အေပီ၊ ဘီဘီစီနှင့် အခြားပြည်ပ သတင်းဌာနများမှ ဖော်ပြခဲ့သော ဇန်နဝါရီ
၁၃ ရက် ညပိုင်း က မောင်တော မြို့နယ် ဒုချီးရား တန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း အကြမ်း ဖက် သတ်ဖြတ် ခံရ မှုကြောင့် လုံခြုံရေး တပ် ဖွဲများမှ
ကျေးရွာအတွင်း ဝင်ရောက်ပြီး ပတ်ခတ်သဖြင့် ဘင်္ဂါလီ ၄ဝ ကျော် သေ ဆုံးပြီး ၂ဝ
ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အဆို ပါကျေး ရွာတွင်
နေ ထိုင် သူများ အနေဖြင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ
အနီး ဝန်းကျင် ကျေးရွာ များတွင် နေထိုင် သူများကလည်း လူအများအပြား
သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ၎င်းတို့ မကြား မိကြောင်း ပြောကြားသည်။
ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည်
မောင်တောမြို့နယ် ခရေမြိုင် ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များ အပါအဝင် ခရေမြိုင်၊
ကင်းချောင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိ သူများ လိုက်ပါပြီး
နယ်မြေ လုံခြုံရေးအတွက် ကင်းလှည့်လည်စဉ် ဒုချီးရားတန်းကျေးရွာ၌
တာဝန် ထမ်းဆောင် ရင်း အကြမ်း ဖက်မှု ခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင်
ပြည်တွင်းအခြေစိုက် ဧရာဝတီ သ တင်း ဌာ န အပါအဝင် နိုင်ငံတကာ
သတင်းဌာနများဖြစ်သော AP၊ BBC နှင့် မီဒီယာအချို့၌
လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာ
အတွင်းသို့ဝင်ရောက်ပြီး အမျိုးသမီးများနှင့် ကလေး သူငယ် ၄ဝ ကျော်အား
ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။
ယင်းသို့ သတင်းဖော်ပြမှုများကြောင့် ရန်ကုန်မြို့ရှိ အင်္ဂလန်နှင့် အမေရိကန်က
ကြေညာချက်များ ထုတ်ပြန် ပြီး ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး
သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန်
တောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် ဒုချီးရားတန်းဖြစ်စဉ်အတွက် ရခိုင်ပဋိပက္ခ
စုံစမ်းရေးကော် မရှင်အား သွားရောက်ပြီး စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သလို
အဆိုပါ တွေ့ရှိ ချက်များအား ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၌လည်း
နိုင်ငံတကာမှ သံတမန်များအား ဖိတ်ကြားပြီး ဒုချီးရား တန်းဖြစ်စဉ်အား
အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၉
ရက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia
ဦးဆောင်သော သံတ မန် အဖွဲ့ သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကာ
ပြည်နယ်အစိုးရအဖွဲ့မှ တာ ဝန်ရှိ သူ များနှင့် တွေ့ဆုံပြီး
ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို
မေးမြန်းခဲ့ကာ စစ်တွေ မြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏
ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါ အဖွဲ့သည် ဇန်နဝါ ရီ
၃ဝ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ရောက်ရှိကာ
အခင်းဖြစ်ပွား ခဲ့သော ဒုချီးရားတန်းကျေးရွာသို့ သွားရောက်ပြီး
ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ဒုချီးရား တန်းကျေး ရွာ၌
အမျိုးသမီးများနှင့် ကလေးငယ်များသာရှိပြီး အမျိုးသားများမှာ
အခင်းဖြစ်ပွား သည့်အချိန် နောက်ပိုင်း ကတည်းက တိမ်းရှောင်ပုန်းအောင်းနေကြပြီး
၎င်းတို့ပုန်းအောင်နေသော နေရာကို မသိ ရှိကြောင်း ဒေသခံများက ထွက်ဆိုကြသည်။
သံတမန်များက ပုန်းအောင်းနေသူ အားလုံးကို ဖမ်းဆီရန် အစီအစဉ် ရှိမရှိ ကို
ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုအား
မေးမြန်းရာ ဖမ်းဆီးရန် အစီအစဉ် မရှိဘဲ စစ်ဆေးမေးမြန်းရန်သာ ရှိကြောင်းနှင့်
ရဲတပ်ကြပ်ကြီးအား အကြမ်းဖက်မှုတွင် ပါဝင်သူများအား ဖော်ထုတ်နိုင်ပါက
ကျန်ကျေးရွာသူ ကျေးရွာသားများအား ဖမ်းဆီး မည် မ ဟုတ်ကြောင်း ပြော ကြားခဲ့သည်။
Eleven Media Group သတင်းအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားခဲ့သော
ဒုချီးရားတန်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများသို့ ဇန်နဝါရီ ၃၁
ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က သွားရောက်ပြီး စုံစမ်းခဲ့ရာတွင် အဆိုပါကျေးရွာ၌
အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး
အကြမ်း ဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့်
နားမလည်ကြောင်း ကိုသာ ပြောကြားကြ သည်။ အဆိုပါ အမျိုးသမီးများသည်
ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာ သာစကားကိုလည်း မပြောဆိုနိုင်ကြသလို
မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်။ လူ ၄ဝ ကျော်
အသတ်ခံရသည်ဆိုသော သတင်းနှင့် လူရှစ်ဦးကို ရက်စက်စွာ သတ်ဖြတ် ခဲ့သည် ကို
မြင်တွေ့ခဲ့သူ ရှိမရှိ မေးမြန်းရာတွင်လည်း ၎င်းတို့ မမြင်တွေ့ရကြောင်းနှင့်
လူရှစ်ဦးအား သတ်ဖြတ်ပြီး ကင်းချောင်းကျေးရွာ သုသာန်ဟောင်းအနီးမှ
တောင်ကြားတွင် မြှုပ်နှံထားသည်ဟု ထင်းခုတ်သမား တစ်ဦးက ပြောသဖြင့်
သိရကြောင်းသာ ပြောကြားပြီး အဆိုပါ ထင်းခုတ်သမား၏ အမည်နှင့် မည် သည့်ကျေးရွာ က
ဖြစ်သည် ကို မေးမြန်းရာ တွင်လည်း ပြန်လည်ဖြေဆိုနိုင်ခြင်း မရှိပေ။
ရဲတပ်ြ ကပ်ကြီး အောင်ကျော်သိန်း တာဝန်ကျရာ ခရေမြိုင်ကျေးရွာမှာ
ဒုချီးရားတန်းကျေးရွာနှင့် တစ်မိုင် ခန့်သာဝေး ကွာပြီး
ရခိုင်တိုင်းရင်းသားများနှင့် မြန်မာများနေထိုင်သော ကျေးရွာဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သော ဇန်နဝါရီ ၁၃ ရက်ည ဖြစ်စဉ်များနှင့်ပတ်သက်ပြီး
ကျေးရွာလူကြီး ဦးခင်မောင်ဝင်းနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော် သိန်း၏
ညီဖြစ်သူ ကိုထွန်းဖြူအား တွေ့ဆုံပြီး မေးမြန်းခဲ့ရာတွင် သတင်းမီဒီယာအချို့၏
ဖော်ပြ ချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်ကို တွေ့ရှိခဲ့ရသည်။
ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက “ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက အင်မတန်
စိတ်သဘောထားကောင်းတဲ့သူပါ။ အရက်သေစာ သောက်စားတတ်တဲ့သူလည်း မဟုတ်ပါဘူး။တင်းလှည့်သွားတာကလည်း ပုံမှန်လှည့်ကင်း သွားကြတာပါ။ ရွာထဲကိုရောက်တော့
လူအုပ်နဲ့ဝိုင်းပြီး ရန်လုပ်တာ ခံခဲ့ရတာပါ။ ရဲတွေမှာ လက်နက်အင်အား
မကောင်းတာ သိလို့ ဒီလိုလုပ်ကြတာ။ တစ် လုံး ထိုး သေ နတ်တွေ ပဲ ရှိ ပြီး
အောင်ေ ကျာ် သိန်း ကိုင်တဲ့ M-22 မောင်းပြန်သေနတ်က အခင်းဖြစ်မယ့်နေ့ နေ့လယ်ကမှ
မောင်တောက ထုတ်ခဲ့ တာပါ။ ကင်းလှည့်သွားရင်း လူစုနဲ့ရန်ပြုခံရလို့
ခရေမြိုင်စခန်းက ရဲတွေပြန်လာပြီး အောင်ကျော်သိန်း ကျန် ခဲ့ တယ် ဆိုတာ သိရပြီး
မျှော်နေကြတယ်။ ချက်ချင်းဆိုသလိုပဲ ခရိုင်နဲ့မြို့နယ်အဆင့်က ရောက်လာကြပြီး
သုံးနာရီအတွင်း အောင်ကျော်သိန်းကို ပြန်ထုတ်ပေးဖို့ ပြောပါတယ်။
မပေးတဲ့အတွက် သတ်မှတ်တဲ့အချိန်မှာ ရွာထဲကိုဝင်တော့ ယောက်ျားသားတွေ
မရှိတော့ဘူး။ ပတ်သံခတ်သံလည်း မကြား ရပါဘူး။ ခရေမြိုင်နဲ့ ဒုချီးရားတန်းဆိုတာ
လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်အတွင်းရောက်တဲ့ အကွာ အဝေးပါ။ လူ ၄ဝ ကို
ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ရွာက အတိုင်းသား ကြားရမှာပါ။
ဘယ်သူ လာမေးမေး ကျွန်တော်ဒီအတိုင်းပဲ ဖြေပါမယ်။ မဟုတ်မမှန်လည်း
မပြောတတ်ပါဘူး။ လူ ၄ဝ ကျော်သေ တယ်လို့ ပြောပေမယ့် သူတို့သင်္ချိုင်းက
လွန်ခဲ့တဲ့ ၂ဝ၁၂ ကတည်းက အတိုင်းပါပဲ။ သေသူမရှိတဲ့အတွက်
ဖုန်းဆိုးကွင်းကြီးတောင် ဖြစ်နေပါပြီ။ သူတို့ဘာသာရေး ထုံးစံအရဆိုရင်
ဒီအတိုင်းမြှုပ်ရပါတယ်။ အခုဘာမှ မတွေ့ပါဘူး” ဟု ပြောကြားသည်။
ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့်
ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ
ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော
ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်)
ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီး လူဦးရေမှာလည်း ၁ဝဝ
ပတ်ဝန်းကျင်သာ ရှိကြသည်။ ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ
တစ်နေရာနှင့် တစ်နေရာ အလှမ်းကွာသော်လည်း ဘင်္ဂါလီကျေးရွာများမှာ
ဆက်စပ်လျက်တည်ရှိကြသည်။ ထို့ကြောင့် ရခိုင်တိုင်း ရင်းသားများ အနေဖြင့်
လုံခြုံရေး အစောင့်အရှောက်ဖြင့်သာ နေထိုင်ရဲကြပြီး
ဘင်္ဂါလီကျေးရွာ များဖက်သို့ သွားရောက် ရဲကြခြင်း မရှိကြောင်း သိရသည်။
ကင်းချောင်းရဲစခန်းမှ ရဲတပ်သားများကလည်း ဒုချီးရား တန်းကျေးရွာသည် ၂ဝဝ၈
ခုနှစ်ကလည်း ရဲတပ်ကြပ်တစ်ဦးအား ရိုက်နှက်ခဲ့ဖူးပြီး လက် ရှိအချိန် တွင်လည်း
စခန်းမှူး ကိုပင် ဓားပြကာ ခြိမ်းခြောက်သည့်ရွာဟု ပြောကြားသည်။
