468x60 Ads

Monday, February 3, 2014

ခေါ်ရင်လာ ခိုင်းတာလုပ် ပြန်မပြောနဲ့  ဓါးနဲ့ ခုတ်ခံရမယ်

 
တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့ သည်ဟု မြို့နယ် ရဲစခန်း မှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယောက်ျားဖြစ် သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကား များပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။
"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။
ဖြစ် စဉ် တွင် စကား များ ရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ် ဓါးမ အား ဘေး ချ ထား ပြီး နှီး ဆက် ထိုးနေ စဉ် ဇနီးဖြစ်သူ မတင်မာဝင်း က ဓါးမအား ကောက် ၍ နောက် မှ ခုတ် ခဲ့ခြင်း ဖြစ် သည် ဟု ရဲ တပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက် ခလယ် ၊ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။
ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီး ရဲစခန်း က (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက် လံ ရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
Ref:News in Burmese

0 comments:

Post a Comment