468x60 Ads

Friday, November 30, 2012

မသေကောင်းမပျောက်ကောင်း

တရုတ်နိုင်ငံမှ ကျားလီအမည်ရှိ အသက်လေးနှစ် အရွယ်မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်းဝသို့ မတော် တဆထိုးစိုက်ဝင်သွားခဲ့သည့် ဝက်အူလှည့် တစ်ချောင်းကို ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင်က ဦးဆောင် ၍ အောင်မြင်စွာ ခွဲစိတ်ဖယ် ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခု အခါ တွင် ပြန် လည်ကောင်း မွန် လာ ပြီ ဖြ စ်ကြောင်း အင်တာနက်သတင်းတစ် ရပ်အရ သိရသည်။ အဆိုပါ မိန်းကလေးသည် တရုတ်နိုင်ငံ ကန် စုပြည် နယ် ထျန်းရွှီးမြို့တွင် နေထိုင်ပြီး သူမ၏ လက်ထဲတွင် ဝက်အူလှည့်ကို ဆုပ်ကိုင်ထားရာမှ မတော် တ ဆ မှောက်လဲပြီး မျက်နှာအား ထိုးမိခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သူမအား ဒေသတွင်းရှိ ဆေးရုံနှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော် လည်း အဆိုပါ ဆေးရုံများက လက်မခံဘဲ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့သောကြောင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင် ၏ ဆေး ရုံ သို့  ရောက် ရှိလာ ခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင် သူမ၏ မျက်နှာအား X-rays နှင့် CAT Scans များ ရိုက် ယူ စစ်ဆေး ခဲ့ရာ ထိုဝက်အူလှည့်သည် မျက်စိသူငယ်အိမ် အောက်နားအထိ စိုက်ဝင်ခဲ့၍ ဦးနှောက်ကို ထိ ခိုက် ရန် ၂-၃ မီလီမီတာခန့်သာ လိုတော့ ကြောင်း၊ ဦးနှောက်ကို ထိခိုက်သွားပါက အလွန် အန္တရာယ် ရှိကြောင်း  ၎င်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး က ပြောကြားခဲ့သည်။
ထို့နောက် သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို ခွဲစိတ်အထူးကု ဆရာ ဝန် ကြီး  က ခွဲစိတ် ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါတွင် ပြန်လည်ကောင်း မွန်လာပြီဖြစ်ကြောင်း ဗြိ တိသျှသတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
Ref:myawady

0 comments:

Post a Comment