468x60 Ads

Friday, October 5, 2012

ကချင်ပြည်နယ်တွင်းကိစ္စ သမ္မတပြောကြားချက်အပေါ် KNO တုံ့ပြန်

ကချင်အမျိုးသားများအစည်းအရုံး (KNO)က သမ္မတဦးသိန်းစိန် ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး  ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အမေးအဖြေကဏ္ဍတွင် ဖြေ ကြားမှုများအပေါ် သဘောထားကြေညာချက်တစ်စောင် အောက်တိုဘာ ၄ ရက်က ထုတ်ပြန် လိုက် သည်။  စက်တင်ဘာ ၃၀ ရက်က သမ္မတက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဖြေ ကြား ပြော ဆို ချက်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် သမ္မတက ကချင်ပြည်နယ်တွင် တပ်မတော်က လူ့အခွင့်အရေး ချိုး ဖောက်နေခြင်း နှင့် စပ်လျဉ်း၍ ဖြေကြားရာ၌ ဥပဒေအရ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် လူ့ အခွင့်အရေး ချိုး ဖောက်သည်ဟု မစွပ်စွဲသင့်ကြောင်း၊ KIA ဘက်မှ အပစ်အခတ်ရပ်ရန် အမိန့်မထုတ်ပြန်ခြင်းကြောင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေကြာင်း စသဖြင့် ဖြေကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြ ထား သည်။ထို့ကြောင့် သဘောထားကြေညာချက်တွင် လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင် တာ နား က ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ပြေးဒုက္ခသည်များရှိကြောင်း အစီ ရင် ခံပြီး ဖြစ်သော်လည်း အစိုးရက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ စစ်ပွဲ များ ဖြစ်ရ ခြင်းသည် နိုင်ငံတော်သမ္မတ၊ မြန်မာ့တပ်မတော်နှင့် KIA အပြစ်ကြောင့် မဟုတ်ဘဲ အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးအားလုံး အတူယှဉ်တွဲ နေထိုင်ရန်နှင့် အခွင့်အရေးများ တန်းတူဖြစ်ရန် ရေး ဆွဲ ထား ခြင်း မရှိသည့်အတွက်ဖြစ်ကြောင်း၊ သမ္မတတစ်ယောက်အနေဖြင့် မိမိနိုင်ငံသားများ၏ ဆင်း ရဲ ဒုက္ခကို မငဲ့ကွက်ဘဲ ထွက်ဆိုဖြေကြားခဲ့ခြင်းအပေါ် ကချင်အမျိုးသားများအစည်းအရုံးက ပြင်း ပြင်း ထန် ထန် ရှုတ်ချကြောင်းတို့ဖြင့် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်နှင့် စပ်လျဉ်း၍ ဒီမို က ရက် တစ်  ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မည် သည့်ဘက် မှ ကျူးလွန်သည်ကို မသိနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြ၍ နှစ်ဖက်ပွင့်လင်းမှု ရှိစေလိုကြောင်း သုံးသပ်ပြောဆိုသည်။ "ကျွန်တော့်သဘောပြောရရင် နှစ်ဖက်အမြန်ဆုံး နားလည်မှု ရရှိစေချင်ပါတယ်"ဟု ၄င်းကဆိုသည်။

0 comments:

Post a Comment