468x60 Ads


Friday, November 30, 2012

ရေတော့ရေပဲ ငရဲ ကရေဖြစ်နေတယ်

ကိုယ်တော်တို့ သည်းခံကြပါ။ ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ။ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်" ဟု သီ တ ဂူ ဆရာတော်ကြီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင် အား သုံးနှိမ်နှင်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းသို့ မိန့်ကြားသည်။

မီးခိုးဗုံးအကြောင်းသိစေချင်


Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီး ခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ် စခန်း ထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်တွေ လောင်တာဖြစ်ပါတယ်.. ( မယုံ ရင် မိမိ အ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အပေါ်က ဗီဒီ ယို လင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆိုတာ တွေ့ရပါလိမ့်မယ်.. ခု ကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးလောင်ဗုံးကို အင်္ဂ လိပ် လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူ ချိန် ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိ ပါ တယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန် မှာ မဟုတ် ဘူး.. နောက် တစ်ခု က ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်း မ ထုတ်နိုင်သေးပါဘူး.


ဒေါ်လာ ၁၅ ကျပ်တန်Simcard များSea Gameမှာရောင်းချပေးမည်

လာမည့်နှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များ ကို  ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။အဆိုပါ SimCard များ ကို ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅ ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင် ရန် ကြို တင်ပေးသွင်းထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။
ယင်း SimCard များအတွက် ပြော ဆိုခကိုလည်း ထပ်မံဖြည့်သွင်းနိုင် ပြီး အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင် ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေး ရရှိရန် အတွက် ဆောင် ရွက် သွား မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber cable ကွန် ရက် များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုပ် သံ များ ဆောင် ရွက်နိုင် ရန် Fiber Cable နှင့် Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အားကစားကွင်းများတွင်WiFi နှင့်Wi max အင်တာနက်ဆက်သွယ်ရေးစနစ်များကို တိုးချဲ့ ချထားပေးနို င်  ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများကိုရွေးချယ် ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။
“လာ မယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က တော်တော်အရေးပါပါတယ်။ ဘာလို့ လည်း ဆိုတော့ ဒီကိုလာပြီး သတင်းယူကြမယ့် လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာ နက် သုံး တဲ့နေ ရာမှာ အမြန်နှုန်း ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့ ရယူ တာ တို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင်တော့ ဆောင်ရွက်ပေးထား ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင် တီ လုပ် ငန်းဆောင် ရွက်နေသူတစ်ဦးက ဆိုပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တရားဝင်ထုတ်ပြန်ချက်များအရ UMTS (3G) စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁ ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀ ခုနှင့် GSM (2.75)တယ်လီ ဖုန်း ဆက် သွယ်ရေး စခန်းပေါင်း ၁၂၀ ခု အထိ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါ သည်။
Ref: Mobile Guide

မသေကောင်းမပျောက်ကောင်း

တရုတ်နိုင်ငံမှ ကျားလီအမည်ရှိ အသက်လေးနှစ် အရွယ်မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်းဝသို့ မတော် တဆထိုးစိုက်ဝင်သွားခဲ့သည့် ဝက်အူလှည့် တစ်ချောင်းကို ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင်က ဦးဆောင် ၍ အောင်မြင်စွာ ခွဲစိတ်ဖယ် ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခု အခါ တွင် ပြန် လည်ကောင်း မွန် လာ ပြီ ဖြ စ်ကြောင်း အင်တာနက်သတင်းတစ် ရပ်အရ သိရသည်။ အဆိုပါ မိန်းကလေးသည် တရုတ်နိုင်ငံ ကန် စုပြည် နယ် ထျန်းရွှီးမြို့တွင် နေထိုင်ပြီး သူမ၏ လက်ထဲတွင် ဝက်အူလှည့်ကို ဆုပ်ကိုင်ထားရာမှ မတော် တ ဆ မှောက်လဲပြီး မျက်နှာအား ထိုးမိခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သူမအား ဒေသတွင်းရှိ ဆေးရုံနှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော် လည်း အဆိုပါ ဆေးရုံများက လက်မခံဘဲ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့သောကြောင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင် ၏ ဆေး ရုံ သို့  ရောက် ရှိလာ ခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင် သူမ၏ မျက်နှာအား X-rays နှင့် CAT Scans များ ရိုက် ယူ စစ်ဆေး ခဲ့ရာ ထိုဝက်အူလှည့်သည် မျက်စိသူငယ်အိမ် အောက်နားအထိ စိုက်ဝင်ခဲ့၍ ဦးနှောက်ကို ထိ ခိုက် ရန် ၂-၃ မီလီမီတာခန့်သာ လိုတော့ ကြောင်း၊ ဦးနှောက်ကို ထိခိုက်သွားပါက အလွန် အန္တရာယ် ရှိကြောင်း  ၎င်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး က ပြောကြားခဲ့သည်။
ထို့နောက် သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို ခွဲစိတ်အထူးကု ဆရာ ဝန် ကြီး  က ခွဲစိတ် ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါတွင် ပြန်လည်ကောင်း မွန်လာပြီဖြစ်ကြောင်း ဗြိ တိသျှသတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
Ref:myawady

လူကုန်ကူးခံရခြင်းဖြစ်ရပ်မှန်


MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည် ကြည်နှင့်  ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းတို့၏ မချိမဆံ ခံစား ခဲ့ ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။ အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိသတ်များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်း အဝိုင်း အဖွဲ့ အစည်း များကို တင်ဆက်ပေးသည်။ တစ်ချိန် တည်းမှာ ပင်လူငယ် များအေ နဖြင့် ၎င်း တို့ ကိုယ် တိုင်သော် လည်းကောင်း၊ ၎င်းတို့မိသား စုဝင်များ ကိုသော် လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့် သို့  မည် ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သရုပ်ပြတင်ဆက်သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူး အွန် မာ ရမ်မီနှင့် လူကုန်ကူးမှုဆန့်ကျင်ရေးတွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေ သီရှိန် တို့နှင့် တွေ့ ဆုံမေးမြန်း ခန်းများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ယင်းတွေ့ဆုံမေးမြန်းခန်းများတွင် လူကုန် ကူးမှု တိုက် ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ဖြစ်ပျက်လျက်ရှိသော အလွန် အရေးကြီးသည့် လူမှုဆိုင်ရာအမည်းစက်နှင့် ပတ်သက် လျက် ရှိသော ပြဿာ နာများ ကို  ဖြေ ရှင်း ရန် ဆောင် ရွက်ရမည့်အရာများကို တင်ပြသွားကြသည်။


Thursday, November 29, 2012

သပိတ်မှောက်တာကိုဓါတုလက်နက်နဲ့ ပစ်လိုက်တာလူတွေရော၊ဘုန်းကြီးတွေရောမီးလောင်ကုန်ပါလေရော

မီးမလောင်ခင်သပိတ်စခန်းများ
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သ ပိတ်စခန်း များအား အင်းအား သုံးဖြို ခွင်းရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာေ နရာ များ သို့မီးလောင် စေသော ဓါတုပစ္စည်း ပါဝင်သည့် လက်နက် (ဓါတုလက်နက်)ဖြင့်  အင်အား သုံးနှိမ် နင်း ခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
"ကျွန်တော် တို့က စဖြစ်တဲ့အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက် ၃နာ ရီကျော် လောက် မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေ မယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင် ဗုံးလို့ ခေါ်မလား။အဲဒီဗုံးတွေနဲ့ပစ်ကုန်ရော။အဲဒီဗုံးတွေကပစ်လိုက်တဲ့အခါလေပေါ်မှာပေါက်ပြီးမီးကျည်တွေ ပြန်ကျဲ
ပြီးကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင် တာတွေ ဖြစ်ကုန်တယ်။ အဲဒီ မီးကျည် ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန် တယ်။ အဲဒီဗုံးက မျက်ရည် ယိုဗုံး မဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည် ကျတဲ့နေရာ၊ ထိမှန် တဲ့ သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ် စခန်းတွေမှာရှိတဲ့ သံဃာတော်တွေ နဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ ဆေးကုသနေရတယ်။ ထိခိုက်တဲ့အထဲမှာ လူတွေ ထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ ပေးပြီးတော့ ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်" ဟု ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
”စဖြစ်တာက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး မီးသတ် ပိုက် နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက် ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက် မှာပဲ စတော့တာပါပဲ။ ပထမ မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀ မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ် တယ်။ နောက် မီးခိုးတွေ ထွက်တယ် နောက်ပေါက်ကွဲတယ်။ အစကတော့ သပိတ်စခန်းထဲမှာ နေရင် အခြေအနေ မဟန်တော့ ဘူးဆို တာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်းတွေ ပျက်ဆီးချင် ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ် ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက ဆော်သြပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်ရာရကြတယ် လူတွေလည်း အနည်းငယ် ထိခိုက်မှုတွေရှိပါတယ်။  သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ ပါသွား တာမြင် လိုက် ရ ပါ တယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါ တယ်” ဟု  မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ ကြုံခဲ့သည်များ ကို ပြော ပခဲ့ သည်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ် တလော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အ များ စုမှာ မီးလောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာ အခြေ အနေ  ပြင်းထန် သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရ သည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ် စဉ်ကြောင့် သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။



ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိ နိုင်ရန် အ တွက် မြန်မာ  နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန် ရှိသူ များ သည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရ သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည် မျှဖြင့် မည်သည့်လက်နှက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီး မလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန် လည် ဖြေကြားခဲ့ပါသည်။
ထို့ အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နှက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက် သွယ်ေ မးမြန်း ခဲ့ ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။\
Ref:eleven media group

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီး




 
 
 
 
တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကိုနိုဝင်ဘာ၂၆ရက်မှ၂၈ရက်အထိမြို့လုံးကျွတ်စည် ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် ၂၈ ရက်နေ့တွင် ၀င်းခင် သဘင် ပွဲတော် ကြီး ကို တောင် ငူခေတ်ရိုးရာပုံစံအတိုင်း ဆင်ယင်ကျင်းပပြုလုပ်ခဲ့သည်။ တောင်ငူမြို့တည်ဘုရင် မဟာသီ ရိဇေ ယျ သူမင်းကြီးညိုနှင့် မိဖုရားခေါင်ကြီးအဖြစ် အကယ်ဒမီရဲအောင်နှင့် အကယ်ဒမီမို့မို့မြင့်အောင်တို့က ပါ ၀င်ပေးခဲ့ပြီး အိမ်ရှေ့စံမင်းသားနှင့်ကြင်ယာတော်အဖြစ် သရုပ်ဆောင် ဇေယျ၊ မေကဗျာ၊ အိမ်ရှေ့ မင်း သမီးများအဖြစ်အကယ်ဒမီစိုးပြည့်သဇင်၊မေသက်ခိုင်တို့ကဆောင်ရွက်ပေးခဲ့ကြသည်။ဝင်းခင်းသဘင်ေ တာ် ကြီး ကို တောင်ငူမြို့အရှေ့ဖက်အောင်နန်းတံခါးမှ စတင်ကာ ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း ကန်တော် ကြီး အထိ လမ်းတလျှောက်ထွက်ရှိခဲ့ကြပြီး မြို့လုံးကျွတ် လာရောက် အားပေး ခဲ့ကြ သည်။ တောင်ငူ မြို့တည် နန်းတည် ပွဲတော်ကြီးကို နှစ် ၅၀၀ ပြည့်မှစတင်ကာ ကျင်းပပြု လုပ်လာ ခဲ့ခြင်းဖြစ် သည်။
Ref: 7day news




မုံရွာမှာပွဲကြမ်းနေသလိုရန်ကုန်မှာလည်းမငြိမ်ပါ

 
 
မင်းဓမ္မပန်းကွင်းရှိ ပန်းပျိုးဥယျာဉ်နှင့် မြေယာရှုခင်းတည်ဆောက်သူ လုပ်ငန်းရှင် ၁၀၀ ကျော် ယနေ့ နံနက် ၉ နာရီမှစ၍ ၉ နာရီ ၄၅ မိနစ် ၀န်းကျင်အထိ မင်းဓမ္မပန်းကွင်းအား မပြောင်းရွှေ့ မဖျက်သိမ်းရန် ငြိမ်း ချမ်း စွာ ဆန္ဒဖော် ထုတ်နေစဉ်။
Ref: 7 daynews

ဖြူဖြူကျော်သိန်းတောင်မျက်ရည်ကျခဲ့ရတဲ့ကောင်မလေး


ချစ်သူကိုပေးမယ့်မွေးနေ့ လက်ဆောင်ပါ

Uunique London ကုမ္ပဏီက ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကိုတီထွင်ထုတ်လုပ်ခဲ့သည်။အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံလုပ် သားရေ၊ ၁၈ ကာရက်ရှိရွှေရောင်နှင်းဆီပွင့်ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကိုအသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။
၎င်း iPhone ဟန်းဆက်၏ တန်ဖိုးမှာ အိမ်တစ်လုံး တန်ဖိုးထက် ပို၍ တန်ဖိုး ကြီးကြောင်း ၊ မြင်ရ သူတိုင်း က ကြိုက်နှ စ်သက်၍လိုချင်ကြမည်ဖြစ်ကြောင်းအဆိုပါ ဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင် နာ က ပြော ကြား ခဲ့သည်။၎င်းဟန်းဆက်အား ဖုန်းပြပွဲတွင် မော်ဒယ်လ်မစ်ချာဘာတန်က ပြသခဲ့ပြီးတန်ဖိုး မှာ စတာ လင်ပေါင်  ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။

သံဃာတော်များနှင့်သပိတ်မှောက်ပြည်သူလူထုကိုမီးရှို့ လူစုခွဲလိုက်ရတဲ့ကြေးနီစီမံကိန်း

 
 
 

ပြည်တွင်းရှိ သတင်းဂျာနယ်များ၊ နိုင်ငံသားသတင်းထောက်များနှင့် သတင်းအဖွဲ့များ၏ ၎င်းတို့ ဖေ့စ် ဘွတ် များ တွင် တင်ဆက်ပေးပို့နေသော သတင်းဓာတ်ပုံများအရ လက်ပံတောင်းတောင် သပိတ်စခန်းများကို ယနေ့ နံနက် အရုဏ်မတက်ခင်ကတည်းက အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲနေပြီဟု သတင်း များ ရရှိသည်။လွန်ခဲ့သည့် တပတ်ကျော်က လွှတ်တော်တွင် ကြေးနီတောင်စီမံကိန်းအရေးကို စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမည်ဟု အတည်ပြုခဲ့ခြင်း၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက အဆို ပါစီမံ ကိန်း ကို ၎င်း တို့၏ ဦးပိုင်ကုမ္မဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် အကောင်အထည်ဖော်ရန် စီမံရာ တွင် ဒေ သခံ တို့ ၏ လူနေမှု ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို မှားယွင်းတွက်ချက်မှု ရှိခဲ့ကြောင်း ၀န် ခံခြင်း ၊  ဒေသခံ တို့ က သပိတ် စခန်းများ တိုးမြှင့်ပြီး စီမံကိန်း ရပ်ဆိုင်း ရန် တောင်း ဆိုခြင်း၊ မြန် မြာ ပည် အနှံ့  မြို့ ရွာများ က လည်း ထောက် ခံမှုများ ဖော်ထုတ်လာခြင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အစိုးရ လုံခြုံရေး အဖွဲ့ များက ဖမ်း ဆီးကန့်သတ်နှိမ်နင်းရန် ကြိုးစားခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် ယနေ့တွင် အစိုးရ၏ အကြမ်း ဖက် မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ အဆို ပါဒေ သ သို့ လာေ ရာက် မည်ဟု သတင်း များ ထွက်ပေါ် စဉ် အစိုးရ၏ အကြမ်း ဖက်မှု များ ဖြစ် ပွာြး ခင်း  ဖြစ် သည်။
လက်ပံတောင်းအရေးပေါ်သတင်း - ၁ (မနက် ၃ နာရီ)
ယနေ့ (၂၉.၁၁.၂၀၁၂) နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။
"ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ" ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၂
ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲ လိုက်ကြောင်း၊ ရေဖြင့် ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက် ရည် ယို ဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော် များနှင့် အတူ ရှိနေ ပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေ ရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၃
ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွား ရာနေရာ တွင် ပင် ထား ခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သ တင်း ရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၎
လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေး ခဲ့ရကြောင်း သတင်းရရှိပါသည်။
မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင် ပျက်စီး သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၅
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီး ထိန်း သိမ်းခံလိုက်ရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၆
ဒဏ်ရာရစာရင်း
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)

၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ
ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၇
လက်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းတော်၏ အနောက်ဘက်တွင် ဖွင့် လှစ် ထားေ သာ သပိတ်စခန်း အမှတ် ၃ အား စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈
နောက်ဆက်တွဲဒဏ်ရာရစာရင်း
၁။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ

၂။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ
မီးလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိသော သံဃာတော်အပါး (၄၀)ကျော် ရှိပြီး လူပုဂ္ဂိုလ်အနေဖြင့် ၀က်မှေးရွာမှ ကိုကျော်စွာ အနည်းငယ် ဒဏ်ရရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်း အရေးပေါ်သတင်း ၉
သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈ (နောက်ဆက်)
ကျော်ရွာသပိတ်စခန်းမှ သံဃာတော်များသည် ကျော်ရွာထဲသို့ ထွက်ပြေးရကြောင်း၊ ၀မ်ပေါင် သ ပိတ် စခန်းမှ သံဃာတော်များသည်လည်း ဖောင်းကားဘက်သို့ ထွက်ပြေးသွားရကြောင်း သတင်း ရရှိ ပါ သည်။
အရေးပေါ် လူနာတင်ယာဉ်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မုံရွာ-ပုသိမ်လမ်း ပိတ်ဆို့လိုက်သည့်အတွက် လူနာတင်ယာဉ်များ ကံကုန်းဘက်မှ လာရောက်နိုင်ကြောင်း သတင်း ရရှိ ပါ သည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၀
သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲ တပ် ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၁
ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်း အတိ အကျ ရရှိပါသည်။
ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေ အတွက် မှာ (၅)ပါး  ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၂
ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြုပြောကြားသည်။
သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၃
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းအနီးတွင် ရပ်ထားသော AP သတင်းဌာနမှ သတင်းထောက်၏ ကားတစ်စီးနှင့် တောင်ကြားတွင်ရပ်ထားသော ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း သတင်း ရရှိ ပါ သည်။
အများပြည်သူများ၏ ဆိုင်ကယ်များစွာလည်း ပျက်စီးမီးလောင်ခဲ့ရပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
လက်ပံတောင်းအရေးပေါ်သတင်း ၁၄ (နောက်ဆုံး သတင်းရေးသည့်အချိန် မနက် ၆ နာရီခန့်)
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများ သပိတ်စခန်းမှ ထွက်ပြေးလာရပြီးနောက် ရွာသို့မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။
Ref:မိုးမခ

Tuesday, November 27, 2012

တစ်ပတ်အတွင်းဘောလုံးပွဲများနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ဇယား


Ref:eleven

ကုလားကိုယူမိပြီးကိုယ့်သားသမီးကိုဒီလိုလုပ်ခံချင်တယ်ဆိုရင်တော့ကုလားများကိုယူကြပေါ့

UN က အစ္စလာမ်တို့ရဲ့ အပျိုစင်ကို ...ဘာညာကွိကွ ဖြတ်တဲ့ ထုံးစံကို ban သင့်ကြောင်း တရားဝင်ဆွေးနွေးတာပါ။ လင့်ခ် မှာပဲ ဖတ်ကြနော်။

ထိုင်းကိုအနိုင်ကစားမှာပါလို့ ပြောတဲ့နည်းပြချုပ်ပတ်ဆောင်ဟွာ


မန်မာ့လက်ရွေးစင်နည်းပြချုပ်ပတ်ဆောင်ဟွာကဆူဇူကီးပြိုင်ပွဲအုပ်စုအဆင့်မှတက်ရောက်နိုင်ရန် အ တွက် လက် ကျန် ၂ ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်းနှင့် အိမ်ရှင် ထိုင်းအသင်းနှင့် ပွဲအတွက် လည်း နည်းဗျူဟာ များ ချမှတ် ထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
“မြန်မာ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ ပွဲမှာ ခံစစ် ဦးစားပေးပြီး တန်ပြန် တိုက်စစ်နဲ့ ကစားတဲ့ နည်းဗျူဟာ သုံးခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဂျပန် ကလပ် အိုကာယာမာနဲ့ ကစားတုန်း က ကျွန်တော်တို့ ကစားသမားတွေ ခြေစမ်းပွဲ ကစားတယ် ဆိုတဲ့ ခံယူချက်နဲ့ ကစားကြတာ ဖြစ်ပေမယ့် ဗီယက်နမ်နဲ့ က စား တဲ့ ပွဲမှာတော့ တကယ့် ပြိုင်ပွဲဖြစ် လို့ မလျော့တမ်း စိတ်ဓာတ် အပြည့်နဲ့ ကစားသွား ခဲ့ ကြ ပါ တယ်။ ပြိုင်ပွဲ အတွက် ကစားသမားတွေ ကိုလည်း စိတ်ဓာတ် မြှင့်တင်ပေး ခဲ့ပြီး ပါပြီ။ မြန်မာ ဆို တာ ဘောလုံးကို ချစ်မြတ်နိုးတဲ့ သူတွေနေတဲ့ တိုင်းပြည် ပါ။ အောင်မြင်မှုတွေ လည်း ရရှိခဲ့ဖူး ပါတယ်။ ဆီ မီး ဖိုင်နယ် တက်ဖို့ လက်ကျန်နှစ်ပွဲ စလုံး ရလဒ်ကောင်းအောင် ကြိုးစား သွားမှာပါ။ လာမယ့် ထိုင်းနဲ့ပွဲ အ တွက် လည်း နည်းဗျူဟာတွေ ချမှတ် ထားပြီးပါပြီ။ ထိုင်း ကစား တဲ့ခြေစွမ်း ကို ရုပ်သံ ပြကွက်တွေ ပြသပြီး က စားသမား များကို အသေးစိတ် ရှင်းလင်းထားပြီး ဖြစ် သလို နည်းဗျူဟာနဲ့ ပက်သက်ပြီးလည်း မှာကြား ထား ပြီး ပါ ပြီ” ဟု ပတ်ဆောင်ဟွာ က ဖွင့်ဟ ခဲ့သည်။
အ ဖွင့် ပွဲစဉ်တွင် ဗီယက်နမ် ကို သရေ ရရှိအောင် ကစားနိုင် ခဲ့သည့် မြန်မာ အသင်းမှာ ထိုင်းနှင့် ပွဲတွင် အနိုင် ရရှိခဲ့ပါက ဆီမီးဖိုင်နယ် အဆင့် သို့ တက်ရောက်နိုင် ရန် အခွင့် အရေးကောင်း ပိုင်ဆိုင်နိုင်မည် ဖြစ် ရာအိမ်ရှင်အသင်းနှင့်ဒီကနေ့တွင် ရင်ဆိုင် ရမည့် မြန်မာ အသင်း အား ထိုင်းနို င် ရာက်  မြန် မာ  ပရိ သတ် များ  မှာ အများ အပြား လာရောက် အားပေးရန် စီ စဉ်နေ ကြကြောင်း လည်း  သိ ရှိရသည်။
Ref:myanmanrstriker

နိုင်ငံခြားမှားကျောင်းထားချင်သောမိဘများသတိထားစရာ


၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်တဲ့ စကာင်္ပူက (ပိုလီ)ကျောင်းသား စင်္ကာ ပူနိုင်ငံက ကျောင်းသားတစ်ဦးဟာ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့ အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူအွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှားကျောင်းသားစုံတွဲအဆိုပါ ဆယ်ကျော်သက် ကျောင်းသားဟာ အခုဆိုရင် အသက်၁၇ နှစ်ရှိပြီ ဖြစ်ပြီးပိုလီတက်ကနစ်မှာ ပညာ သင် ကြား လျှက် ရှိပြီး အသက်၁၆  နှစ်ေ အာက်  မိန်းကလေးတစ်ဦးနဲ့ ဆက်ဆံမှု၊ သူမအိနြေ္ဒပျက်ပြားအောင်ပြု လုပ် မှု၊ ရာဇ၀တ်မှုမြောက်တဲ့ အကြမ်းဖက်မှု၊ မဖွယ်မရာ ဗီဒီယို လက်ဝယ်ထားရှိမှု၊ စက်ဘီး ၃ စီး ခိုး ယူမှု များ  အပါ အ၀င် စွဲချက် ၂၁ မျိုးနဲ့ အမှုရင်ဆိုင်ရ လျှက် ရှိပါသည်။ ခရိုင် တရားသူကြီး Shaiffudin Saruwan အမည် မဖော်ပြတဲ့ အဆိုပါကျောင်းသားကို ခံဝန်ချက်ဖြင့်၂၁ လ နေစေဖို့ အမိန့် ချမှတ် လိုက် ပါ တယ်။သူ့အနေဖြင့် လူမှုရေးလုပ်ငန်းများမှာ နာရီ ၁၅၀ အလုပ်လုပ် ရမှာဖြစ်ပါတယ်။ တရားသူကြီးက အဆို ပါကျောင်းသားဟာ ထိုကိစ္စကို အရမ်းစိတ်ဝင်စားနေပြီး အင်တာနက်က အဆိုပါ ကားမျိုး ကိုကြည့်လေ့ ရှိကြောင်း ၊သူ့မိဘများအနေဖြင့် ၄င်း၏ ကွန်ပျူတာ အသုံးပြုမှုအားခံဝန်ကာလ အတွင်း တာ ၀န်ခံ အကူ အညီဖြင့် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ သားသမီးကို ပြည်ပကျောင်းပို့သော မိဘများ သတိထား သင့်ပါတယ်။သူ့ နိုင်ငံ အနေအထားအရဘာမှ မဟုတ်ပေ မယ့် ကိုယ့်နိုင်ငံအနေအထားအရ ဘ၀ ပျက် သွားနိုင် ပါတယ်။
Ref:oppositeyes news

ရခိုင်တွင်ယခုထိမိန်းကလေးများကုလားများ၏မုဒိန်းကျင့်ခံနေရဆဲ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင်ကျေးရွာ အုပ်စု ဇမ္မဏီး ခမီးရွာ တွင် နေ ထိုင်သည့်ဦးသာကျော်နှင့်ဒေါ်ရွှေနုတို့၏သမီးအသက်၁၄ နှစ်အရွယ် မယိုင်နုအား မိခင် ဖြစ် သူနှင့် တောင် ယာ လုပ် ငန်းမှ ပြန်လာစဉ် ၀ါးခုတ်သမား ဘင်္ဂလီ ၅ ဦးမှ အတင်းအဓမ္မမှ ပြုကျင့်ရန် ကြံစည် ကြိုး ပမ်းခဲ့ သည်ဟု သိရသည်။
မိခင်ဖြစ်သူဒေါ်ရွှေနုမှသူ့၏သမီးဖြစ်သူအား အတင်းအဓမ္မ ပြုကျင့်ရန် ကြံစည် ကြိုးပမ်းပုံကို ယခု လို  ပြော သည်။
“ကျွန်မကမောလာတာနဲ့ရွာကိုမရောက်ခင်ချောင်းခွဆုံမှာခဏနားကြပါတယ်။ရွာကလက်ယာဘက်ေ ချာင်း အတိုင်း သွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက် ချောင်းကောက်မှာ သဗြုသီး ခူးဖို့ ခိုင်းလိုက် ပါတယ်။သွားရမယ့် နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သမီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ် မွတ် ဆလင် ငါးယောက် လက်ဝဲဘက်ချောင်းကို တက်သွား တာ တွေ့လိုက်ပါတယ်။
သိပ်မကြာခင်ပဲသမီးရှိတဲ့ ချောင်းကောက်ဘက်က သမီးအော်သံကြားရလို့ လိုက်သွားတော့ သမီး ထွက်ပြေး လာတာတွေ့ရပါတယ်၊သမီးကိုမေးတဲ့အခါကုလားတွေ အတင်း ဆွဲခေါ်လို့ ထွက်ပြေး လာတာ လို့ ပြ န်ပြော ပါ တယ်” ဟု ရှင်းပြသည်။
မယိုင်နု သဗြုသီးခူးနေတုန်း  တစ်ယောက်က လက်ကိုဆွဲ ထားကြောင်း၊  နောက်တစ်ယောက် က ကျော ဘက် ကနေ ဖက်ထားပြီး ပါးစပ်ကို အတင်းပိတ်ရန်  ကြိုးစားကြောင်း၊ မယိုင်နု မှ  ကြောက်ပြီး အတင်း ရုန်း ကန် ထွက်ရင်းမှ သူမ၏ မိခင်အား အော်ခေါ်ကြောင်း၊ မိခင် ဖြစ်သူ လိုက်လာသော အခါ  မယိုင်နုကို လွှတ် ပြီး ထွက်ပြေး သွားကြသည်ဟု ဆိုသည်။
ထိုသို့ဖြစ် ပျက်ခဲ့သည်ကို ရွာသို့ပြန်ရောက်သည့်အခါ ခီဇာအမည်ရှိသူ ဆွေမျိုး တစ်ဦးအား ပြောပြ ပြီး  ပြဿနာ ဖြစ်ခဲ့ သည့်  ၎င်းလက်ဝဲချောင်းကောက်နေ ရာသို့ ပြန်လိုက်သွားသည့်အခါ ၎င်းအနီး တွင် ဝါး ခုတ် ဘင်္ဂလီ များ ညအိပ်သည့် တဲတစ်ခုတွင် ၀ါးခုတ်သမား (၅) ဦးကိုတွေ့ရပြီး မယိုင်နု ကို မေးမြန်း သည့် အခါ ကျူး လွန်သည့် သူများကို မှတ်မိပြောပြကြောင်း၊ အတူပါသူ ခီဇာက ထိုသူများ ကို ဖမ်းဆီး ချုပ်နှောင် မည် ပြုသည့်  အခါ မိခင် ဖြစ်သူ ဒေါ်ရွှေနုက သူတို့ အင်အားများသဖြင့်  အန္တရာယ်ဖြစ်နိုင်ကြောင်း၊  လူ မှတ် မိ ရင် ရွာမှာ တိုင်ပြီးရှင်းမည်ဟု ပြောဆိုကာ ပြန်လာခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းကြံစည်မူကို ၎င်းနေ့ ညနေတွင်ပင် သူတို့နေထိုင် ရာ ကျေးရွာအုပ် စု ကျောင်းတောင်ရွာရှိ၊ စခန်း(၂၁) နစကသို့ သွားရောက် တိုင်ကြားခဲ့သည်။
စခန်းတာဝန်ခံ ဖြစ်သူက  ဖြစ်စဉ်များကို မေးမြန်းပြီး နောက်နေ့တွင် ပြန်လာရန် ပြောဆိုခဲ့သည်ဟု ဆို သည်။ နောက် တနေ့ နိုဝင်္ဘာလ ၄ ရက်နေ့တွင် နစက တာဝန်ခံ ချိန်းဆိုသည့်အတိုင်း သွားရောက် ခဲ့ ရာ နောက် ထပ် နှစ်သုံးရက်နေပြီးနောက် ပြန်လာရန် ထပ်မံချိန်းဆိုခဲ့သည်ဟု ဆိုသည်။
ထိုသို့ချိန်းဆိုစဉ် နစကစခန်း တာဝန်ခံက  သူတို့ ညှိနှိုင်းပေးသည့် အတိုင်း လက်ခံမလား ဟု မေးကြောင်း၊  မိခင်ဒေါ်ရွှေနုက ဥပဒေအတိုင်း ရှင်းပေးမည်ဆိုရင် လိုက်နာ မည် ဖြစ်ကြောင်း ပြောကြားရာ  နစက တာ ၀န် ရှိ သူက  ဒေါသထွက်ပြီး ခုံကို တုတ်ဖြင့် တစ်ချက် နှစ်ချက် ဒိုင်း၊ ဒိုင်းနှင့် ရိုက်လိုက်ပြီး ဒါဆိုရင် ထွက် သွား ကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်ဟု ပြောဆိုကာ အဆိုပါ မိသားစုအား  ပြန်ခိုင်း လိုက် သည် ဟု သိရသည်။
သို့အတွက် နောက်တစ်နေ့တွင် မယိုင်နုနှင့် ဖခင် ဖြစ်သူတို့သည် ရဲစခန်းသို့ တိုင် ကြား ရန် ထွက် လာ ခဲ့ကြ သည်ဟု ဆိုသည်။ လမ်းခရီး တင်းမေ ဘင်္ဂလီ မွတ်ဆလင် ရွာသို့ ရောက်သည့်အခါ တင်းမေ ရွာမှ အရပ် လူကြီးများက တားဆီး ထားကြပြီး၊ တိုင်ကြားခြင်းမပြုရန်နှင့် ကြေနပ်အောင် ရှင်း လင်းပေး ပါမည် ဟု ပြော ဆိုသည်ဟု ဆိုသည်။
မယိုင်နု နေထိုင်ရာ ခမီးရွာမှ လူကြီးများကလည်း “ ငါတို့မှာလည်း ငွေကြေး အင်အားမရှိ၊ ရဲစခန်းတိုင်ဖို့၊ တရား ရုံးတိုင်ဖို့ ဆိုရင်လဲ ခဏ ခဏ သွားဖို့လာဖို့ မလွယ်ဘူး။ ပြေလည်အောင်ရှင်းလိုက်ကြ” ဟု ဝိုင်းပြော ကြ သည်ဟု ဆိုသည်။
မယိုင်နု ဖခင်ဖြစ်သူကလည်း မွတ်ဆလင် ရွာထဲတွင် ငြင်းဆန်နေလျှင် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆ၍ ဖခင်ဖြစ် သူ ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ပြီး၊ မယိုင်နုသည်လည်း လက်ဗွေနှိပ်ခဲ့ရသည်ဟု ဆို သည်။
ထိုသို့ပြေအေးသည့်အတွက်တင်းမေကျေးရွာမှပြစ်မူကျူးလွန်သူများမှငွေကျပ်ခုနစ်ေ သာင်း  ပေးခဲ့သည်ဟု ဆိုသည်။အဆိုပါလျှော်ကြေးငွေထဲမှသုံးသောင်းကျပ်ကိုရွာလူကြီး များက ယူထားလိုက်ပြီး မယိုင်နု ကို  ငွေေ လးသောင်းကျပ် ပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် အခြေ အနေကို စောင့်ကြည့်ပြီး ပြဿနာ မဖြစ်နိုင် လောက်သည့် အခြေအနေရောက်မှ သူတို့ ရွာ မှ တစ်ညအိပ် ခရီး ဖြစ်သော ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်းတွင် အမူဖွင့် တိုင် ကြား ခဲ့ ကြ သည်ဟု သိရသည်။
အဆို ပါဖြစ်စဉ်ကို နိုဝင်္ဘာလ ၂၂ ရက်နေ့က ဘူးသီးတောင် မြို့မ ရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှ ရဲစခန်းမှူးကို အမူ စစ်အရာရှိ အဖြစ် တာဝန်ပေးအပ် ထားကြောင်း သိရှိရပါသည်။
ပြစ်မှု ကျူးလွန်သူများထဲတွင် ပါဝင်သူ ခေါင်းဆောင် (၂) ဦးမှာ  တင်းမေကျေးရွာနေ အဒူလာ (ဘ) ဘာဆေး နှင့် အာယုပ်(ဘ)ရှာအာလောင်တို့ ဖြစ်သည်ဟု ဆိုသည်။
မယိုင်နု မိခင်က တိုင်ကြားရသည့် အကြောင်းကို ယခုလို ပြောသည်။
“ ငွေကို လိုချင်လို့ မဟုတ်ဘူး၊ ကျွန်မသမီးက အငယ်ကလေးပဲ ရှိသေးတယ်။ အခုရွာမှာ ကျွန်မသမီးဟာ နာမည်ပျက်ဖြစ်သွားလို့ရိုးရာထုံးစံအရရွာကိုဝင်ခွင့်မရရှိတော့ဘူး။ရွာဝင်ခွင့်ရဖို့အတွက်ရွာကိုတောင်း ပန်ဖို့  ပွဲ တစ်ခု လုပ်ပေးခဲ့ ရတယ်။ အခု အနည်းဆုံး လုပ်ပေးခဲ့ရတာတောင် ဝက်တစ်ကောင် သတ် ပြီး ကျွေးခဲ့ ရပါတယ်။ အခု ဒီလို မတရား ခံရတာကို ကျေနပ်လိုက်ရင် နောက်ကိုလည်း နောက်တစ်ခေါက် ထပ်ပြီး လုပ် ကြ ဦး မယ်။ ကျွန်မသမီး မဟုတ်လည်း နောက်ထပ် အမျိုးသမီးတွေကို ဒီလိုမျိုး ထပ်လုပ်ကြဦးမယ် ဒါကြောင့် တိုင် ဖို့  လာတာပါ” ဟု မိခင်ဖြစ်သူ ဒေါ်ရွှေနုက ရှင်းပြသည်။
မယိုင်နုဖခင်  လက်ခံယူခဲ့သော ငွေလေးသောင်းကိုလည်း သက်သေခံ အဖြစ် ရဲစခန်းတွင် တင်ပြခဲ့သည်ဟု ဆိုသည်။
မယိုင်နုတို့ နေထိုင်ရာ ကျေးရွာပတ်ဝန်းကျင်တွင် ကျောင်းတောင်အုပ်စုနှင့် တင်းမေအုပ်စု ဆိုပြီး အိမ်ခြေ တစ်ထောင်ကျော် ရှိ မွတ်ဆလင် ကျေးရွာများ တည်ရှိပြီး တိုင်းရင်းသား ကျေးရွာများမှာ အိမ်ခြေ ၁၀ အိမ်အောက် တွင် သာရှိ၍ ပြန့်ကျဲ နေထိုင်ကြသည်ဟု သိရသည်။
နစက တာဝန်ခံမှ ပြစ်မူ ကျူးလွန်သူများအား တစ်စုံတစ်ရာ အရေးယူ ဖမ်းဆီးခြင်း မရှိခြင်းမှာ ပြစ်မူ ကျူး လွန်သူများထံမှငွေကြေးအမြောက်အမြားရထား၍ဖြစ်သည်ဟုဆိုသည်။ဘူးသီးတောင်နှင့်ေ မာ င်တောမြို့
နယ် ရှိ အများစု နစက အရာရှိများသည် ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်တိုင်း ပြစ်မူ ကျူး လွန် သူများ မှ ငွေကြေး အပါအ၀င် တန်စိုး လက်ဆောင်များ ယူကာ ကျေအေးခဲ့ကြလေ့ရှိသဖြင့် ပြစ်မူ ကျူးလွန်သူများ အနေဖြင့် တရားဥပဒေစိုးမူကို အလေးမထားတော့ဘဲ ပြစ်မူများကို ထပ်ခါ ထပ်ခါ ကျူးလွန်နေကြသည်ဟု သိရသည်။
Ref:လွတ်လပ်သောသတင်းဌာန

နိုင်ငံရေးလုပ်ဖို့ စိတ်ကူးမရှိပါဘူးဆိုတဲ့ဗိုလ်ချုပ်ကြီးဟောင်ဦးခင်ညွန့် နဲ့ တွေ့ ဆုံခြင်း

မြန်မာပြည်ကိုရောက်တိုင်းအရင်အစိုးရထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နဲ့တွေ့ ဆုံ အင် တာဗျူး လိုကြောင်း ချဉ်းကပ်ဖူးတယ်။ “အချိန်မကျသေးပါ” လို့သာအဖြေပြန်ရခဲ့ပါတယ်။ ဒီ တခေါက် နိုဝင်ဘာလလယ် ခရီးစဉ်မှာတော့ ဦးခင်ညွန့်ကို ကထိန်အလှူပွဲတခုမှာ သွားဆုံမိပါတယ်။ကျနော့် ကို တွေ့တွေ့ချင်း ထမင်းစားပွဲမှာ သူ့ မိတ်ဆွေတွေနဲ့ ထိုင်နေတဲ့ ဦးခင်ညွန့်က သူ့လက်ကို စားပွဲပေါ်မှာ ဆန့်ချပြီး “ကျနော် လူသတ်သမား မဟုတ်ပါဘူး” “ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး” “ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရ တာပါ”လို့ ပြောပါတော့တယ်။
အဲဒီနောက်သူက မကြာသေးခင်က Democratic Voice of Burma (DVB) က ထုတ်လွှင့် ခဲ့တဲ့ ဒီမှာ အစီ အစဉ် ကို ကြည့် ပြီးတဲ့ အကြောင်းပြောပြပြီး  “ကျနော် အမျိုးသားနိုင်ငံရေး မလုပ်ပါဘူး၊ လုပ်ဖို့လဲ အစီအစဉ်မရှိပါဘူး၊ကျနော်  ဘာနိုင်ငံရေး မှလုပ် မှာ မဟုတ်ပါ ဘူး၊ ကျနော်ပြောချင်တာ ကကျနော် ဟာ ဘာ သာရေး ၊လူမှုရေးအလုပ်တွေကိုသေ  တဲ့   အထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ လည်း  ပြော  လိုက်  ပါတယ်။ကျနော် တို့ရဲ့ အပတ်စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ လွန်ခဲ့တဲ့ ၂ ပတ် ခန့် က ဦးခင်ညွန့် ပြောခဲ့တဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို သေသေချာချာ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။
ကျနော့် ကို ဘေးကမိတ်ဆွေတွေ၊ ဦးခင်ညွန့် ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတွေက ဦးခင်ညွန့်နဲ့အတူထိုင်ပြီး ထမင်း စားဖို့ပြော တော့ ကျနော်လဲ ဝင်ထိုင်လိုက်ပြီး မေးခွန်းတချို့မေးမိပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ကလဲ စကား တော်တော် ပြောချင် နေပုံရတယ်။ ပထမ စတွေ့တုန်းကလို စိတ်လှုပ် လှုပ်ရှား ရှား နဲ့ ပြော တာမဟုတ်တော့ပါဘူး။ ဒါပေမယ့် သူ့မှာ ပြောချင် တာတွေကို ဖွင့်အံချင်နေပုံရတယ်။
နေအိမ် အကျယ်ချုပ် ကျနေစဉ်အတွင်း တရားထိုင်တဲ့အကြောင်း၊ နေ့လယ်ခင်း ခဏနား တရားပြန်ထိုင်ပြီး ညနေ ဘက်မှာ ပဌာန်းရွတ်ဆိုတဲ့ အကြောင်းတွေ ကျနော့်ကို ရှင်းပြတော့ အန်ကယ် အပြင်နဲ့ အဆက် အ သွယ်ရော မရှိဘူးလားလို့ မေးတော့ ဘယ်သူ့ကိုမှ ဆက်သွယ်ခွင့် မရှိတဲ့အကြောင်း၊ အစိုးရထုတ် သတင်း စာ ကို ပဲ ဖတ်ခဲ့ရပြီး Satellite TV နဲ့ Internet လည်း မရှိတဲ့အကြောင်း တကယ့်ကို အကျဉ်း သားတဦး လိုပဲ နေ ထိုင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတော့တယ်။
တနိုင်ငံ  လုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ရဲ့ နိဂုံးကို ကျနော်က စိတ်ဝင်တစား နားထောင်ရင်း မေးခွန်းတွေ ဆက်မေးမိတယ်။
နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သစ်ခွပန်းကို ဈေးမှာသွင်းပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ အသက် ဆက်ခဲ့ ရ တဲ့ အကြောင်း အနားမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရဲ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အန်တီတို့က အရင်ကတည်းက သစ်ခွပန်းစိုက်တယ်လေ လို့ ဝင်ပြောလိုက်ပါတယ်။
ဦးခင်ညွန့်က ဆက်ပြီး နောက်ပိုင်း သိပ်ကျပ်တည်းလာချိန်မှာတော့ မြေနီကုန်းက နာမည် ကြီး ဒေါ် ခင်အေး ဆိုင် မှာ ရှပ်အင်္ကျီ ဘောလ်ပင် စတဲ့ နိုင်ငံခြားက ရခဲ့တဲ့ လက်ေ ဆာ င်တွေ ကို ရောင်း ချပြီး  ဖြေ ရှင်းခဲ့ ရကြောင်း  ရှင်းပြပါတယ်။
ဒေါ်ခင်အေးဆိုင်ကိုတော့ မြန်မာပြည်က ဗိုလ်ချုပ်တွေ အစိုးရထိပ်ပိုင်းတွေက အသိများကြပါတယ်။ သူတို့ တွေရဲ့နိုင်ငံခြားပြန်ပစ္စည်းတွေကိုပြန်လည်လက်ခံဝယ်ယူတဲ့ဆိုင်လိုရန်ကုန်မှာလူသိများကြတာဖြစ်ပါ တယ်။
နောက်ပိုင်းကျတော့ ဦးခင်ညွန့် ရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးတင့်ဆွေကို အိမ်ထဲ ဝင် ခွင့်ပေး ပြီး တွေ့ခွင့်ပေး တဲ့ အခါကျမှ ဦးတင့်ဆွေယူလာတဲ့ ထောက်ပံ့ကြေးငွေနဲ့ မိသားစု အသက် ဆက်ခဲ့ ရကြောင်း ဦးခင်ညွန့်က နေအိမ်အကျယ်ချုပ်ကျစဉ်က ဖြတ်သန်းခဲ့ရပုံကို ကျနော့်ကို ရှင်းပြပါတယ်။
ဒီလို ခွင့်ပြုခဲ့တာကလည်း နေအိမ်မှာ လေးနှစ်ကျော်ကျော် နေပြီးမှ ဦးတင့်ဆွေကို ဝင်ခွင့်ပေး ခဲ့ တာ  ဖြစ် ပါ တယ်။
စကားပြောနေ စဉ် သတိထားမိတာကတော့ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဝန် ကြီး ချုပ်ဟောင်း၊ အတွင်းရေးမှူး (၁) စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဦးခင်ညွန့်ဟာ သူ ရဲ့ ကျန်း မာရေး ကို အတော်လိုက်စားပြီး ကျန်းကျန်း မာမာ နေနိုင်အောင် ကြိုးစားခဲ့တယ် ဆို တာ ပဲ ဖြစ်ပါတယ်။ ဒါပေ မယ့် သူဟာ စိတ်လှုပ်ရှားမှု အားကြီးတယ်။ စိတ်ထဲမှာ ခံစား နေရတာတွေကို ပြောချင်နေတယ် ဆို တာ ကို လည်း ကျနော် သတိထားလိုက်မိပါတယ်။
ဦးခ ညွန့်ဟာ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ တပည့်တွေကိုတော့ တမ်းတမ်းတတ ပြောပါတယ်။
“ကျနော့် လူတွေ မလွတ်သေးဘူး၊ သူတို့တွေကို လွှတ်ပေးဖို့လိုတယ်”လို့ သူက ဆိုလာပါတယ်။ ကျနော် က လည်း အန်ကယ် အခုလို အဖမ်းခံရတာ အန်ကယ့်တပည့်တွေ မကောင်းလို့ အဖမ်း ခံရ တယ် လို့ ဝေဖန်တာတွေ ရှိတယ်လို့မေးတော့ ဦးခင်ညွန့်က ဒီိလိုပြောတာကို လက်ခံ ပုံမရ ပါဘူး။“ ကိုယ် မကောင်း လို့ သူတို့ အခုလို ဖမ်းခံရတယ်လို့ပဲ မြင်ပါတယ်”လို့ သူက ပြန်ပြော လာပါတယ်။
တပ်မတော်မှာထောက်လှမ်းရေးဆိုရင်တပ်ကြပ်ကိုတောင်တပ်ရင်းမှူးကပြန်ပြီး  ကြောက်ခဲ့ ရတဲ့  ခေတ်တွေ သူ့ လက်  ထက်မှာ ရှိခဲ့တယ် ဆိုတာကိုတော့ ဦးခင်ညွန့်က ဆွေးနွေးချင်ပုံမရပါ။ ကိုယ်က Corruption (အဂတိ လိုက်စားမှု) လည်း မလုပ်ဘူး။ သန့်သန့်ရှင်းရှင်းပဲ နေခဲ့တာလို့ သူက ထမင်းတလုတ်ကို ပါးစပ် ထဲ ထည့် လိုက်ရင်း စကားကို ဆက်လိုက်ပါတယ်။
နေပြည်တော်ကို ကျနော်ရောက်သွားတိုင်း ခြေလျင်တပ်ရင်းမှာ တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း တချို့ ကတော့  ဦးခင်ညွန့်ကို လွှတ်ပေးတဲ့ ကိစ္စကိုရော မကျေနပ်ကြသလို ထောင်ထဲတွင် ကျန်ရှိနေသေးတဲ့ သူ့ တပည့်တွေ ကိုလည်း လွှတ်ပေးဖို့ မသင့် ကြောင်း အမြဲ ကျနော့်ကို ပြောလေ့ ရှိခဲ့တာကို နားထောင်ခဲ့ ရဖူး ပါ တယ်။
ဗိုလ်ချုပ်ဟောင်း တဦးကလည်း ၂၀၀၃ – ၂၀၀၄ ဝန်းကျင်က ဆိုလျှင် စစ်ရုံးချုပ်ထဲအထိ VIP အရေးကြီး ပုဂ္ဂိုလ်ေ တွ ရုံးထဲ အထိ သူ့ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားလေ့ရှိကြောင်း ကျနော့်ကို ရှင်းပြဖူးပါတယ်။ ဘာကြောင့်  ဆောင်  တာလဲလို့မေး တော့ ထောက်လှမ်းရေးက သတ်မှာစိုးလို့ပေါ့ဗျာလို့ သူက ခပ်ရှင်းရှင်း ပဲ  ပြန်ဖြေ ဖူးပါတယ်။“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင် တာပါ”လို့ သူက ထပ်ပြောလိုက်ပါသေးတယ်။ ဒါက ထောက်  လှမ်းရေးနဲ့ Infantry ခေါ် ခြေလျင် တပ် အကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ Power struggle (အာဏာ အားပြိုင်မှု)တွေ ရဲ့ အသံတွေ အရိပ်တွေ ဖြစ်ပါသည်။
ဒါကြောင့် Power struggle ကြောင့် အန်ကယ် ပြုတ်တယ်လို့လည်း ပြောဆိုဝေဖန် ရေးသားခဲ့ကြပါတယ်။ ကျနော့်တို့ လည်း ဒီလိုပဲ သုံးသပ်ခဲ့ကြတယ်လို့ ကျနော်က ဆက်ပြီးမေးမိပါတယ်။ ဒီလိုမေးတော့ ဦးခင်ညွန့်က လက်ကိုကာပြီး Power struggle မရှိပါဘူး။ ဘာ Power struggle မှ မရှိပါဘူးလို့ ထပ်ခါတလဲလဲ ပြောလိုက်ပါတယ်။
သူက စကားတွေကို ဆက်ပြောနေပေမယ့် ဒေါ်ခင်ဝင်းရွှေက ရပ်ပါတော့လို့ ဝင်တားလိုက်တာကို ကျနော် သတိထားလိုက် မိပါတယ်။ ဦးခင်ညွန့်က သူ တရားဆောက်တည်နေတဲ့အကြောင်း အခုလို ရာ ထူး က ချ နေ အိမ်အကျယ်ချုပ် အပို့ခံရတာဟာ အတိတ်က ကုသိုလ်ကံကြောင့်လို့ ကျနော့်ကို သူ ကပြောပြ ပါ တယ်။
ဒါပေ မယ့် တန်ခိုးအာဏာ အရမ်းကိုကြီးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အခုလို နိဂုံး ချုပ်ခဲ့ ရတာ ဟာ  တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းတိုက်ပွဲကြောင့်လို့ အများက သုံးသပ်ကြသလို နိုင်ငံရေးအရ ရည် မှန်း ချက်ကြီးတဲ့ ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ အဖွဲ့က အပြီး ရှင်းတာ ပဲလို့  ပြည်တွင်း ပြည်ပ သုံးသပ်သူတွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေနဲ့ စစ်စိုးရထောက်လှမ်းရေးရဲ့ ဒဏ်ကို ခံခဲ့ရ သူတွေ  ကြောက် ခဲ့ရသူတွေ ကတော့ ကံကံ ရဲ့အကျိုးကို ပြန်ခံစားရတာပဲလို့ ဘာသာရေးအမြင်ဘက်ကနေ ချဉ်းကပ်ပြောခဲ့တာကို အပြင်မှာရော အတွင်းမှာပါ ကျနော်ကြားရပါတယ်။
သူနေအိမ်မှာ အကျယ်ချုပ်ကျနေစဉ်အတွင်း YouTube အင်တာနက် စာမျက်နှာမှာ ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့ ဗီဒီယို အပိုင်း အစလေး တခု တက်လာတဲ့အကြောင်းကို ကျနော်မေးလိုက်ပါတယ်။ အဲဒါက ၂၀၀၅ တုန်းက ကျနော်တို့ကို အင်းစိန်ထောင် ကို ခေါ်ထုတ်ပြီး တရားစီရင်တဲ့ ကာလပေါ့လို့ ဦးခင်ညွန့်က ရှင်းပြပြီး ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ထားပါတယ်လို့ လည်း သူက ဆက်ပြောပါတယ်။
တရားရုံးက စီရင်ချက်တွေ စွပ်စွဲချက်တွေကိုရော ဘယ်လိုတုံ့ပြန်ခဲ့သလဲလို့မေးတော့ ကျနော်က ဘာမှပြန်မပြောခဲ့ပါဘူး။ ပြန် ပြောစရာလည်း ဘာမှမလိုတော့ပါဘူး။ ဒါကြောင့် အားလုံး ကို   ကျေးဇူးတင် ပါ တယ် လို့ ပဲ ပြောခဲ့ပါတယ်လို့ သူကပြုံးပြီး ကျနော့် ကို ပြောလိုက်ပါတယ်။
ဦးခင်ညွန့်ကတော့ စကားကို ဆက်ပြီး ပြောချင်ပေမယ့်    ဒေါ်ခင်ဝင်းရွှေ နဲ့  မြေးလေးတွေ က ပြန်ခေါ် တာ နဲ့   နေ့လယ် ပိုင်းမှာ ပြန် ထွက်သွားပါတယ်။
သူ့ကို လာနှုတ်ဆက် တဲ့ တပ်မတော် အရာရှိဟောင်းတွေ မိတ်ဆွေဟောင်းတွေကိုလည်း တွေ့ရပါတယ်။ အားလုံး ကို သူက ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး သူ အမျိုးသားနိုင်ငံရေး လုပ်မှာမဟုတ်ဘူး၊ အမျိုး သားရေးပဲ လုပ်မှာပါ။ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကိုပဲ လုပ်မှာပါ ဆိုတာကိုတော့ ထပ်ခါ တလဲ လဲ ပြောသွားခဲ့ပါတယ်။
ကားနား ကို လိုက်ပို့တဲ့ အရာရှိဟောင်း တဦးကတော့ ဦးခင်ညွန့် လက်ပြပြီး ကားထွက်သွားတာကို လိုက်ကြည့်ရင်း “ပြီးသွားခဲ့တာ ကြာခဲ့ပါပြီ” လို့ ကပ်ပြောလိုက်တဲ့ အသံကိုတော့ ကြား လိုက် ရပါသေး တယ်။     ။
 
Ref:Ayeyarwady

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပထမရရှိ

အမေရိကန် နိုင်ငံရေးလောကမှာ ဩဇာကြီးမားသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ပညာရှင် ၁၀၀ စာရင်း၌ပြည်ထောင်စုမြန်မာနိုင်ငံနိုင်ငံတော် သမ္မတ ဦးသိန်း စိန်နှင်အမျိုး သား ဒီမိုကရေ စီအဖွဲ့ ချုပ် ဥက္ကဋ္ဌ  မြန်မာ့ ဒီမိုကရေ စီခေါင်းဆော င်ဒေါ်အောင် ဆန်း စု ကြည်တို့ ပူးတွဲပထမ ရရှိသွား။ (စိန်နားကပ်ရောင်နဲ့ပါးပြောင်သွားတယ် လို့ များ ပြောလို့ရမလားဘဲ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ လင်မယားမှ နံပါတ် ၃ကိုပူးတွဲရရှိပြီး အမေရိကန် သမ္မတ အိုဘားမားက နံပါတ် ၇ ရရှိ။ ပါကစ္စတန်မှ မာလာလာဆိုသော ကလေးမလေးက အိုဘားမားနဲ့ ကပ်ရက် နံပါတ် ၆ ဖြစ်။ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို့ စုံတွဲမှာလဲ နံပါတ်စဉ် ၅ကို ပူးတွဲရရှိ။

Ref: ခွန်ဒီးယမ်

ဦးသန်းရွှေနှင့်အပေါင်းအပါများအတွက်ထောက်ပံ့ကြေးစစ်ဆေးမည်

ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ နီးပါး၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။
နိုင် ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စသည့် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေး ရလိုကြောင်း အိုးအိမ်ဦးစီးဌာနက တောင်းခံသော ဖြည့်စွက် ဘတ်ဂျက်တောင်းခံမှုတွင် ထည့် သွင်း ၍  ပြည်ထောင်  စုလွှတ်တော်သို့ တင်သွင်းရာ နိုဝင်ဘာလ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါကိစ္စကို အတည်ပြုပေးလိုက်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မသိ ရှိ ကြ သည့် အတွက် ဝင်ရောက် ဆွေးနွေးမှု မပြုကြကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် ဇန်န ၀ါရီ တွင်  ခေါ် ယူ မည့် ပဉ္စမအကြိမ် လွှတ်တော်၌ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ။ ကျနော် တယောက်တည်း အနေ နဲ့ လည်း  ဆွေးနွေး  လို့ မရဘူး။ ကျနော်တို့ပါတီရဲ့ သဘောထားက ဘယ်လိုလဲ၊ ဒီကိစ္စအပေါ် ဆွေးနွေးမလား ဆို တာ အစည်းအဝေး လုပ်ရဦးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။
အငြိမ်းစား ပုဂ္ဂိုလ်များအတွက် ဘတ်ဂျက် တောင်းခံမှုသည် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အိုးအိမ် ဦးစီး ဌာန မှ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ တောင်းခံရာတွင် ပါဝင်ကြောင်း၊ သို့သော် ထို ကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပါအ၀င် မည်သည့် ကိုယ်စားလှယ်ကမှ ဆွေးနွေးမှု မရှိခြင်း သည် ထူးခြားမှု တခုဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
ယင်းကိစ္စအား အတည်ပြုပြီးမှသာ ဖတ်မိသည့်အတွက် ၎င်းကိုယ်တိုင် မဆွေးနွေးလိုက်ရကြောင်း၊ ၀န်ကြီး ဌာနများ၏ဘတ်ဂျက်တောင်းခံမှုကိစ္စအားလုံးကိုကိုယ်စားလှယ်များက   ဆွေးနွေးခြင်း၊ ဖြတ်တောက်ခြင်း ပြု
လုပ်ခဲ့သကဲ့သို့ သက်ဆိုင်ရာ ၀န်ကြီး များက လည်း  ပြန် လည်ေ ဆွးနွေး  မှု    များ ရှိခဲ့ကြောင်း၊ သို့သော် ယခုကိစ္စအားကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များအပြင်မည်သည့်ပါတီကမှမဆွေးနွေးကြောင်း၊  ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသင့်သည်ဟု ယူ ဆကြောင်း  ၎င်းက ဆက်ပြောသည်။
“တကယ်ဆိုရင် ဒီကိစ္စကို အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေး ထား တာ က နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို တခြားကိစ္စတွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး” ဟု ဦး ဖုန်းမြင့်အောင် က ဆိုသည်။
နိုင်ငံအကြီးဟောင်းများ ဘတ်ဂျက်တောင်းခံမှု ကိစ္စသည် လက်ရှိတွင် အရေးမကြီးဟု ယူဆကြောင်း၊ လက် ရှိ တွင် ရခိုင် အရေးကိစ္စ၊ ကချင်ဒေသတွင်း စစ်ပွဲများ၊ လက် ပံတန်းတာင် ကြေးနီစီမံကိန်းကိစ္စများကို ဦး စားပေးနေ ရသည့်အတွက်  NLD ပါတီ အနေဖြင့် မဆွေးနွေးခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။
Ref: ayeyarwady

စင်္ကာပူမှာကျောင်းသွားတက်မယ့်မြန်မာမိန်းကလေးများအတွက် အတုယူစရာ

စင်ကာပူ မိန်းကလေး ငယ်တွေ အလွန် လိုက်စားလာ တဲ့ အပျော် အချစ် ဇာတ်လမ်း တွဲလေးများ(၂) ဒါက လက်  ရှိစကာင်္ပူမှာ အမျိုးသမီးငယ်တွေ ရဲ့ ရမ္မက်ဖြည့်စွက် မှုဇာတ်လမ်းလေး (အပျော်အချစ်ဇာတ် လမ်း များ) တွေထဲ ကအဖြစ်ပျက်လေးတခုပါ၊အသက်၁၈နှစ်ရှိ စကာင်္ပူ ပထမနှစ်ကျောင်း ပြီးထား တဲ့ တက္က သိုလ်ကျောင်းသူလေးသူမရဲ့တည်ငြိမ်စွာပြောပြတာက သူမရဲ့အတွေ့အကြုံနှင့် ဘယ်လို လူတွေနှ င့်  တွေ့ ဆုံပြီး   တတ်ကျွမ်းကျင်လာ ခဲ့ပုံကို ပြောပြလာပါတယ်၊ ငယ်ရွယ်တဲ့ တက္ကသိုလ်ကျောင်းသူ အများ စုတွေ ဟာ အဆင့်တန်းမြင့်မြင့်နေ ချင် ကျပါ တယ်လို့ပြောပါတယ်၊ ဒါကြောင့်ငွေ လိုတယ် !ငွေလဲ ရှာ စိတ် ဆန္ဒ လို အင်တွေ  လဲပြည့်ဆိုသလိုပေါ့၊.....(ငွေသည် လောကကြီးကိုသာယာအောင်လုပ်ပေးနိုင်တဲ့ စွမ်းရည်များ ကို ပိုင် ဆိုင်  ထားသူပါလားနော်!....)ဒီအတွက်  ကောင်လေးတွေတော်တော်များများနှင့် အချိမ်း အ ချက်ပြု လုပ်ကျတယ် အများတွေ့ကြုံ နေရတာ က အားလုံးဟာ သူမကိုအပြင်ခေါ် ထုတ် ဖို့ကြိုး စား ကျ ပြီး  နောက်ဆုံး ညအိပ်နေကျဖို့ပါဘဲတဲ့! သူမကလဲ အမြဲသူမ သဘော ကျတဲ့ သူတွေ အချို့နှင့် ချိမ်းတွေ့ ကျ ပါ တယ် တဲ့!သေချာတာက သူတို့တတွေအကောင်းဆုံးအချိန်မှာ တွေ့တာကောင်းပါတယ်လို့ LeeAnne ဆို သူ က bikyamasr ကိုပြောပါတယ်၊ ယောကျာင်္းနှင့်ဆက်ဆံတာ အဆင်မပြေတဲ့အခါမှာ စိတ် ဆန္ဒ  ကျေ  နပ် ဖို့လုပ်ရပါတယ်တဲ့ သို့သော် ဒီလိုရက်တွေကို သူမကလဲ မနှစ်သက်ပါဘူးတဲ့"သူမက မကြာ  ခင် မှရေးသားပုံနှိပ်သော asiaone.com မှာ "sex addiction" in the country လိင်နောက်ဆက်တွဲ (အပျော်အချစ်ဇာတ်လမ်းများ) တွေ ဒီမှာရှိနေကျပြီ ဆိုတာ ရေးသားဖော်ပြလာကျ ပါပြီတဲ့!သူမတို့တတွေ လိင်ဆက်ဆံကျပါတယ်၊ သို့သော် မိန်းမတော်တော်များတွေမှာ လိင်ဆက်ဆံမှုများ နှင့်ပတ်သက်ပြီး သူမတို့စိတ်တိုင်းမကျတာကို စိတ်မကောင်းစွာတွေ့နေရတာနှင့် ဒါလို ဆက် လက် ပြီး ကျေနပ် မှုမရ ရှိသော မိန်းမတွေပေါင်းပြီး အဖွဲ့အစည်းလေး ဖြစ်လာတာဖြစ်ကြောင်း သူမပြောပါတယ်။
သူမ တို့ တတွေနှင့် သူမအုပ်စုတွေရဲ့ ချိန်းတွေ့ကျတဲ့နေရာက ကျွန်းအနှံနာမည်ကြီးကော်ဖီဆိုင်တွေပါ ဘဲ လို့  နေရာကိုတော့ အတိကျမရှိတဲ့ ချိန်းတဲ့နေရာအနှံလဲပေါ့နော်!သူမသူငယ်ချင်း Jumana ကအချက် ကျ ကျပြောပြီး အကြံပေးတာက "sex addction" ဆိုတာက တခါတရံ အမှန်တကယ် လိုအပ်ေ နတဲ့ မိန်း ခလေးတွေ အတွက် တိုက်ပွဲတွေပါလို့ပြောပါတယ်၊ "အလွန် အန္တရယ် များ တဲ့ နေ ရမှာေ ရာက်ေ နတာ ပါ တယ် တဲ့" ဘယ်လိုနေရာတွေမှာ မမြင်ရတဲ့ ပုန်းလျှိးဖွတ်လျှိုးလုပ်စားတဲ့ ကြေးစားယောင်္ကျားတွေ သို့ မ ဟုတ်  အဓမ္မမုဒိမ်းကျင့်သမားတွေ သို့မဟုတ် လိင်အတွက် ရုတ်တရက် တိုက်ခိုက် တတ် သူတွေ ရဲ့ အန္တရယ်တွေ ရှိတတ်တာကြောင့်တကြောင်း ဒီလိုအန္တရာယ်တွေ မရှိတဲ့ အားလုံးအတွက် "sex addiction" ကဆွေးနွေးတိုင်ပင်လို့ရတဲ့နေရာ အကြံတွေယူလို့ရတဲ့ သို့မဟုတ် စိုးရိမ်စရာမရှိတဲ့တန်ဖိုးဖြတ်လို့မရ တဲ့နေ ရာလေး  ဖြစ်တယ်လို့ပြောပါတယ်။
Ref:Myanmar Daily Star Group

ရန်ကုန်ဆေးရုံကြီးဓာတ်မှန်ဌာနမှအမျိုးသမီးဝန်ထမ်းတစ်ဦးအားမင်းမဲ့စရိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီးအတင်းအဓမ္မလက်ထပ်ခိုင်းစေမှုရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့

ကျွန်မသည်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး  ဓာတ်မှန်ဌာနမှ ဓာတ် မှန်ကျွမ်းကျင် အဆင့်(၂ )ဖြင့် တာဝန်  ထမ်းဆောင်နေ  သူတစ်ဦး ဖြစ်ပါသည်။ ကျွန်မ၏  အမည်မှာ မသင်းဟေမာစိုး(၂၈)နှစ်ဖြစ်ပါတယ်။ ကျွန်မ   ၁၄-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံကြီးအဆောင်တွင်ရှိနေစဉ် ဆွေမျိုးနီး  စပ်တော် စပ်သော မဇင်မာစိုး၊ မဇင်မင်းစိုး၊ သန်းဇော်အောင်၊ ချစ်ကိုကိုတို့မှ ဆူပါကပ်စတန်ကား (ဇ)/၈၀၇၄ ဖြင့် လာရောက်ခေါ် ဆောင်ခဲ့ပါတယ်။ ပုဇွန်တောင်တွင် မဇင်မာစိုးနှင့် အတူ ဆံပင်ညှပ်ပြီး တာမွေအခွန်လွတ်ဈေးရှိ မမာလာမြင့် ဆိုင်သို့သွားပြီး မဇင်မာစိုးနှင့် မဇင်မင်းစိုးတို့ ဆင်းနေခဲ့ပါတယ်။ အခွန်လွတ်ဈေးကနေတစ်ဆင့် ကျွန်မကို ဆေးရုံပို့ပေးမယ်ပြောပြီး မပို့တော့ဘဲ သန်းဇော်အောင်မှ ဓားထောက်ပြီးမအော်နဲ့ဟုပြောပြီး ခရမ်းသုံးခွဘက် ခေါ်သွားပါတယ်။ လမ်းတစ်နေ ရာတွင် ကားပျက် သွားသဖြင့် ဒေါ်မာလာမြင့်နှင့် စိုးအေး(ခ)ဒါဝတ်တို့ ပြန်လာ ခေါ်ပါ တယ်။ ပြန်ခေါ်လာပြီး သင်္ဃန်းကျွန်း လွတ်လပ်ရေးရပ်ကွက်မှ အိမ်တစ်အိမ်တွင် ဗလီဆရာခေါ်ပြီး သန်းဇော်အောင်နှင့် လက်ထပ်ခိုင်းပါသည်။ ထိုစဉ်အချိန်မှာ ည ၃ နာရီခန့် ရှိပါပြီ။ လက်ထပ်ပြီးနောက် အခွန်လွတ်ဈေးရှိ ဒါဝတ်(ခ) စိုးအေးနှင့် ဒေါ်မာလာမြင့်တို့ဆိုင်သို့ အတင်းပို့ခဲ့ပါတ်ယ်။ ဆိုင်တွင် ကျန်ခဲ့ပြီး ကျွန်မမှ သန်းဇော်အောင်အား အမျိုးမျိုး တောင်းပန်ခဲ့ပါတယ်။ ကျွန်မမှာ နံနက်တွင် နိုင်ငံတော်မှ ဓာတ်မှန်ရိုက်စေရန် ခိုင်းစေထားသော အလွန်အရေးကြီးပုဂ္ဂိုလ် ၄ အား ဓာတ်မှန်ရိုက်ရန်တာဝန်ရှိပြီး ဓာတ်မှန်ခန်းသော့များလည်း ကျွန်မထံ ပါလာသည့်အကြောင်း ပြောပြတောင်းပန်ပြီး နံနက် ၆ နာရီတွင် ပြန်ပြေးလာခဲ့ပါတယ်။
ကျွန်မ၏အဖြစ်အပျက်များကို ဟင်္သာတရှိ မိဘများထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ မိဘများက လည်း စိုးရိမ်ပူပန်စိတ်များဖြစ်ခဲ့ရပါတယ်။ ထိုသူများ၏ ရန်ကို ရှောင်တိမ်းရန်အတွက် မိဘများက ခွင့်ယူပြီး ဟင်္သာတတွင် ခေတ္တပုန်းအောင်းခိုင်းသဖြင့် မိဘများနှင့်အတူ ဟင်္သာတတွင် နေထိုင်ခဲ့ပါတယ်။ ယခုဖြစ်  ရပ်ကို ဦးဆောင်စီစဉ်သူမှာ အောင်မြင့်(ခ)အီစမိုင်း (အမှတ်(၁၈)၊ ၁၂၇ လမ်း၊ ၄ လွှာ သပြေ ကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များကို သူက ရှင်းပေးမယ်ပြောပြီး ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ အားလုံးက ဆေးရုံကြီးတွင် ကျွန်မ လက်ထပ်ထားသော စာချုပ်အား မိတ္တူများ လာရောက်ဖြန့် ဝေခြင်း၊ ဟင်္သာတရှိ မိဘများအိမ်ရှေ့မှ ကားဖြင့်လာရောက် အရှက် ခွဲခြင်း များ  ပြုလုပ်လာကြပါတယ်။
ဒါကြောင့် ကျွန်မ လည်း လသာရဲစခန်းတွင် ၂-၁၁-၂၀၁၂ ရက်နေ့တွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ၈-၁၁-၂၀၁၂ ရက်နေ့တွင် ရဲစခန်းမှ ခေါ်သဖြင့် သွားရောက်လက်မှတ်ထိုးခဲ့ရပါတယ်။ (ပ) ၃၄၀/၂၀၁၂၊ ပုဒ်မ ၃၆၆/၁၁၄ ဟု သိရပါတယ်။
တစ်ဖက်မှ တရားခံများကို စတင်ပြီး ခေါ်စစ်ကတည်းက ဟင်္သာတအိမ်ကို ဖုန်းနှင့်အမျိုးမျိုးဆဲဆို ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒီကိစဖြစ်ပြီးကတည်း ကျွန်မအမေလည်း နှလုံးရောဂါဖြင့် ဆေးရုံကို တင်ခဲ့ရပါ တယ်။ ကျွန်မမှာလည်း အရှက်တကွဲအကျိုးနည်းဖြစ်ရသဖြင့် လုပ်ငန်းခွင်သို့ ပြန်မ၀င်ရဲသေးပါ။
ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို အနှောင့်အယှက်အမျိုးမျိုးပြုလုပ်တဲ့အပြင် လူကိပါ သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလာပါတယ်။ယခု အခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေး တိမ်းရှောင် ရန် ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်း ပတ်စ်ပို့စ်များကို အသင့် ကိုင်ဆောင် ထားပြီးဖြစ်ပါတယ်။ ၀န်ထမ်းတစ်ယောက်အနေနှင့် ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာလည်း အခက် အခဲ များစွာ ရှိနေတဲ့အပြင် တရားဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေ  ရ ပါ တယ်။ ဒါကြောင့် ကျွန်မကို အကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။

