468x60 Ads

Monday, November 12, 2012

အော်စကာ ဆုရ ခဲ့ တဲ့ စန္ဒီမြင့်လွင်

ဆုပန်ထွာ က အမေရိက ကို ဖျော်ဖြေရေး ခရီးသွား ခဲ့ပြီး အပြန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် လက်ဆောင်တွေ ဝယ်လာခဲ့ သလို စန္ဒီမြင့်လွင် အတွက် လည်း အော်စကာ ဆုဝယ်ခဲ့တယ် လို့ ပြောပြ ပါတယ်။စန္ဒီမြင့်လွင်အတွက်အော်စကာဆုဝယ်ပေးဖြစ်ခဲ့တဲ့ဆုပန်ထွာက”မပန်နဲ့ဖေ့စ်ဘုတ်ထဲမှာပြောကြတာ။ သူ့အတွက် တစ်ရုပ် ဝယ်ခဲ့ ဆိုတာနဲ့ ပူဆာလို့ ဝယ်လာခဲ့တာ။ ဒါပေမဲ့ မပန်တို့ပြန်လာတော့ ပစ္စည်းတွေ တအား များလို့ ချန် ထား ခဲ့တာ။ အခု မေကဗျာပြန်လာတော့မှ အထုပ်တွေ ထပ်သယ် လာပေးတော့ အရုပ်လေးက အခုမှ ရတာ။ ပြန်ရောက် ကတည်းက မပေးရ သေးတာ။ တခြား ညီမတွေ ကတော့ တခြားလက်ဆောင်တွေပေးဖြစ်တယ်။ ဒီအရုပ်ကတော့ နှစ်ရုပ် ဝယ်လာခဲ့တယ်။ မေမေ့ အတွက် တစ်ရုပ်နဲ့ ဒီးဒီ အတွက် တစ်ရုပ်ပေါ့။ လက်ဆောင် ဝယ်တဲ့ ဆိုင်ရောက်တော့ ဒီးဒီ လေးက ပူဆာတာနဲ့ ဝယ်ဖြစ်ခဲ့တာ” လို့ပြောပါတယ်။ ဆုပန်ထွာက လတ်တလော မှာတော့ ဒုတိယ စီးရီး သီချင်းခွေ အတွက် ကိုပဲလုပ်ဖြစ်နေပြီး အတွဲခွေ အတွက်လည်း သီချင်းတွေ ပဲလုပ် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

0 comments:

Post a Comment