468x60 Ads
Sunday, October 7, 2012
နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ
၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်
အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မနီလာရှိ စစ်ဆေးရုံတစ်ခုတွင် ကုသမှုခံယူရန်အတွက် ဆေးစစ်မှုများပြုလုပ်နေသည့် အာရိုယိုကို ရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မှုစွဲချက်ဖြင့် ယခုလနှစ်အစောပိုင်းတွင် ထိန်းသိမ်းခံ ခဲ့ရသော်လည်း ဇူလိုင်လ၌ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင်ပြန်လည် ရွေးချယ်ခံရန်အတွက် လွှတ်တော်သို့စာရွက်စာတမ်းများ တင်သွင်း ခဲ့ပြီးနောက် တစ်ရက်အကြာတွင်ဖမ်းဆီးမိန့် ထွက်ရှိလာခြင်းဖြစ်သည်။
အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာရိုယိုသည် လက်ရှိတွင် အောက်လွှတ်တော်မှ ဥပဒေပြုအမတ် တစ်ဦး ဖြစ် သည်။ ကျောရိုးနှင့် ဆက်စပ်သောရောဂါဝေဒနာခံစားနေရသည့် အာရိုယိုသည် ခန္ဓာကိုယ်တွင်းရေဓာတ် ခန်းခြောက်မှုအတွက် ကုသမှုခံယူရန် ဆေးရုံတက်ရောက်ခြင်းဖြစ်သည်
အာရိုယိုသည် နိုင်ငံတော်ပိုင်ရန်ပုံငွေ အလွဲသုံးစားပြုမှုစွဲချက်အပြင် ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲ တွင် မဲမသမာမှုပြုလုပ်သည့်စွဲချက်နှင့် တရုတ်ကုမ္ပဏီတစ်ခုနှင့် broadband သဘောတူညီမှုတစ်ခုကိုဖျက်သိမ်းမှု အပေါ် ခြစားမှုများနှင့်ပတ်သက်သည့် စွဲချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းစွဲချက်အားလုံးကို အာရိုယိုက ငြင်းဆိုခဲ့သည်။
ဖိလစ်ပိုင်တွင် ငွေကြေးအလွဲသုံးစားပြုသည့်ပြစ်မှုအတွက် အာမခံမရှိဘဲ ယင်းပြစ်မှုအတွက် အများ ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။ အာရိုယို သည် ပြည်ပ တွင်ဆေးကုသမှုခံယူရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာရန်ကြိုးစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။
တောင် ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေး တိုးမြှင့်မှု အမေရိကန် ခွင့်ပြုပြီ
မြောက် ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ပိုမိုထိ ရောက်စေရန် အတွက် တောင်ကိုရီး ယား နိုင်ငံသည် ၄င်းတို့၏ ဒုံး ကျည်ပစ်ခတ်နိုင်မှု အကွာအဝေးကို ကီလိုမီတာ ၈ဝဝ အထိ တိုးမြှင့်ရန် အမေရိကန် ပြည်ထောင်စုက တရားဝင် ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း တောင် ကိုရီးယား အာဏာပိုင် များက အောက်တိုဘာ ၇ ရက် တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
ကလေးမြို့တွင် ခိုးဝင်ဘင်္ဂလီလေးဦးကို အောက်တိုဘာလ(၇)ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိ
ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေးဦးကို ၂၀၁၂-ခုနှစ်  အောက်တိုဘာလ ( ၇ )ရက်နေ့တွင် ထပ်မံဖမ်းဆီး ရရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေသ လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်းသိရှိရပါသည်။
“ ခိုးဝင်လာတဲ့ ဘင်္ဂလီလေးဦးကို လက်ပံချောင်းကျေးရွာမှာ ဖမ်းဆီးရရှိ ခဲ့တာ သေချာပါတယ်။ အခု စစ်ဆေးဆဲပါ ။ နောက်ရက်မှာ သတင်းအချက်အလက် တရားဝင် ထုပ်ပြန်ပေးမှာပါ ”ဟု ကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာလ (၇) ရက်နေ့ညပိုင်းတွင် ပြောကြားခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းသို့  တစ်ဖက်အိန္ဒိယနိုင်ငံမှတဆင့် နိုင်ငံခြားသားများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီလူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်ကိုဖြတ်ကျော်၍ လမ်းကြောင်းလေးခုဖြင့် တရားမ၀င် ၀င်ရောက်လာနိုင်သည်ဟု သိရှိရပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားကို ထွက်ခွာ
နိုင်ငံတော်  သမ္မတ အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်အဖွဲ့  မှ လိုက်ပါ ပို့ဆောင်
 နိုင်ငံတော်  သမ္မတ ဦးသိန်းစိန်သည်  တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ တောင်ကိုရီးယား ကို တရားဝင် ချစ်ကြည်ရေး ခရီး အဖြစ် တနင်္ဂနွေနေ့ မနက် ၉ နာရီက ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီး ဦးအေးမြင့် တို့အပြင် သမ္မတရုံး ဝန်းကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း တို့လည်း လိုက်ပါသွား ကြပါတယ်။
Saturday, October 6, 2012
အဘူဟမ်ဆာနဲ့ အပေါင်းပါ လေးယောက်ကို အမေရိကန် ပို့လိုက်ပြီ
အစွန်းရောက် မူဆလင် ဗလီဆရာ Abu Hamza
ဗြိတိန်မှာ ရှိနေတဲ့ အစွန်းရောက် မူဆလင် ဗလီဆရာ အဘူ ဟမ်ဆာနဲ့ အပေါင်းပါ လေးယောက်ကို အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်မှု စွဲချက်တွေနဲ့ တရားစီရင်နိုင်အောင် လေယာဉ်နဲ့ ပို့ပေးလိုက် ပါပြီ။
သူတို့ဟာ ဗြိတိန်မှာ နှစ်ပေါင်းများစွာ ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ရပြီးနောက် မနေ့က သောကြာနေ့ အစောပိုင်းတုန်း က လန်ဒန် တရားရုံးချုပ်က ချက်ချင်း အမေရိကန် ပြည်ထောင်စုကို လွှဲပေးဖို့ စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဟမ်ဇာရဲ့ ရှေ့နေက သူ့အမှုသည်ရဲ့ ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ ဆိုပြီး ပြည်နှင်ဒဏ်ကို အယူခံ ၀င်ခဲ့ပေမယ့် ပယ်ချခံရပြီးတဲ့နောက် အခုလို တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
အခုလို မစ္စတာ ဟမ်ဇာ အပေါ် တရားစီရင်ချက်တွေကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
အော်ရီဂွန် ပြည်နယ်မှာ အကြမ်းဖက်မှု သင်တန်းပေးခဲ့တာ အပါအ၀င် တခြား စွဲချက်တွေနဲ့ အမေရိကန် ပြည်ထောင်စုက မစ္စတာ ဟမ်ဇာကို အလိုရှိနေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ခရီးစဉ်မှာ ဘာတွေ မျှော်လင့်နိုင်မလဲ
တောင်ကိုရီးယား သမ္မတရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန် သွားရောက်မှာဖြစ်
