468x60 Ads

Tuesday, October 9, 2012

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်


ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။

ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

ချက်ကိုစလိုဗက်ကီယား နိုင်ငံဖြစ်စဉ် ၁၉၅၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ချက်သမ္မတနိုင်ငံဖြစ်လာပြီး အခုတော့ မြန်မာနဲ့ သံတမန်ဆက်ဆံရေး မျက်နှာစာပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတ နိုင်ငံဆိုင်ရာ သံရုံးက သံအမတ်ကြီး ဗစ်တီဇလပ်(ဖ်) ဂရိပဲလ် အား မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လက ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီး လည်းဖြစ်တဲ့ Karel Schwarzenberg မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီးနောက်ပိုင်း အခုလို သံတမန်အပြန်အလှန် ဆက်ဆံရေး မျက်နှာစာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment