468x60 Ads
Tuesday, July 24, 2012
အချစ်အတွက် အသက်ပင်သေသေ...
ထိရှိစေခဲ့ ပါတယ်...
အချောဆုံးဆိုတဲ့ အမျိုးသမီးငယ်၊ မိန်းကလေးတွေကို ဖြန့် ကျဲပေးအပ်ခဲ့ လေပြီ...
နိုင်ဂျီးရီးယားနိုင်ငံ၊ဘီနူးပြည်နယ်၊ အော့ဂ်ဘာဒီဘို နယ်မှ အူရိုကိုအိုနိုဂျာ အမည်ရှိသူ ကိုဖိုးစွံတစ်
တက်ကျိုးရတဲ့ အဖြစ်နဲ့ ဆုံကာ အိပ်ယာပေါ်မှာတင် အသက်ပျောက်ခဲ့ ရပါတယ်...
ကမ္ဘာအကြီးဆုံး၊ အနံ့ အပုပ်ဆုံးပန်း ဂျာမနီမှာပွင့် ပြီ...
(ဇူလိုင် ၂၅)
သတ္တပါတ်က ထောင်ပေါင်းများစွာသောကြည့် ရှုလေ့ လာသူများဟာ ဂျာမနီနိုင်ငံ၊ ဘွန်းတက္က
သိုလ်၏ ရုက္ခဗေဒ ဥယျာဉ် သို့ သွားရောက်လေ့ လာကြည့် ရှုခဲ့ ကြပါတယ်...
လှပါတယ်တဲ့ ...ဒါကြောင့် မို့ လည်း အလောင်းပန်း လို့ တောင်နာမည်ပြောင်ရခဲ့ ပါတယ်...
အဆိုပါရုက္ခဗေဒဥယျာဉ်မှ သုတေသနပညာရှင်များကတော့ ထိုပန်းပွင့် ကြီး ဖူးပွင့် လာပုံအဆင့် 
ဆင့် ကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး အချိန်ကလာတိုတောင်းစွာဖြင့် ကြည့် ရှုနိုင်
တစ်ကယ့် ကိုအနံ့ ဆိုးဝါးလှပါတယ်လို့ ပြောနိုင်ပါတယ်ဗျာ... ပုပ်ပွနေတဲ့ အလောင်းကနေထွက်
ဆူမတ်တြားဒေသတွင်စတင်ပေါက်ရောက်သည့်အဆိုပါ ဘွန်းတက္ကသိုလ်ရှိ ပန်းပွင့် မျိုးဟာ အ
မြင့် ၁၈ ပေ၊ ၁၁ လက်မ အထိရှိခဲ့ တာမို့ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့ အကြီးဆုံး၊ အရှည်ဆုံးပန်းပွင့် 
အဖြစ် စံချိန်တင်ခဲ့ တာဖြစ်ပါတယ်...
ထိုစံချိန်ကို အမေရိကန်နိုင်ငံ၊ နယူးဟမ့် ပ်ရှိုင်းယားနယ်၊ ဂေးလ်ဖို့ အရပ်ရှိ ၀င်နီပီဆော်ကီး သစ်
ခွဥယျာဉ်မှ ၁၀ ပေ၊ ၂ လက်မ ရှိ မျိုးနွယ်တူပန်းပွင့် ကြီးက တစ်ကြိမ် ချိုးခဲ့ ပါတယ်...
ကြောင်ကလေးမွေးတဲ့ ခွေး
 ခွေးကနေကြောင်မွေးတယ်ဆိုယင်တော့ ဒါဟာ ထူးယင်ထူး မထူးယင်
ရူးလို့ ပြောတာပါပဲ
တောင်ကိုးရီးယားနိုင်ငံမှအမျိုးသားတစ်ဦးက ၎င်း၏ခွေးတစ်ကောင်က ကြောင်တစ်ကောင်အား
ခွေးဖွားခဲ့ ပါတယ်ဟု အခိုင်အမာပြောကြားနေပါတယ်..
တောင်ကိုးရီးယားနိုင်ငံ၊ တောင်ဂျိုလာပြည်နယ်မှ အသက် ၆၃ နှစ်အရွယ်ရှိ ဂျောင်ပြွန်ဘွန်း က
အားမွေးဖွားခဲ့ တယ်လို့ ဆိုပါတယ်...
ကလူတွေလည်း လာကြည့် ကြပါတယ်..." လို့ သူကဆိုပါတယ်...
ခွေးမကြီးဟာ လွန်ခဲ့ တဲ့ မေ လလောက်က အရပ်ထဲလျှောက်လည်သွားခဲ့ ပြီးနောက် ကိုယ်ဝန်ရှိ
လာခဲ့ ပုံရတယ်လို့ သူကပြောပါတယ်....
သို့ သော်ငြားလည်း ခွေးကနေကြောင်ကလေးမွေးတယ်ဆိုတာကတော့ ဖြစ်နိုင်စရာလုံးဝမရှိပါ
ဘူးလို့ ကျွမ်းကျင်သူပညာရှင်များကဆိုပါတယ်...
နဲ့ တူတဲ့ ခွေးပေါက်ကလေးဆိုယင်တော့ ဖြစ်နိုင်ါပတယ်..." လို့ ချူံနမ်အမျိုးသားတက္ကသိုလ်၊ တိ
ရိစ္ဆာန်ဆေးဝါးဗေဒကောလိပ်မှ ပါမောက္ခ ဆွန်ချန်ဟိုး ကပြောကြားခဲ့ ပါတယ်...
နေပြည်တော်မှာ ဆူမီတိုမို ကော်ပိုရေးရှင်းရုံး ထပ်ဖွင့်မည်
မြန်မာနိုင်ငံတွင်း သတင်း ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်လို့ ကူညီနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ဆူမီတိုမို ကော်ပိုရေးရှင်း ( Sumitomo Corporation) ဟာ ရန်ကုန်မှာရှိတဲ့ ရုံးအပြင် နောက်ထပ် ရုံးတစ်ရုံးကို သြဂုတ်လ ၁ ရက်နေ့မှာ နေပြည်တော်မှာ ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ဖော်ဆောင်ရေးနဲ့အတူ စီးပွားရေး ကန့်သတ် ထိန်းချုပ်မှုတွေကို ပြောင်းလဲနေတဲ့ လုပ်ငန်းတွေထဲ ဒီကော်ပိုရေးရှင်း အဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီ ဆူမီတိုမို ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ ၁၉၅၄ တုန်းက ရန်ကုန်မှာ ပထမတစ်ကြိမ် ရုံးဖွင့်လှစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ရထားတွဲ ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ယန္တရား ပစ္စည်းတွေအပြင် မော်တော်ယာဉ်နဲ့ ဓာတုဆေးဝါးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။
ဆူမီတိုမို ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံမှာ ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အခု နိုင်ငံပေါင်း ၆၀ ကျော်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "
မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။
ဂီတအစည်းအရုံးသစ် ပြန်လည်ရွေးချယ်မည့် အပေါ် ဂီတလောကသား အချို့၏ သဘောထား အမြင်များ
e5164အစိုးရသစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာလောကသားများ ကိုယ်တိုင်ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းသစ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းခဲ့ရာ၌ ရုပ်ရှင်လောကသားများ ကိုယ်တိုင်ရွေးချယ် တင်မြှောက်သည့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ဒုတိယမြောက် လှုပ်ရှားမှုအဖြစ် ဂီတအစည်းအရုံး ပြန်လည်ရွေးချယ်တင်မြှောက်ရန် စီစဉ်ရာ၌ လူငယ်ဂီတသမားများ ပါဝင်ခွင့်ရရှိရန်  အတွက် ခေတ်သစ်အလွှာတစ်ခုအဖြစ် ထပ်မံဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ ပြည်သူ့လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခေတ်သစ်အလွှာတစ်ခု ဖွဲ့စည်းခွင့်ရရှိပြီးနောက် ဇူလိုင်လအတွင်း ပြုလုပ်မည့် ဂီတအစည်းအရုံး ပြန်လည်ရွေးကောက် တင်မြှောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ၊ မိမိဆန္ဒအလျောက် မဲပေးမည့်သူများ စသည်ဖြင့် ပြင်ဆင်နေကြပြီဖြစ်သည်။ ဂီတလောကအတွက် ခြေလှမ်းသစ် တစ်ခုဟု ဆိုနိုင်မည့် အဆိုပါ ရွေးကောက်တင်မြှောက်ပွဲနှင့် ပတ်သက်၍ ဂီတအလွှာစုံမှ အနုပညာရှင်များအား တွေ့ဆုံမေးမြန်း ဖော်ပြပေးဖြစ်ပါသည်။
ဂျေမီ
ဂီတအစည်းအရုံးရွေးကောက် ပွဲအတွက် အစည်းအဝေး စလုပ်တုန်းက အရွေးခံမယ့်သူက မရှိဘူးဖြစ်နေတယ်။ အငယ်ထဲမှာ ၀င်ရွေးခံမယ့် သူမရှိဘူး၊ ကိုRခိုင်တို့ကလည်း မင်းလုပ်သင့်တယ်လို့ ပြောကြတယ်၊ အားလုံးကလည်း သဘောတူကြတာနဲ့ ၀င်ဖြစ်သွားတာ။ ဂီတအစည်းအရုံး အဖွဲ့သစ်ဖွဲ့ဖြစ်ပြီ ဆိုရင်တော့ ကောင်းမှာပါ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကတော့ fight  သင့်တာကို fight  ရမှာပါပဲ။ ရွေးကောက်ပွဲအတွက်တော့ ကြိုတင်ပြင်ဆင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့်အရင်လိုတော့ ပစ်စလတ်ခတ် နေလို့မရတော့ ဘူးပေါ့။ ကိုယ်က တာဝန်တစ်ခုရှိလာ တဲ့ သဘောမျိုး ဖြစ်လာမှာကိုး။
ရန်ရန်ချမ်း
တာဝန်က ကျွန်တော်တို့ ပခုံးပေါ် ရောက်လာတာပေါ့လေ။ လုပ်သင့်ပြီ ထင်လို့လုပ်ဖြစ်တာပါ။ ပြင်ဆင်မှုတွေတော့ လုပ်ရဦးမှာပါ။ အချိန်ကလည်း အရမ်းကပ်မှသိရသလို ကျွန်တော်က ကြားထဲမှာလည်း ဇနီးက ကလေးမွေးတာဆိုတော့ အလုပ်တွေများနေတာနဲ့ နောက်ကနေပဲ ကူညီ ပေးနိုင်တယ်။ ရှေ့ကနေအလုပ်တွေ အများကြီး မလုပ်နိုင်ဘူး ဖြစ်နေတယ်။ သူငယ်ချင်းတွေ အများကြီး ကူညီပေး ကြပါတယ်။ သူတို့တည်ပေးတဲ့ ဘောလုံးကို ကျွန်တော်တို့ ဂိုးသွင်းရမှာပေါ့။ အခုချိန်မှာ ကျွန်တော်ပြောချင် တာကတော့ ရှေ့မှာရှိနေတဲ့ လူကြီး တွေအနေနဲ့လည်း ကျွန်တော်တို့ကို တွဲခေါ်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တွေကလည်း ကျွန်တော်တို့မသိတာ မတတ်တာတွေကို ထောက်ပြဝေဖန် ပေးကြပါ။ ကျွန်တော့်ကို လူကြီး အရာသွင်းလာပြီပေါ့။ အဲဒီလိုလည်း ခံစားမိပါတယ်။
တေးရေးမေသော်
ဂီတလောကအတွက် တတ်နိုင်တာလေးတွေ၊ လုပ်နိုင်တာလေးတွေ လုပ်ဖြစ်မှာပါ။ ဖြစ်နိုင်ရင်တော့ နောက်ကွယ်ကပဲ လုပ်ပေးချင်ပါတယ်။ အခုလိုဝင်ပြိုင်ရမယ်ဆိုတာ ကလည်း နာမည်ကြေညာမှပဲ သိလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ဂီတလောက အတွက် တတ်နိုင်သလောက် လုပ်ခွင့်ရမှာ ဖြစ်တာကြောင့် ကြိုးစားပြီးလုပ် ပေးချင်ပါတယ်။ ဂီတလောကအတွက် အခုလို ရွေးကောက်ပွဲတစ်ခု လုပ်နိုင်တာက အကောင်းဆုံးတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်နေ ရာမဆိုလိုအပ်ချက်လေးတွေတော့ ရှိတတ်ပါတယ်။ အဲဒီလိုအခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း ဂီတ လောကသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သားစိုး
ပထမတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဂီတလောကအတွက် အထူးသဖြင့်တော့ မျိုးဆက်သစ်တွေအတွက် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တုန်းကတော့ တော်တော်လေးကို ခံစားခဲ့ရပါတယ်။ ရောသမမွှေ အပါအ၀င် ပေါက်ခွေတွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံကသိန်း ၁၀၀ ပြည့်အောင်တောင် မကိုင်ခဲ့ဖူးပါဘူး။ အနာဂတ်မှာ အဆိုတော်ဖြစ်လာမယ့် မျိုးဆက်သစ်တွေ ကျွန်တော်တို့လိုမခံရအောင် လုပ်ပေးချင်တာပါ။ အဓိကတော့ ဂီတလောကရဲ့ကောင်းကျိုးကို လုပ်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း မတရားမှုတွေ၊ မကျေနပ်မှုတွေနဲ့မြိုသိပ်ထားရတာ များပြီ။ လုပ်ခွင့်ရတဲ့ အချိန်မှာဝင်ပြီး ကူညီလုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာဂီတ လောကကောင်းကျိုးအတွက်တုတ်ရ ဖို့လိုအပ်ပါတယ်။ တုတ်ရမှရိုက်နိုင်မှာပါ။ အခုတော့နီးစပ်နေပြီလို့ဆို နိုင်ပါတယ်။ တကယ်တမ်း လုပ်ပိုင်ခွင့်ရပြီဆိုတော့ ခိုးကူးကိစ္စကိုအရင် ဆုံးဖြေရှင်းဖို့လိုအပ်ပါတယ်။ လွှတ် တော်နဲ့ကိုဖြေရှင်းရမယ့်ကိစ္စပါ။ ခိုးကူးသမားတစ်ယောက်ကို ချမှတ်ထားတဲ့ ဥပဒေကနည်းလွန်းပါတယ်။ ဂီတလောကနဲ့ ပတ်သက်တဲ့ ဥပဒေ မှာ အားနည်းချက်တွေရှိနေပါတယ်။ ဒါကို ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုရင် ခေတ်သစ်အလွှာရမှ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြောရေးဆိုခွင့်ဆိုတဲ့ တုတ်မရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဲဒါရရှိအောင် အရင်ကြိုး စားနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် ၀င်ပြိုင်ဖြစ်တာက အာဏာတွေပါဝါ တွေလိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ထက် လုပ်နိုင်တဲ့သူ ရှိရင်လည်း ကျွန်တော့်နေရာကို အချိန်မရွေးဖယ် ပေးမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည်
e7421
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
“ ဗိုလ်ချုပ်ဇာတ်ကားရိုက်ကူးမှုမှာ အဲဒီခေတ်တုန်းက အနေအထားမျိုး ဖြစ်ဖို့အတွက် ဂျာမနီနိုင်ငံ  Post dam မှာရှိတဲ့ Babelsberg Studio မှာသွားပြီး ရိုက်ကူးမှာပါ။ ကမ္ဘာကျော် ဇာတ်ကားအတော်များများ ရိုက်ကူးခဲ့တဲ့ စတူဒီယိုပါ။ ဗိုလ်ချုပ်ဇာတ်ကား ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ကို အဲဒီ စတူဒီယိုမှာ ရိုက်ကူးမှာဖြစ်ပါတယ်။
ဒါရိုက်တာကိုတော့ မြန်မာဒါရိုက်တာ ဒါမှမဟုတ် ဟောလီးဝုဒ်ဒါရိုက်တာနဲ့ ဥရောပက ဒါရိုက်တာ ဘယ်ကဒါရိုက်တာနဲ့ ရိုက်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ရိုက်ကူးမှု တွေကိုတော့ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စပြီးရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဇာဂနာကဆိုပါသည်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးရန်အတွက် စတူဒီယို အသုံးပြုရန် Babelsberg Studio က ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကို မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် လန်ဒန်တို့တွင်လည်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
