468x60 Ads

Wednesday, November 7, 2012

အမေရိကန် သမ္မတဘယ်သူဖြစ်မလဲ????

ဒီနေ့ ညနေ လောက်ဆိုရင် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အဖြေထွက်ပါပြီ သမ္မတအိုဘားမား က ဘဲ အခုမဲတွေနိမ့်နေပါတယ် အသစ်စက်စက် သမ္မတလောင်း မစ္စတာ Romney အခု ဂျပန်တီဗွီမှ တိုက်ရိုက် စာရင်းအရ သမ္မတအိုဘားမား က128 မဲ သမ္မတလောင်း မစ္စတာ Romney 149 မပြီးသေးပါဘူးတဲ့ နာရီနှင့်အမျှမဲတွေပြောင်းနေပါတယ်။ဒီညနေဆို သိရပါပြီ။ ဂျပန်သတင်းအရဖော်ပြပါတယ်။7.11.2012 11နာရီ17မိနစ် စာရင်းအရ ယခုဂျပန်သတင်းအရ အိုဘားမား၁၄၈ မဲ Romney၁၅၃မဲ ရပ်နေပါတယ်
သမ္မတအသစ်ကို ထင်ပါလား။ ပြောင်းလဲနိုင်ပါတယ်။ မပြီးသေးပါဘူး  
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အခုမဲစာရင်းအရ သမ္မတအိုဘားမား က157 မဲ သမ္မတလောင်း မစ္စတာ Romney 162 မပြီးသေးပါဘူး ဂျပန်အချိန်12.03am

ဂျပန်အချိန်( တိုင်း) 12နာရီ 31မိနစ် 7.11.2012 စာရင်းအရ အိုဘားမား172 မစ္စတာ Romney 163မဲ ဖြစ်နေပါတယ်။
 ရေကုန် ရေခမ်း ယှဉ်ပြိုင် နေကြတဲ့ အမေရိကန် သမ္မတ ရွေးပွဲ မဲဆွယ်ပွဲ တွေ အဆုံးသတ်ချိန်မှာ နိုင်ငံ တဝှမ်းက မဲရုံတွေ ပိတ်တော့မှာ ဖြစ်ပါတယ်။

သမ္မတ ဘားရက် အိုဘားမား က သူ့မြို့ ချီကာဂို မှာပဲ ရွေးကောက်ပွဲ အတွက် စေတနာ့ ဝန်ထမ်း မဲဆွယ် ပေးသူ တွေကို လိုက်လံ တွေ့ဆုံကာ မိတ်ဆွေ ရင်းတွေနဲ့ ဘက်စကက်ဘော ကစား နေပါတယ်။သူ့ပြိုင်ဘက် မစ်ထ် ရွန်နီ ကတော့ ပင်ဆယ်လ် ဗေးနီးယား နဲ့ ယတိပြတ် အဖြေ မထွက်သေးတဲ့ အိုဟိုင်းယိုး ပြည်နယ် တွေမှာ နောက်ဆုံး မဲမဆွယ်ခင် ဘော့စတွန်မှာ မဲပေး ခဲ့ပါတယ်။

သဘောထား စစ်တမ်း ကောက်ခံ ချက်တွေ အရ မစ္စတာ အိုဘားမား အဓိကပြည်နယ် အများစုမှာ ပွတ်ခါ သီခါနဲ့ အသာရနေ ပြီး နောက်ဆုံး ရလဒ် ထွက်လာခါနီးပြီလို့ ခန့်မှန်းကြ ပါတယ်။ဆီးနိတ် သုံးပုံ တပုံနဲ့ ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲ တွေကိုလဲ တနေ့ထဲပဲ ကျင်းပ ခဲ့တာပါ။

အိုဘားမားရဲ့ ဒီမိုကရက် ပါတီက ဆီးနိတ်ကို ဆက်အုပ်စီး ထားပြီး ရီပတ်ဘလစ်ကန်က ကွန်ဂရက်ကို နေမြဲ အတိုင်း ထိန်းချုပ် ထားအုံးမယ်လို့ မှန်းဆ နေကြပါတယ်။ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တွေလဲ ပြည်နယ် အတော်များများမှာ ကျင်းပ နေပါတယ်။

0 comments:

Post a Comment