ရွာအနီးရှိချောင်းမှ နာရီ ဝက်ခန့်သွားလျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့
ရောက်ရှိသဖြင့် ပြစ်မှုကျူးလွန်ပြီးလျှင် ထွက်ပြေးသွား တတ်ကြသည်ဟု
ပြောကြား ချက်များအရ သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းများ
ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ဇန်နဝါရီ ၃၁ ရက်က
တွေ့ဆုံမေးမြန်းခဲ့ ရာတွင် ၎င်းက “ဇန်နဝါရီ ၁၄ ရက်မှာ ရွာထဲကိုဝင်တော့
ဗလီစောင့်တစ်ဦးပဲ ယောက်ျားသားတွေ့ရတယ်။ ကျန်တာက မိန်းမနဲ့ကလေးတွေပဲ။
မေးကြည့်တဲ့အခါ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးသွား ကြတယ် ပြောပါတယ်။
ဗလီစောင့်နဲ့ ရွာနားမှာ ပုန်းနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ လူ ၂၇
ဦးရဲ့ အမည်ကို ရပါတယ်။ လက်ရှိအချိန်မှာ ၁၆ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှူးဆီကိုလည်း သူတို့ဓာတ်ပုံတွေနဲ့
ကိုယ်ရေးအချက်အလက်တွေပို့ပြီး အဲဒီဘက်မှာ ရှိ၊ မရှိ စစ်ဆေးပေး ဖို့
အကူအ ညီတောင်းထားပါတယ်။ အခင်းဖြစ်တဲ့ရွာက အရင်ကတည်းက နာမည်ဆိုးတဲ့ရွာပါ။
ဇန်နဝါရီ ၁၃ ရက်က သူတို့ဘာသာရေးရဲ့ တမန်တော်နေ့ပါ။
ကင်းချောင်းအုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ပြီး ရွာကိုလာဖို့ခေါ်တယ်လို့
သိရပါတယ်။ နောက်ပြီး မောင်တောက ဌာနဆိုင်ရာ အရာရှိတစ်ယောက်ကိုလည်း
ရွာကိုလာဖို့ ခေါ်ပါသေးတယ်။ ဘယ်သူမှမသွားကြဘဲ ကင်းလှည့်သွားတဲ့
တပ်ကြပ်ကြီးကို အခုလို လုပ်လိုက်တာပါ။ ရည်ရွယ်ချက်နဲ့လုပ်တာပြောလို့ ရပါတယ်။
နောက်ပြီး EU သံတမန်တွေ လာမယ် ၃ဝ ရက်မတိုင်မီ ၂၉ ရက်ညကလည်း
ရွာကိုမီးရှို့ပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်မီးရှို့ပါတယ် ဆိုပြီး
သတင်းလွှင့်ပါတယ်။ အခုဖြစ်စဉ်က နိုင်ငံတော်ဝန်ထမ်းတစ်ယောက်ကို အကြမ်းဖက်ပြီး
လက်နက်လုယူတဲ့ နိုင်ငံတော်ပုန်ကန်မှုပါ။ ဒါကြောင့်
ကျွန်တော်တို့တောင်းဆိုထားတဲ့ ရဲတပ်ကြပ်ကြီးနဲ့ လက်နက်မရမချင်း ဖိဖိစီးစီး
လုပ်သွားပါမယ်” ဟု ပြောကြားသည်။ မောင်တောမြို့နယ်
ဒုချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက
စုံစမ်း စစ်ဆေးပေးရန် တောင်း ဆိုခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးရုံး
အာရှရေးရာ ဝန်ကြီးကလည်း ဒုချီးရားကျေး ရွာ ဖြစ်စဉ် အပေါ် ကြေညာချက်
ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်အား သိရှိနိုင်ရန် ဥရောပသမဂ္ဂ
သံအမတ်ကြီး ဦးဆောင်သော သံတမန်အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်၍
ဒေသခံများကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြင်သစ်သံအမတ်ကြီးက အစ္စလာမ်
ဘာသာဝင်များအား ၎င်းတို့၏ လူမျိုးအပေါ် ထင်မြင်ချက်ကို မေးမြန်းမှုအပေါ်
ရွာသစ်ကေရပ်ကွက် တာဝန်ခံဘာဆဲက “ကျွန်တော်တို့ကတော့ ဝန်ထမ်းသားသမီးပါ။
