468x60 Ads

Friday, November 9, 2012

နိုဝင်ဘာ (၁) ရက်နေ့ ဟာ အမရေိကန်တွေ အတွက် ၀မ်းနည်းဖွယ် ဖြစ်ပေမယ့် အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် ထပ်ဆင့်ဖြစ်ခဲ့..

စန္ဒီမုန်တိုင်းက နိုဝင်ဘာ၁ရက်နေ့မှာ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဒေသများကို တိုက်ခတ်ခဲ့တာဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်ဒေသများမှာ ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၈ဝဦး ထက် မနည်းသေဆုံးခဲ့ရပါတယ်။ အခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အဆိုးရွား ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသမီး အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် တွေထပ်ဆင့် ဖြစ်ခဲ့ရပါတယ်...
နိုဝင်ဘာ၁ရက်နေ့ကကမ္ဘာကျော်ဘောလီးဝုဒ်မင်းသမီးအက်(ရှ်)ဝါယာရိုင်းရဲ့အသက်၃၉နှစ်ပြည့် မွေးနေ့ဖြစ်
သလို၊ အောင်မြင်မှုတွေ ထပ်ဆင့်လောင်းတဲ့နေ့ ထူးနေ့မြတ်လို့ပြောရင်လည်း မမှားပါဘူး။ Indo-French ပူးပေါင်းဆောင်ရွက်မှုများ၊ရုပ်ရှင်၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေမှာ ဖွံ့ဖြိုး တိုးတက်စေမှု၊ ရုပ်ရှင်လောကမှာ ဘုရင်မတစ်ဦးသဖွယ်အောင်မြင်စွာရပ်တည်နိုင်မှုစတာတွေကြောင့်သူမကိုပြင်သစ်အစိုးရကဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါတယ်။
ဂုဏ်ပြုဆုပေးအပ်ပွဲကို ၂ဝ၁၂ခုနှစ် ၊နိုဝင်ဘာ ၁ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး၊ သူမမွေးနေ့ရက်နဲ့လည်း တိုက်ဆိုင်ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Francois Richier က ပြင်သစ်အစိုးရ ကိုယ်စား သူ့ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒီဂုဏ်ပြုပွဲကို သူ့ရဲ့ မိဘ၊ ယောက္ခမဖြစ်သူ ဘောလီးဝုဒ်မင်းသားကြီး အမီတာ ဘချမ်း၊ ခင်ပွန်းဖြစ်သူ မင်းသား အဖီရှပ် အပါအဝင်တစ်မျိုးလုံး တက်ရောက်မှာပါ။ ဒီလို တက်ရောက်နိုင်ဖို့လည်း တခြားအလုပ်တွေ အားလုံးကို ဖျက်လိုက်ရပါတယ်။




0 comments:

Post a Comment