468x60 Ads

Monday, December 3, 2012

လူမဆန်တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့လူတွေကို အစိုးရအရေးမယူဘူးဆိုရင် DKBA လည်းပါဝင်လာနိုင်....

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ်DKBA က ကန်.ကွက်လိုက်သည်။နိုဝင်ဘာလ ၂၉ ရ က်ေ  န့  မုံရွာခရိုင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ သံ ဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ် ဗျူ ဟာ မှူး ဗိုလ်မှူးကြီးဆန်းအောင်ကမနေ့က ကန့်ကွက်လိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူ မဆန် တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေ မဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်း ချမ်းရေး ကိစ္စ ကို ပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။
Ref: RFA

0 comments:

Post a Comment