မသင်းဟေမာစိုး
၁၄/ဟသတ(နိုင်) ၂၅၀၂၈၉
ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)
ဆေးရုံကြီး ၀န်ထမ်းအိမ်ရာ

ကာယကံရှင် ပြောပြသော အကြောင်းအရာကို မူရင်းအတိုင်း တင်ပေးခြင်း ဖြစ်ပါတယ်။
Ref:မိုးနေ

Monday, November 26, 2012

နယူးဒေလီမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောခဲ့သလဲ....

 
 
  •  NDTV ။         ။ သူမဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးစံပြနိုင်ငံရေးသမားတွေထဲမှာ ဒက်ထိ ပါဝင်ပါတယ် ။ လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်အား ၊ မျှော်လင့်ချက်အားတွေရဲ့ ပြယုဂ်ပါဘဲ  ။ သူမခင်ပွန်းဟာ သူကိုယ်တိုင်တည်းဖြတ်ခဲ့တဲ့ စာအုပ်မှာ တခါက ပြောဖူးပါတယ် .....သူမဟာ '' မကြောက်ခြင်း '' ရဲ့ ပြယုဂ်ပါတဲ့ ။ ဒီနေ့ ကျမတို့ ဒေလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးခွင့်ရတာ ဂုဏ်ယူပါတယ် ။ 
 
  • ဒေါ်အောင်ဆန်းစုကြည်ရှင့်....ဒေလီမှာ လုပ်ခဲ့တဲ့ဒေါ်စုရဲ့အံ့မခန်းကောင်းမွန်လှတဲ့နေရူး အထိမ်း အမှတ် မိန့်ခွန်းကို နားထောင်ရတာ ကျမတို့အားလုံး စိတ်လှုပ်ရှား ကြည်နူးခဲ့ရပါတယ်။ ကျမ တကယ် အံ့သြ မိတာကဒေါ်စုဟာနိုင်ငံရေးကို ကျင့်ဝတ် တစ်ခုလို သဘော ထားနိုင်သေးတာ ကိုပါဘဲ ။ တကမ္ဘာ လုံးမှာနိုင်ငံရေး နဲ့ နိုင်ငံရေးသမားတွေကို လူတွေက အဆိုးမြင် အယုံ အကြည် မဲ့တာတွေများ လွန်းနေချိန်မှာ ဒေါ်စုက နိုင်ငံရေးကို   ကျင့်ဝတ် တစ်ခု လိုကို   ေ ၿပာေ နနို င်ေ သး တယ်နော်။နိုင် ငံရေး  အပေါ် မှာဒေါ်စုရဲ့ ယုံ ကြည်မှုမပျောက်ပျက်အောင် ၊ အမြဲ တမ်း ကျင့်  ၀တ် သိက္ခာနဲ့အညီပြုမူဆောင် ရွက် တတ် သူဖြစ်နေသေးအောင် ဘယ်အရာကများ ထိန်း ထားပေး ပါ သ လဲ။
  • Suu။  ။ ကျမအနေနဲ့ နိုင်ငံရေးကို အဲဒီပုံနဲ့ကလွဲလို့ တခြားနည်းနဲ့ မမြင်တတ်တာကြောင့်လို့သာ ထင်မိပါတယ် ။ ကျမကို ငယ်ငယ်ကတည်းက သင်ပေး လိုက် ကြ တဲ့   နိုင်ငံေ ရး အပေါ် မြင် ပုံမြင် နည်း က နိုင်  ငံရေးဆိုတာ ကိုယ်ကျင့်တရားရယ် ၊ တာဝန်ရယ် ၊ ပြည်သူကို အလုပ် အကျွေး ပြုတာ ရယ် နဲ့ ပတ်သက်တယ်လို့ပါ ။ ဒီတော့ ကျမလည်း ဒီပုံ အတိုင်း ဘဲ  တွေး မြင် တတ် လာခဲ့ တယ် ဆို ပါေ တာ့ ။ ခုမှ ပြောင်းဖို့ဆိုတာ ကျမ အနေနဲ့ အသက်ကြီးလွန်းနေပါပြီ ။
  • NDTV ။ ။ ဒီတိုက်ပွဲတလျောက်လုံးမှာ ယုံကြည်ချက်မဲ့တာမျိုး မရှိခဲ့ဖူးဘူးလား ။ စိတ်ပျက်လာတာ အဆိုးမြင်လာတာမျိုးပေါ့ ။ ဒေါ်စုဘ၀မှာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရတယ်လေ ။                                                     

 
  • Suu။ ။ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျမလုပ်နေတာ နိုင်ငံရေးလေ ။ နောက် ဆုံးေ တာ့    နိုင် ငံရေး သ  မား တိုင်းဟာ ပြသာနာတွေကို ဘယ်လိုချဉ်းကပ်ဖြေရှင်းမယ်ဆိုတာ ကိုယ် တိုင် ဆုံး ဖြတ် ရတာ ချည်း  ပါဘဲ ။ တခြားနိုင်ငံရေးသမားတွေ နိုင်ငံရေးကို ဘယ်လို လုပ်တယ် .....သူတို့လုပ်ရပ်က ကျမ အပေါ် မှာ သက်ရောက်မှုရှိခဲ့တယ် ဆိုရင်တောင် ဒါက သူတို့ကိစ္စပါ ၊ ။ ဒါပေမယ့် ဒါက ကျမ သူတို့ နဲ့တူအောင်လိုက်ပြီးကျင့်ကြံရမယ်လို့ မဆိုလိုပါဘူး ။ ဒါမှမဟုတ်လည်း ကျမနေသလို တခြား  လူတွေက မနေလို့ ကျမက ကိုယ့်ဘ၀ကို ပြောင်းလဲပစ်ရမယ်လို့ မဆိုလိုပါဘူး ။ 
  • NDTV။။ပုဂိုလ်ရေး စွန့်လွှတ်မှုဟာ နိုင်ငံရေးခေါင်းဆောင်တွေကို သာမန် တည် ငြိမ်တဲ့အချိန်ေ တွ  မှာ    မရ    တတ်တဲ့(ပြည်သူအပေါ်) စိတ် ဓါတ် သြဇာ လွှမ်းမိုးနို င် မှု မျိုး  ပေး တတ် တယ်ေ  နာ် ။ ပုဂိုလ်ေ ရး ဆုံး  ရှုံး လိုက်ရတဲ့မယုံနိုင် စရာ ကာလ တချို့ကို ဒေါ်စု ဖြတ် သန်းခဲ့ ရ တယ် ..... .နောက်   ဆုံးအဆင့်အသည်းအသန်ဖြစ်နေတဲ့ ခင်ပွန်းကို မတွေ့နိုင်ခဲ့တာ ၊ အမေ တစ်ေ  ယာက် အနေ နဲ့ ကလေးနှ စ်ယောက်နဲ့ ခွဲခဲ့ရတာ ၊ အိမ်အကျယ်ချုပ်ကျတာမျိုးတွေပေါ့ ။ ဒါပေ မယ့်  နေရူးမိန့်ခွန်းထဲမှာ ဒေါ်စုကပြောတယ်နော် ......ကိုယ့် စွန့်လွှတ်မှုတွေအပေါ်မှာ သိပ် အ ကျယ်  တ၀င့်လုပ်မနေသင့်ဘဲ ကိုယ့်ကိုချစ်တဲ့သူတွေ ၊ ကိုယ့်ကို သွား ခွင့် ပေး လိုက် တဲ့ သူတွေ  ရဲ့ စွန့်လွှတ်ခြင်းအပေါ်မှာ ပိုပြီးအာရုံထားသင့်တယ် .....အဲဒီလူတွေရဲ့ ရွေးချယ်မှုတွေ ၊ စွန့် လွှတ် မှုေ တွ ဟာ ပိုပြီးခက်ခဲတတ်ပေမယ့် ကိုယ့်ကို ချီးကျူးကြသလောက် ၊ ဟီးရိုး အဖြစ် သဘော ထား ကြ သေ လာက် သူတို့လုပ်ပေးခဲ့တာကြတော့ သိပ်အရေးတယူပြောလေ့မရှိကြဘူး တဲ့ ။ ဒေါ်စု  မိသားစုရဲ့ စွန့်လွှတ်မှုဟာ ဒေါ်စုစွန့်လွှတ်ခဲ့ရတာထက် ပိုခက်တယ်လို့ နား လည် ထား  တယ်ပေါ့ ။                                                            
  • Suu။       ။ ကျမ မိသားစုရယ် လို့ တွေးပြီးပြောခဲ့တာမဟုတ်ပါဘူး ။ အမှန်ပြောရရင် ကျမ မိ သား စု အတွက်က ပိုလွယ်မလားဘဲ .....ဘာကြောင့်လဲဆိုတော့ သူတို့မှ မြန်မာပြည်မှာ မနေတာလေ ။ မြန် မာတွေလည်း မဟုတ်ကြဘူး ။ ကျမတို့ လုပ်ဖော်ကိုင်ဖက် ထောင်ကျကြသွားတဲ့သူတွေရဲ့ မိသား စုတွေဆို မနည်းကို ရုန်းကန်ကြရတယ် ။ တချိန်လုံး စစ်အစိုးရရဲ့ ခြောက်လှန့်ခံနေရတယ် ။ တချိန်ထဲမှာလည်း ထောင်ကျနေတဲ့ ခင်ပွန်း ၊ ဖခင် ၊ ဇနီး ၊ ညီမ စတာတွေ ကို လည်း  ထောက်ပံ့ဂရိုစိုက်ရသေးတယ် ။ သူတို့အတွက် ဘ၀က တကယ်ခက်ခဲခဲ့တာပါ ။ ဒါပေမယ့် ဘယ် သူက မှ မယ်မယ်ရရ အသိအမှတ်မပြုခဲ့ကြဘူးလေ ။
  • NDTV ။        ။ ဒီလိုဆိုတော့ တနည်းပြောရရင် ကိုယ့်ပါတီလုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေ ၊ ထောင် ထဲလူတွေရဲ့အခြေအနေတွဟာ ပိုဆိုးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးပြောနေပြီး ကိုယ့်မှာ ဖြစ်နေတာတွေကို လက်ခံနိုင်ခဲ့တယ်ပေါ့ ။ ဒီလိုတွေးပြီး လက်ခံနိုင်ခဲ့တာလား ။
  • Suu ။       ။ အဲလိုတော့ မဟုတ်ပါဘူး ။ ကိုယ့်အခြေအနေကို လက်ခံဖို့တမင်ကြိုးစားတာတို့ ၊ နားလည်ဖို့အတင်းကြိုးစားတာတို့ လုပ်ခဲ့တာမဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း သိ ထား လိုက် တဲ့ သဘောပါ ။ ကျမ ပါတီဝင်တချို့ရဲ့ မိသားစုတွေဟာ ဆိုးဆိုးရွားရွားအချိန်တွေကို တကယ်ဘဲ ဖြတ် သန်းခဲ့ရတယ်ဆိုတဲ့အချက်ကို လက်မခံလို့မှ မရတာဘဲလေ ။
  • NDTV ။       ။ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ်စ်တည်းဖြတ်ပြီး ဒေါ်စုကိုယ်တိုင် မိတ် ဆက် စကားေ ရး ခဲ့ တဲ့ '' ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး '' ကို ဖတ်ကြည့်တော့ အဲဒီမှာ မိုက် ကယ် က  ဒေါ်စု နဲ့သူ တွေ့ပုံ ၊ လက်ထပ်ဖြစ်ပုံကို ရေးထားတယ်နော် ......ဒေါ် စုပြောခဲ့ တယ် တဲ့ တိုင်းပြည်ကို မိသားစုထက် ပိုပြီးရှေ့တန်းတင်ရမယ့်နေ့တစ်နေ့ ရောက်လာနိုင်တယ် ၊ အဲဒီအချိန်မှာ သူ့ ရဲ့ မေတ္တာ နဲ့ ပံပိုးမှုးကို လိုလိမ့်မယ် ။ ဒီတော့ သူလည်း အဲဒီအတွက် စိတ် ပိုင်း ဆိုင် ရာ ကြိုတင်ပြင်ထားရမယ်လို့လေ ။ မိုက်ကယ်အတွက် အဲဒါ ဘယ်လောက်များခက်ခဲခဲ့မယ်လို့ ဒေါ်စု ထင်သလဲ ။
  • Suu ။      ။ အင်း....သူက ပြင်ဆင်ထားတယ်ဆိုတော့လည်း...........
  • NDTV ။      ။ ဒီလို အဖြစ်မျိုးကို ပြင်ဆင်ထားလို့ တကယ်ရနိုင်လို့လား ။
  • Suu ။      ။ လုံးဝကြီးတော့ ဘယ်ဟုတ်ပါ့မလဲ ။ တကယ်မဖြစ်သေးသရွေ့ ကိစ္စတစ်ခုအတွက် လုံး ၀ ပြင်ဆင်ထားတယ်ဆိုတာ ရှိမှ မရှိတာ ။ ဒါပေမယ့် သူ့အတွက် ဒါက အံသြ စရာ တစ် ခု အနေ နဲ့ ရောက် လာခဲ့တာတော့ မဟုတ်ပါဘူး ။
  • NDTV ။      ။ ဒေါ်စု ခဏ ခဏပြောခဲ့တယ်နော် ...... ဒါဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေတာတဲ့ ။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မြန်မာပြည်မှာနေပြီး ဒီမိုကရေစီအတွက် တိုက် ပွဲဝင် ဖို့ ဒေါ်စု  ရွေးချယ်ခဲ့တယ် ။ ဒါပေမယ့် လူသားတိုင်းဟာ ကိုယ်လုပ်တာအပေါ်မှာ သံသယ၀င် မသေ မချာ ဖြစ်တတ်ကြတာဘဲလေ ။ "' တကယ်လို့များ '' ဆိုတဲ့အတွေးဝင်တတ်တဲ့အချိန်တွေ ရှိကြတယ် ။ နောက်ကို ပြန်လှည့်ကြည့်ပြီး '' အင်း.....ငါတော့ ဒါမျိုး မလုပ် ဘဲ  နောက်တနည်းနဲ့လုပ်ခဲ့သင့်တယ် '' ဆိုတဲ့ နောင်တမျိုးရတတ်ကြတယ် ။ ကိုယ့် ရွေး ချယ် ချက်ေ တွအတွက် အဲလို ၀မ်းနည်းနောင်တရတာ ၊ သံသယဖြစ်တာ ရှိတတ်သလား ။ ဒေါ် စု ရဲ့  ရွေးချယ်မှုဆိုတာတွေဟာ အံ့မခန်း ရဲရဲတောက်တွေလေ ။
  • Suu ။        ။ ကျမရဲ့တိုင်းပြည်နဲ့ ကျမယုံကြည်ရာကို ရွေးချယ်ခဲ့တာအတွက် ဘယ်တုန်းကမှ သံ သ  ယ မ၀င်ခဲ့ဖူးပါဘူး ။ တခါတလေမှာတော့ ကျမလုပ်နေတဲ့ အလုပ်တွေ နည်းမှန်လမ်းမှန်မှ ရှိရဲ့ လား လို့ စိုးရိမ်တာတော့ ရှိတာပေါ့ ။
  • NDTV ။     ။ ဟုတ်မဟုတ်တော့ မသိဘူး ။ အင်မတန် ရင်ထဲထိတဲ့ အကြောင်းတစ်ခုကို ကျမ ဖတ် ရ တယ် ။ ဒေါ်စုက မြန်မာပြည် ပြန်လာလို့ မရမှာစိုးလို့ မိုက်ကယ်ကို သွားမတွေ့နိုင်တော့ဘူးလို့ ဆုံးဖြတ် လိုက်ပြီးနောက်မှာ မိုက်ကယ်အတွက် နောက်ဆုံးနှုတ်ဆက်စကားပြောထားတဲ့ တိတ်ခွေလေးကို ဗြိတိန်သံရုံးကနေ ပို့လိုက်တယ်ဆို ။ ဒါပေမယ့် အချိန်မှီရောက်မသွားဘူးတဲ့ ။ အဲဒါကို ဖတ်ရတယ် .....အမှန်က ဘယ်လိုဖြစ်ခဲ့တာလဲ မသိဘူးနော် ။                                                           

