468x60 Ads


Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Friday, March 28, 2014

ဖိလစ်ပိုင်တွင်(၄၅)နှစ်ကြာပြည်တွင်းစစ်အဆုံးသတ်ရန်လက်မှတ်ရေးထိုး

လူ ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး နှစ်ပေါင်း ၄၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖိလစ်ပိုင် အစိုး ရ နဲ့ဖိလစ်ပိုင် အကြီးဆုံး သူပုန်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က အစိုးရအိမ်တော်မှာ ငြိမ်းချမ်းရေး သဘောတူ လက် မှတ် ရေးထိုးပွဲ ကျင်းပခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဆယ်စုနှစ် ၅ ခုလောက် မွတ်စလင်ခွဲထွက်ရေး သူပုန်တွေ၊ ကွန်မြူနစ်တွေနဲ့ပါ ပြည်တွင်း စစ် ဖြစ်ပွားခဲ့တာကြောင့် စစ်ဖြစ်ပွားတဲ့ဒေသတွေ မှာ ခေတ်နောက်ကျ ကျန်ခဲ့ရပါတယ်။
သဘာဝအရင်းအမြစ် ကြွယ်ဝလျက်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လည်း မလုပ်နိုင်ခဲ့ကြတာလည်း ဖြစ်ပါ တယ်။
ငြိမ်းချမ်းရေးစာချုပ်အရ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကို ဖြုတ်သိမ်းမှာ ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတွေကို အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အစိုးရကလည်း သူပုန်တွေ တောင်းဆိုခဲ့တဲ့ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမှာ ဖြစ်ပြီး ဒေသခံတွေရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အစိုးရနဲ့ အခွင့်အာဏာ ခွဲဝေယူကြမှာ ဖြစ်ပါတယ်။
အခုလို သဘောတူညီချက်ရဖို့ အစိုးရနဲ့ သူပုန်အဖွဲ့တွေဟာ ၁၇ နှစ်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပြီး မလေးရှားနိုင်ငံကလည်း ၂၀၀၁ ခုနှစ်ကတည်းက ကြားဝင်စေ့စပ်သူ အဖြစ် ပါဝင်ခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ အကွီနိုက ဒီပဋိပက္ခမှာ လူပေါင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရတာ ဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်တွေဟာ ဒီအခြေအနေရောက်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့ရတာဖြစ်လို့ ငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ကလည်း အခုအဆင့်အထိ ရောက်လာတာဟာ နှစ်ဖက်ပြည်သူတွေ ဟာ အတိတ်ကို ပြန်မကြည့်တော့ပဲ အနာဂတ်ကို ရှေးရှုကြလို့သာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မွတ်စလင်သူပုန်အဖွဲ့ကြီးကနေ ခွဲထွက်သွားတဲ့အဖွဲ့ငယ်တွေ၊ အယ်ကိုင်ဒါနဲ့ဆက်စပ်တဲ့ မွတ်စလင်အစွန်း ရောက်အဖွဲ့တွေနဲ့ အစိုးရကို ဆန့်ကျင်နေတဲ့ လူမျိုးစုငယ်တွေဟာ ဆက်လက်တိုက်ပွဲဝင်နေကြတာကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ခြိမ်းခြောက်နေဆဲပဲလို့ ဆိုပါတယ်။

လူဦးရေ ၉၇ သန်း ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်း လောက်ရှိတာ ဖြစ်ပါတယ်။

DVB

အမေရိကန်နှင့်တောင်ကိုရီးယားနှစ်(၂၀)အတွင်းအကြီးဆုံးပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားကဂျပန်နိုင်ငံအထိရောက်အောင်ပစ်ခတ်နိုင်သောတာလတ်ပစ်တိုက်ချင်းပစ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနော
က်တစ်ရက်တွင်နှစ်ပေါင်း(၂၀) အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေး လေ့ ကျင့်မှု ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်သား ၁၅၀၀၀ ခန့် ပါဝင်သော ကမ်းတက် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၏ အရှေတောင်ဘက် ကမ်းခြေတွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်တပ်သား ၁၀၀၀၀ ခန့် ပါဝင်သည်။

Twin Dragons ဟု အမည်ပေးထားသော အဆိုပါ ကမ်းတက်စစ်ရေး လေ့ကျင့်မှုသည် ၁၂ ရက်ခန့်ကြာမည် ဖြစ်ပြီး တောင်ကိုရီးယားဘက်မှ မရိမ်းတပ်သား ၃၅၀၀ နှင့် ရေတပ်သား ၁၀၀၀ ခန့် ပါဝင်လေ့ကျင့်လျက် ရှိသည်။

အမေရိကနှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်မှုအဖြစ် မြောက် ကိုရီးယားက ရှုမြင်လေ့ရှိပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုပစ် ဒုံးကျည်များ၊ တာလတ် ပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့သည်။

တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခြင်းမပြုရန် မြောက်ကိုရီးယားကို ကုလသမဂ္ဂက တားမြစ်ထားပြီး မြောက်ကိုရီး ယား သည် ယမန်နေ့က တိုက်ချင်းပစ် တာလတ်ပစ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါး ပိတ် အစည်းအဝေးကို ကြာသပတေးနေ့တွင် ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

တောင်ကိုရီးယားတွင် အမေရိကန် တပ်သား ၃၀၀၀၀ ခန့် အမြဲတမ်း တပ်စွဲထားပြီး တောင်ကိုရီးယားနှင့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လေ့ ရှိသည်။

အမေရိက၏ ရန်လိုမှု အခြေအနေကို မြောက်ကိုရီးယား၏ နျူကလီးယား အဟန့်အတားဖြင့် တုံ့ပြန်မည် ဆိုသည်ကို လက်တွေ့ ပြသမည်ဟု ယခုလအစောပိုင်းက မြောက်ကိုရီးယား အမျိုးသားကာ ကွယ်ရေးကော်မရှင်က ခြိမ်းခြောက် ပြောဆိုထားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်တို့အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