၁၉၁၂ခုနှစ်က စတင်တည်ထောင်ခဲ့သော Babelsberg Studioတွင် The Pianist ၊ Around the World in 80 Days ၊ The Bourne Ultimatum ၊ The Reader ၊ Inglour ious Basterds၊ The Ghost Writer နှင့်  G.I. Joe: Retaliation များအပါအ၀င် ကမ္ဘာကျော်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။
မိုရာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖာဂူဆန် ကိုယ်တိုင် အတည်ပြု
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မိမိတို့ အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမား လူးကက်စ် မိုရာကို စိတ်ဝင်စားကြောင်း အတည်ပြု ပြောကြားလိုက်သည်။
သို့သော်လည်း အစောပိုင်းက Mirror သတင်းဌာနတွင် ဖော်ပြထား သကဲ့သို့ မိုရာအား ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီ ဆိုခြင်းကိုမူ ဖာဂူဆန်က ငြင်းဆန်ခဲ့သည်။ Mirrorက ဘရာဇီးလ် အိုလံပစ် အသင်းမှ အသက်(၁၉)နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေးကို မန်ယူက ပေါင်စတာလင် (၂၇)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် ဆော်ပေါ်လို အသင်းမှ ကစားသမားလေး အတွက် ဘရာဇီးလ်သို့ အသင်း ကင်းထောက်ချုပ် ဂျင်လော်လာကို စေလွှတ် ဆွေးနွေးစေခဲ့သည်။
ဖာဂူဆန်က "ကစားသမား အတွက် ကျွန်တော်တို့ ဘာသဘော တူညီမှုမှ မရသေးပါဘူး။ ကျွန်တော်တို့ အသင်းဘက်က မိုရာကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ အတိအလင်း သဘော တူညီမှု မရသေးတဲ့ အခြေအနေမှာ ကျွန်တော်တို့ ဘက်ကတော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဒီနွေမှာ ကျွန်တော်တို့ ရှင်ဂျီ ကာဂါဝါနဲ့ နစ်ခ်ပါဝဲလ်တို့ ကစားသမား နှစ်ယောက်ကို ခေါ်ယူပြီးပါပြီ။ ကစားသမား နှစ်ယောက်လုံး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ရွေးချယ်နိုင်မယ့် အနေအထား အားလုံးကို လေ့လာနေပါတယ်" ဟု ပြောကြားသွားသည်။
မိုရာသည် လတ်တလောတွင် အိုလံပစ် အသင်းနှင့် အတူ လန်ဒန်သို့ ရောက်ရှိနေသည်။ အစောပိုင်းက မိုရာ ကိုယ်တိုင်က ၎င်းသည် မန်ယူ၏ စိတ်ဝင်စားမှုအတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ဖွင့်ဟ ထားခဲ့သည်။
ဆန်းတို့စ်တွင် ဆက်ကစားမည်ဟု အာဆင်နယ် ပစ်မှတ် ဂန်ဆို ပြောကြား
အာဆင်နယ် အသင်း၏ ပစ်မှတ် ထားခြင်းကို ခံနေရသော ဘရာဇီးလ် ကွင်းလယ်လူ ဟင်းနရစ် ဂန်ဆိုသည် ဆန်းတို့စ်တွင်ပင် ဆက်စားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
သတင်းများက အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသက်(၂၂)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားကို ပေါင်စတာလင် (၁၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။ ဂန်ဆို၏ ကိုယ်စားလှယ် ဖြစ်သူ ဒယ်လ်ဆာ ဆွန်ဒါက ဂန်ဆိုသည် ဆန်းတို့စ် အတွက် နောက်တစ်ကြိမ် ကစားပေးဖွယ် မရှိတော့ဟု အစောပိုင်းက ပြောကြားခဲ့သည့်နောက် အာဆင်နယ်က ဂန်ဆိုအား ပိုမို စိတ်ဝင်စား လာခဲ့သည်။ သို့သော်လည်း ဘရာဇီးလ် အိုလံပစ် အသင်းမှ ကစားသမား ဂန်ဆို ကိုယ်တိုင်က Twitter မှတစ်ဆင့် ၎င်းအသင်း ပြောင်းမည့် သတင်းကို ငြင်းဆန်ခဲ့သည်။