  • NDTV ။ ။ ကြားရတာတောင် တကယ့်ကို ရင်နင့်စရာပါဘဲ .......ဒေါ်စု ဘယ်လို ခံစားခဲ့ရမယ်ဆိုတာ ကျမ တွေးတောင် မတွေးနိုင်ပါဘူးရှင် ။
  • Suu။  ။ကျမကတော့ အဲဒါကို အရမ်းကြီး တွေးမနေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာက သူတတ်နိုင်သမျှ သက်သက်သာသာ လောကကြီးထဲက ထွက်သွားနိုင်ဖို့ဘဲလေ ။ အဲဒီနှုတ်ဆက်စကားကိုအချိန်မှီ ကြားခဲ့ရရင်တောင် သူ့အတွက် သိပ်တော့ ထူးသွားမယ် မထင်ပါဘူး ။
  • NDTV။  ။အိန္ဒိယကို ရောက်ကတည်းက လူတွေက အကြိမ် ကြိ မ်မေး ကြ တယ် လို့   ဒေါ် စုေ ပြာ တ ယ်ေ နာ် ....ဒေါ်စုရဲ့ အိန္ဒိယအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်းကိုလေ ။ မြန်မာ့ ဒီမို ကရေစီတိုက်ပွဲမှာ အိန္ဒိယဟာ ဟိုးအရင်ကလို မရပ်တည်ပေးတော့တဲ့အတွက် ဒေါ်စု စိတ် ပျက် သွား ရသလားပေါ့ ။ '' စိတ်မကောင်းဘူး '' လို့ ဒေါ်စုက ဖြေခဲ့တယ်နော် ။ အခု ဒေါ်စု အိန္ဒိယ ကို  ရောက်လာပြီ ၊ အိန္ဒိယပြည်သူတွေဆီကနေ အံ့မခန်း တုန့်ပြန်မှုရတယ်ဆိုတော့ စိတ် မကောင်း တာ နည်းနည်းသက်သာသွားပြီလား ။
  • Suu။ ။ပြောရရင်တော့ ဟိုးအရင်က စိတ်မကောင်းဖြစ်ခဲ့တာပါ ။ ဒါပေမယ့် အဲဒီစိတ် မကောင်း ဖြစ်တာ ကို ကျမ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါပြီ ။ ဘာကြောင့်လဲဆိုတော့ ကျမပြော ခဲ့သလို ဘဲ တစ်ခုခုကို မျှော်လင့်ဖို့ ၊ သို့မဟုတ် စိတ်ပျက်ဖို့အခွင့်အရေး ကျမမှာ မရှိပါဘူး ။ အိန္ဒိယ လူမျိုးမိတ်ဆွေများနဲ့ ကျမကြားက နှစ်ရှည်လများခင်မင်ရင်းနှီးမှုလည်း ဘယ်လိုနည်းနဲ့မှ မထိ ခိုက်ခဲ့ပါဘူး ။ ဒီရင်းနှီးမှုကြောင့်ဘဲ ကျမနဲ့ အိန္ဒိယကြားမှာ အင်မတန် ပုံမှန်တဲ့ ဆက် သွယ် မှုတွေ  ရှိခဲ့တာပါ ။
  • NDTV။  ။ ဒါပေမယ့် ပုဂိုလ်ရေးအရ ရင်းနှီးဆက်ဆံတာအပြင် အတွေးအခေါ် မျှော်မှန်းချက်တွေအရ စိတ်ပျက်ရတာမျိုးရော မရှိခဲ့ဘူးလား ။
  • Suu။ ။ ပြောခဲ့ပြီးသလိုဘဲ ကျမမှာ စိတ်ပျက်ဖို့ အခွင့်အရေးမရှိပါဘူး ။ ဘာကြောင့် လည်း ဆိုေ တာ့စိတ်ပျက်တယ်ဆိုတာ တစ်ယောက်ယောက်ဆီက တစ်ခုခုကို မျှော်မှန်းခွင့်ရှိပြီး အဲဒီေ မျှာ်   မှန်းချက်တွေ မပြည့်လို့ စိတ်ပျက်တယ် လို့ ဆိုလိုတာလေ ။ တကယ်က အဲလိုမှ မဟုတ် တာ ..... လူတွေအချင်းချင်းကြားထဲ အဲဒီလို မရှိသင့်ပါဘူး ။ တိုင်း ပြည်ေ တွ အချင်း ချင်း ကြား ထဲ ဆို တာ ခဏထားဦး ။ နိုင်ငံရေးဆိုတာ လက်တွေ့တွေ အများကြီးပါပါတယ် ။ အိန္ဒိယအနေနဲ့ တစ်စုံတစ်ခုသော လမ်းကြောင်းကိုလိုက်တာက သူတို့အတွက်ပိုလက်တွေ့ကျမယ် ထိရောက် မယ် ဆို  ရင် အဲဒီလမ်းကြောင်းကိုလိုက်ရုံပေါ့ ။ အဲဒါဟာ ကျမတို့ မျှော်လင့်တဲ့လမ်းကြောင်း ဖြစ်ချင် မှ လည်း  ဖြစ်မယ်လေ ။ ဒါပေမယ့် ကျမတို့မှာ အိန္ဒိယကိုရယ်မှမဟုတ်ပါဘူး ......တခြား ဘယ်နိုင်ငံ ကိုမဆို သူတို့အတွက်ကောင်းတယ်ထင်တဲ့လမ်းကိုလိုက်တာကို ရှုံ့ချအပြစ်တင်နေခွင့် မရှိပါဘူး ။
  • NDTV ။ ။ ဒါဆို ကိုယ့်အနေနဲ့ တစ်ခုခုကို မျှော်လင့်ခွင့်ရှိတဲ့လူတစ်ယောက်များ ရှိသလား ။                                                             
  • Suu ။    ။ ရှိပါတယ် ။ ကျမကိုယ်တိုင်ဆီကပေါ့ ။
  • NDTV ။    ။ ဒါဘဲလား ။
  • Suu ။     ။ ဒါပါဘဲ ။
  • NDTV ။      ။ အခု မြန်မာပြည်မှာ ဒီမိုကရေစီအခြေအနေ ဘယ်လိုရှိလဲ နည်းနည်းပြောပြပါဦး ။ နောက် ပြန်မလှည့်နိုင်တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ ဒေါ်စုက ခဏ ခ ဏပြော ခဲ့တယ်နော် ။ ပိတ်ဆို့ထားတာတွေကို လျှော့ချဖို့ အချိန်ရောက်ပြီလို့လည်း ဒေါ်စုပြောခဲ့တယ် ။ များ စွာသော အမေရိကန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပိတ်ဆို့မှုတွေကိုသာ အ ခု  လျော့ချလိုက်ရင် ဒီလမ်းစဉ်ဟာ နောက်ကို တစ်လှမ်းဆုတ်သွားနိုင်တယ် လို့ စိုးရိမ်နေကြတယ် ။ ဒီ စိုးရိမ်မှုတွေကိုရော ဒေါ်စု သဘောတူသလား ။
  • Suu။ ။ပိတ်ဆို့မှုတွေ အပေါ်မှာချည်း ကျမတို့ တည်မှီမနေသင့်ပါဘူး။ပြင်ပအကြောင်းတရားေ တွ အပေါ်မှာ အလွန်အကျွံအားကိုးသင့်တယ်လို့လည်း ကျမ မထင်ပါဘူး ။ ပြည် ပ က   အားပေး  မှု ဟာ  အရမ်းကို အရေးကြီးပါတယ် ။ ဒါပေမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ဖို့ရာအတွက် ကျမ တို့ မှာရှိတဲ့ကိုယ်ပိုင်စွမ်းအားအရင်းအမြစ်တွေကို ပိုတိုးတက်အောင် လုပ်ဖို့ အချိန်ကျပြီလို့ ထင် ပါ တယ် ။
  • NDTV။ ။အခုဆိုရင် ဒေါ်စုဟာ လွှတ်တော်ထဲကို ရောက်နေပြီနော် ။ မြန်မာ ပြည် လက် ရှိနိုင် ငံရေး ထဲမှာ  ပါဝင်နေပြီ ။ မြန်မာပြည်မှာ အချင်းချင်းရင်ကြားစေ့ရေးအတွက် ကြိုးပမ်းပေးနေတယ် ။ အဲဒီ လို လုပ် ရာမှာ တွဲလုပ်ရတာက ဒေါ်စုကို နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ထားခဲ့တဲ့ ၊ ဒေါ်စုနဲ့ မိသား စုကို ခွဲထားခဲ့တဲ့ စစ်တပ်နဲ့လေ ။ ဒါပေမယ့် '' ခါးသီးနာကျည်းမှု '' အရိပ် အယောင် တစ်ခု မှ  ဒေါ်စု ဆီမှာ မတွေ့ရဘူးနော် ။ တကယ်တနေရာရာမှာများ ရှိနေမလားတော့ ကျမလည်း မပြော တတ် ဘူးလေ ။ အဲဒီလို နာကျည်းခါးသီးမှု မဖြစ်အောင် ဘယ်လိုများလုပ်ထားပါသလဲ ။
  • Suu ။        ။  မပြောတတ်ပါဘူး ။ တကယ်တော့ ကျမက လူတွေကို သဘောမကျတာထက် ကျ တာ  များ ပါတယ် ။ ဒါကဘဲ အဲလိုသဘောထားနိုင်အောင် အထောက်အပံ့ပေးခဲ့တယ်နဲ့ တူပါရဲ့ ။ ကျမ စိတ်ကိုက လူတွေကို နှစ်လိုသဘောကျတတ်တယ်လို့ ထင်ပါတယ် ။
  • NDTV ။        ။  အဲဒီလိုစိတ်ရှိရင်တောင် ဖြတ်သန်း ကြုံတွေ့ခဲ့ရသမျကို ဘယ်လိုလုပ် လက်ခံနို င် ခဲ့   တာလဲ ။ ဘယ်လိုလုပ် လူတွေကို ယုံကြည်နိုင်သေးတာလဲ ။ အရေးအကြီးဆုံးမေးခွန်းကတော့ ကိုယ် တိုင်က စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးခံစားခဲ့ရရက်နဲ့ သူတို့ အပေါ် မှာ  နိုင်ငံရေးယုံကြည်မှု  ဘယ်လိုလုပ် ထားနိုင်သလဲ ။
  • Suu ။       ။  ကျမက သူတို့ကို အစိုးရတစ်ရပ်သက်သက် သာ သဘောထားတာ မဟုတ်ပါဘူး ။ အစိုး ရ ဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာဘဲလေ ။ ဒီတော့ အစိုးရတို့ ၊ စစ်တပ်တို့ကို လူတွေ အနေ နဲ့လည်း မြင်ပါတယ် ။ လူတိုင်းဟာ သံသယရဲ့ အကျိုး the benifit of the doubt ဆိုတာကို ခံစားခွင့်ရှိတာဘဲလေ ။ သူတို့သာ ပြန်ကောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် အဲလို လုပ်ဖို့ အခွင့်အရေး ပေးရမှာပေါ့ ။
  • NDTV ။     ။ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တယ်နော် ......ဒေါ်စုက စစ်ဗိုလ်တွေအပေါ်မှာ တမင် တကာ မုန်းတာမျိုး မရှိပါဘူး လို့ လေ ။ ဒေါ်စုအဖေဟာ တနည်းအားဖြင့် မြန်မာစစ်တပ်ကို တည်ထောင် ခဲ့သူပါဘဲ .... ဒါပေမယ့် ဒါတောင် လူတွေက ဒေါ်စုအဲလို ပြောတာကြားတော့ အံ့ အားတွေ သင့်ကုန်ကြတယ် ။ စစ်ဗိုလ်တချို့ကို သဘောကျပါတယ်ဆိုတော့ အံ့သြကုန်ကြတယ် ။  အတော် ကို လန့်ကုန်ကြတယ်နော် ။ 
  • Suu ။      ။  ဟုတ်ပါတယ် ။ တချို့က အတော်လေး စိတ်ဆိုးကြတယ် ။ ဒါပေမယ့်  သူတို့ အဲလို ဖြစ် တာ ကို ကျမလည်း အရမ်းကို အံ့သြမိတယ် ။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၂၄  နှစ်လုံးလုံး ကျမ ဒီလိုဘဲ ပြောခဲ့တာပါ ။ လူတွေကသာ ကျမေ ပြာ တာ ကို  သေချာနားမထောင်ခဲ့ကြတာလေ ။ စစ်တပ်အပေါ်ကို မေတ္တာရှိပြီးသားပါဆိုတာ ကျမ အမြဲ ဘဲ  ပြောခဲ့ပါတယ် ။ ကျမအတွက် ဖေ့ဖေ့ရဲ့ ပထမဆုံးအမှတ်တရတွေဟာ ယူနီေ ဖာင်း ၀တ်ထား တဲ့ ဖေ့ဖေ့ရဲ့ပုံရိပ်တွေဆိုတာ သိကြမှာပါ  ။ လူကိုယ်တိုင်မမှတ်မိတော့ ဓါတ်ပုံတွေထဲကဘဲ မှတ် မိရ တာပါ ။ အဲဒီဓါတ်ပုံအများစုမှာ ဖေဖေက စစ်ယူနီဖောင်းနဲ့ပါဘဲ  ။ ဒီတော့ စစ်ဝတ်စုံ ၀တ် ထား တဲ့ လူတွေဆိုရင် ချစ်ခင်စရာကောင်းတဲ့လူတွေကို အမြဲတမ်း သဘောထားမိပါတယ် ။ ဒီလော ကကြီး ထဲမှာ ကျမအချစ်ခင်ရဆုံးက ကျမအဖေပါဘဲ ။ အဲဒီအဖေက ဓါတ်ပုံတွေထဲမှာ အမြဲ တမ်းစစ် အ၀တ် အစားနဲ့ဆိုတော့ အဲလိုဝတ်ထားသူတွေကို ကျမ သဘောကျတာ သဘာဝပါဘဲ ။ အဲဒီချစ် ခင် မှုဟာ ပျောက်ပျက်သွားတယ်ဘဲ မရှိပါဘူး ။ စစ်တပ်က လုပ်ခဲ့တာတွေကို ကျမ အရမ်းကို ပြင်းပြင်း ထန်ထန် ရှုံ့ချခဲ့တယ် ။  အထူးသဖြင့် ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအပြီးမှာပေါ့ ။ ဒါပေမယ့်  ဒီလို ရှုံ့ချမှုကြောင့်  စစ်တပ်အပေါ်မှာနဲ့ စစ်တပ်ထဲက လူတချို့ အပေါ် မှာ  ယေဘု ယျ အား ဖြင့် ကျမရဲ့ နက်ရှိုင်းတဲ့ မေတ္တာကတော့ မပျောက်သွားခဲ့ပါဘူး ။
  • NDTV  ။       ။  လူတွေ ဒေါ်စုအဲလိုပြောတော့ ကြောက်လန့်တကြား တုန့်ပြန်ကြတယ် နော် ။ အထူး သဖြင့် အနောက်ကမ္ဘာကလူတွေပေါ့ ။ ဒေါ်စုက အဲဒါကိုကြားတော့သဘောကျ ပြုံးရယ် မိတာ မျိုး ရှိလား ။
  • Suu  ။     ။ဟုတ်ကဲ့ ။ ကျမ ရယ်လည်း ရယ်မိပါရဲ့ ။ အရင်က ကျမ ပြောနေတာတွေကို လူတွေ ဂရုတ စိုက်နားထောင်မနေဘူးဆိုတာကိုလည်း နားလည်လာရပါတယ် ။ တေလ်ာက္လံုး က် မေၿပာေ န တာေ  တြကိုသာ နားထောင်နေကြမယ်ဆိုရင် အံ့သြကြမယ် ၊ လန့်ကြမယ် မထင်ပါဘူး ။
  • NDTV ။    ။  ဒေါ်စုအတွက် ပုဂိုလ်ရေးဟာ နိုင်ငံရေးဘဲလို့ ကျမ ထင်ပါတယ် ။ ဒေါ်စု ရဲ့ဘ၀ ဟာ  နိုင် ငံေ ရးနဲ့ ထပ်တူကို ဖြစ်နေတယ်လေ ။ နေရူး အထိမ်းအမှတ် မိန့်ခွန်းမှာတောင် အဖေ အပေါ် ထားတဲ့ မေတ္တာနဲ့ တိုင်း ပြည် အပေါ်ထား တဲ့  မေတ္တာ အကြောင်း ကို ပြောခဲ့သေးတယ်နော် ..... အဲဒီနှစ်ခုဟာ တစ်ခုကိုတစ်ခု ဆက်နွယ်နေတာ ဖြစ်နိုင်တယ်လို့လေ ။ေ မးချင် တာက  ဒေါ်စုဆိုတဲ့ လူတ စ်ယောက် နဲ့   ဒေါ်စု ဆိုတဲ့  နိုင် ငံရေး သမား တစ်ယောက် ကြား မှာ တစ်သက် လုံး ဘာကွာခြားချက်မှမရှိခဲ့တာလား ။   ဒါမှမဟုတ် အဲဒီသဘောကို  ဒီတိုက် ပွဲ တနေ ရာရာ ကျမှ ဒေါ်စု သိခဲ့ရတာလား ။
  • Suu ။      ။ ကျမကတော့ တသက်လုံး ဘာကွာခြားချက်မှာ မရှိခဲ့ဘူးလို့ ထင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမအဖေကို နိုင်ငံရေးသမားတစ်ယောက်ပုံရိပ်နဲ့ ခွဲခြားပစ်လို့ မရပါဘူး ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ကျမလေ့လာမိတဲ့ ပထမဆုံးအရာကတော့ သူ့ရဲ့ အတိုင်းပြည်အပေါ်ထားတဲ့ မေတ္တာပါဘဲ ။ တခြားကလေးတွေရော သူတို့ မိဘတွေဆီက ဒီလိုအကြောင်းမျိုးကို လေ့လာကြသလားတော့ ကျမမသိဘူးပေါ့လေ  ။
  • NDTV ။         ။ သိတဲ့အတိုင်းဘဲ ဒေါ်စုက တမင်တကာ မလုပ်ယူခဲ့ပေမယ့် အခုဆို ရင်  အောင်ဆန်း စုကြည် ဆိုတာ ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေးလှုပ်ရှားမှုပိုစတာတွေပေါ်မှာ မကြောက် တရားရဲ့ ပြယုဂ် အဖြစ် အမြဲတွေ့နေရသူတစ်ယောက် ဖြစ်လာပါပြီ ။ ဒါပေ မယ့်  ဒေါ်စုကို ထောက် ခံအားပေးသူတချို့က  မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုဟင် ဂျာဆန့် ကျင်ရေး အကြမ်းဖက်မှု ကိစ္စကို ဒေါ်စုက ပြတ်ပြတ်သားသားပြောဆိုခြင်းမရှိဘူးဆိုပြီး စိတ်ပျက်ကြတယ် ။ တခြား အင်တာဗျူးတွေမှာလည်း ဒေါ်စု ပြောပြီးသားဆိုတာ ကျမသိပါတယ်......အခြေအနေကို စနစ် တ ကျ နည်းမှန်လမ်းမှန်မကိုင်တွယ်ကြလို့ ဆိုပြီးတော့လေ ။ ဒါပေမယ့် ဘယ် အုပ်စု ဆိုတာ ကိုတော့  ဒေါ်စုက မပြောချင်ဘူးနော် ။ အုပ်စုချင်းဖြစ်တဲ့ ပြသာနာမဟုတ်လို့လား ။
  • Suu ။        ။ အဲဒီလိုပြောတာကိုက မဟုတ်တာပါ ။ ကျမအနေနဲ့အကြမ်းဖက်မှုနဲ့ ပတ် သက် လာ ရင်  ကျမ အမြင် ကို မပြတ်မသားပြောတာ မရှိပါဘူး ။ အကြမ်းဖက်မှုဆိုတာ ကျမလုံးဝ စက်ဆုပ်ပြီး လုံးဝရှုံ့ ချတဲ့ အရာပါ ။ ဒါပေမယ့် အကြမ်းဖက်မှုကို နှစ်ဖက်လုံးက ကျူးလွန်ထားတယ်ဆိုတာကို မမေ့ ပါနဲ့ ။ ဒါကြောင့်ဘဲ ဘယ်ဘက်ကိုမှ ကျမ ဘက်မလိုက်ခဲ့တာပါ ။ ဒီအုပ်စုနှစ်ခုလုံးအတွက် ရင်ကြားစေ့ရေးကိုသာ လုပ်ချင်ပါတယ် ။ ဘက်လိုက်လို့ရှိရင် reconciliation ဆိုတာ လုပ်လို့ ရမှာမဟုတ်ဘူး ။
  • NDTV ။ ။ ဒါပေမယ့် ဘယ်နိုင်ငံကမှ မလိုချင်တဲ့ အုပ်စုတစ်ခု .....ဆိုလိုတာက ဘင်ဂလားဒေ့ရှ်က သူတို့ နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ၊ မြန်မာပြည်ကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ။ ဒါဟာ တကယ့် ကို နိုင်ငံတကာအဆင့် ၀မ်းနည်းဖွယ်ကိစ္စကြီးပါဘဲ ။
  • Suu ။      ။ ဟုတ်ပါတယ် ။ ဒါဟာ နိုင်ငံတကာနဲ့ချီတဲ့ tragedy ပါဘဲ ။ ဒါကြောင့်လည်း အစိုးရ မှာ  နိုင်ငံ သား ဥပဒေတွေအတွက် ပေါ်လစီရှိရမယ်ဆိုပြီး ကျမ တချိန်လုံးပြောနေတာပေါ့....။ ကျမတို့ မှာ နိုင်ငံသားဥပဒေ ရှိပါတယ် ။ အဲဒီနိုင်ငံသားဥပဒေနဲ့ အကျုံး ၀င် ရင်  နိုင်ငံ သားပေး ကို ပေး ရမှာပါ ။ ကျမတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ ။ အခု ဘယ်သူက ဥပဒေ အရ နိုင်ငံ သားအစစ်တွေလဲ ၊ ဘင်္ဂလားဒေ့ရှ်ကများ ၀င်လာလေဦးမလားဆိုတဲ့ အငြင်းပွားမှုတွေ ရှိနေ တယ် ။ ဒီပြသာနာမှာ စိတ်ဝင်စားဖို့လည်းကောင်း စိတ်ပျက်စရာလည်း ကောင်းတဲ့ အချက် တစ်ခု ကတော့ လူတော်တော်များများက ဒီကမ္ဘာနဲ့ချီဖြစ်တဲ့ ကိစ္စမှာ တစ်နိုင်ငံဘဲ ပါဝင်ပတ်သက်နေတယ်လို့ ထင်နေကြပုံပါဘဲ ။ တကယ်က နိုင်ငံနှစ်နိုင်ငံပါနေတာပါ ။ မြန်မာနိုင်ငံက တစ်ဘက်ပေါ့ ။ ဒီတော့ နယ်စပ်လုံခြုံရေးဆိုတာ နှစ်နိုင်ငံလုံးရဲ့ တာဝန်ပါဘဲ ။ အခုပုံစံက မြန်မာတစ်နိုင်ငံကဘဲ နယ်စံလုံခြုံရေးကို လုံးဝတာဝန်ရှိနေတယ်လို့ လူတိုင်းက ထင်နေပုံပါဘဲ ။
  • NDTV ။      ။ ဒီအကြပ်အတည်းကြီးကနေ ထွတ်နိုင်ဖို့အတွက် ဘယ်ဟာကများ အကောင်း ဆုံး အဖြေ ဖြစ်မယ်ထင်လဲ ။
  • Suu ။       ။ ပထမဆုံးအနေနဲ့ ဥပဒေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရမယ် ။ နောက်ထပ် အ ကြမ်း ဖက် မှု မဖြစ်အောင် တားဆီးရမယ် ။ ဆိုလိုတာက လုံလောက်တဲ့ လုံခြုံရေးတွေ ထားပေး ရ မယ်  ။ ပြီး ရင် နိုင်ငံသားဥပဒေကို သေသေချာချာ စီစစ်ရမယ် ။ နိုင်ငံသား ဖြစ်ခွင့် ရှိသူ ကို နိုင်ငံ သားပေး ရုံမကဘဲ နိုင်ငံသားအခွင့်အရေးတွေလည်း ပေးရမယ် ။ ပြီး ရင် နိုင်ငံ ခြားသား လာေ ရာ က်   နထိုင် သူတွေ နဲ့ကိစ္စကိုလည်း စဉ်းစားရမယ် ။ခုထိကို တရားမ ၀င်နယ် စပ်ဖြတ်ေ ကျာ်ဝင် လာ တာေ တွ ရှိနေသေးတယ် ။ အဲဒါကို တားနိုင်ရမယ် ။ အဲလိုမှမတားရင် ဒီပြသာနာပြီးမှာ မဟုတ် ဘူး  ။  ဘာကြောင့်လည်းဆိုတော့ ဒီလူတွေဟာ မြန်မာဘက်ကပါလို့ ဘင်္ဂလားဒေ့ရှ်က ဆိုဦးမှာ ဘဲ ။ မြန်မာ ဘက် ကလည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က လာတာလို့ ပြောဦးမှာဘဲ ။ ဘယ်သူ က  မှန် တယ်ဆိုတာ ပြဖို့ အထောက်အထားက ဘယ်မှာလဲ ။
  • NDTV ။       ။ သိပ်ကို ရှုပ်ထွေးတဲ့ကိစ္စဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ ဒါနဲ့ မြန်မာပြည်က အခု ဖွင့် ပေး လိုက်ပြီဆိုတော့ အိန္ဒိယနဲ့တရုပ်တို့ မြန်မာပြည်ကို လွှမ်မိုးဖို့ ပြိုင်ကြတဲ့ကြားမှာ စ စ်မြေ ပြင် လို  ဖြစ်လာမှာ ဒေါ်စု မစိုးရိမ်ဘူးလား ။
  • Suu ။      ။ မစိုးရိမ်ပါဘူး ။ လူတွေက ဒီလို မြင်နိုင်တယ်ဆိုတာတော့ စိတ်ထဲ မှတ်ထားရမှာပေါ့ ။ တခါတလေမှာ လူတွေမြင်တဲ့ပုံစံအတိုင်း ဖြစ်လာတတ်တာတွေ ရှိတယ်လေ ။ ဒါကြောင့် ဂရုတော့ စိုက်ရမယ် ။ ဖြစ်လာနိုင်တဲ့ ပြသာနာတွေကို သတိရှိရမယ် ။ ဒါပေမယ့် worried တို့ afraid တို့ ကတော့ သုံး ဖို့ မလိုပါဘူး ။ ကျမကတော့ ဂရုစိုက်တယ် ၊ သတိထားတယ် လို့ ဘဲ သုံးဖြစ် မယ် ထင် တယ် ။
  • NDTV ။      ။ ရှေ့ကို ဆက်သွားရင်းနဲ့ နောက်ကိုလည်း ပြန်တော့ လှည့်ကြည့်မိမှာဘဲလေ ။ ဒေါ်စု  ရဲ့ ဘ၀မှာ စိတ်အလှုပ်ရှားရဆုံး ဒါမှမဟုတ်လည်း အဓိပ္ပါယ်အရှိဆုံးအချိန်တခုခုများ ဘ၀မှာ ရှိခဲ့ဖူးသလား ။
  • Suu ။     ။ တခုခုသတ်သတ်မှတ်မှတ်ကြီး ရွေးထုတ်ပြောရမှာတော့ သိပ်ခက်ပါတယ် ။
  • NDTV ။ ။ ဒါဆို အဲဒါမျိုး အများကြီးရှိခဲ့ဖူးလို့လား ။

