468x60 Ads

Wednesday, November 21, 2012

နိုင်ငံပိုင်သတင်းစာများ ဖျက်သိမ်းရန် လွှတ်တော်တွင် တောင်းဆို


ငွေကြေးအလွဲသုံးစားမှုကိစ္စများနှင့်ပတ်နေသည့်နိုင်ငံပိုင်သတင်းစာများကိုရပ်ဆိုင်းပေးရန် ပြည်ထောင်စုလွှ
တ်တော်၌ယမန်နေ့ကတောင်းဆိုလိုက်ကြောင်းသိရသည်။ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ငွေကြေးအလွဲသုံး
စားမှုလုပ်ဆောင်ခဲ့ခြင်းနှင့်ယခုအခါဒီမိုကရေစီစနစ်သို့ကူးပြောင်းလုပ်ဆောင်နေသည့်အတွက် နိုင်ငံပိုင်သတင်း
စာများကိုရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်ပြခဲ့သည်။ ပြန်ကြားရေး ၀န်ကြီးဌာနအတွင်း၌ပြီးခဲ့သည့်၎နှစ်အတွင်းကျပ်သိန်းပေါင်း၂၅၀၀ကျော်အလွဲသုံးစားလုပ်ဆောင်ခဲ့ကြောင်း
စစ်ဆေးတွေ့ရှိခဲ့ပြီးယခုအခါကျပ်သိန်းပေါင်း၁၀၀၀ကျော်သာပေးသွင်းသေးကြောင်း၊ကျန်ငွေများကိုအချိန်မီ
ပေးသွင်းရန်တိုက်တွန်းထားကြောင်းသိရသည်။ထိုကိစ္စနှင့်ပတ်သက်၍မြန်မာ့အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူ ၃ ဦးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အရေးယူမှု ဖြစ်ပေါ်ခဲ့သည်။

0 comments:

Post a Comment