦးမှ မုံရွာမြို့မရဲစခန်းသို့ တဆင့်တိုင်တန်းခဲ့သည်။ အဆိုပါ တိုင် တန်း ချက်အား မြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၂/ ၂၀၁၄၊ ရဲစခန်း(ပ) ၉၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အ ရ အ မှုအား လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အညာဒေသရှိမိရိုးဖလာနတ်ကိုးကွယ်ယုံကြည်သူများသည်တပေါင်းလသို့ရောက်သောအခါမိဆိုင်ဖဆိုင်ရိုးရာနတ်များအားပူဇော်ပသခြင်း၊နတ်ကွန်းနတ်နန်းများအားသန့်ရှင်ရေးပြုလုပ်ခြင်းများကိုလုပ်ကိုင်သည့် ဓလေ့ထုံးတမ်းများရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး (ဖွဘွတ်)


Sunday, March 23, 2014

ဒေါ်အောင်ဆန်းစုကြည်မှ“ငတုံးတွေ”ဟုပြောကြားချက်ကိုသံဃာတော်များစိတ်မကောင်းဖြစ်ရဟုဆို

NLDပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဆင်လိုသူများသည်ပညာမဲ့ခြင်း၊စေတ
နာမဲ့ခြင်းနှင့်သတ္တိမရှိခြင်းတို့ကြောင့်ဟုပြောဆိုခဲ့ခြင်းကြောင့်အမျိုးဘာသာသာသနာကာကွယ်ရေး ဆောင်ရွ
က်လျက် ရှိသော နိုင်ငံတစ်ဝှမ်းမှ သံဃာတော်များ စိတ် မကောင်းဖြစ် ရကြောင်း သိရသည်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ မပြင်လိုသူ ဆိုပြီး လုံးပြီး ပြောပါတယ်။ ပုဒ်မ ၅၉(စ)မပြင်လိုသူ ဆိုပြီး ပြောချင်တာပါ။ ဒါကို ဘုန်းကြီးတို့ နားလည်ပါတယ်။ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး မပြု လုပ် ဖို့ ဘုန်းကြီး တို့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော် တွေက ဦးဆောင်ပြီး ပြုလုပ်နေတာ အားလုံး သိပြီးသားပဲ။ ဒီတော့ ဘုန်းကြီးတို့ အားလုံးကို ပညာမဲ့ တယ်၊ စေတ နာမဲ့ တယ်၊ သတ္တိမဲ့တယ် ဆိုပြီး ပြောလိုက်တဲ့အတွက် အတော်ကလေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ အတ္တ နဲ့ လောဘကြောင့် မပစ်မှားသင့်တာတွေကို ပစ်မှားလာခဲ့ပြီ။ သမ္မတ ဖြစ်ချင်တဲ့ စိတ်ဆန္ဒက လှုံ့ဆော် မှုကြောင့် ရတနာသုံးပါးကို ထိခိုက်စော်ကားလာတဲ့အထိ ဖြစ်လာခဲ့ပါပြီ။ ဘုန်းကြီးတို့က ဒကာမကြီးကို ဆန့် ကျင်တာမဟုတ်ပါဘူး။ဒီလောက်ပဲပြောပါရစေ"ဟုမန္တလေးမြို့အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်
ရး အဖွဲ့ ဦးဆောင်သံဃာ တစ်ပါးက မိန့်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က မောင်တောနှင့် စစ်တွေကို ၄င်းတို့အပိုင် ပူးပေါင်းရန် ဆန္ဒခံယူပွဲပြုလုပ်သင့်သည် ဟူ၍ပာကြားချက်ကိုမူတစ်လုံးမျှထည့်သွင်းပြောကြားခဲ့ခြင်းမရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုမို၍ပင် အယုံအကြည် ကင်းမဲ့ သွားပြီ ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက် ဦးဆောင် လှုပ်ရှားသူ တစ်ဦး က ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ကြည့်လိုက်ရင် အချုပ်အခြာအာဏာ အထိခိုက် မခံဘူး ဆိုတဲ့ စကား သူ့ပါးစပ်က ဘယ်တုန်းက ထွက်ဘူးသလဲ။ နိုင်ငံအတွက် ပြတ်ပြတ်သားသား ဘာများ ပြောခဲ့သလဲ။ ရခိုင်ပြည်နယ်ကိစ္စ တရားဥပဒေစိုးမိုးရေးကိုပဲ အာဂုံဆောင်ခဲ့တယ်။ ဘာများ တိုင်းပြည်အတွက် ရဲရဲရင့်ရင့် ပြောခဲ့သလဲ။ အခုလည်း မောင်တောနဲ့ စစ်တွေကို ဘင်္ဂလားဘက်ပေါင်းသင့်တယ် ဆိုတာကို ဘာတစ်ခွန်း ပြောထွက်ခဲ့သလဲ။ ဘာတစ်ခွန်း ပြောရဲသလဲ။ စနေနေ့က ဟောပြောပွဲမှာ တစ်ခွန်းလေး ထည့်ပြော အားလုံးက လက်ခံလိမ့်မယ်။ အခုဆိုရင် အခြေခံဥပဒေ မပြင်လိုသူတွေ ဆိုပြီး မိန်းမ ပီပီ စောင်းမြောင်းပြော တယ်။ ပုဒ်မ ၅၉(စ)ဆိုပြီး ဒဲ့ပြောလေ။ အကုန်လုံးကို ချိတ်စောင်းပြီး ပြော တယ်။ ဒါဆို ကျွန်တော်တို့ကို ပညာမဲ့တွေ လို့ ပြောလိုက်တဲ့ သဘောပဲ။ ကျွန်တော်တို့ တင်မကဘူး တစ်နိုင်ငံ လုံးမှာ ၅၉(စ) မပြင်ဖို့ ဟောပြောနေတဲ့ သံဃာထုကြီး တစ်ရပ် လုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီ ၀င်တွေ၊ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူတို့ သံဃာတော်တွေ ကို စော်ကားခဲ့တယ်။ အခု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ပြော လာပြီ။ ဒီလို ထုတ်ပြော တာ ကောင်းပါတယ်။ သမ္မတဖြစ်ဖို့အတွက် အာဏာရဖို့အတွက် အမျိုး ဘာသာ သာသနာတော် ကို ချနင်း မယ့် သူတွေဟာ ဘယ်သူတွေလဲ ဆိုတာ ထင်ရှားသွားတာပေါ့”ဟု မိတ္ထီလာမြို့ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ ဝင် တစ်ဦးက ပြောကြားသည်။
“ပညာရှိသူဟာ ပညာမဲ့သူတွေကို ပုတ်ခတ်ခြင်း အလျဉ်း မပြုပါဘူး။ ပညာမဲ့တွေရဲ့ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းကိုလည်း အလျဉ်း ဂရုမပြုပါဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူသိ ထင်ရှား စော်ကား လိုက်တာပါ ပဲ။ သံဃာတော်တွေဟာ ပညာမဲ့လို့၊ စေတနာမဲ့လို့၊ သတ္တိမရှိလို့ ဒီလို ရပ်တည်နေတယ် လို့ ထင်ထား တယ် ဆိုတဲ့သဘောပါ။ စောင့်လေမျိုးနွယ် ဆိုတဲ့ သားသမီးတွေ ပြုကျင့်ရမယ့် ကျင့်ဝတ် ကိုတောင် လိုက်နာနိုင်ခြင်း မရှိတဲ့သူတစ်ယောက်က ဒီနီုင်ငံနဲ့ ဒီသံဃာတွေကို စော်ကားတာကတော့ ခံပြင်း စရာ ပါ။ တစ်ကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုမျိုး စိတ်ထဲမှာ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကို လည်း ကျေးဇူးတင်ပါတယ်။ NLD ပါတီ မထောက်ခံရင်၊ NLD ပါတီ လုပ်နေ တာတွေ ကို မထောက်ခံရင် မထောက်ခံတဲ့သူတွေ အားလုံးဟာ ပညာမဲ့တဲ့ လူ့ဗာ လတွေပေါ့၊ စေတနာ သုံးတန် ကင်းမဲ့တဲ့ သူတွေပေါ့။ အတ္တနဲ့ အကျိုး စီး ပွား၊ လောဘ နဲ့မောဟတရားတွေ ဖုံးလွှမ်းနေ သမျှ အမှန်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကိုဘုန်းကြီး တို့ အစဉ်အမြဲလေးစားပါတယ်။ဒါပေမယ့်ဗိုလ်ချုပ်အောင်ဆန်းကဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်း စုကြည် က