468x60 Ads

Tuesday, November 27, 2012

ထိုင်းကိုအနိုင်ကစားမှာပါလို့ ပြောတဲ့နည်းပြချုပ်ပတ်ဆောင်ဟွာ


မန်မာ့လက်ရွေးစင်နည်းပြချုပ်ပတ်ဆောင်ဟွာကဆူဇူကီးပြိုင်ပွဲအုပ်စုအဆင့်မှတက်ရောက်နိုင်ရန် အ တွက် လက် ကျန် ၂ ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်းနှင့် အိမ်ရှင် ထိုင်းအသင်းနှင့် ပွဲအတွက် လည်း နည်းဗျူဟာ များ ချမှတ် ထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
“မြန်မာ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ ပွဲမှာ ခံစစ် ဦးစားပေးပြီး တန်ပြန် တိုက်စစ်နဲ့ ကစားတဲ့ နည်းဗျူဟာ သုံးခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဂျပန် ကလပ် အိုကာယာမာနဲ့ ကစားတုန်း က ကျွန်တော်တို့ ကစားသမားတွေ ခြေစမ်းပွဲ ကစားတယ် ဆိုတဲ့ ခံယူချက်နဲ့ ကစားကြတာ ဖြစ်ပေမယ့် ဗီယက်နမ်နဲ့ က စား တဲ့ ပွဲမှာတော့ တကယ့် ပြိုင်ပွဲဖြစ် လို့ မလျော့တမ်း စိတ်ဓာတ် အပြည့်နဲ့ ကစားသွား ခဲ့ ကြ ပါ တယ်။ ပြိုင်ပွဲ အတွက် ကစားသမားတွေ ကိုလည်း စိတ်ဓာတ် မြှင့်တင်ပေး ခဲ့ပြီး ပါပြီ။ မြန်မာ ဆို တာ ဘောလုံးကို ချစ်မြတ်နိုးတဲ့ သူတွေနေတဲ့ တိုင်းပြည် ပါ။ အောင်မြင်မှုတွေ လည်း ရရှိခဲ့ဖူး ပါတယ်။ ဆီ မီး ဖိုင်နယ် တက်ဖို့ လက်ကျန်နှစ်ပွဲ စလုံး ရလဒ်ကောင်းအောင် ကြိုးစား သွားမှာပါ။ လာမယ့် ထိုင်းနဲ့ပွဲ အ တွက် လည်း နည်းဗျူဟာတွေ ချမှတ် ထားပြီးပါပြီ။ ထိုင်း ကစား တဲ့ခြေစွမ်း ကို ရုပ်သံ ပြကွက်တွေ ပြသပြီး က စားသမား များကို အသေးစိတ် ရှင်းလင်းထားပြီး ဖြစ် သလို နည်းဗျူဟာနဲ့ ပက်သက်ပြီးလည်း မှာကြား ထား ပြီး ပါ ပြီ” ဟု ပတ်ဆောင်ဟွာ က ဖွင့်ဟ ခဲ့သည်။
အ ဖွင့် ပွဲစဉ်တွင် ဗီယက်နမ် ကို သရေ ရရှိအောင် ကစားနိုင် ခဲ့သည့် မြန်မာ အသင်းမှာ ထိုင်းနှင့် ပွဲတွင် အနိုင် ရရှိခဲ့ပါက ဆီမီးဖိုင်နယ် အဆင့် သို့ တက်ရောက်နိုင် ရန် အခွင့် အရေးကောင်း ပိုင်ဆိုင်နိုင်မည် ဖြစ် ရာအိမ်ရှင်အသင်းနှင့်ဒီကနေ့တွင် ရင်ဆိုင် ရမည့် မြန်မာ အသင်း အား ထိုင်းနို င် ရာက်  မြန် မာ  ပရိ သတ် များ  မှာ အများ အပြား လာရောက် အားပေးရန် စီ စဉ်နေ ကြကြောင်း လည်း  သိ ရှိရသည်။
Ref:myanmanrstriker

0 comments:

Post a Comment