ထို့အပြင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌လည်း "ကျွန်တော့် အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားရပါတယ်။ Twitterမှာ ကျွန်တော့် စိတ်ဆန္ဒကို ကျွန်တော် လူတွေသိအောင် ပြောပြီးပါပြီ။ ဒီနေ့ ကျွန်တော်ကိုယ်တိုင် ထပ်ပြီး အတည်ပြုပါမယ်။ ဆန်းတို့စ်ဟာ ကျွန်တော့် အနာဂတ်ပါ။ ကျွန်တော် အသင်းမှာ (၂၀၁၅)ထိ စာချုပ်ရှိပါတယ်။ ခုချိန်မှာတော့ ကျွန်တော် အလေးအနက် ထားတဲ့ ကိစ္စက ဘရာဇီးလ်အတွက် အိုလံပစ် ရွှေတံဆိပ်ကို ရယူပေးဖို့ပါပဲ"ဟု ဂန်ဆိုက ဖွင့်ဟ ပြောကြား သွားခဲ့သည်။
Monday, July 23, 2012
အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား တရားဝင်ဆက်သွယ်မှုအား တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့ခြင်း
  အမေရိကန်နိုင်ငံနှင့်ထိုင်ဝမ်တို့အကြား ခိုင်မြဲသောဆက်ဆံရေးတိုးတက်မှုနှင့် တရားဝင်ဆက်သွယ်မှု များအား  တရုတ်နိုင်ငံမှကန့်ကွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Hong Lei ကဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်း ပြတ်သားစွာရပ်တည်နေမည်ဖြစ်ကြောင်း ¤င်းမှထပ်လောင်းပြောကြားခဲ့ပါသည်။  မကြာသေးမီက ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Dawn L.McCall  အလည်အပတ်ရောက်ရှိ ခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် Hong  မှ အဆိုပါမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
Dawn L.McCall သည် ထိုင်ဝမ်ခေါင်းဆောင် Ma Ying -Jeou  အပါအဝင် ထိုင်ဝမ်အရာရှိ အကြီးအကဲ များနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား One- China Policy  နှင့် တရုတ်-အမေရိကန်ပူးတွဲ ထုတ်ပြန်ချက် ၃ ရပ်အား လိုက်နာရန်တိုက်တွန်းကြောင်း အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ၎င်းတို့၏ငြိမ်းချမ်းစွာဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ကိုရှောင်ရှားရန်နှင့် ထိုင်ဝမ်နှင့်မည်သည့်ပုံစံဖြင့် တရားဝင်ဆက်ဆံရေးများကိုမဆိုရပ်တန့်ရန်Hong  က ပြောကြားခဲ့ပါသည်။
အာဖဂန် ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ ကူညီပေးမည်ဟု ကတိပြု
အာဖဂန်နိုင်ငံ၏ ယိုင်နဲ့နေသော စီးပွားရေးနှင့် လူမှုဝန်းကျင် အခြေအနေ ပြန်လည် နာလန်ထူနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ အကူအညီပေးမည်ဟု ဇူလိုင်လ ၈ ရက်နေ့တွင် ကတိပြုခဲ့သည်။ အလှူရှင်နိုင်ငံများအနေဖြင့် အာဖဂန်အစိုးရအပေါ် ရှုပ်ထွေးမှုရှိပြီး ကြိုတင်သတ်မှတ်ချက်များ ပါဝင်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ တောင်းဆိုမှု မပြုလုပ်ရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က သတိပေးခဲ့သည်။