Wednesday, March 26, 2014

ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုဖို့အမေရိကန်လွှတ်တော်မှာဆွေးနွေး

မြန်မာအစိုးရအနေနဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုတိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်အသိအမှတ်ပြုဖို့နဲ့မြန်မာအစိုးရရဲ့တိုင်းရင်းသားလူနည်းစုတွေအပေါ်ခွဲခြားဆက်ဆံတဲ့မူဝါဒတွေပယ်ဖျက်ရေးအတွက်အမေရိကန်အစိုးရကဦးစားပေးဆောင်ရွက်ဖို့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီမှာမနေ့ကဆွေးနွေးခဲ့ပါတယ်။
၂ဝ၁၃ခုနှစ်နိုဝင်ဘာလကချမှတ်ခဲ့တဲ့အမေရိကန်အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အမှတ်(၄၁၈)ကိုဖြည့်စွက်ပြင်ဆင်ပြဌာန်းဖို့အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မစ္စတာရွိုက်စ်(Mr.Royce)ကဆွေးနွေး တင်ပြခဲ့ပါတယ်။

အောက်လွှတ်တော်ရဲ့လက်ရှိဆုံးဖြတ်ချက်အမှတ်(၄၁၈)မှာပါဝင်တဲ့နှစ်ချက်ကရိုဟင်ဂျာတွေအပေါ်နည်းမျိုးစုံဖိနှိပ်၊ခွဲခြားဆက်ဆံမှု
တွေရပ်ပြီး ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံအတွက် နိုင်ငံတကာက ပြဌာန်း ထားတဲ့ လူ့အခွင့်အရေးအတိုင်း မြန်မာအစိုးရက လေးစား လိုက်နာဆောင် ရွက်အောင် အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုဖို့နဲ့ ရိုဟင်ဂျာတွေ ဖိနှိပ် ခံရမှု အဆုံး သတ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက လိုအပ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးပြီး၊ ဘာသာပေါင်းစုံ တိုင်းရင်း သား ပေါင်း စုံ ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အခုထပ်မံဖြည့်စွက်မယ့် အချက် ၂ ချက်ကတော့ ရိုဟင်ဂျာမွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံ သားဖြစ် ခွင့်ကိစ္စတွေအတွက် ရိုဟင်ဂျာတွေနဲ့ ပူးပေါင်းဖြေရှင်းဖို့နဲ့၊ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြား ဆက်ဆံတဲ့မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင် ရွက်အောင် လွတ်တော်အနေနဲ့ တောင်းဆို ဖို့ စ တဲ့ အချက်တွေဖြစ်ပါတယ်။

ဒီဖြည့်စွက်ချက်တွေကို ပြဌာန်းဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော် မတီ ဥက္ကဌ မစ္စတာ ရွိုက်စ် (Mr. Royce)၊ နယူး ယောက် ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် မစ္စတာအန်ဂယ်လ် ( Mr. Engel) ၊ အိုဟိုင်းယိုးပြည်နယ်က လွှတ်တော် ကိုယ်စား လှယ် မစ္စတာ ချားဘော့ထ် (Mr. Chabot) နဲ့ ဟာဝိုင်အီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မစ္စဂေးဘတ် (Ms. Gabard) တို့ပူးတွဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA

Tuesday, March 25, 2014

ဆီယက်တဲလ်မြေပြိုမှု(၈)ယောက်သေ၊(၁၀၈)ဦးပျောက်ဆုံးဆဲ

လူ(၈)ယောက်ထက်မနည်းသေဆုံးပြီးပျောက်ဆုံးသူ(၁၀၈)ယောက်အထိရှိနေတဲ့အမေရိကန်ကမြေပြိုကျတဲ့ဖြစ်ရပ်တစ်ခုမှာအသက်
ရှင်ကျန်ရစ်သူတွေကိုရှာတွေ့ဖို့ မျှော်လင့်ချက်မှေးမှိန်လာနေပါတယ်။

နိုင်ငံအနောက် မြောက်ပိုင်း ဝါရှင်တန် ပြည်နယ်မှာ သဲတွေလို ကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီး ပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ် သားတွေက ရှာဖွေရေး ဆက်လုပ် နေကြ ပါတယ်။ တချို့နေရာ တွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေ ကျော် နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

စနေနေ့မနက်ပိုင်းမှာ ပြင်းထန်တဲ့ အင်အားနဲ့ မြေပြိုကျခဲ့ချိန်က ဆီယက်တဲလ်မြို့တော် မြောက်ဘက် ကျေးလက်ဒေသလေးမှာ နေထိုင်ခဲ့ဖွယ် ဒါမှမဟုတ် ကား ဖြတ်မောင်းသွားဖွယ်ရှိတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာ ထားပါတယ်။ စနေနေ့မှာ အခင်းဖြစ်ခဲ့ပြီး ကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး။

အပျက်အစီးပုံတွေကြားမှာ သက်ရှိထင်ရှားရှိနေသူ တစ်ယောက်ယောက်ရဲ့ ဘယ်လို အရိပ်လက္ခဏာမျိုးကိုမှ ကယ်ဆယ်ရေး လုပ် သားတွေ မကြားရသေးဘူးလို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

မြေပြိုကျတဲ့လမ်းကြောင်းတလျှောက် အိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးပြီး ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ မကြာသေးခင်က အပြင်းအထန်မိုးရွာပြီး မြေအောက်ရေ ပြည့်လျှံလာတာကြောင့် မြေပြိုကျတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

VOA

Monday, March 24, 2014

ကြေကွဲစရာအကောင်းဆုံးမလေးရှားလေကြောင်းဌာန၏MH370နောက်ဆုံးအဆုံးသတ်ပြီ...