သမ္မတ ဦးသိန်းစိန်က လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ဖို့ ရှိပါတယ်။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ သွားရောက်မယ့် အဲဒီ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ် တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံမှာ ဈေးကွက် စီးပွားရေး စတင် ကျင့်သုံး ကတည်းက တောင်ကိုရီးယား နိုင်ငံက မြန်မာ နိုင်ငံ အတွင်း အထည်ချုပ် လုပ်ငန်းတွေ ထူထောင်ခဲ့ပြီး လျှပ်စစ် ပစ္စည်း ပူးတွဲ ထုတ်လုပ်မှု တွေ ရှိခဲ့တယ်လို့ မြန်မာ နိုင်ငံ စက်မှုနဲ့ လုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ အဆင့် ၁၀ နေရာမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံဟာ လုပ်သား အင်အား များတဲ့ အထည်ချုပ် လုပ်ငန်း၊ နိုင်ငံရဲ့ အခြေခံ အဆောက်အဦ ပိုင်း ဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ စက်ရုံတွေ တည်ဆောက်ပြီး လျှပ်စစ် မီး ထုတ်လုပ်ရေး၊ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ အကြီးစား စက်မှု လုပ်ငန်းတွေ ထူထောင်ရေး တို့မှာ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
သူ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မြန်မာ့ အထည်ချုပ် လုပ်ငန်း ကနေတောင်ကိုရီးယား နိုင်ငံကို တင်ပို့တဲ့ ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၂၃၀ ကျော်ဖိုး ရှိပြီး ဂျပန် နိုင်ငံ ပြီးရင် ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်တယ်လို့လည်း သိရ ပါတယ်။
မြန်မာ နိုင်ငံ ကုန်သည်ကြီးများ အသင်း အနေနဲ့ တောင်ကိုရီးယား ဘက်က အကြီးစား စက်မှု လုပ်ငန်းတွေ အပြင် စိုက်ပျိုးရေးသုံး အပေါ့စား လယ်ယာသုံး စက်ပစ္စည်းတွေ ကုန်သွယ်မှုကို လိုလားပြီး နိုင်ငံတော် တည်ဆောက်ရေးပိုင်း မှာတော့ လျှပ်စစ် စွမ်းအင်နဲ့ ရေနက် ဆိပ်ကမ်း လုပ်ငန်း တို့ကို လုပ်စေချင်တယ်လို့ သမ္မတရဲ့ တောင်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
ပိတ်ဆို့မှု ဖယ်ရှား ဥပဒေကြမ်း အိုဘားမား လက်မှတ်ထိုး
လက်မှတ် ထိုးပေးလိုက်တဲ့ အမေရိကန် သမ္မတ အိုဘားမား
မြန်မာနိုင်ငံ အပေါ် အမေရိကန်က ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေးနိုင်မယ့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ လတုန်းက ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုမှု ရခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမားက မနေ့က သောကြာနေ့တုန်းက လက်မှတ်ထိုး ပေးလိုက်ပါပြီ။
သမ္မတ လက်မှတ်ထိုး ပေးပြီးလို့ ဒီဥပဒေ အတည်ဖြစ်သွားတဲ့ အတွက် နိုင်ငံတကာ အဖွဲ့အစည်း တွေက မြန်မာ နိုင်ငံကို ငွေကြေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သွင်းကုန်တွေ အပေါ် ပိတ်ထားတဲ့ တားမြစ်ချက်ကို ပြန်လျော့ ပေးတော့မယ်လို့ အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပြီး သီတင်းတပတ် အကြာမှာ အခုလို သမ္မတ အိုဘားမားရဲ့ ဥပဒေကြမ်း လက်မှတ် ထိုး အတည်ပြုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ သူတို့ ဆီက ကုမ္ပဏီတွေ သွားရောက် ရင်းနှီး မြုပ်နှံဖို့ကိုလည်း ပြန်လည် ခွင့်ပြုခဲ့ပါတယ်။
အဓိကလမ်းကြောင်းက ဆုတ်ပေးဖို့ SSPP/SSA ကိုအကြောင်းကြား
SSPP/SSA တပ်စခန်းက စစ်ရေး လေ့ကျင့်မှု
SSPP/SSA အတွက် စီးပွားရေးအရ အဓိက အားထားရတဲ့ လမ်းကြောင်းဖြစ်တဲ့ မိုင်းရှူးမြို့နယ် တာဆမ်ပူး ကူးတို့ဆိပ်က SSPP-SSA တပ်စခန်းကို ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ပေးဖို့ အတွက် ရှမ်းပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က ရှမ်းပြည် တိုးတက်ရေးပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နော်လိတ် ဆီကို ဖုန်းနဲ့ကော စာနဲ့ပါ တရားဝင် အကြောင်းကြား ထားတယ်လို့ သိရပါတယ်။
ဒီတပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ်လမှာလဲ တခါ ရွေ့ပေးဖို့ အစိုးရက တောင်းဆိုထားတာ ဖြစ်ပါတယ်။
အက်စ်အက်စ်အေက သူတို့အဓိက လမ်းကြောင်းဖြစ်တဲ့အတွက် ဆုတ်မပေးခဲ့ဘဲ အခုတခါ ဒုတိယအကြိမ်မြောက် ထပ်မံ ရွေ့ခိုင်းခြင်း ဖြစ်ပါတယ်။
အဲဒီ နေရာဟာ အက်စ်အက်စ်အေ တပ်မဟာ ခုနှစ်နဲ့ တပ်မဟာ တစ် ၊ ဗဟို ဌာနချုပ် လမ်းပေါ်မှာ ရှိနေတာ ဖြစ်တယ်လို့ ဗိုလ်မှူး ဆိုင်းလက ပြောပါတယ်။
ဒါ့အပြင် အစိုးရဖက်က အပစ် ရပ်ဖို့ သဘောတူချက် ဖြစ်မလာဘဲ နဂိုရှိတာထက် စစ်အင်အားတွေသာ ပိုဖြည့်လို့ နှစ်ဖက် ပိတ်ထားသလိုတောင် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး အောင်သူကို ဆက်သွယ် မေးမြန်းရာမှာ သူတို့ဖက်က လောလောဆယ် ဘာမှ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ခုလို သတ်မှတ်ထားတဲ့ ရက်မှာ အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေ ဖက်က ဆုတ်မပေးခဲ့ရင် နှစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာမလား ၊ဘယ်လို ရှိသွားမလဲ ဆိုတာ လောလောဆယ် မသိရသေးဘူး ၊ စစ်တပ် အနေအထား ပေါ်မှာသာ မူတည်တယ် လို့ အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေက ပြောပါတယ်။
Friday, October 5, 2012
ကချင်ပြည်နယ်တွင်းကိစ္စ သမ္မတပြောကြားချက်အပေါ် KNO တုံ့ပြန်
ကချင်အမျိုးသားများအစည်းအရုံး (KNO)က သမ္မတဦးသိန်းစိန် ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး  ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အမေးအဖြေကဏ္ဍတွင် ဖြေ ကြားမှုများအပေါ် သဘောထားကြေညာချက်တစ်စောင် အောက်တိုဘာ ၄ ရက်က ထုတ်ပြန် လိုက် သည်။  စက်တင်ဘာ ၃၀ ရက်က သမ္မတက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဖြေ ကြား ပြော ဆို ချက်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် သမ္မတက ကချင်ပြည်နယ်တွင် တပ်မတော်က လူ့အခွင့်အရေး ချိုး ဖောက်နေခြင်း နှင့် စပ်လျဉ်း၍ ဖြေကြားရာ၌ ဥပဒေအရ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် လူ့ အခွင့်အရေး ချိုး ဖောက်သည်ဟု မစွပ်စွဲသင့်ကြောင်း၊ KIA ဘက်မှ အပစ်အခတ်ရပ်ရန် အမိန့်မထုတ်ပြန်ခြင်းကြောင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေကြာင်း