ဒေါ်အောင်ဆန်းစုကြည် ဘာမှ မဆိုင်ဘူး ဆိုတာလည်း ရှင်း သွား ပါပြီ” ဟု သာသ နာတော် ထွန်း ကား ပြန့်ပွားရေးအသင်းတော်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ပညာမဲ့ ဟူသည်မှာ ရိုင်းရိုင်း ဆိုရလျှင် ငတုံး ဟု ခေါ်တွင်လိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုချင်သော အဓိပ္ပါယ်ကို အားလုံး နားလည်ကြောင်း၊ ပုထုဇဉ်နော ဥမ္မာတကော ဟူသည့် အတိုင်း အာဏာရူးများလည်း ရှိနိုင်ကြောင်း၊ ငါပြောတာ လက်မခံရင် ငတုံးတွေ ဟု ပြောဆိုရန် မသင့်ကြောင်း ယင်းက မိန့်သည်။
“ဒီမိုကရေစီမှ ရာနှုန်းပြည့် သဘောတူတာ မရှိနိုင်ပါဘူး။ NLD ပါတီကို သန်း ၆၀ လုံး ထောက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ NLD လုပ်တာ မထောက်ခံရင်၊ NLD ကို မထောက်ခံရင် လူမိုက်၊ ပညာမဲ့ ဆိုပြီး ရမ်းကားတာကိုတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ လူဆိုတာ ကိုယ်ယုံကြည် ရာ ကိုယ်လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်တာ မထောက်ခံတာနဲ့ လူမိုက်၊ ငတုံးတွေ ဆိုပြီး ပြောတာ ကိုတော့ လက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉(စ) မပြင်ရေး ဆောင်ရွက်နေ တဲ့ သံဃာတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကို ငတုံးတွေ လို့ ပြောလိုက်တာနဲ့ အတူတူ ပါပဲ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး အရှိန်မြှင့်တင်ဖို့ သတိပေးလိုက်တာပါပဲ။ ကျွန်တော် တို့ လက်မလျှော့ပါဘူး။ ဆက်လုပ်သွားမယ်” ဟု မြန်မာအမျိုးသားကွန်ရက် ခေါင်းဆောင်တစ်ဦးက တုံ့ပြန်ပြောကြား သည်။
ဒေါ်အောင်ဆန်းစုကြည်သည ရတနာသုံးပါးကို ထိခိုက်သည်အထိ ပုတ်ခတ် စော်ကားလာခြင်းကြောင့် ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား ဟု စဉ်းစား စရာဖြစ်နေကြောင်း၊ သံဃာတော်များအတွင်း၌လည်း NLD ကို လက်ခံသူနှင့် လက်မခံနိုင်သူ ကွဲပြားနေနိုင်သလို ပြည်သူများအတွင်းလည်း အလားတူ ဖြစ်ကြောင်း၊ ထိုသို့ NLD မထောက်ခံသည့်သူတိုင်း ပညာမဲ့သူ၊ ငတုံး ဟု ပြောဆိုခြင်းမှာ လွန်စွာမှပင် ရင့်သီးသော အသုံးအနှုံး ဟု ဆိုနိုင်ကြောင်း၊ အမျိုး ဘာသာ သာသနာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ချက် တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိဘဲ အစဉ်အမြဲ စော်ကားပုတ်ခတ်နေသည့် NLD ပါတီတွင် ယခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူသိထင်ရှား ပုတ်ခတ် စော်ကားလာခြင်းဟု နားလည်ကြောင်း ၄င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ စည်းရုံး လှုံ့ဆော်ပွဲတွင် အခြေခံဥပဒေကို မပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စတနာ မဲ့ခြင်းနှင့် သတ္တိမရှိခြင်းကြောင့် ဖြစ်နိုင်သည် ဟု ထည့်သွင်းပြောကြားခဲ့ခြင်း  ဖြစ်သည်။