မလေးရှားလေကြောင်းပိုင်Boring777-200အမျိုးအစားလေယာဉ်ကြီး၏ကွာလာလမ်ပူ-ပေကျင်းခရီးစဉ်ဖြစ်သောပျံသန်းအမှတ် MH 370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှု ထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။

ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။
ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...

သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။
ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထို လေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာန များတွင် ယခု ကြော်ငြာပြီဖြစ်သည် ။

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။

Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors

MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည် သူ မျှ မသိရှိနိုင်သေးပေ ။

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံး သတ် ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။
ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....

မည်သို့ပင်အဆုံးသတ်စေ ...
သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...

ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...
ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..

***Pray for MH370 passenger's and Crew's Families***

Kayan Times

Sunday, March 23, 2014

ပျောက်ဆုံးမလေးရှားလေယာဉ်ကိုရှာဖွေနေသည့်အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ခါးပတ်ကြိုးများနှင့်ကုန်တင်သစ်သားအခင်းပြားတစ်ခုရှာတွေ့

ဂြိုဟ်တုဓာတ်ပုံများမှရရှိသောသဲလွန်စများအရအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ပျောက်ဆုံးမလေးရှားလေ
ယာဉ်ကိုရှာဖွေလျက်ရှိရာပြီးခဲ့သောစနေနေ့ကလေယာဉ်၊သင်္ဘောတို့တွင်ကုန်စည်သယ်ဆောင်ရာ၌အသုံးပြု
သော သစ်သား အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့် အတူ ရှာဖွေတွေ့ ရှိခဲ့ သည် ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း CNA သတင်း ဌာန တွင် ဖော်ပြ ထားသည်။
“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထား ရတဲ့ သဲလွန်စတွေ အတော်များများ ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီး ချုပ် တိုနီအက်ဘော့က ပြောကြားခဲ့သည်။
ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တုက ထောက်လှမ်း တွေ့ရှိခဲ့သော ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်းအစဟု ယူဆရသော အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး တပ်ဖွဲ့ ဝင်များ က ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ ရှိ ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာဏာပိုင်များကလည်း သြစတြေးလျနှင့် တရုတ်ဂြိုဟ် တုတို့ သဲလွန်စများ ထောက်လှမ်း တွေ့ရှိထားသည့် ရေပြင်ဧရိယာတွင် ပျောက်ဆုံး လေယာဉ်၏ အစိတ် အပိုင်း ဟု ယူဆရသော အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး ဂြိုဟ် တု ဓာတ်ပုံများကို မလေးရှား အာဏာပိုင်များထံ ပေးပို့ခဲ့သည်။
ကုန်တင်သစ်သား အခင်းပြားများကို လေယာဉ်များတွင်သာမက သင်္ဘောများတွင်လည်း အသုံးပြုလေ့ ရှိ သဖြင့် ယခုတွေ့ရှိသော သစ်သားအခင်းပြားမှာ ပျောက်ဆုံး မလေးရှားလေယာဉ်မှ ဖြစ်သည်ဟု အတိအ ကျယူဆရန် မဖြစ်နိုင်သော်လည်း သဲလွန်စများ တစ်ခုပြီးတစ်ခု တွေ့လာရသဖြင့် အိန္ဒိယ သမုဒ္ဒရာ  တောင် ပိုင်းတွင် ရှာဖွေရေး လုပ်ငန်းများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။
သြ စတြေး လျ အနောက်ဘက် ကမ်းခြေမှ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀ ကျော်ဝေးသော သမုဒ္ဒ ရာ ရေပြင်တွင် စစ်ဘက်လေယာဉ် လေးစင်း၊ အရပ်ဘက်လေယာဉ် လေးစင်းနှင့် စစ်သင်္ဘော တစ်စီး တို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေး လျ နိုင်ငံ တို့က လည်း အဆိုပါ ဧရိယာသို့ သင်္ဘောများ ထပ်မံစေလွှတ်ထားသည်။
“ရှာဖွေတဲ့နေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေ ပိုများလာလေလေ ဂြိုဟ်တုက တွေ့ထားတဲ့ အရာ ဝတ္ထုတွေ ကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လေလေပါပဲ” ဟု တိုနီအက်ဘော့က ပြောကြားသည်။
လူ ၂၃၉ ယောက်ကို တင်ဆောင်သွားသော မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး သည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် ဗီယက် နမ် လေပိုင်နက် အတွင်းသို့ ဝင်ခါနီး၌ မြေပြင် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အ သွယ် ပြတ်တောက် ကာ ပျောက် ဆုံးသွား ခဲ့ခြင်း ဖြစ် သည်။
စတင်ပျောက် ဆုံးခါစ စက်ချို့ယွင်းကာ တောင်တရုတ် ပင်လယ်အတွင်း ပျက်ကျသွားခြင်း ဖြစ်မည်ဟု ယူဆပြီးရှာဖွေမှုများပြုလုပ်ခဲ့သော်လည်းနာက်ပိုင်း စုံစမ်းတွေ့ရှိမှုများ အရ လေယာဉ်သည် မြေပြင်စခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက်မူလလမ်းကြောင်းအတိုင်းဆက်မသွားဘဲ  နောက်ကြောင်း ပြန်
လှည့် ကာ နောက်ထပ် ၇ နာရီခန့် ပျံသန်းခဲ့ကြောင်း တွေ့ရှိရသဖြင့် ရှာဖွေသည့် ဧရိယာ ကို ထပ်မံ တိုးချဲ့ ခဲ့ ရ သည်။
ထို့အပြင် လေယာဉ်ကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်း တွေ့ရှိထားရသဖြင့် အကြမ်းဖက်မှု (သို့မဟုတ်) ပြန်ပေးဆွဲမှု ဖြစ်မည်ဟု ယူဆမှုများလည်း ရှိနေ သည်။
The Voice Weekly