  • Suu ။       ။ ဟုတ်ပါတယ် ။ များတော့ အတော်များတယ် ။                                                    
  • NDTV ။      ။ ဒီနေ့အခုလို စကားပြောနေနိုင်တာကို '' ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း '' ကြောင့် လို့  ပြော လို့ရမလား ။ ဆိုလိုတာက ဒေါ်စုရဲ့ အသက်ကို ပေါ်ပေါ်ထင်ထင်ရန်ရှာမှုတွေ ရှိခဲ့တယ် .....အဲ ဒီ ထဲ ကမှ အဆိုးဆုံးကတော့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေဆီကို ပစ်မယ် မပစ်ဘူး အသေ အချာမသိဘဲ လျှောက်သွားတဲ့အဖြစ်ပေါ့ ။ သူတို့တွေ ပစ်ရင်လည်း ပစ်နိုင်တာဘဲလေ ။ နောက် အဖြစ်ကတော့ ကားကို လမ်းဘေးတစ်နေရာမှာ ရပ်ထားတုန်း တိုက်ခိုက်ခံရတာ ၊ ဒရိုင် ဘာ က အကြပ်အတည်းထဲကနေ ထွက်လာနိုင်ပေမယ့် အဲဒီ ၂၀၀၃ ညမှာ လူပေါင်း ၇၀  လောက်သေသွားတယ်နော် ။
  • Suu ။    ။ အဲဒီကိစ္စမှာ လူ ( ၇၀ ) တော့မသေပါဘူး ။ အဲဒီထက် နည်းမယ်လို့ ထင်ပါတယ် ။
  •   NDTV ။      ။ ဟုတ်ပါပြီ ။ သတင်းတွေက ရာနှုန်းပြည့်မတိကျတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျမပြော ချင်တာက ရိုးရိုးလေးပါ....ဒေါ်စုဟာ ကိုယ့်ဘ၀ကြီး အန္တရာယ်ထဲကို ကျနေပြီဆိုတာ သိ တယ် ။ ထိခိုက် ပျက်စီးသွားနိုင်တယ်ဆိုလည်း သိတယ် ။ ဒီတော့ မေးချင်မိတာက ဘ၀တေ လျှာက် လုံး ဘယ်ေ  တာ့မှကို မကြောက်ခဲ့တာလား ။ ဒါမှမဟုတ် အကြောက်တရားကို အလွှမ်း မိုးမခံ ဘူး ဆို ပြီး ကိုယ့်ဖာသာ ကိုယ် အကြိမ်ကြိမ်လေ့ကျင့်ပေးခဲ့တာလား ။
  • Suu။   ။ အဲဒီလိုဖြစ်တဲ့ အကြိမ်တိုင်းမှာ တွေးစရာတွေက များလွန်းတော့ကြောက်၊မကြောက်ေ တွးနေဖို့ အချိန် မရဘူးဆို ပါတော့ ။ လက်တွေ့ကျကျတွေးမိဖို့လိုတယ်လေ ။ ဥပမာ အား ဖြင့်  ပ ထမပြောတဲ့ အဖြစ်တုန်းက ပစ်မယ်ဆိုပြီး ချိန်းခြောက်တဲ့ ဗိုလ်မှုးပြောလိုက်တဲ့စကားက '' လမ်းေ ပါ် က ဖယ်ရင်ဖယ် ၊ မဖယ်ရင် ပစ်မယ် '' တဲ့ ။ ကောင်းပြီလေ....ဒီလိုဆို ကျမအနေနဲ့ ကိုယ့် ကိုယ် ကိုယ် အပစ်ခံမလား ၊ လမ်းလယ်ကောင်က လျှောက်မလား ဆုံးဖြတ်ရပြီ ။ ဒီတော့ ကျမလည်း ကောင်းပြီ ၊ လမ်းဘေးကပ်ရပ်ကြမယ် လို့ ပြောလိုက်တယ် ။ အဲတော့ သူက ပြောပြန်တယ် ။ ကျမကို အချိန်မရွေး ၊ နေရာမရွေး ပစ်နိုင်တယ် တဲ့ ။ အဲလိုပြောတာတော့ သိပ်သဘာဝမကျဘူးလေ ။
  •  NDTV။  ။ ဒေါ်စုပြောချင်တာကို ကျမ နားလည်ပါတယ် ။ တခါတလေမှာ အတွေးအခေါ်တွေနဲ့ချည်း ပတ်သက်တာမျိုးတွေ ဖြစ်တာ မဟုတ်ဘူး ၊ ကိုယ်ရွေးချယ်လိုက်တာတွေက ကိုယ့်ရဲ့ အနာဂတ်ကို သွားသက်ရောက်တတ်တယ် လို့ ဆိုလိုတာမဟုတ်လား ။ တစ်ကြိမ်ကြိမ်မှာတော့ ငါဟာ တကယ်သေသွားနိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို မေးမိတာမျိုး ရှိတယ်လေ .....အဲသလောက် ဖြစ်ရတာ တန်လို့လား စသည်ဖြင့် ပြန်မေးခွန်းထုတ်ရတာပေါ့နော်  ။
  •  Suu ။             ။ အဲလိုတော့ မဟုတ်ပါဘူး ၊ လက်တွေ့ကျကျ စဉ်းစားရတာတော့ အမှန်ပါဘဲ ။   လမ်းပေါ်က လျှောက်ရင် သူကျမတို့ကို ပစ်နိုင်မလား ဆိုပြီး ကိုယ့်ဖာသာကိုယ် စဉ်းစားရတယ်လေ ......ပစ်နိုင်မယ်ဆိုတော့ လမ်းဘေးကပ်ရပ်တာက ပိုသင့်တာပေါ့ ။
  • NDTV ။ ။ဒေါ်စုအကြောင်းနဲ့ ပတ်သက်ပြီး လူတွေ ပြောလေ့ရှိတဲ့တစ်ခုက ဒေါ်စုဟာ အင်မတန် စိတ်ဓါတ်ရေး ရာအားကောင်းတဲ့သူတစ်ယောက်ပါ တဲ့ ။ အဲဒီစိတ် ဓါတ် ဟာ  ဒေါ်စုလုပ်တဲ့ နိုင်ငံရေးနဲ့ တကွဲစီ ဖြစ်မနေဘူး .....တဲ့ ။ ဒီစိတ် ဓါတ်ရေး ရာ အားေ ကာင်း မှု က  ဘဲ နှစ်ပေါင်းများအတွင်းမှာ ခွန်အားတွေ ဖြစ်စေခဲ့တာလား ။ ဘာကြောင့်လည်းဆိုတော့ အခု ကျမ ဆိုရင် ဒေါ်စုကို အခုတစ်ကြိမ်ပထမဆုံးတွေ့တာဘဲ....ဒါပေမယ့် ဒေါ်စုက သိပ်တည် ငြိမ် လွန်းေ တာ့ စကားပြောတာနဲ့တင် အဲဒီတည်ငြိမ်မှုက ကျမကို ကူးစက်လာသလို ခံစားရတယ် ။ ဒေါ် စု ဘ၀မှာ အဲဒီလို ကိစ္စအ၀၀ကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဘယ်လိုကြောင့် ဒီလောက် တည်ငြိမ်အေးချမ်းပြီး ကြံခိုင်နေရတာလည်းလို့ အံသြစဉ်းစားမိတယ် ။
  •  Suu ။          ။ စိတ်ဓါတ်ရေးရာတွေ ဘာတွေတော့ မပြောတတ်ပါဘူး ။ ဒါပေမယ့် ကျမမှာ ဟာ သ ဥာဏ်ေ တာ့ ရှိတာအမှန်ဘဲ ။ ဟာသဥာဏ်က အထောက်အကူဖြစ်တယ်ဆိုတာ လူတွေကို သတိပေးပေးနေရတယ် ။                                                                