မောင်တောမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် အတူတကွ စားအတူ၊ သွားအတူနေပြီး
ငြိမ်းချမ်းနေပါတယ်။ ၉၉ ရာခိုင်နှုန်း ငြိမ်းချမ်းနေပါတယ်။ လူနည်းစု
တစ်စုကသာ ဆူပူမှုပြဿနာဖြစ်အောင် ဖန်တီးနေပါတယ်။ ဒါကို ပူးပေါင်းပြီး
အရေးယူဆောင် ရွက် ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း
ပူးပေါင်းပါဝင် ဆောင်ရွက်နေပါ တယ်။ ကျွန်တော်တို့က နိုင်ငံတော် က
သတ်မှတ်ပေးတဲ့ လူမျိုးကို လက်ခံပါတယ်။ ကျွန်တော်တို့က
မွတ်စလင် လူမျိုးတွေပါ” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။ ထို့အပြင်
အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူး ဆိုတော့
တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရားမဝင် ရောက်လာ သူများလား၊ ဒီမှာပဲ
မွေးဖွား သူများလား စသည်ဖြင့် မေးမြန်းမှုကို မြို့မတောင်ရပ်ကွက်
တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင်ပါတယ်။
ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွား ကအစ နေထိုင်လာခဲ့ကြတာပါ။
ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့
ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာ က
ကျွန်တော်တို့ကို ပညာရေးတိုးတက်အောင် ကူညီပေးစေချင်ပါတယ်။
ပညာရေးမြင့်မား လာပြီဆိုရင် အားလုံးအဆင်ပြေသွားမှာပါ” ဟု
ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်က
ဒုချီးရားတန်းကျေးရွာအတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွား ပုံနှင့် ပတ်သက်၍
မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိ ရပြီး
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊
နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့ မေးမြန်းနေစဉ်အတွင်း
မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင် အတွင်းရေးမှူး
ဦး စစ်မြိုင်နှ င့်အဖွဲ့ သည် ကျေးရွာ အတွင်း ဝင်ရောက်ပြီး လူ ၄ဝ
ကျော် အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ြ ပီး တောင် ကြားတွင်
မြှုပ်နှံ ထားသည့် ဖြစ်စဉ်များအတွက် သက်သေ အထောက် အထားများအား
ရွာခံ အမျိုး သမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ
အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုး သားများအား မေးမြန်းခဲ့သည်။
လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက် ကူညီသော မောင်တောမြို့နယ်
ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား
ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းသိရှိ ထားသည် များအနက် မှ
ပြောကြားပေး ရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ
ကျွန်တော်မရှိတဲ့အတွက် ဘာမှ မပြောပြနိုင်ပါဘူး။ ေဒသခံေ တြ ကိုေ မးတာ
အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။
ထို့အပြင်
အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူးဆိုတော့
တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရား မဝင် ရောက်လာသူများလား၊ ဒီမှာပဲ
မွေးဖွားသူများလား စသည်ဖြင့် မေးမြန်းမှု ကို မြို့မတောင်ရပ်ကွက်
တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင် ပါ တယ်။
ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွား ကအစ နေထိုင် လာခဲ့ကြတာပါ။
ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့
ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာက
ကျွန်တော်တို့ကို ပညာရေး တိုးတက်အောင် ကူညီပေးစေချင်ပါတယ်။
ပညာရေးမြင့်မားလာပြီဆိုရင် အားလုံး အဆင်ပြေသွားမှာပါ” ဟု
ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်က
ဒုချီးရားတန်းကျေးရွာ အတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍
မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိရပြီး
ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊
နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့မေးမြန်းနေစဉ်အတွင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး
ဦးစစ်မြိုင်နှင့်အဖွဲ့သည် ကျေးရွာ အတွင်းဝင်ရောက်ပြီး လူ ၄ဝ
ကျော်အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ပြီး တောင်ကြားတွင်
မြှုပ်နှံထားသည့် ဖြစ်စဉ်များအတွက် သက်သေအထောက် အထားများအား
ရွာခံအမျိုး သမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ
အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုးသားများအား မေးမြန်းခဲ့သည်။
လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက် ကူညီသော မောင်တောမြို့နယ်
ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား
ဒုချီးရားတန်းကျေးရွာဖြစ် စဉ်နှင့် ပတ်သက်ပြီး ၎င်းသိရှိထားသည် များအနက်မှ
ပြောကြားပေး ရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ
ကျွန်တော်မရှိတဲ့အတွက် ဘာမှမပြောပြနိုင်ပါ ဘူး။ ဒေသခံတွေကိုမေး တာ
အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်နှင့် တွေ့ဆုံခြင်း
မေး - အစ်မတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပါပြီလဲ။
ဖြေ - ၂၀၁၂ ခုနှစ် အောက်တိုဘာလကမှ အိမ်ထောင်ကျခဲ့တာပါ။ သူကအဖေနဲ့ ၁၀
နှစ်ကျော် လက်တွဲအလုပ်လုပ်ခဲ့တဲ့သူဖြစ်လို့ သူမောင်တောကို ပြောင်းခါနီးမှာ
ကျမနဲ့ အိမ်ထောင်ချပေးခဲ့တာပါ။ အဖေကလည်း ရဲဝန်ထမ်းပါပဲ။ အခု
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကုလားထိပ်ရဲစခန်းမှာ တာဝန်ကျနေပါတယ်။
သူက အသက် ၄၀ ၊ ကျွန်မက ၃၀ ပြည့်တော့မယ်။
မေး - မောင်တောကိုပြောင်းလာတာ ကြာပြီလား။ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အခုဖြစ်တဲ့ ရွာ နဲ့ ပြဿနာဖြစ် ဖူးတာရှိလား။