Wednesday, March 19, 2014

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

ခရီးသည်၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေး ရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့် လာပြီး သည့် နောက် တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများ အပြား ပေါ်ပေါက် လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျ သွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။
ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။
ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။
လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေး ရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ် ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ် လာခြင်း ဖြစ်နိုင် ဖွယ် ရှိသော မီးခိုး များသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။
အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။
မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ)
လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးကရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။


ကိုးကား - Business Insider၊ Time


 

Sunday, February 23, 2014

ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက် တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် စေလွှတ်ရန် ဘန်ကီမွန်း တောင်းဆို

ဗဟို အာဖရိက သမ္မတနိုင်ငံ တွင် ကုလသမဂ္ဂမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ကို တပ်ဖြန်ချ
ထားသောလည်းအကြမ်းဖက်မှုများသည် ပိုမိုဆိုးရွား လာသောကြောင့် ၎င်းနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် ထပ်မံစေ လွှတ်ပေးရန်နိုင်ငံ တကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကဖေဖော်ဝါရီ၂ဝရက်တွင်တောင်း ဆိုခဲ့ကြောင်းသိရသည်။ထို့ပြင်ဗဟိုအာဖရိက သမ္မတနိုင်ငံ အတွင်း ရှိပြည် သူများကို ကာကွယ် ရန်နှင့် နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းရေး ကိုတိုးမြှင့်လုပ်ဆောင်သွား ရန် စသည့် အကြံပြု ထောက်ခံ ချက်များ ပါရှိသည့် အစီရင်ခံစာ တစ်စောင်ကိုလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သို့ ပေးပို့ သွား မည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။ 
Ref: မြ၀တီ

Thursday, December 6, 2012

(၁၀)ထပ်ပါအဆောက်အဦးတစ်ခုကို(၄၈)နာရီအတွင်းဆောက်လုပ်နိုင်ခဲ့သောအိန္ဒိယနိုင်ငံ

အာရှစီးပွားရေး အင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာသည့် အိန္ဒိယနိုင်ငံမှ စွန့်ဦးတီထွင်သူ လုပ်ငန်း ရှင် တစ်ဦး သည် ၄၈ နာရီအတွင်း ၁ဝ ထပ်ပါ အထပ်မြင့် အဆောက်အအုံကို ဆောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
မိမိတို့၏ ရည်ရွယ်ချက်မှာ အဆိုပါ ၁ဝ ထပ်ရှိ အဆောက်အအုံကို သတ် မှတ်ချိန်အတွင်း တည်ဆောက်နိုင် သည် ကို ပြသလိုခြင်းဖြစ်ကြောင်း၊ လက်တွေ့အားဖြင့်လည်း ၄၈ နာရီအတွင်း ၎င်း အဆောက် အအုံ ကို  ဆောက်ပြနိုင် ခဲ့ကြောင်း အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် ဟာပယ်လ်ဆင်းဂ်၏ ပြောကြားချက်ကို NDTV ရုပ်သံက ဖော်ပြခဲ့သည်။ ၎င်း ၁ဝ ထပ်ပါ အထပ်မြင့် အဆောက်အအုံကို တည်ဆောက်ရာတွင် အ သင့်သုံး စွဲနိုင်သော ဆောက် လုပ်ရေးပစ္စည်းများကို သုံးစွဲထားပြီး သံမဏိတန်ချိန် ၂ဝဝ ခန့် ပါဝင်ကြောင်း သိရ သည်။ ၎င်းအဆောက်အအုံအား ချန်ဒီဂါမြို့ မှ ၁ဝ ကီလိုမီတာအကွာ မိုဟာလီမြို့တွင် ဆောက်လုပ် ထားခြင်းဖြစ် ပြီး ၎င်းအဆောက်အအုံ၏ အပြင်ဘက်အား အနီရောင်နှင့် မီးခိုးရောင် ဆေးများသုတ် ထားသည်ဟု သိရသည်။၎င်းအဆောက်အအုံသည် ၄၈ နာရီအတွင်း ဆောက်လုပ်နိုင်သော နိုင်ငံ၏ ပထမဆုံး အဆောက်အအုံဖြစ်ကြောင်း၊ အဆောက်အအုံပုံစံသည် မြေငလျင် ဒဏ် မကြာခဏ ခံစားရသည့် Zone-V ငလျင်ဇုန်အတွက် အဓိကထား ဆောက် လုပ်ထားခြင်းဖြစ်ကြောင်း W Marriot ဟိုတယ်ပိုင်ရှင် တစ်ဦးဖြစ် သူ ၎င်းအဆောက်အအုံ ပိုင်ရှင် ဟာပယ်လ်က ပြောကြားခဲ့သည်။ ၎င်းအဆောက် အ အုံ ဆောက် လုပ်ရာတွင် ပထမ သုံးထပ်ကို ၆ နာရီ အတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့ပြီး နည်းပညာရှင်များ၊အင်ဂျင်နီယာများနှင့်ဆောက်လုပ်ရေးဝန်ထမ်း၂ဝဝကျာ်ဖြင့် အောင်မြင်စွာ ဆောက်လုပ်
နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်ဟု သိရသည်။
 Ref:မြ၀တီ

Wednesday, December 5, 2012

စိုင်းစိုင်းသီချင်းလိုပဲငါ့အလှည့်ကဘယ်တော့လဲလို့ ပဲမေးရတော့မယ်...