ပြည်သူ့အာဏာ

ပျောက်ဆုံးမလေးရှားလေယာဉ်ကိုရှာဖွေနေသည့်အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ခါးပတ်ကြိုးများနှင့်ကုန်တင်သစ်သားအခင်းပြားတစ်ခုရှာတွေ့

ဂြိုဟ်တုဓာတ်ပုံများမှရရှိသောသဲလွန်စများအရအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ပျောက်ဆုံးမလေးရှားလေ
ယာဉ်ကိုရှာဖွေလျက်ရှိရာပြီးခဲ့သောစနေနေ့ကလေယာဉ်၊သင်္ဘောတို့တွင်ကုန်စည်သယ်ဆောင်ရာ၌အသုံးပြု
သော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့် အတူ ရှာဖွေတွေ့ ရှိခဲ့ သည် ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်း ဌာန တွင် ဖော်ပြ ထားသည်။
“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထား ရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီး ချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။
ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တုက ထောက်လှမ်း တွေ့ရှိခဲ့သော ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်းအစဟု ယူဆရသော အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး တပ်ဖွဲ့ ဝင်များ က ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ ရှိ ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာဏာပိုင်များကလည်း သြစတြေးလျနှင့် တရုတ်ဂြိုဟ် တုတို့ သဲလွန်စများ ထောက်လှမ်း တွေ့ရှိထားသည့် ရေပြင်ဧရိယာတွင် ပျောက်ဆုံး လေယာဉ်၏ အစိတ် အပိုင်း ဟု ယူဆရသော အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး ဂြိုဟ် တု ဓာတ်ပုံများကို မလေးရှား အာဏာပိုင်များထံ ပေးပို့ခဲ့သည်။
ကုန်တင်သစ်သား အခင်းပြားများကို လေယာဉ်များတွင်သာမက သင်္ဘောများတွင်လည်း အသုံးပြုလေ့ ရှိ သဖြင့် ယခုတွေ့ရှိသော သစ်သားအခင်းပြားမှာ ပျောက်ဆုံး မလေးရှားလေယာဉ်မှ ဖြစ်သည်ဟု အတိအ ကျယူဆရန် မဖြစ်နိုင်သော်လည်း သဲလွန်စများ တစ်ခုပြီးတစ်ခု တွေ့လာရသဖြင့် အိန္ဒိယ သမုဒ္ဒရာ  တောင် ပိုင်းတွင် ရှာဖွေရေး လုပ်ငန်းများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။
သြ စတြေး လျ အနောက်ဘက် ကမ်းခြေမှ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀ ကျော်ဝေးသော သမုဒ္ဒ ရာ ရေပြင်တွင် စစ်ဘက်လေယာဉ် လေးစင်း၊ အရပ်ဘက်လေယာဉ် လေးစင်းနှင့် စစ်သင်္ဘော တစ်စီး တို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေး လျ နိုင်ငံ တို့က လည်း အဆိုပါ ဧရိယာသို့ သင်္ဘောများ ထပ်မံစေလွှတ်ထားသည်။
“ရှာဖွေတဲ့နေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေ ပိုများလာလေလေ ဂြိုဟ်တုက တွေ့ထားတဲ့ အရာ ဝတ္ထုတွေ ကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လေလေပါပဲ” ဟု တိုနီအက်ဘော့က ပြောကြားသည်။
လူ ၂၃၉ ယောက်ကို တင်ဆောင်သွားသော မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး သည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ဗီယက် နမ် လေပိုင်နက် အတွင်းသို့ ဝင်ခါနီး၌ မြေပြင် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အ သွယ် ပြတ်တောက် ကာ ပျောက် ဆုံးသွား ခဲ့ခြင်း ဖြစ် သည်။
စတင်ပျောက် ဆုံးခါစ စက်ချို့ယွင်းကာ တောင်တရုတ် ပင်လယ်အတွင်း ပျက်ကျသွားခြင်း ဖြစ်မည်ဟု ယူဆပြီးရှာဖွေမှုများပြုလုပ်ခဲ့သော်လည်းနာက်ပိုင်း စုံစမ်းတွေ့ရှိမှုများ အရ လေယာဉ်သည် မြေပြင်စခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက်မူလလမ်းကြောင်းအတိုင်းဆက်မသွားဘဲ  နောက်ကြောင်း ပြန်
လှည့် ကာ နောက်ထပ် ၇ နာရီခန့် ပျံသန်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ရှာဖွေသည့် ဧရိယာ ကို ထပ်မံ တိုးချဲ့ ခဲ့ ရ သည်။
ထို့အပြင် လေယာဉ်ကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်း တွေ့ရှိထားရသဖြင့် အကြမ်းဖက်မှု (သို့မဟုတ်) ပြန်ပေးဆွဲမှု ဖြစ်မည်ဟု ယူဆမှုများလည်း ရှိနေ သည်။
The Voice Weekly

