468x60 Ads

Friday, November 2, 2012

ကချင်ကလေးငယ် တစ်ဦး ရဲ့  နှလုံးသားမှ စကားသံလေးများ..


 သေမင်းဟာ
ရိုင်ဖယ်ကို ပခုံးမှာချိတ်
စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။

စာအံသံတွေေ ပျာက်ဆုံး
ဗုံးဆံတွေ မိုးချန်းသလိုရွာချ
အမုန်းတရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
မျက်ရည်နဲ့
အလောင်ကောင်တွေပေါ်က"အမှန်တရား"
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး။
စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား။
စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
ငါ...လက်ချိုးရေတွက်နေတယ်။
စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
အမေရေ....ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။

ဦးခေါင်းထက်မှာကျည်ဆန်တွေက
နတ်ဆိုးရဲ့လေချွန်သံလို
တရွီရွီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
"၀ုန်း" ခနဲပေါက်ကွဲတယ်..။

ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
ငါ့အိမ်ငါပြန်လာတာလေ။
ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။

ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာလူအဖြစ်ကနေလျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။

အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစိးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။

 လက်ဝါးကပ်တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
စစ်ပွဲလို့ခေါ်တယ်..။

စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်.
မိဘမဲ့သွားတဲ့ကလေးတွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်။

အို...သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ

လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ

စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
ကိုယ်ချင်းစာတရားကိုမှန်တယ်။

ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
နိုင်ငံတော်ဈာပနပဲ..။
ကဲ...အလံတစ်ဝက်လွှင့်ထူကြ
ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ....။

 မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။

ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာညံပါစေ။
ကလေးတွေရင်ထဲကတောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်

မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
ဝလုံးဝိုင်းဝိုင်းလေးတွေခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း.....တက်.....ချင်...တယ်...။

0 comments:

Post a Comment