ဖြေ - မကြာသေးဘူး ဒီကိုပြောင်းလာတာ။ လက်ထပ်ပြီးနောက်မှ။ သူက
ခရေမြိုင်ရဲကင်းမှာ တာဝန်ကျလို့ အဲဒီကိုလိုက်နေတာ လေးလလောက်ပဲ ရှိသေးတယ်။
သူက မသောက်တတ် မစားတတ်ပါဘူး။ ပတ်ဝန်းကျင်ရွာတွေနဲ့လည်း အဆင်ပြေပါတယ်။
ပြဿနာတစ်စုံတစ်ရာမှ မဖြစ်ခဲ့ဖူးပါဘူး။
မေး - အစ်မက မီဖွားခါနီးဆိုတော့ ဘယ်အချိန်က မောင်တောကို ပြန်ပြောင်းလာတာလဲ။
ဖြေ - ဇန်န၀ါရီ ၈ ရက်ကမှ ဆေးရုံတက်ဖို့ မြို့ကိုပြန်လာတာ။ သူက
တစ်နေ့တစ်ခေါက်တော့ လာပါတယ်။ ၁၃ ရက်ကလည်း လက်နက်လာထုတ်တာဆိုပြီး နေ့ခင်းမှာ
ရောက်လာပါတယ်။ အလုပ်တွေ ရှိသေးလို့ဆိုပြီး အိမ်ထဲကိုတောင် ၀င်မသွားပါဘူး။
အပြင်ကနေပဲ စကားပြောပြီး ပြန်သွားတယ်။ အဲဒါ နောက်ဆုံးတွေ့လိုက်ရတာပါပဲ။
ညပိုင်းမှာ ဖြစ်တယ်လို့သိရပြီး ပြန်တွေ့နိုးနိုး စောင့်နေရတာ
အခုချိန်အထိပါပဲ။
မေး - မီးဖွားဖို့အတွက် ဒီကိုရောက်လာရင်း ဖြစ်သွားတာဆိုတော့ အခက်အခဲတွေ ရှိမှာပေါ့။
ဖြေ - အခက်အခဲကတော့ ရှိတာပေါ့။ မြို့နယ်ကရော ခရိုင်ကပါ ၀ိုင်းကူညီကြလို့
အစစအရာရာ အဆင်ပြေပါတယ်။ ကလေးက ခွဲပြီးမွေးရတယ်။ လူကလည်း သောကစိတ်နဲ့ဆိုတော့
ကျန်းမာရေး မကောင်းတဲ့ကြားက ခက်ခက်ခဲခဲ မွေးခဲ့ရတာ။
မေး - ကလေးငယ်လေးနဲ့ဆိုတော့ ဒုက္ခရောက်နေမှာပေါ့။
ဖြေ - သူအဲဒီလိုဖြစ်တယ် သတင်းကြားတော့ ဖျာပုံမှာရှိတဲ့ အဖေနဲ့အမေ
ရောက်လာပါတယ်။ သူတို့ကလည်း ရဲဝန်ထမ်းတွေဆိုတော့ အခက်အခဲတွေကြားက လာကြရတာလေ။
အဖေကလည်း သူလိုရဲတပ်ကြပ်ကြီးပါ။ အမျိုးသားရော ကျမတို့ကပါ
ရခိုင်တိုင်းရင်းသားတွေပါ။
မေး - ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ် စီစဉ်ထားပါသလဲ။
ဖြေ - ဒီမှာ ကလေးငယ်လေးနဲ့ ဘယ်လိုမှနေလို့ မဖြစ်ဘူးလေ။ အဖေတို့ရှိရာကို
လိုက်သွားရမှာ။ ကလေးငယ်သေးလို့ ခဏစောင့်နေရတာ။ ကုလားထိပ်မှာက
နေလို့အဆင်မပြေတော့ အမာမြို့သစ်မှာ အမေတို့နဲ့အတူ နေရမှာပေါ့။
သွားရေးလာရေးကခက်တော့ မောင်တောကနေပြန်ဖို့ ခက်နေတယ်။ စစ်တွေကနေ
လေယာဉ်နဲ့ပြန်ဖို့ အဆင်မပြေမှာ စိတ်ပူတယ်။
မေး - တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။
ဖြေ - ကျမတို့က ရခိုင်တိုင်းရင်းသားတွေပါ။ ကိုယ့်လူမျိုးကို
စောင့်ရှောက်ရင်း အခုလိုဖြစ်သွားရတဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့်
ဂုဏ်ယူပါတယ်။ လူကြီးတွေကလည်း သူ့အတွက် ၀မ်းနည်းလို့မဆုံးပါဘူး။
ကလေးရှေ့ရေးအတွက်တော့ စိတ်ပူရတာရှိပေမယ့် ကြိုးစားသွားရမှာပေါ့။
ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အတွက် အခုလိုမျိုး
ဖြစ်သွားရတာပါ။ ဒါကိုသူက သက်သေပြသွားတာပါ။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
(Profile)
အမည်- ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
ကိုယ်ပိုင်အမှတ် - ၁၇၂၁၀၈
မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၇၅
လုပ်သက် - ၁၈ နှစ်
ဇနီးအမည်- ဒေါ်ခင်အေးလွင်