သီရိင်္လကာသည် နိုင်ငံ သည် နိုင်ငံ၏ ပထမဆုံး ဂြိလ်တုကို တရုတ်နိုင်ငံ ရှိ အာကာသ စင်တာ တစ် ခု မှ နို ဝင် ဘာ ၂၇ ရက်နေ့တွင် လွှတ်တင် ခဲ့ကြောင်း ဒေသတွင်း ကုမ္ပဏီတစ်ခုက ထုတ်ပြန် ကြေညာခဲ့ သည်။အ ဆိုပါဂြိုလ်တုလွှတ်တင်မှုကို သီရိလင်္ကာပုဂ္ဂလိကကုမ္ပဏီ Superme SAT နှင့် တရုပ်အစိုးရပိုင် China Great Wall Industry Corpotation တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
Superme SAT-1 ဟု အမည်ပေးထားသည့် ဂြိုလ်တုသည် အရှေ့အလယ်ပိုင်း၊ တောင်နှင့်ဗဟို အာရှ၊ ဩ စတေး လျနိုင်ငံများအထိ အင်တာနက်၊ ဖုန်း၊ အသံလွှင့်ခြင်းအစ ရှိ ဝန်ဆောင် မှု များ ပေးနိုင်မည်ဖြစ် ကြောင်း Supreme SAT ကပြော ကြားခဲ့သည်။ “ကျွန်တော်တို့ သီရိ လင်္ကာနို င်ငံ သားတွေ အတွက် ဂုဏ်ယူစရာ အခိုက်အတန့် တစ်ခုပါပဲ” ဟု Supreme SAT ၏ အမှုဆောင် အရာရှိချုပ် Vijith Peiris က အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
Supreme SAT-1 လွှတ်တင်မှု အောင်မြင်ခဲ့သဖြင့် သီရိလင်္ကာသည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုလ်တု ပိုင် ဆိုင် သည့် ၄၅ ခုမြောက်နိုင်ငံဖြစ် လာခဲ့ပြီး အိန္ဒိယနှင့်ပါကစ္စတန်တို့ပြီး လျှင် ဂြိုလ်တုတစ်စင်းလွှတ်တင်ခဲ့ သည့် တတိယမြောက်အရှေ့အာရှ နိုင်ငံဖြစ်လာခဲ့သည်။
အဆိုပါဂြိုလ်တု လွှတ်တင်မှုကို နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ပြုလုပ်မည်ဟု ကနဦး မျှော်လင့် ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှု ကြောင့် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ 
Ref:SHADE

Tuesday, November 27, 2012

ကုလားကိုယူမိပြီးကိုယ့်သားသမီးကိုဒီလိုလုပ်ခံချင်တယ်ဆိုရင်တော့ကုလားများကိုယူကြပေါ့

UN က အစ္စလာမ်တို့ရဲ့ အပျိုစင်ကို ...ဘာညာကွိကွ ဖြတ်တဲ့ ထုံးစံကို ban သင့်ကြောင်း တရားဝင်ဆွေးနွေးတာပါ။ လင့်ခ် မှာပဲ ဖတ်ကြနော်။

Thursday, November 22, 2012

ကမ္ဘာကျော် သွားသော ကမ္ဘာကျော် တို့ ၏ ပုံရိပ်များ

မြန်မာနိုင်ငံ၏ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်အမတ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း
စုကြည် နှင့် ကမ္ဘာ့ အင်အားအကြီးဆုံး(super power) နိုင်ငံ ဖြစ်သော အမေရိကန် သမ္မတ နိုဗယ်ဆုရှင် ဘားရတ် အိုဘားမား တို့၏ ခင်မင်ရင်းနှီးစွာဆက်ဆံမှုတွေလား အများပြောသလို (......) တွေလား ဆိုတာ ကျွန်နော်ကိုယ်တိုင်လည်း မဝေခွဲ တတ်သလို ဘယ်သူမှလည်း ဘာကြောင့်ပါလို့  တတ်အပ် မပြောနိုင်သောပုံများကိုပြန်လည်ဝေမျှလိုက်ပါတယ်..စိတ်ကြိုက်ဝေဖန်နိုင်သလိုကိုယ်လိုရာကိုလည်းစွဲတွေးနိုင်
ပါတယ်..(မည်သည့်ရည်ရွယ်ချက်မှမပါပဲ သိစေလိုသောသဘောဖြင့်သာ ဖော်ပြခြင်း ဖြစ်ပါသည်။)
 
 
 
 
 
 
 

 
 
 
International Business Times

International Business Times
ရုရှားသတင်းစာ

ကိုးရီးယားသတင်းစာ
ဂျပန်သတင်းစာ
ဘယ်သူ့ကို ပိုချစ်သလဲ လို့ မေးထားတဲ့ ထိုင်းသတင်းစာ

Ref: http://www.oppositeyes.info/

Wednesday, November 21, 2012

ခလေးမွေးလို့ ရုပ်ဆိုးရင် တရားစွဲခံရမယ်နော်..အိမ်ထောင်ရှင်မများသတိထား

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် မိဘများက ချောမွတ်ပြေပြစ် ပါလျက်နှင့် ဂျီဖောင်း အမည်ရှိ အမျိုးသား၏ ဇနီးသည်မှ မွေးဖွားလိုက်သော ရင်သွေးသည် လွန်စွာ အရုပ်ဆိုး အကျည်းတန်လှသဖြင့် ခင်ပွန်းဖြစ်သူက
ဇနီးသည်ကို တရားစွဲဆိုခဲ့ ကြောင်း သိရသည်။
ဂျီဖောင်း၏ ဇနီးသည် သမီး မိန်းကလေးမွေးဖွား လာသော အခါ မိခင်ဖြစ်သူက ချောမောလှပပါလျက်နှင့် သမီးဖြစ်သူမှာ လွန်စွာရုပ်ဆိုး အကျည်းတန်ခဲ့သည်။ တရုတ်နိုင်ငံမြောက်ပိုင်း တရားရုံးတွင် တရားစွဲဆိုအမှုရင်ဆိုင်သောအခါမှ ဂျီဖောင်း၏ဇနီးသည် ငယ်စဉ်က ရုပ်ဆိုးအကျည်းတန်ခဲ့သဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် အကုန်ကျခံကာ မျက်နှာကို အစားထိုး ခွဲ စိတ်ပြုပြင်ခဲ့ ကြောင်း တရားရုံးတွင် ဝန်ခံ ပြောကြားခဲ့သည်။ ထို့ကြောင့် တရားရုံးက ဇနီးသည်အား ဒေါ်လာ 96000 လျော်ကြေး ပေးဆောင် စေခဲ့ ပြီး ဂျီဖောင်း၏ ဆန္ဒအရ လင်မယား ကွာရှင်းခွင့် ပြုခဲ့ကြောင်း သိရသည်။
Ref: ပြည်မြန်မာ