Wednesday, March 19, 2014

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

ခရီးသည်၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေး ရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့် လာပြီး သည့် နောက် တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများ အပြား ပေါ်ပေါက် လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျ သွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။
ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။
ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။
လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေး ရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ် ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ် လာခြင်း ဖြစ်နိုင် ဖွယ် ရှိသော မီးခိုး များသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။
အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။
မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ)
လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးကရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။


ကိုးကား - Business Insider၊ Time


 

Thursday, March 13, 2014

“KIA ဘယ်လို ယုတ်မာလိုက်လဲဆိုတာ နှင်းမေသာ မေးကြည့်ပါ”

ဝါးခရာဘွမ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ခင်တန်ခေါင်းဆောင်တဲ့ KIA ၃ ဦးဟာ စီသော်ကျေး ရွာသို့ ညနေ ၄ နာရီချိန်ခန့်တွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး စီသော်ကျေးရွာမှ စီငန်း ကျေးရွာအထွက် သစ် ကွင်း တွင်ဈေးရောင်နေသော မိုးဒါးလေးကျေးရွာနေ မနှင်းမေအား အတင်း အဓမ္မဆွဲခေါ်ကာ ကားပေါ် သို့ တင်ဆောင်၍ စီသော်ကျေးရွာ ကျောင်းရှေ့နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သဖြင့် ရပ်ကွက်လူကြီးများမှ သွားရောက်တောင်းပန်ခဲ့ရာည၁၀နာရီအချိန်တွင်ပြန် လည်စေ လွှတ်ပေးခဲ့ တယ် လို့ ဒေသ ခံများထံမှ သိရှိ ရပါ တယ်။ KIA ဆီကနေတော့ သတင်းမှန် သိရမှာမဟုတ်ဘူး… မနှင်းမေ အနေနဲ့လည်း စကားမေး မရဘဲ ငိုပဲငိုနေပြီး ဘာမှ မပြောရဲရှာဘူးဖြစ်နေတယ်… ဒေသခံအချို့ကတော့ မနှင်းမေဟာ ခင်တန် တို့ အုပ် စု ရဲ့ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရတာလိုထင်ကြေးပေးပြောဆိုနေကြပါတယ်။ဒါသိတဲ့ကိစ္စ…ဘယ်သူမှမသိလိုက်ဘဲမု ဒိမ်းကျင့်ခံရတဲ့ကချင်ပြည်နယ်ထဲကမိန်းကလေးတွေဘယ်နှစ်ယောက်လောက်ရှိမလဲဆိုတာ တော့  တွေးသာ ကြည့်ကြပါတော့ဗျာ….။
ရပ်ကွက်လူကြီးတွေ ကတော့ခု KIAတွေ ရဲ့ လုပ် ရပ် ဟာ ဇာတ် လမ်း ထဲ က လူကြမ်းတွေ ရဲ့လုပ် ရပ် မျိုြး ဖစ် ကြာင်း၊ လူ့အခွင့်  အရေးနှင့် နိုင်ငံရဲ့ ဥပဒေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက် ခြင်း ဒေသခံတွေ  ကို လက် နက် ကိုင်အနိုင်ကျင့်ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
KIA တွေဟာ မနှင်းမေကို ညနေ ၄ နာရီကနေ ည ၁၀ နာရီထိ အလှကြည့်နေကြတာ လား? ဒါမှမဟုတ်… ထမင်းဖိတ်ကျွေးတာလား…ဘာတွေလုပ်ခဲ့ကြပြီးဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့မနှင်းမေပဲအသိဆုံးဖြစ်ပါ
လိမ့်မယ်… ပရိတ်သတ်ကြီးရော ခင်တန်တို့အုပ်စု ဘာလုပ် မယ်လို့ ထင် မြင်ယူဆကြပါသလဲ…?
Myawady