စသဖြင့် ဖြေကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြ ထား သည်။ထို့ကြောင့် သဘောထားကြေညာချက်တွင် လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင် တာ နား က ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ပြေးဒုက္ခသည်များရှိကြောင်း အစီ ရင် ခံပြီး ဖြစ်သော်လည်း အစိုးရက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ စစ်ပွဲ များ ဖြစ်ရ ခြင်းသည် နိုင်ငံတော်သမ္မတ၊ မြန်မာ့တပ်မတော်နှင့် KIA အပြစ်ကြောင့် မဟုတ်ဘဲ အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးအားလုံး အတူယှဉ်တွဲ နေထိုင်ရန်နှင့် အခွင့်အရေးများ တန်းတူဖြစ်ရန် ရေး ဆွဲ ထား ခြင်း မရှိသည့်အတွက်ဖြစ်ကြောင်း၊ သမ္မတတစ်ယောက်အနေဖြင့် မိမိနိုင်ငံသားများ၏ ဆင်း ရဲ ဒုက္ခကို မငဲ့ကွက်ဘဲ ထွက်ဆိုဖြေကြားခဲ့ခြင်းအပေါ် ကချင်အမျိုးသားများအစည်းအရုံးက ပြင်း ပြင်း ထန် ထန် ရှုတ်ချကြောင်းတို့ဖြင့် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်နှင့် စပ်လျဉ်း၍ ဒီမို က ရက် တစ်  ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မည် သည့်ဘက် မှ ကျူးလွန်သည်ကို မသိနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြ၍ နှစ်ဖက်ပွင့်လင်းမှု ရှိစေလိုကြောင်း သုံးသပ်ပြောဆိုသည်။ "ကျွန်တော့်သဘောပြောရရင် နှစ်ဖက်အမြန်ဆုံး နားလည်မှု ရရှိစေချင်ပါတယ်"ဟု ၄င်းကဆိုသည်။
မြန်မာအသင်း ခြေစွမ်းအမှန်မြင်ရမယ့် ပြိုင်ပွဲ
မြန်မာ့ဘောလုံးအားကစားကိုဆုကြေးစားစနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ရှုံးချက်နာသော ပွဲစဉ်တစ်ပွဲ ရှိခဲ့သည်။ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ၏ အုပ်စု  အဖွင့်ပွဲစဉ်တွင်ဒေသတွင်း   ပြိုင်ဘက် ဗီယက်နမ်အသင်းကို (၁-၇) ဂိုးဖြင့် ဂိုးပြတ်ခြေပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်ဖြစ်သည်။ အဆိုပါပွဲစဉ်သည် ဆုကြေးစားစနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် နှစ်နှစ်ခန့်အကြာတွင် ယှဉ်ပြိုင်ခဲ့ရသော ပွဲစဉ်ဖြစ်ပြီး မြန်မာဘောလုံးအသင်း၊ မြန်မာ ဘော လုံး အား ကစား တိုးတက်ရေးအတွက် လုပ်ဆောင်နေကြသော အဖွဲ့ချုပ်၊ မြန်မာလိဂ် ကလပ်အသင်းပိုင်ရှင်များ အတွက်သာမက မြန်မာပရိသတ်များအတွက်ပါ မျက်နှာပျက်စရာပွဲစဉ် ဖြစ်ခဲ့သည်။
အာဆီယံဒေသတွင်း လက်ရွေးစင်အသင်းများ၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် ၂၀၁၂ ဆူ ဇူ ကီး ဖလားပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာလအတွင်း၌ ထိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံများက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းကို စောင့်ကြိုနေပြီ ဖြစ်သည်။သို့သော် မြန်မာအသင်းမှာ ပြီးခဲ့သည့် ၂၀၁၀ ပြိုင်ပွဲ၌ နိုင်ပွဲမရရှိခဲ့ဘဲ အုပ်စုနောက်ဆုံးတွင် ရပ်တည်ခဲ့သောကြောင့် ယခုနှစ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ခြေစစ်ပွဲအဆင့်တွင် မြန်မာအသင်းသည် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမောအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို အောက်တိုဘာလ ၅ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့တွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲစဉ်များကို အုပ်စုပတ်လည်ပုံစံဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းသည် နောက်ဆုံးအဆင့် ပွဲစဉ်များသို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ခြေစစ်ပွဲမှ အုပ်စုပထမရ အသင်းသည် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများ ပါဝင်မည့် အုပ်စု(က)တွင် ကျရောက်မည်ဖြစ်ပြီး ခြေစစ်ပွဲဒုတိယအသင်းသည် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူအသင်းများ ပါဝင်သည့် အုပ်စု(ခ)သို့ ကျရောက်မည်ဖြစ်သည်။ အဆိုပါ နောက်ဆုံးအဆင့် ပွဲစဉ်များကို နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ၂၀၁၀ အုပ်စုတွင်း ပြိုင်ဘက်များကို ပြန်လည်ချေပခွင့် ရရှိနိုင်ရန် ပထမအဆင့် ခြေစစ်ပွဲကို ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ မြန်မာအသင်းသည် ၁၉၉၈ ခုနှစ် ပြိုင်ပွဲတွင်လည်း ခြေစစ်ပွဲဝင်ခဲ့ရဖူးပြီး ထိုစဉ်က လာအို၊ ဘရူနိုင်းအသင်းများကို ဖြတ်ကျော်ကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
လက်ရှိ မြန်မာလက်ရွေးစင်အသင်းကို ပြီးခဲ့သည့် အာရှယူ-၂၂ အသင်း ခြေစစ်ပွဲအောင် မြန်မာ ယူ-၂၂ အသင်းကို ကိုင်တွယ်ခဲ့သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက ဆက်လက်ကိုင်တွယ်နေပြီး ကစားသမားများသည်လည်း ယူ-၂၂ အသင်းမှ ကစားသမားအများစုနှင့် အတွေ့အကြုံရှိ လူဟောင်းများကို စုစည်းထားခြင်းဖြစ်သည်။ လက်ရှိ အခြေအနေအရ မြန်မာအသင်းသည် ခြေစစ်ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ ခြေစစ်ပွဲအောင် အရေအတွက် နှစ်သင်းဖြစ်ခြင်း၊ ခြေစစ်ပွဲဝင် ပြိုင်ဘက်များ၏ အနေအထားအရ ခြေစစ်ပွဲကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း လေ့လာသူများနှင့် ပရိသတ်များက သုံးသပ်ကြသည်။
သို့သော် နည်းပြချုပ် ပတ်ဆောင်ဟွာအနေဖြင့်မူ ခြေစစ်ပွဲဝင် ပြိုင်ဘက်များကို အထင်မသေးရန် ကြိုတင်စွာ သတိပေးထားခဲ့ပြီး မြန်မာအသင်းအနေဖြင့် မည်သည့်အသင်းကိုဖြစ်စေ အလွယ်တကူ အနိုင်ရရှိရန် မျှော်လင့်မထားသင့်ကြောင်း ဆိုထားသည်။ မြန်မာအသင်းသည် ယခု ခြေစစ်ပွဲမတိုင်ခင် စင်ကာပူအသင်းနှင့် ရန်ကုန်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားထားကာ တစ်ဂိုးစီ သရေကျထားခဲ့ပြီး ဂျပန်နိုင်ငံသို့လည်း ခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင် ကစားခဲ့သည်။ ဂျပန်ခရီးစဉ်အတွင်း ခြေစမ်းပွဲငါးပွဲစလုံး၌ ရှုံးနိမ့်ထားခဲ့သော်လည်း ယှဉ်ပြိုင်ဘက် အသင်းများသည် အဆင့်မြင့်သည့် အသင်းများဖြစ်သည့်အတွက် အတွေ့အကြုံကောင်းများနှင့် အကျိုးရှိစေမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
“ခြေစစ်ပွဲစဉ်တွေ ၀င်ရတာလည်း အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက်ဆုံးအဆင့်ပွဲစဉ်တွေ မတိုင်မီ ခြေစွမ်းစမ်းသပ်လို့ ရနိုင်တာပေါ့။ ခြေစမ်းပွဲနဲ့ ပြိုင်ပွဲဆိုတာက မတူဘူးလေ။ ခြေစစ်ပွဲတွေမှာ အသင်းတွေက ပြိုင်ပွဲအသွင် ယှဉ်ပြိုင်ကြမှာဆိုတော့ မြန်မာအသင်းအနေနဲ့ ကြားထဲမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားတာထက် ပိုအကျိုးရှိစေနိုင်မယ်လို့ ထင်ပါတယ်”ဟု ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆိုသည်။လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းတွင် ရှေ့တန်း တိုက် စစ် မှူးအများစု ဒဏ်ရာရရှိနေမှုများ ရှိနေခြင်း၊ ပြီးခဲ့သည့် မြန်မာလိဂ်တွင် ပြည်တွင်းတိုက်စစ်မှူးများထဲမှ ဂိုးအများဆုံးသွင်းထားသည့် စိုးမင်းဦးအနေဖြင့် လက်ရွေးစင်စာရင်းတွင် မပါရှိခြင်းတို့က ဂိုးရရှိရန် ရုန်းကန်ရဖွယ်ရှိကြောင်းလည်း လေ့လာသူများက ဆိုသည်။ အိမ်ရှင်အခွင့်အရေး ရှိနေသော်လည်း ရန်ကုန်မြေ၌ ကျင်းပခဲ့သည့် ပြီးခဲ့သည့် AFC Challenge Cup ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်းအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် နိုင်ပွဲမရခဲ့ဘဲ အုပ် စု နောက်ဆုံးနေရာတွင် ရပ်တည်ခဲ့မှုများကလည်း မြန်မာပရိသတ်များအတွက် အမှတ်ရစရာများ ဖြစ်နေဆဲဖြစ်သည်။ သို့သော် ကိုရီးယားနည်းပြ၏ လက်ထက်တွင် မြန်မာဘောလုံးသမားများ အနေဖြင့် ကစားအား၊ ကြံ့ခိုင်မှုအား ပိုမိုတိုးတက်လာပြီး လာမည့်ခြေစစ်ပွဲစဉ်အား ကျော်ဖြတ်နိုင်မည်ဟု ယေဘုယျ သုံးသပ်ကြသော်လည်း ရန်ကုန်တွင် ကျင်းပမည့် ယခုခြေစစ်ပွဲစဉ်တွင် အခြားအရေးကြီးသော အချက်ရှိနေသေးသည်။ ၂၀၁၁ ခုနှစ်က မြန်မာ-အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်တွင် တစ်ကြိမ်၊ ယခုနှစ် အာရှယူ-၂၂ ခြေ စစ်ပွဲ စဉ် များ တွင် တစ်ကြိမ် ပရိသတ်အချို့၏ စည်းကမ်းမဲ့ အားပေးမှုများကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား ဒဏ်ငွေပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး နောင်လာမည့် ခြေစစ်ပွဲစဉ်သည် မြန်မာပရိသတ်များ၏ စည်း ကမ်း  ရှိမှုကို ပြန်လည်ပြသရန် လိုအပ်လာပြီဖြစ်သည်။
မြန်မာ-အိုမန်ပွဲစဉ်တွင် ပရိသတ်များကြောင့် ပွဲပျက်ခဲ့ရသည်အထိ အခြေအနေ ဆိုးခဲ့သော်လည်း အာရှ ယူ-၂၂ ပွဲစဉ်များတွင်မူ ပွဲကြည့်စင်၌ မီးရှူးများ ထွန်းညှိအားပေးခြင်းအတွက် ဒဏ်ငွေများ ချမှတ်ခံရခြင်းမှာ ပရိသတ်များအား အဖွဲ့ချုပ်မှ စည်းကမ်းချက်များ ပညာပေးမှုအပိုင်းတွင် အားနည်းခဲ့မှုကြောင့်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
“ကိုယ့်အသင်းနိုင်လို့ အောင်ပွဲခံတဲ့အခါမှာ ပွဲကြည့်စင်ပေါ်မှာ မီးရှူးထွန်းပြီး အားပေးရင် ဒဏ်ငွေချမှတ်ခံရတယ်ဆိုတာ တကယ်မသိပါဘူး။ အဲလိုသိထားရင် ဘယ်လုပ်ပါ့မလဲ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဘယ်လိုမျိုးအားပေးရင် ပြစ်ဒဏ်ချမှတ် ခံရနိုင်တယ်ဆိုတဲ့ စည်းကမ်းမျိုးကို အဖွဲ့ချုပ်အနေနဲ့ ကြိုတင်ထုတ်ပြန် ပညာပေးမှုတွေ ပြုလုပ်ထားသင့်ပါတယ်”ဟု ပရိသတ်တစ်ဦးကပြောသည်။
