468x60 Ads

Friday, March 28, 2014

ကရင်ပြည်နယ်တွင်ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့်ကလေး(၁)ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့နယ်အိမ်တဲကျေးရွာမှာမတ်(၂၂)ရက်နေ့ကမပေါက်ကွဲသေးတဲ့၄၀မမကျည်ဆံဟောင်းတလုံးကို ကလေး ငယ် တွေ က ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။
အိမ်အနီးက လယ်ကွင်းတခုမှာ နွားကြောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မောင်လှကျော်ဟာ မပေါက်ကွဲသေးတဲ့ ၄၀ မမ တလုံးကို တွေ့ရှိပြီး အိမ်ကို ယူလာခဲ့ပြီး အိမ်အောက်မှာ ထုကစားရင်းနဲ့ အဲဒီလက်နက်ကြီး ကျည်ပေါက်ကွဲတဲ့အတွက် မောင်လှကျော်ဟာ ပွဲချင်းပြီး သေဆုံးပြီး သူညီမတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မကျူကီးနဲ့ အသက် ၅ နှစ်အရွယ် မစုဒါးက ဦးခေါင်းနဲ့ ကိုယ်လက်တွေမှာ ပေါက်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဘားအံမြို့ခံ ဦးပွင့်ဆန်းက ပြောပါတယ်။
ဒဏ်ရာရရတဲ့ ကလေးငယ်တွေကို လက်ရှိ ဘားအံပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment