468x60 Ads

Thursday, November 8, 2012

မော်ရင်ဟို ခေါင်းဆောင်မှုအောက်တွင် ကစားချင်သည့် ဂျရတ်..

ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ကစားခွင့် ရမည် ဆိုပါက မိမိ ပျော်ရွှင်မိမည် ထင်ကြောင်း လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ဖွင့်ဟ ပြောဆိုခဲ့သည်။
ချယ်လ်ဆီး အသင်းကို ပေါ်တူဂီသား မော်ရင်ဟို မန်နေဂျာအဖြစ် ကိုင်တွယ်နေစဉ် (၂၀၀၄)နှင့် (၂၀၀၅)ခုနှစ်များက ဂျရတ်အား ချိတ်ဆက်ဖူးသော်လည်း ကစားသမားက အန်းဖီးလ်တွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုအတောအတွင်း ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ဆုဖလားကို (၂)ကြိမ် ရရှိခဲ့သည်။ ယခုအခါ မော်ရင်ဟိုမှာ ရီးယဲလ် မက်ဒရစ်တွင် နည်းပြအဖြစ် တာဝန် ယူနေပြီး လက်ရှိ ရီးယဲလ် ကစားသမား၊ လီဗာပူးလ်တွင် ဂျရတ်နှင့် တွဲကစားဖူးသူ ရှာဘီ အလွန်ဆိုက ဂျရတ်သည် ဘာနေဗျူးတွင် ပါဝင် ကိုယ်စားပြုရန် ထိုက်တန်သူဟု ထုတ်ဖော် ချီးကျူးခဲ့သေးသည်။
အသက်(၃၂)နှစ်ရှိ ဂျရတ်က "ကျွန်တော်က Special One မော်ရင်ဟို လက်အောက်မှာ ကစားချင်ခဲ့ပါတယ်" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဂျရတ်သည် လီဗာပူးလ်တွင် (၁၄)နှစ်ကြာ ကစားဖူးပြီး ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ် အပါအဝင် အာင်မြင်မှုအချို့ ရရှိခဲ့ဖူးသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နှင့်မူ ဝးကွာနေခဲ့သည်။ သတင်းထောက်များက မော်ရင်ဟို ချယ်လ်ဆီးတွင် ရှိစဉ်က ၎င်းကို ချဉ်းကပ်ခဲ့ချိန်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဂျရတ်က "အဲဒီတုန်းက လီဗာပူးလ်က အောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလေ။ ဒါကြောင့် စဉ်းစားစရာ အခြေအနေတွေ ပေါ်လာတာပါ"ဟု ဖြေကြားခဲ့သည်။
၎င်းက "'ဒါပေမဲ့ ကျွန်တော် ချယ်လ်ဆီးရဲ့ ချဉ်းကပ်မှုကို ငြင်းလိုက်ပါတယ်။ နောက်တစ်နှစ်မှာလည်း ဟင့်အင်းလို့ထပ်ပြောခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့(၂)နှစ်ကရီးယဲလ်ကို မော်ရင်ဟို ရောက်လာတော့ နောက်တစ်ခါ ချဉ်းကပ်ခဲ့ဖူးသေးတယ်။ ရီးယဲလ်နဲ့ ဘာစီလိုနာလို အသင်းတွေက စိတ်ဝင်စားတဲ့ ကစားသမားတွေကို ကျွန်တော် စောင့်ကြည့်ဖူးပါတယ်။ ဒါဟာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒါကို မစဉ်းစားတော့ပါဘူး"ဟုလည်း ပြောဆိုသွားသည်။

0 comments:

Post a Comment