468x60 Ads

Wednesday, October 31, 2012

ဆာဂျီယို ရာမို့စ် ပြောတဲ့ ရီးရဲ စိတ်ဓါတ်

ဘာစီလိုနာနောက် အမီ လိုက်ရမည် ဆိုသော အခြေအနေက ရီးယဲလ်မက်ဒရစ် အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်လာစေကြောင်း ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
ရီးယဲလ် အသင်း၏ စပိန် လက်ရွေးစင် နောက်ခံလူက လက်ရှိတွင် အမှတ်ပေး ဇယား အဆင့်(၄) နေရာ၌ ရပ်တည်နေသည့်တိုင် ထိပ်ဆုံးမှ ဘာစီလိုနာကို မိမိတို့ အမီလိုက်နိုင်မည်ဟုလည်း ဆိုသည်။ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ် အသင်းများသည် ရီးယဲလ်ကို (၈)မှတ်ဖြတ်ကာ ဦးဆောင်နေသော်လည်း ယင်းအနေအထားကြောင့် အမှတ်ပေး ပြိုင်ပွဲ ပြီးဆုံး သွားပြီဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်မည် မဟုတ်ကြောင်း ရာမို့စ်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "ကျွန်တော်တို့ဟာ ဘာစီလိုနာကို လိုက်မီရမယ် ဆိုတဲ့ စိန်ခေါ်မှုကြောင့် စိတ်ဓာတ် တက်ကြွလာတာပါ။ ကျွန်တော်တို့ဟာ အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နေဦးမှာ ဖြစ်ပါတယ်။ အဆုံးထိပေါ့။ ကျွန်တော်တို့ ပြန်လာနေပြီ မဟုတ်လား" ဟု Marcaသို့ ပြောကြားခဲ့သည်။ "ခုချိန်မှာ နှစ်သင်းက ထိပ်ဆုံး ရောက်နေပါတယ်။ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ပေါ့။ ဒါပေမဲ့ ရီးယဲလ်ကလည်း ပွဲတွေမှာ အနိုင်ရလဒ်ကို ထိန်းထားနိုင်ရင် သူတို့ကို ဖိအားအများကြီး ပေးနိုင်ပါလိမ့်မယ်။ မာယော့ကာကို ကျွန်တော်တို့ နိုင်လိုက်တာက အရေးကြီးပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နေရာမှာ ရလဒ်ကောင်း ရခဲ့တယ်။ ရှေ့ဆက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေဦးမှာ ဖြစ်ပါတယ်"ဟု ရာမို့စ်က ပြောကြားသွားသည်။

0 comments:

Post a Comment