တိုကျိုတွင် အာဖဂန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး ကွန်ဖရင့်ပြုလုပ်ခဲ့ပြီး နိုင်ငံနှင့်အဖွဲ့အစည်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ လာမည့် ၁၀ နှစ်အတွင်း အာဖဂန်တွင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ခြောက်ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း အာဖဂန်ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။ လာမည့်လေးနှစ်အတွက် နိုင်ငံတကာက ကတိပြုခဲ့သော ဒေါ်လာ ၁၆ ဘီလျံထဲတွင် အမေရိကန်၏ အလှူငွေ မပါသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်ပအကူအညီပေးမည်ဆိုပါက အမေရိကန်လွှတ်တော်၏ အတည်ပြုချက် လိုအပ်၍ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ ပြီးခဲ့သောဆယ်စုနှစ်အတွင်း အမေရိကန်သည် အာဖဂန်သို့ အကူအညီဒေါ်လာ ၁၈ ဒသမ ၈ ဘီလျံခန့် ပေးအပ်ခဲ့သည်။ ဟီလာရီက ၂၀၁၇ ခုနှစ်အထိ ယင်းပမာဏနီးပါး အကူအညီပေးနိုင်ရေးအတွက် လွှတ်တော်ထံ တောင်းခံသွားမည်ဟု ပြောကြားခဲ့သည်။
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
ကျောက်ဆည်မြို့  စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီအား မြို့နယ် အုပ်ချုပ်
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။
 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉)
အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ်
သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။
ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အာဇာနည်နေ့ကြီးများ၏ အောက်မေ့ဖွယ်
အခမ်းအနားများကို အောက်ခြေ(မှဟုဆိုသော်လည်း အထက်မှ အမိန့်ပေးမှုမရှိပဲ)
လိုက်လံ နှောင့်ယှက်ဟန့်တားခြင်းမှာ တစ်နိုင်ငံလုံးနှင့် အာဇာနည်ကြီးများပါကို
 စော်ကားနေခြင်းပင်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့ သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။
''တရားခံခြောက်ဦးက ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့ စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက်ကိုင်ဆောင်ခြင်းဖြစ်ပြီး ပုဒ်မ (၅၀၆) ဒုတိယပိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ထောင်ဒဏ် (၃)နှစ်နဲ့ ပုဒ်မ (၅၀၆)ဒုတိယပိုင်းက ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၀)နှစ်ဖြစ်ပါတယ်။''ဟု ဥပဒေအရာရှိတစ်ဦးက Eleven Media Group ကို ပြောကြားသည်။
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့နယ်တွင်လည်း ဘင်္ဂလီများက မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ချီတက်လာခဲ့ကြပြီး ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှုးမှ မိမိကိုယ်ပေါ်တွင် လက်နက်၊ ဗုံးများတပ်ဆင်ကာ ချီတက်လာသော ဘင်္ဂလီလူအုပ်ကို ဆက်လက်မချီတက်ဘဲ နောက်ဆုတ်ရန်ပြောကြားကာ ဆူပူအကြမ်းဖက်မှု မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။