468x60 Ads

Tuesday, March 25, 2014

နာကျင်စရာအိမ်ထောင်းရေးများကိုအယ်လ်ဘမ်သစ်တွင်လှစ်ဟပြမည့်ဂျေလို

 
 

ပရိသတ်များကဂျေလိုဟုချစ်စနိုးခေါ်ဝေါ်ကြသည့်အဆိုတော်မင်းသမီးသည်(၂၀၁၁)ခုနှစ်ကခင်ပွန်းသည်မက်အန်သိုနီနှင့်လမ်းခဖြစ်
ခဲ့သည်။
သူမ၏ အသစ်ထွက်ရှိမည့် အယ်လ်ဘမ်သည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်ရေး ပြိုကွဲမှုကို ထင်ဟပ်စေလိမ့်မည်ဟု ဂျနီဖာလိုပက်ဇ်က ဝန်ခံခဲ့သည်။ ပရိသတ်များက ဂျေလိုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် အဆိုတော် မင်းသမီးသည် (၂၀၁၁)ခုနှစ်က ခင်ပွန်းသည် မက်အန်သိုနီနှင့် လမ်းခွဲဖြစ်ခဲ့သည်။ အသက်(၄၄)နှစ် ရှိပြီဖြစ်သော ဂျေလိုက “အရင်တုန်းကဆိုရင် ကျွန်မ အဓိက ပြောပြချင်သမျှ အကြောင်းတရားက ချစ်ခြင်းမေတ္တာပဲ။ ဒါဟာ ကျွန်မအတွက် စိတ်ဓာတ်လှုံ့ဆော်မှုလည်း ဖြစ်တယ်။ ကျွန်မ အဓိက တွေးတော တဲ့ အရာဆိုရင်လည်း မမှားဘူး။ ဒီအရာကပဲ ကျွန်မကို အနှစ်ချုပ် ပုံသွန်းပေးထားတာလို့ ဆိုရပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။
သူမက “ကျွန်မရဲ့ အရင်အယ်လ်ဘမ် (၉)ခုနဲ့တော့ ပုံစံကွဲလိမ့်မယ်။ ခုချိန်မှာ ကျွန်မ တွေးတောခံစားတဲ့ ဖြတ်သန်းမှုတွေကို ထင်ဟပ်စေလိမ့်မယ်။ ကျွန်မ ဒီအယ်လ်ဘမ်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက အကောင်အထည် ဖော်နေခဲ့တာပါ။ ခုဆို (၁)နှစ်ကျော် ကြာသွားပြီ။ ခုလောလောဆယ် ကျွန်မရဲ့ နယ်လှည့် ဖျော်ဖြေပွဲတွေလည်း နားထားပြီ။ ဒီတော့ စတူဒီယိုမှာ ကျွန်မရဲ့ အင်အားတွေကို အပြည့်အဝ လမ်းမှန်ကမ်းမှန် စိုက်ထုတ်ရတော့မယ်။ ဒီအယ်လ်ဘမ်မှာ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ အတတ်နိုင်ဆုံး ကျွန်မဆိုလိုချင်တာကို ရိုးရိုးသားသား ပြောပြဖို့ပါပဲ”ဟုလည်း ဆိုသည်။
ဂျေလိုက “ကျွန်မဟာ ကွာရှင်းပြတ်စဲမှု တစ်ခုနဲ့ ကြုံထားရတာပါ။ ကိစ္စတွေ အများကြီး ပြောင်းလဲ ဖြစ်ပျက်ခဲ့ပြီးပြီ။ ဒီအတွေ့အကြုံဟာ ကျွန်မဘဝမှာ အပြောင်းအလဲ အလှည့်အပြောင်း တစ်ခုလို့တောင် ကျွန်မ အလေးအနက် ခံစားမိခဲ့ပါတယ်” ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar 

0 comments:

Post a Comment