Thursday, February 27, 2014

NLDမှာဒေါ်အောင်ဆန်းစုကြည်ကလွဲပြီးကျန်တဲ့ကောင်တွေ တစ်ကောင်မှသာက်သုံးမကျဘူး ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့  ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဝေဖန်

ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၁၄ ခုနှစ်
လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဒေါ်အောင် ဆန်း စု ကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြား လိုက်
ကြောင်း  သိ  ရှိရသည်။
ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက ထို သို့  ပြင်းပြင်း ထန်ထန် ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။
"၅၉(စ ) က ဒေါ်အောင်ဆန်းစုကြည် ကို ကန့်သတ်ထားတာ ဆိုရင် ဒါစွပ်စွဲတာပဲ။ ကျွန်တော့်အမြင် ကတော့ ဒေါ်အောင်ဆန်း စုကြည် သည် ကျွန်တော်တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ရဲ့ သမီးဖြစ်တယ်။NLDမှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင် မှ သောက် သုံး မကျဘူး ဆိုတာလည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် မယ်ဆို ရင် လည်း လက်ခံတယ်။ ဒီတော့ သူ့ကိုသမ္မတဖြစ်အောင်ဘယ်လို နည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။ သူ့မှာ ခင်ပွန်း က လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။ အဲဒီမှာ ဦးကိုနီက ဘာထ ဖြစ် သလဲ ဆိုရင် ဦးလှဆွေ ပြောတာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို ဘယ်နိုင်ငံသား ခံယူပါ၊ ဒီနိုင်ငံသားခံယူပါလို့ ပြောခွင့်မရှိဘူးတဲ့။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်လို ပြော လို့မ ရ ရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူး လား။ ကျွန်တော် တို့ တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီး တစ် ယောက်ပါ။ သူ့ကို ပုဂ်္ဂလိက အမြင် ကပ်တာမျိုး လုံးဝမရှိပါဘူး" ဟု ဦးလှဆွေ က ပြော ကြား သည်။ ၄င်းအပြင် NLD ပါတီသည် မိမိဓါတ်ပုံကို မိမိ ဖော်ပြ၍ သတ္တိရှိရှိ ယှဉ်ပြိုင်ရဲသူများ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဓါတ်ပုံများကို အကာအကွယ်ယူကာ ဆင်ဖြူတော် မှီပြီး ကြံစုတ်နေ သူများ သာ ဖြစ်ကြောင်း၊ ကိုယ်ပိုင်အရည်အချင်း မရှိကြ သူ များ ဖြစ်ကြောင်း လည်း ၄င်းက ပြောဆိုသည်။
"၂၀၁၅မှာ NLD က ဘယ် လိုပွဲထွက်လာမလဲဆိုတော့ ကိုယ့်ပုံကိုယ် မပြရဲတဲ့သူ တွေပဲ။ လာလိမ့်မယ်။ ကျွန်တော် တို့ ကတော့ ကျွန် တော်တို့ပုံ ကျွန်တော်တို့ ပြရဲတယ်။ ဥပမာအနေနဲ့ ကြားဖြတ်ေ ရွးကောက် ပွဲ ကို ပဲ ကြည့်။ ကြံ့ခိုင်ရေးက ဦးဖြူနဲNLD က ဦးမဲတို့ပြိုင်ကြတယ်ပေါ့နော်။ အဲဒီမှာ ကြံ့ခိုင်ရေးဦးဖြူက သူ့ ဓာတ် ပုံကြီး ချိတ်ပြီးပြတယ်။ ဗီနိုင်းနဲ့ထုတ်ပြီးကားနဲ့ လှည့်တယ်။NLDကဦးမဲက တော့ ဗိုလ်ချုပ်အောင်ဆန်း ဘိလတ် သွားတုန်း အင်္ကျီ ထဲ လက်နှိုက်ထားတဲ့ ပုံကို ချိတ်ပြီး လာ တာ။ နောက် ဒေါ်အောင်ဆန်းစု ကြည်ပုဝါကြီးနဲ့ပုံကို ပုံကြီးချဲ့ ချိတ် ထားတယ်။ ကြံ့ခိုင်ရေးက ဦးဖြူက လူဖော် ပြီးNLD က ဦးမဲက ပုန်းနေ တယ် ဆိုတော့ သူကဘာတုန်း။သူတို့က ကျွန် တော်တို့ ကြံခိုင်ရေးတွေကို မိုးကျရွှေကိုယ်လို့ ပြော ကြတယ်။ သူတို့ကကျတော့ မြေလျှိုးပြီးလာတာဗျ။ ရောက်လာတာဗျ။ ပြောချင်တာက ၂၀၁၅ ရွေး ကောက် ပွဲမှာ ပြိုင် မယ်NLD က အမတ်တွေ ကိုယ့်ပုံ ကိုယ်ဖော်ပြီးပြိုင်ပါ။ ဓာတ်ပုံကြီးနဲ့လာပါ။ ကျွန်တော် ကတော့ ဒီရှုပ် ပါ တီက မောင်မဲဖြစ်ပါတယ်။ ကြံ့ဖွံ့ က ဘူးလက်လှဆွေနဲ့ ပြိုင်ပါမယ်ဆိုပြီး သတိ္တရှိရှိပြိုင် ပါ" ဟု ဦးလှဆွေ က စိန်ခေါ်ပြောကြားသည်။
ထို့အပြင် ဒီချုပ်လား၊ ဒီရှုပ်လား ဟု NLD ပါတီကို မေးခွန်းထုတ်ခဲ့ပြီး လွှတ်တော်တွင်း၌လည်း မပြော ရဲမဆို ရဲ ဖြစ်နေကြောင်း ပြောကြားခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျန်းမာရေးထိခိုက်မည် စိုးသဖြင့် ချင်းတောင်ကဲ့သို့ ရေခဲတမျှအေးသည့် ဒေသများကို သွားရောက်စည်းရုံးခြင်း မပြုဘဲ ချင်းတိုင်း ရင်းသား များ ကို အခွင့်အရေးပေး ပါ ဟု တိုက်တွန်းပြောကြားလိုက်သည်။