အိုဘားမား ရဲ့ ဒေါ်လာ သန်း ၁၇၀ က တရုတ်-မြန်မာဆက်ဆံရေးကို ပြောင်းလဲစေမည်မဟုတ်..

 
အမရိကန်ပြည်ထောင်စုသည်မြန်မာကိုတရုတ်ထံမှထုတ်ယူသွား၍မရကြောင်းတရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်၏ဆောင်းပါးတစ်ပုဒ်၌မြန်မာသို့အိုဘားမားတနင်္လာနေ့ကလာရောက်ပြီးနောက် ရေးသား
ဖော်ပြခဲ့သည်။ဂလိုဘယ်တိုင်းမ်စ်၏အဆိုပါDon't read Too Much into Myanmar Visitဆောင်းပါးတွင်မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာအချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုလျော့နည်းအောင်ဦးတည်ခြင်းဖြစ်သည်ဟူသောအမြင်များကိုဝဖန်ထားခြင်းဖြစ်သည်။ဆောင်း
ပါးက"ဒီလိုမျိုးယူဆချက်တွေကအင်အားကြီးနိုင်ငံတွေကြားထဲကယှဉ်ပြိုင်မှုတွေနဲ့မြန်မာမှာယမန်နှစ်ကဖစ်ပေါ်
ခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုရည်ညွှန်းရာမှာအိုဘားမားရဲ့ခရီးစဉ်ကိုပေါင်းထည့်ပြီးအထူးအနက်အဓိပ္ပာ
ယ်ထွက်အောင်လုပ်နေတာပါ"ဟုဖော်ပြထားသည်။သတင်းစာကမြန်မာ၏ဒီမိုကရေစီအပြောင်းအလဲများသည် ၀ါရှင်တန်အားစိတ်ကျေနပ်စေရုံသာမကတရုတ်၏(မြန်မာတွင်)ကာလရှည်တည်ရှိနေသောအကျိုးစီးပွားများကို
လည်းကျေနပ်စေကြောင်းဆိုသည်။ဆောင်းပါး၌"အာဆီယံနိုင်ငံအများစုကဒီမိုကရက်တစ်ရွေးကောက်ပွဲတွေရှိ
ထားကြပြီးတရုတ်နဲ့ဆက်ဆံရေးတွေဟာလည်းနိုင်ငံစနစ်ကွဲပြားခြားနားမှုကြောင့်အနှောင့်အယှက်မဖြစ်ပါဘူး။
မြန်မာဟာ၎င်းရဲ့ပြည်တွင်းနိုင်ငံရေးပြင်ဆင်ချိန်ညှိမှုတွေကြောင့်တရုတ်နဲ့ဝေးကွာသွားမယ်ဆိုတာမဟုတ်ပါဘူး။
မြန်မာရဲ့အပြောင်းအလဲဟာရှောင်လွှဲလို့မရနိုင်ပါဘူး"ဟုဆိုသည်။ဆောင်းပါးတွင်အိုဘားမားခရီးစဉ်နှင့်အတူမြန်
မာသို့ထောက်ပံ့ငွေဒေါ်လာသန်း(၁၇၀)ပေးအပ်ခြင်းကိုလည်းထောက်ပြထားပြီးယင်းငွေပမာဏအနည်းငယ်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကိုထူးခြားစွာပြောင်းလဲစေမည်မဟုတ်ကြောင်း၊စီးပွားရေးအရလည်းအရှေ့တောင်
အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို ပိုမိုမှီခိုနေရကြောင်း ထောက်ပြထားသည်။
Ref:Global Time

 

အဖိနိပ်ခံ သနားစရာ ပါလစ်စတိုင်း

အဖိနိပ်ခံ သနားစရာ ပါလစ်စတိုင်း တွေက တော့ အစ္စရေးဘက်ပါသူလို့
စွတ်စွဲခံရတဲ့ သူတို့လူမျိုးတစ်ယောက်ကို ဂါဇာမြို့ တစ်လျှောက် ဆွဲပြီး
ဆိုင်ကယ်တွေနဲ့ အခုလို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ ဟာမာ့စ်က
မသင်္ကာမှုနဲ့ သူတို့ လူမျိုး ပါလစ်စတိုင်း (၆) ယောက်ကို သွေးရူးသွေးတန်းနဲ့
သတ်ပစ်လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Tuesday, November 20, 2012

အိုဘားမား လည်း အလွတ်မပြောနိုင်ပါဘူး

အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင်သူ၏လက်ဝဲလက်ယာနှစ်ဖက်၌Teleprompterခေါ်ကိရိယာ နှစ်ခုကိုတပ်ဆင်ပေး
ထားကြောင်းတွေ့ရသည်။ယင်းTeleprompterကိရိယာ၏ရုပ်မြင်မှန်ပြားဝယ်မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းကပင်လျှင် အသုံးပြုခဲ့ကြောင်းသိရသည်။
Ref:ပေါ်ပြူလာ

မေးကုန် ကြပြီ ဘယ်သူ့ ကို ပို ချစ်လဲ တဲ့

 
 