  •  NDTV ။ ။ ဒါဆို ဟာသဥာဏ်က အဲဒီအားအင်တွေ လာရာပေါ့နော် ။ ဒီနှစ်တွေတလျှောက်မှာ ထွက်ပေါက်အတွက်တစ်ခုခုကိုတော့ အားကိုးခဲ့ရမှာဘဲလေ ။ ဂီတလား ၊ ဟာသလား စသဖြင့်ပေါ့ ။
  • Suu။ ။ အိမ်အကျယ်ချုပ်အတွင်း ကျမတစ်ယောက်တည်း နေရတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါတယ် ။ကျမလည်း ကိုယ့်ဖာသာတစ်ယောက်တည်း ပြောနေရတာပေါ့........အတော် ရယ် စရာေ ကာင်း တဲ့အခြေအနေပါဘဲ ဆိုပြီးတော့လေ ။
  •  NDTV။ ။အင်တာဗျူးတစ်ခု မှာဒေါ်စုက ပြော   တယ်ေ နာ်၊လုံခြုံရေးတွေက  အတော်လေးကောင်းေ ကာင်းမွန်မွန်ဆက်ဆံကြတယ်ဆိုပြီးတော့လေ....နောက်ပြီး ကိုယ့် အိမ် ထဲမှာ ကိုယ်နေရတာ မဆိုး   ပါဘူး   တဲ့.......။ အဲဒါ ရွဲ့ပြောတာမဟုတ်လား ။
  • Suu ။     ။ မဟုတ်ပါဘူး ။ တကယ့်ကို ကောင်းခဲ့ကြတာပါ ။
  • NDTV ။         ။ တကယ်ဘဲ အဲလို ထင်သလားရှင့် ။
  • Suu  ။      ။ အဲဒါ အမှန်ပါဘဲ  ။ ကျမ အကျယ်ချုပ်ကျနေတုန်းက အစိုးရသတင်းစားတွေမှာ ကျမ အကြောင်းဆိုးဆိုးဝါးဝါးတွေ ပါတယ် ။ ဒါပေမယ့် အိမ် လုံခြုံရေးတွေကတော့ကောင်းခဲ့ကြပါတယ် ။
  • NDTV။  ။ အိမ်ထဲမှာ တစ်ယောက်တည်း ပိတ်ထား ခံရ တာ  လှောင် ပိတ် ကျဉ်း ကျပ် ပြီး ကြောက် လန့် တာ ၊ မွန်းကြပ် စိတ်ပင်ပန်းရတာမျိုး မရှိခဲ့ဘူးလား ။
  • Suu ။     ။  မရှိပါဘူး ။ အိမ်က အတော်ကြီးပါတယ် ။ ( ရယ်လျှက် )
  • NDTV။    ။ တကယ် သိချင်လို့မေးတာပါ ။ နိုဘယ်ဆုရတုန်းက ပြောခဲ့တယ်လေ ....နိုဘယ် ဆု ဟာ  ဒေါ်စု ရဲ့ နှလုံးသားတံခါးတချပ်ကို ဖွင့်ပေးခဲ့တယ် တဲ့ ။ အဲလို အသိ အမှတ် ပြုခံ လိုက် ရ တာ  ဒေါ် စု ဘယ် လိုနေသလဲ ။ ဘာကြောင့်လည်းဆိုတော့ အရင်ကလည်း ပြောဖူးတယ်လေ ....အဲဒီ ဆု ဟာ ဒေါ်စုတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာက မမေ့ထားဘူးဆိုတာ ပြလိုက် တာ ဘဲ... သိပ် အရေးပါတယ် တဲ့ ။
  • Suu ။         ။ကျမတို့ ပါတီအတွက် အဲဒီကာလဟာ အတော်လေးကို ခက်ခဲတဲ့ အချိန်တစ်ခုပါဘဲ ။ ၁၉၉၀ ရွေးကောက်ပွဲတွေ အပြီး သိပ်မကြာခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကျမ တို့ ပါတီကို အပီအပြင်ကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်တော့တာဘဲ ။ ဖျက်ကို ဖျက် ဆီး ပစ် လိုက် ချင်ခဲ့ကြ တာ ။ ဒီတော့ အဲဒီအချိန်ဟာ ကျမတို့ အတွက် တကယ်ကျပ်တည်းခက်ခဲခဲ့တယ် ။ တစ် တိုင်းပြည် လုံး ရှိသမျ အရာရာ ထွက်ပေါက်မရှိ ရပ်တန့်သွားသလိုပါဘဲ ။ အဲဒီအချိန်မှာ တိုင်း ပြည် အပြင် ဘက် ကလူတွေက ကျမတို့ကို ဂရုတစိုက်ရှိနေကြောင်း သိရတာ သိပ်ကို အား တက် ခဲ့ရ ပါ တယ် ။ တိုင်းပြည်ထဲမှာ မလှုပ်နိုင်င်ကြပေမယ့် ပြင်ပမှာတော့ လှုပ်ရှားနေသေးတယ် ၊ ကျမ တို့ကို ကာကွယ်ပေးဖို့ သူတို့ တတ်နိုင်သလောက် လုပ်နေကြတယ်ဆိုတာ သိရတာ တကယ် အား တက် ရပါတယ် ။
  • NDTV။    ။  ဒီအချိန်မှာ မြန်မာပြည်ကို သူ့ဖာသာသူ ဒီမိုကရေစီရှာဖို့ လွှတ် ထားပေး သင့် သ လား   မ  သင့်ဘူး လားဆိုတဲ့ ငြင်းခုံမှုကလည်း နေရာအနှံ့ဖြစ်နေတယ်နော် ။ အယူအဆ တစ်ခု ဟာ အရာ အားလုံးနဲ့ ကွက်တိဖြစ်နေတယ် ဆိုတာတော့ မရှိဘူးပေါ့လေ ။  အာရ ပ်နွေ ဦးတော် လှ န်ေ ရးေ တွမှာ အားလုံးမြင်ခဲ့ကြပြီဘဲ ။ ဘယ်နည်းလမ်းကမှ ရာနှုန်းပြည့်ကောင်းတယ်ဆိုတာ မရှိ ပါဘူး ။ ဒေါ်စုအနေနဲ့ တိုင်းပြည်ကို သူ့လမ်းကို သူဖောက်စေချင်သလား ၊ ဒါမှမဟုတ် တိုင်း ပြည် က သိပ်နု လွန်းနေသေးလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လိုသေးတယ်လို့ ထင်လား ။
  • Suu။           ။ အာရုံစိုက်ခံချင်တယ် ဆိုတာထက် သတိရှိတယ် ဘဲ ဆိုပါတော့ ။ မြန်မာပြည်မှာ ဖြစ် ပျက်နေ တာေ တွကို ကမ္ဘာက သတိထားမိစေချင်တယ် ။ အလွန်အကျွံအကောင်းမြင်တာကလည်း အကျိုး မပြု ပြန်ဘူးလေ ။ ဒါပေမယ့် ကမ္ဘာကြီးကို ကျမတို့နဲ့အတူ ရှိစေချင်ပါတယ် ။ ဒီခေတ်မှာ တ ခြားနို င် ငံတွေ မ ပါဘဲ လုပ်လို့ ဖြစ်တာမှ မဟုတ်တာ ။ သို့ပေမယ့် တချိန်တည်းမှာလည်း မြန် မာတွေဟာကိုယ့်တာဝန်ကိုကိုယ်ယူရမယ်လေ။ ဒါကြောင့်ဘဲ ကျ မ  စောေ စာကပြာတာပေါ့    ပိတ်    ဆို့   မှုတွေ အပေါ်မှာ အလွန်အကျွံ မှီခို မနေ သင့် ဘူး လို့  ။ ပြင်     ပကထောက် ခံ  မှုတွေ  ဟာ အပံ့အပိုးဖြစ်ပါတယ် ။ ဒါပေမယ့် တိုင်း ပြည်ဒီ မိုကရေ စီနိုင် ငံ ဖြစ်အောင် လုပ်ရာမှာ ကျမတို့  ပြည်သူတွေကဘဲ အဓိက တာဝန်ကို ယူရမှာပါ ။
  • NDTV။        ။ ခုနေအခါ သတိမရှိတဲ့ အကောင်းမြင်ဝါဒ  reckless optimism  ရှိတာ မကောင်း ဘူးလို့ ဒေါ်စုက ပြောတယ်နော်....အဲဒါက ဘာကို စိုးရိမ်နေလို့လဲ ။ အခြေခံ ဥပဒေ ကို  ပြင် မပြီး မချင်း စိုးရိမ်စရာတွေ ရှိတယ်ပေါ့  ။
  • Suu။        ။ ဟုတ်ပါတယ် .....ပြင်ဖို့က အဓိက ပြသနာပါဘဲ ။ တကယ်လို့ မြန်မာပြည်ဟာ ဒီမို ကရေ စီလမ်းပေါ်မှာ တကယ်ရောက်နေပြီလားဆိုတဲ့မေးခွန်းအတွက် ရိုးစင်း တဲ့ အဖြေလိုချင်ရင် အဲဒီအခြေခံဥပဒေကို ပြင်ဖို့ တွန်း အားစေ့ ဆော် မှုတွေ လုံလောက်ေ  အောင်  ရှိ သလား ဆိုတာကို အရင်ကြည့်ရမယ် ။
  • NDTV။  ။ဒေါ်စုရဲ့ အင်မတန်ထူးခြားလှတဲ့ဘ၀ကို အတော်များများက ရေးပြီးကြပြီ ။ ရုပ်ရှင် လည်း ရိုက် ပြီးပြီ ။ ဒါနဲ့ အဲဒီရုပ်ရှင်ကိုရော ကြည့်ပြီးပြီလား ။
  • Suu ။          ။ မကြည့်ရသေးပါဘူး ။
  • NDTV ။      ။ ကြည့်ဖို့ အစီအစဉ်ရောရှိလား။
  • Suu ။          ။ ဟင့်အင်း ။ မရှိပါဘူး ။
  • NDTV။   ။ ကိုယ့်ကိုယ်ကို ဖန်သားပြင်ပေါ်ကြည့်ရတာ သိပ်မပြီပြင်ဘူး ၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်လို့လား ။
  • Suu ။           ။ အနေရခက်မှာတော့ အသေအချာပါဘဲ ။
  • NDTV။  ။ ဒေါ်စုကို သဲကြီးမဲကြီး စိတ်ဝင်စားကြတာကို နေသားကျနေပြီလား ။ ဒေါ်စုကို ကြည့်ရတာ ခပ်အေးအေး  တစ်ယောက်တည်းနေတတ်သလိုဘဲနော် ၊ ဒါပေမယ့် အခု လွတ် လာ ပြီး နိုင်ငံခြားကိုလည်း သွားနိုင်ပြီဆိုတော့ တလောကလုံးက ဒေါ်စုကို တွေ့ချင်မြင်ချင်နေကြတယ် ။ ဒေါ်စုကို သိချင်ခင်မင်ရင်းနှီးချင်နေကြတယ် ။
  • Suu။  ။ကျမကတော့ အဲဒါနဲ့ပြောင်းပြန်ဘဲ တွေးပါတယ် ......ကမ္ဘာကြီးက ကျမအပေါ် အာရုံ စိုက် တယ် ဆို တာထက် ကျမက တခြားလူတွေအပေါ်မှာ ဘယ်လောက် အာရုံ စိုက်နို င် သလဲ ဘဲေ တွး တာ ပါ ။ သူတို့အပေါ် ကျမထားသင့်တဲ့ ဂရုစိုက်မှု ထားနိုင်ပါစေလို့ ဘဲ မျှော်လင့်ပါတယ် ။ တခါ တလေေ တာ့လည်း နည်းနည်းတော့ ခက်တာပေါ့လေ .....လူတွေကလည်း အများကြီး ၊ နိုင်ငံတွေ က လည်း အများကြီး ၊ ကျမတို့အပေါ် ကောင်းတဲ့ အဖွဲ့အစည်းတွေကလည်း မနည်းဘူး ။ ကျမ တို့က အဲဒီအတွက် ကျေးဇူးတင်ဝမ်းသာရကြောင်းကို သူတို့ကို အမှန်တကယ် သိစေချင်ပါတယ် ။
  • NDTV။ ။ ကျမအမှတ်မမှားဘူးဆိုရင် ဆန်ဖရန်စစ်စကိုမှာ ထင် ပါရဲ့ ........ဒေါ် စုပြော ခဲ့ တယ် ....ကိုယ့် ကိုယ်ကိုယ် မမှားနိုင်တဲ့လူတစ်ယောက်လို့ မမြင်ပါဘူးတဲ့ ။ တနည်းပြောရရင် ကိုယ့် ကိုယ် ကို သူတော်စင်တစ်ယောက်လို မမြင်ဘူး ဆိုပါတော့ ။ ဒေါ်စုမှာလည်း အားနည်းချက် ၊ အပြစ် ဆို တာ ရှိပါတယ် တဲ့ ။                                           
  • Suu။ ။ကျမကိုယ်ကျမ ဘယ်တုန်းကမှ သူတော်စင်တစ်ပါးလို့ မတွေးမိပါဘူး ။ အဲ လိုေ ပြာရင်လည်း မ  သက် မသာ ခံစားရပါတယ် ။
  • NDTV ။          ။ တခုခုကိုများ တခြားတနည်းနည်းနဲ့ လုပ်ခဲ့ရင် ကောင်းမှာဘဲလို့ တွေးမိတာမျိုး ရှိ လား  ။ အမှား တစ်စုံ တစ်ရာ လုပ်ခဲ့မိတယ်လို့ ခံစားရတာမျိုး ရှိလား ။
  • Suu။        ။  ကျမဘ၀မှာ အမှားတွေ အများကြီးလည်း လုပ်ခဲ့မိတာပေါ့ရှင် ။  စိတ် မြန် တတ် တာ တစ် ခု ကို အရင်ပြောရမှာဘဲ ။ အဲဒီစိတ်မြန်တာလေးကို ကို ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ် ။
  • NDTV။ ။  အဆုံး သတ်မှာ မေးပါရစေ ....အခုဆိုရင် ဟိုးအရင် က  ကျောင်းတက် ခဲ့ တဲ့ မြို့၊ကော   လိပ်တက်ခဲ့တဲ့မြို့ကို ပြန်လာခဲ့ရပြီ ။ သူငယ် ချင်းဟောင်းတွေ ကို လည်း  တွေ့ ခဲ့ရပြီ ။ သူ  တို့         နဲ့ တညနေလောက် အေးအေးဆေးဆေးတွေ့ဖြစ်ခဲ့ရဲ့လား ။ ဒေလီမြို့က အရင် သွားနေ ကျနေရာေ တွ ကို ပြန်သွားလည်ဖြစ်ခဲ့ရဲ့လား ။
  • Suu။      ။   ကျမစရောက်တဲ့နေ့မှာဘဲ သူငယ်ချ င်ဟောင်းေ တွနဲ့ေ န့ လည် တစ် ခု လုံး  တွေ့  ဖြစ်ခဲ့ပါတယ် ။ ကျမတို့တွေ အမြဲ သွားချင်ခဲ့ကြတဲ့ Lodi ပန်းခြံမှာ သွားပြီး လမ်းလျှောက်  ခဲ့ကြသေးတယ် ။
  • NDTV။   ။ဒီလိုကြားရတာ ၀မ်းသာပါတယ် ။ အိန္ဒိယကို ခဏခဏ လာလည်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်နော် ။
  • Suu ။           ။  ကျမလည်း အဲလိုဘဲ မျှော်လင့်ပါတယ် ။ အိန္ဒိယဟာ ကျမ အလွန်နှစ်သက်ရတဲ့ တိုင်း ပြည် တစ်ခုပါ ။ အိန္ဒိယအကြောင်းတွေးမိရင် နိုင်ငံဆိုတာထက် အင်မတန် ဆွတ်ပျံ့ ဖွယ်ေ ကာင်း   တဲ့ ၊ ပွင့်လင်းတဲ့ ၊ နွေးထွေးတဲ့ မြေ တစ်ခုအနေနဲ့ တွေးမိပါတယ်......
  • NDTV။       ။  ကျမတို့အတွက်တော့ ဒေါ်စုဟာ အိန္ဒိယမှာ ကျောင်းတို့ ကောလိပ်တို့ တက် ခဲ့တယ် ဆိုတဲ့အချက်ဟာ အင်မတန်ထူးခြားဝမ်းသာရတဲ့ ကိစ္စပါဘဲ ။ ဘာကြောင့် လည်း ဆိုေ တာ့ ကျမ တို့လည်း ဒေါ်စုနဲ့ ဆိုင်တယ်လို့ ပြောလို့ ရတယ်လေ ။
  • Suu ။        ။  ကျမကလည်း ဒီကို လာရတာ အင်မတန် ၀မ်းသာပါတယ်ရှင် ။
  • DTV။ ။ ကျမတို့ကို အခုလို လာရောက်ဖြေကြားပေးတဲ့အတွက် အရမ်း ကို  ကျေး ဇူးတင် ပါ တယ်  ဒေါ်အောင် ဆန်းစုကြည် ။