အမေရိကန်နိုင်ငံနှင့်ထိုင်ဝမ်တို့အကြား ခိုင်မြဲသောဆက်ဆံရေးတိုးတက်မှုနှင့်
တရားဝင်ဆက်သွယ်မှု များအား တရုတ်နိုင်ငံမှကန့်ကွက်ခဲ့ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Hong
Lei ကဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို...
Monday, July 23, 2012
အာဖဂန် ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ ကူညီပေးမည်ဟု ကတိပြု

အာဖဂန်နိုင်ငံ၏ ယိုင်နဲ့နေသော စီးပွားရေးနှင့် လူမှုဝန်းကျင် အခြေအနေ
ပြန်လည် နာလန်ထူနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
အကူအညီများအဖြစ် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ အကူအညီပေးမည်ဟု ဇူလိုင်လ ၈
ရက်နေ့တွင် ကတိပြုခဲ့သည်။ အလှူရှင်နိုင်ငံများအနေဖြင့် အာဖဂန်အစိုးရအပေါ်
ရှုပ်ထွေးမှုရှိပြီး ကြိုတင်သတ်မှတ်ချက်များ ပါဝင်သော ပြုပြင်ပြောင်းလဲရေး
အစီအစဉ်များ တောင်းဆိုမှု မပြုလုပ်ရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က
သတိပေးခဲ့သည်။
တိုကျိုတွင်...
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ

ရွှေလှံထောင် ကျောင်းတွင် ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်းအနား
ကျောက်ဆည်မြို့ စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီအား မြို့နယ် အုပ်ချုပ်
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉)
အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ်
သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။...
ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်

ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော
ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက်
တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ
ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့
သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။
''တရားခံခြောက်ဦးက
ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့
စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင်...
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ
UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည...
Subscribe to:
Posts (Atom)