 

  အိုဘာမားက ဘယ်သူ့ကို ပိုချစ်သလဲ.. ဆိုပြီး ထိုင်းအွန်လိုင်း သတင်းစာ MANAGER.CO.TH က မေးထားပါတယ်။
ReF:
http://www.manager.co.th/Daily/ViewNews.aspx?NewsID=9550000141400

Monday, November 19, 2012

အမေရိကန်ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ၊ နိုဗယ်ဆုရှင် မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း

- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။
- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။
- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။
- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့ သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။
 - ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။
- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။
- မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။
- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

Friday, November 16, 2012

ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ကိုသိပ္ပံပညာရှင်များစမ်းသပ်စစ်ဆေး

 
ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ကိုသိပ္ပံပညာရှင်များစမ်းသပ်စစ်ဆေး ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား)ရဲ့သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာသံသယမကင်းဖြစ်နေတဲ့အနောက်တိုင်းသိပ္ပံပညာရှင်တို့ကအဲဒီ့သွားကိုGeneticEngineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ 
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်။
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့။
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်။ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။ သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်

အင်္ဂလန် ဘုရင်မ သောက်တဲ့ ရေသန့် ကိုတောင် မသောက်နိုင်တဲ့ သမ္မတ အိုဘာမားရဲ့  စီးတော်ယာဉ် The Beast နဲ့  Air Force One အကြောင်း...