"ခုဟာက သူတို့ပုံလည်းမဖော်၊ လွှတ်တော်ထဲ ရောက်တော့လည်း ဘာမှမပြောရဲဘူး။ လွှတ်တော် ထဲမှာ နင် လား၊ ငါလား အစိုးရကို အတိုက်အခံလုပ် တာ ကြံ့ခိုင်ရေးက အမတ်တွေပဲ။ ဒီချုပ်လား၊ ဒီရှုပ် လားတော့ မသိ ဘူး။ လွှတ်တော်ထဲမှာလည်းဘာမှ မပြော။ စည်းရုံးရေးဆင်းတော့လည်းသူ့ ပုံသူ မဖော်။ ဗိုလ် ချုပ်အောင်ဆန်း ပုံကြီးနဲ့ဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းကဘယ်တုန်းကများNLD ပါတီဝင် သွားလည်း မသိ ဘူး။ ဗိုလ်ချုပ်ပုံကြီးကိုသုံးပြီး စည်းရုံး ရေးဆင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ မယှ ဉ်နိုင် ဘူး။ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ဆိုတာက ပြည်သူတွေနဲ့အမြင်မှာ နံ့သာဆီနဲ့ လက်ပံတုံးလိုပဲ။ ကျွန်တော် ယှဉ် ရင် ရှုံးမှာပဲ။ စန်္ဒာမင်းပဲ လာလာ၊ ဇေယျာသော်ပဲလာလာ။ ဘူးလက်လှဆွေနဲ့ပြိုင်မယ်။ စန္ဒာမင်း ဆို လည်းစန်္ဒာမင်းပုံကိုဖော်ပြီးပြိုင်၊ ဇေယျာ သော်ဆိုလည်း သူ့ပုံကိုသူဖော်ပြီးတော့ပြိုင်၊ ဗိုလ် ချုပ်ေ အာင် ဆန်း ပုံ  နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖော်ပြပြီးတော့ သူတို့ပုံကို သူတို့ မဖော် ဘဲ ရွေး ကောက် ပွဲဝင်ပြိုင် ရင်တော့ သတ်္တိမရှိလို့ပဲ၊ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်။ ဒီလို ပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ဆိုလည်း ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ လာမယ့် ၂၀၁၅ ပွဲထွက်တဲ့အခါNLD အနေ နဲ့ သတိ္တရှိ ကြ ပါ။ နောက် ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အသက်လည်းရလာပြီ။ ချင်းတောင် လို ရေခဲ တဲ့နေ ရာတွေ သွားမနေပါနဲ့။ ကျန်းမာရေး ထိမှာစိုးလို့ပါဗျာ။ အဲဒီချင်းတောင်လိုနေရာတွေမှာ တိုင်းရင်းသားတွေ ကိုပဲပေး လိုက်ပါ။ သတိ္တဆိုတာက ဒါငါ့ပုံ ဒီပုံချိတ်ထားပြီး ရွေးကောက်ပွဲဝင် အရွေးခံ မယ်။ ဒါဆိုပြည်သူက အကဲ ခတ်ပြီး ရွေးသင့် မရွေး သင့် စဉ်းစားလို့ရပြီလေ။ ခုဟာက ဗိုလ်ချုပ်ပုံပဲ သုံးနေတယ်။ ဗိုလ်ချုပ်အောင် ဆန်းဟာမြန်မာပြည် သူ တွေရဲ့ နှိုင်းမရတဲ့ ဖခင်။NLD ပါတီရဲ့ ခေါင်း ဆောင်လည်းမဟုတ်ဘူး။ ပါတီဝင် လည်း မဟုတ်ဘူး" ဟု ၄င်းက ပြောဆိုသည်။
ဦးလှဆွေသည် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်က ရွှေလက်နှင့် ခေါ်တုန်း မလာ လျှင် Bullet တွေပဲ လာလိမ့်မည် ဟု မှတ်ချက်ပြုခဲ့ခြင်းကြောင်း ဘူးလက်လှဆွေ ဟု အမည် တွင်ခဲ့ သူ ဖြစ်သည်။

Ref: ပြည်သူ့ အာဏာ