(နယူးယော့ခ်တိုင်းမ်သတင်းစာပါIn
Battle Over Myanmar Mine, Folk Heroines Emerge ကိုညန့်ဝင်း
ဆီလျော်အောင်ပြန်ဆိုပါသည်။ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့သံမဏိမိန်းမသားနှစ်ဦး
ဖြစ်တဲ့
မအေး နက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York
Times
သတင်းစာကြီးကပါ ဖွင့်ချ
ချီးကျူးရပေပြီ။လူထုကိုချစ်တဲ့လက်ပန်တောင်းတောင်တွေကိုချစ်တဲ့လူထုဒုက္ခတွေကို
တိုက်ပွဲ ဝင်တောင်း ဆို တဲ့ ဖြူစင်တဲ့
ညီမငယ်များ အာဏာရှင်များရဲ့ ဒုက္ခပေးတဲ့ဘေးဘယာ အပေါင်းမှ ကင်းဝေး ပါစေ သူတို
့တွေ ကို
အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က
“နွားမတွေ” လို့ ခေါ် တာ ခံ ခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ်
ခဲ့ရတာမှာ
လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ ကို လွှတ်ပေး ဖို့ ၀ိုင်းတောင်းဆိုကြရတဲ့
အထိပါပဲ။သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း
ဆိုတဲ့
တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာ လောက်ပဲ တတ်ပေမယ့် လက်ပန်း
တောင်းတောင်
ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင်
စီးပွားရေးလုပ်ငန်းစုကြီးနဲ့
တရုတ်နိုင်ငံက လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ လုပ် ငန်းခွဲ တစ်ခု
တို့ကို အံတုရင်းကနေတစ်နိုင်ငံလုံးကသူတို့ကို သတိပြု မိကြတဲ့ အထိ ဖြစ်ခဲ့
ပါတယ်။ အပတ် စဉ် ထုတ်
သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင် အားကြီး မားသူ
များနဲ့ ထိပ် တိုက်
တွေ့ရဲသူ သတ္တိရှင်မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။“သူတို့ဘယ်လိုပဲ
ဖိအား လာေ ပးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့
ဒီစီမံကိန်းလုံးဝ
ရပ်ဆိုင်းရတဲ့ အထိဖြစ်ေ စချင်တယ်”လို့ကြေးနီမိုင်းတွင်း နားမှာရှိတဲ့
သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ပြီးခဲ့ တဲ့ကြာ သ
ပတေးနေ့တုန်းကသမ္မတကြီးဦးသိန်းစိန်ကမြန်မာနိုင်ငံဟာဒီမိုကရေစီစနစ်ဆီကို“နောက်ကြောင်း
ပြန်
မလှည့် စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။
အစိုးရအနေနဲ့လည်း သိသာ ထင်ရှား တဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို
လုပ်ဆောင်လျက် ရှိပါတယ်။
ဒါပေမယ့် ဒီအပြောင်း အ လဲ တွေ ဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်
နေထိုင်ကြတဲ့ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြား သလောက်
ကွာဝေးနေတုန်းပါပဲ။ အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်
လုပ်နေ ကျ
ဖြစ် တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို
ကျင့်သုံးနေတုန်းပါပဲ။ဝက်မှေးရွာဟာ
စီမံ ကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာမှာဒေသခံ အာဏာ ပိုင်တွေ က အဲဒီမှာရှိတဲ့ ဘုန်းကြီး
ကျောင်းကို
ဝင်ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင်
ကျောင်းတစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှား ပစ်
ခဲ့ပြီး
ဒေသ ခံရွာ သားတွေ နေ ရာရွှေ့ပေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ
ကြောင့်
ဆန္ဒပြမှုတွေ ဆက် တိုက်ဖြစ် လာ ခဲ့ပြီး ရဲနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ
သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်
ရဲတွေဘက်ကလည်းခပ်
မာမာပါပဲ။ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့ တဲ့ မုံရွာရဲစခန်းရဲ့
စခန်းမှူး
ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီးနှစ်ယောက် ကို စောင့် ကြည့်နေ
ရတာလဲလို့တယ်လီဖုန်းဆက်ပြီးမေးရာမှာတော့သူက ပြန်ပြီးအော်
ငေါက်ပစ်ခဲ့ပါတယ်။ဒေသခံအာဏာပိုင်ေ
တွေဟာဒီကိစ္စကိုနိုင်ငံခြားသားတွေစိတ်ဝင်စားမှာ
ကို လည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက် တစ်ယောက်
အဲဒီကိုနှ စ်ရက် လောက် သွားတော့ သူ့ ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေ က
တောက်လျှောက် လိုက် တာခံရသလို လ၀ကအရာရှိရဲ့တစ်နာရီ
လောက်ထိန်းသိမ်းပြီးနောက်ကို
ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်းခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း
ဖမ်းမယ်
ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။မြန်မာနိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့
ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို
အဓိကဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ်
ဓာတုပစ္စည်းတွေ
စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား
လယ်တွေအသိမ်း
ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ဒီကြေးနီစီမံကိန်းနဲ့
ပတ်သက်ပြီး အကျယ်ကျယ်အငြင်းပွားမှုတွေဟာ မအေး နက်နဲ့
မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို
အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ
အရေးကြောင့် သူတို့နှစ်ဦး သံမဏိမိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေ
ရေး
ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ
မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင်
ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့လည်း
ဦးအံ့
မောင်က ပြောပါတယ်။ ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။
အစိုးရအာဏာပိုင်တွေက
ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာအသစ်ဆောက်လုပ်
ပေးတယ်၊
သူတို့ရဲ့သုံးလစာဝင်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့
ကမ်းလှမ်းပါတယ်။
ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး
သူတို့လယ်တွေကို
ဆုံးရှုံးရရင် ဘာမှလုပ်ကိုင်စားစရာ မရှိတော့ဘူးလို့
တချို့ကကန့်ကွက်ခဲ့ပါတယ်။
ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး
ခေါ်ပြီး
တော့ ရွာသား အားလုံး ကို ရွှေ့ ပြောင်းပေး ဖို့ ပြော ပါတယ်။“သူတို့က
ကျွန်မတို့ကို
အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ ၀င်း က ပြော ပါတယ်။
သူတို့က
အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ်မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်း က
ပြောပါတယ်။ “ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။
အဲဒီတုန်းက
အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်းမဟုတ်ဘူး။ ဒီလို
အစည်း
အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ပြောလိုက်တယ်” အဲဒီတုန်းက
ရပ်ရွာအုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို
မရနိုင်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဒီလုပ် ငန်းကို လုပ်ကိုင်ေ န
တဲ့
ကနေ ဒါအိုင်ဗင်ဟိုး ကုမ္ပဏီနုတ်ထွက်သွားတဲ့နောက် တရုတ်
လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ
“နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက
လက်လွှဲယူခဲ့ပါ
တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့
စီးပွားရေး
ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းကကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့
အမူအရာတွေ လုပ်ပြခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ
မခံမရပ်နိုင်
ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။ မအေးနက် တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက်
ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဒီကို လာပြီး သူ တို့ ကို
လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး
ခဲ့ပါတယ်။မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့
သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း
စိုင်းစိုင်း
အမူအယာတွေ လုပ်ခဲ့ တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။
““ဒီမိုင်းတွင်းဟာ
အလုပ် အကိုင် ထောင် နဲ့ချီ ဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင်
ဒေသဖွံ့ဖြိုးရေးကိုလည်း
အများကြီး အထောက်အကူပြု မှာဖြစ် ပါ တယ်။ ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀
လောက်ရှိပြီး
မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင် တယ်”လို့ သူကပြောပါ တယ်။
လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ရွှေ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူး
ရှိဟန်မတူပါဘူး။
ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမªး ဦးဇော်မိုး အောင်က အဲဒီလို လုပ်ဖို့
အစီ အစဉ်
အခု မရှိပါဘူးလို့ ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့
တဲ့နောက်မှာ
မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး လယ် ယာ
မြေ ပိုင်ဆိုင် ခွင့်ဆိုင် ရာကိစ္စ အ တွက် ရှေ့ နေ တွေ နဲ့တိုင်ပင်ခဲ့ပါတယ်။
နောက်ထပ်
အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်း တင် ရအောင် ဗီဒီယိုကင်မရာ
တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက
စစ်အုပ် ချုပ်ရေးအောက် မှာ အာဏာပိုင် တွေက တစ်ချက်လွှတ်အမိန့်ကို သုံးခဲ့တယ်
လို့
မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့
စည်းနဲ့ကမ်းနဲ့ဖြစ်လာပြီဆိုတာကျွန်မတို့သိပါတယ်””လို့သူကပြောပါတယ်။ -
သောမတ်စ်ဖူလာ(နယူးယော့ခ်တိုင်းမ်
သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို
ညွန့်ဝင်း
ဆီလျော်အောင် ပြန်ဆိုပါသည်။
Ref:Tunwai
0 comments:
Post a Comment