 အမေရိကန်သမ္မတခရီးစဉ်အတွင်းအသုံးပြုမယ့်မော်တော်ကား၊ရဟတ်ယာဉ်အပါအဝင်ပစ္စည်းတွေကို မြန်မာ
နိုင်ငံကိုလေယာဉ်နဲ့ကြိုတင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတရဲ့ မော်တော်ကား
အကြောင်းဗီဒီယိုကိုPlanetMyanmarပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်။ဒီဗီဒီယိုထဲမှာကားမှာတပ်ဆင်
ထားတဲ့ ကျည်ကာမှန်အမျိုးအစားကို သေနတ်ဖြင့် ပစ်ခတ်စမ်းသပ်ပြထားတာ တွေ့ရပါတယ်။
အမေရိကန် သမ္မတ ကျနော်တို့နိုင်ငံကိုလာမှ မဟုတ်ပါဘူး..။ သူ့ရဲ့ ခရီးစဉ်တိုင်းမှာ F-16 fighter jet ၃ စင်းကနေ ခရီးစဉ်ရဲ့ လုံခြုံရေး လိုအပ်ချက်အရ ၅ စင်းထိ ဝေဟင်မှာ ပျံသန်းစောင့်ရှောက်ပေးပါတယ်..။
သမ္မတ ဟာ လေယာဉ်ပေါ်မှာအမြဲတမ်း အေးဆေးနားနေ အိပ်စက်ပြီး လိုက်ပါတာမျိုးမဟုတ်ပါဘူး..။ အလုပ်ရဲ့လိုအပ်ချက်အရလယာဉ်ပေါ်မှာလည်းတစ်နေ့တာသူ့လုပ်ရမယ့်အလုပ်တွေကိုလုပ်ပြီးခရီးသွားရပါတ
တယ်..။ကျနော်တို့မှတ်မိကြဦးမယ်ထင်ပါတယ်..။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်မန်မာ
နိုင်ငံကိုလာဖို့မလာဖိုဆုံးဖြတ်ချက်ကို လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်းပြောဆိုအပြီး ဆုံးဖြတ်ခဲ့တာကိုပါ..။လယာဉ်ပေါ်ကသူ့ရဲ့ အလုပ်စားပွဲဘေးပြူတင်းကနေ သူကြည့်လိုက်ရင် လိုက်ပါလာတဲ့ F-16 fighter jet ကို ပုံပါအတိုင်း သူတွေ့ရပါတယ်..။ အဲ့ဒီလို ဆောင်ရွက်ပေးနေရ တဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေဟာ လည်း ဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူတတ်ကြပါတယ်..။ 
The most powerful President in the World ဆိုပြီး အမေရိကန် သမ္မတ တွေကို ညွှန်းဆိုပြောဆိုလေ့ရှိကြပါတယ်..။အခုဆိုရင်တော့အမေရိကန် သမ္မတ အိုဘားမားပေါ့..။ အမေရိကန် ပြည
်သူတွေ နဲ့ သူတို့ရဲ့ တကယ့်အင်အားကြီးတဲ့ တပ်မတော်တွေဟာ လည်း သမ္မတ ကိုအရမ်းအလေးပေးပြီး ဂရုစိုက်တတ်ကြပါတယ်..။ အထူးသဖြင့် သူတို့ရဲ့ စစ်တပ်ပေါ့..။ သူတို့တွေဟာ သူတို့ရဲ့ သမ္မတ အတွက် ဂုဏ်ယူကြသလို သမ္မတအတွက် လိုအပ်တဲ့ လုံခြုံရေးတွေကအစ တိတိကျကျ အသေချာဆုံး လုပ်လေ့ရှိပါတယ်..။ အထူးလည်း အရေးပေးပါတယ်..။ ဒါဟာ ဘာကိုပြောနေသလဲ..ဆိုတော့ သိပ်ပြီးရှည်ရှည်ဝေးဝေး စဉ်းစားစရာတောင်မလိုပါဘူး..။ ပြည်သူတွေကို အလေးထားလို့ ပြည်သူတွေ ကရွေးချယ် တင်မြောက်ထားတဲ့ သမ္မတကို သူတို့အနေ နဲ့ ဂရုစိုက်ကြရတာပါပဲ..။ သမ္မတ ရဲ့ခရီးစဉ်တိုင်းကို လုံခြုံရေးအတွက်အထူးအလေးပေးလေ့ရှိတာဟာလည်းသမ္မတကစေခိုင်းတာမဟုတ်ပဲသက်ဆိုင်ရာတပ်ဖွဲ့အ
သီးသီးရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကသာ အဆင့်ဆင့် စေခိုင်းတာဖြစ်ပါတယ်..။ သမ္မတ အတွက် Air ForceOneလေယာဉ်ဟာသမ္မတခရီးသွားစဉ်မှာတောင်အိမ်ဖြူတော်ကိုတစ်ပါတည်း ခေါ်ဆောင်သွားသကဲ့သို့ အိမ်ဖြူတော်ကနေပင်တဂွန် ဌာနချုပ်ကို ဆက်သွယ်ညွှန်ကြားဆောင်ရွက် နိုင်သလိုမျိုး လေယာဉ်ပေါ်ကနေ လည်း ဆက်သွယ်ဆောင်ရွက် ညွှန်ကြားနိုင်တဲ့အထိ လေယာဉ်ပေါ်မှာ နည်းပညာ နည်းစနစ်တွေပြည့်စုံစွာပါရှိနေတာပါပဲ..။အခုကျနော်တို့နိုင်ငံကိုလာမှာမို့လုံခြုံရေးတွေလုပ်တယ်.. မြန်မာ့ရေ
ပိုင်နက်နဲ့အနီးဆုံးနေရာမှာသူတို့ရဲ့စစ်ရေယာဉ်တွေရောက်နေတယ်..သမ္မတမြန်မာနိုင်ငံထဲမှာအသုံးပြုစီးနင်း
မယ့်ကားတွေ..လုံခြုံရေးယူမယ့် စစ်ရဟတ်ယာဉ်တွေ..ကွန်မန်ဒိုတွေ..စတဲ့..စတဲ့..ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေသာဖြစ်ပါတယ်..။ အချို့..အချို့..ကော့မင့်တွေမှာ ဖတ်ရသလိုမျိုး ဒီနိုင်ငံက ဆင်းရဲလို့.. မလုံခြုံလို့.. နိမ်တာ.. အပိုအလုပ်တွေ.. ပါဝါပြတယ်.. ဆိုတာမျိုးမဟုတ်ပါဘူး..။ သူတို့ နဲ့ ပါဝါတူတဲ့ အင်္ဂလန် နိုင်ငံကိုသွားတုန်းကလည်း ဒီလိုပဲ လုံခြုံရေးကို အရေးပေးပြုလုပ်ခဲ့ကြတာပါပဲ..။ ဒီတော့ ပြည်သူတွေကို အလေးထားဦးစားပေးပြီး ပြည်သူ့အကျိုးကို ထမ်းရွက်နိုင်သူကို ပြည်သူတွေ က သမ္မတ အဖြစ်ရွေးချယ်ထားတာပါပဲ..။ သူတို့ ရဲ့တပ်မတော်အသီးသီးဟာ လည်း သမ္မတကို အရေးပေးတယ်ဆိုတာဟာလည်း ပြည်သူတွေကို အလေးထားကြောင်း ဖော်ပြနေတာနဲ့ အတူတူပါပဲ...။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကို လာတာမပြောပါနဲ့အုံး အမေ၇ိကန်နဲ့  အင်အားတန်းတူ နီးပါးလောက်၇ှိနေတဲ့
အင်္ဂလန်ကိုသွားတာတောင်မှ ဒီလို ပဲ လုပ်ခဲ့ကြလို့  အင်္ဂလန် လူမျိုးတွေတောင် မျက်လုံးပြူးခဲ့ ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား တာတွေကို မြင်နေရပါတယ်..
အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂလန်ဘုရင်မတောင်အရှုံးပေးရတယ်
ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင်ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲဘုရင်မနန်းတော်အရာရှိတွေဘက်ကပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော်လုံခြုံရေးစုံထောက်တွေယူလာတဲ့ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိအံ့အားတသင့်ဖြစ်ကုန်ပါသတဲ့။ဒီကြားထဲသမ္မတအိုဘားမားရဲ့ကိုယ်ရံတော် ထောက်လှမ်းရေး
တပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။အိုဘားမားလုံခြုံရေးစုံထောက်တွေသေနတ်တွေတကားကားနဲ့အင်္ဂလန်ဘု
ရင်မနန်းတော်ထဲမှာသူတို့ကိုယ်ပိုင်နန်းတော်အလားပြေးလွှားနေလိုက်ကြတာ၂၄ဆိုတဲ့တီဗွီဇာတ်လမ်းကြည့်ေ
နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကိုအရေးပေါ်သွေးသွင်းနိုင်ဖို့ပစ္စည်းတွေအပါအ၀င်ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်က
ရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။ နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့သောက်ရေသန့်ကိုတောင်တိုက်ခွင့်မပေးနိုင်၊သူတို့အမေရိကန်ကသယ်လာတဲ့သမ္မ
တအိုဘားမားသောက်နေကျသောက်ရေသန့်ကိုသာတိုက်မယ်လို့အိုဘားမားကိုယ်ရံတော်ထောက်လှမ်းရေးအ
ရာရှိတွေပြောတော့နန်းတွင်းအရာရှိတွေအံ့သြသွားပါတယ်။ဘာကြောင့်လဲလို့မေးတော့“ကျွန်တော်တို့သမ္မတ
ရေပြောင်းရေလွဲမှာဗိုက်နာတာမျိုးအဖြစ်မခံနိုင်လို့ပါ”လို့သမ္မတကိုယ်ရံတော်တွေကဖြေပါသတဲ့….။ဘာပြော
ကောင်းမလဲ။အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂ
လန်ဘုရင်မတောင်အရှုံးပေးရတယ်။အင်္ဂလန်ဘုရင်မသောက်တဲ့ရေတောင်အိုဘားမားကိုမတိုက်နိုင်ဘူး...တဲ့။