ယခုခြေစစ်ပွဲစဉ်အတွက် ကွင်းဝင်လက်မှတ်များကို အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် တရားဝင် လက်မှတ်အရောင်းကိုယ်စားလှယ် ရရှိထားသော ထိုင်းနိုင်ငံမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည့်အတွက် ကွင်းအတွင်းသို့ လာရောက်အားပေးမည့် ပရိသတ်များအတွက် လက်မှတ်ဝယ်ယူမှုအပိုင်းတွင် စနစ်ကျလာမည်ဟု မျှော်လင့်ရသည်။
ထို့အပြင် မြန်မာအသင်းပွဲစဉ်များကို တစ်နိုင်ငံလုံးမှ ရုပ်သံပရိသတ်များ အားပေးနိုင်ရန် မြန်မာ့ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်သည်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ တဖြည်းဖြည်း ကျဆင်းလာနေသော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ခြေစွမ်းနှင့် ဂုဏ်သိက္ခာအတွက်သာမက အိမ်ရှင်ပရိသတ်များအတွက် စည်းကမ်းရှိမှုကို မှတ်ကျောက်တင်ရန် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များက စောင့်ကြိုနေပြီ ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုးရီးယား သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်
ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံသို့ မကြာမီ ကာလအတွင်း တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်မည် ဖြစ်သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟာ မကြာခင် ကာလ အတွင်း တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်မှာ ဖြစ်ကြောင်း မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာ မှာ ထုတ်ပြန် ကြေညာ ထားပါတယ်။
တောင်ကိုရီးယား နိုင်ငံ ယုံဟပ် (Yonhap) သတင်းဌာန ကတော့ မြန်မာ သမ္မတဟာ အောက်တိုဘာ ၈ ရက် ကနေ ၁၀ ရက်နေ့ အထိလာရောက် လည်ပတ်မှာ ဖြစ်ကြောင်း သမ္မတရုံးကို ကိုးကားပြီး ဖော်ပြ ပါတယ်။
သမ္မတ နှစ်ဦးဟာ မေလ ၉ ရက်နေ့ မှာ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ သယံဇာတ၊ စွမ်းအင်၊ နဲ့အခြေခံ အဆောက်အဦ တည်ဆောက်ရေး ဆိုင်ရာ တွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး ကြဖွယ် ရှိကြောင်း အဲဒီ သတင်းမှာ ဖော်ပြ ပါတယ်။
ပြီးခဲ့တဲ့ မေလ တုန်းက တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံကို လာရောက် လည်ပတ် ခဲ့ပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်က အခုလို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
Thursday, October 4, 2012
မြန်မာအမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး
John Hopkins တက္ကသိုလ်မှ မြန်မာ အမေရိကန် အရေး ကမကထ ဆွေးနွေး
အမေရိကန် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် တည်ဆောက် နိုင်ရေး အတွက် John Hopkins တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ကျောင်း က ကမကထ စီစဉ်ကျင်းပ ပေးယင်း US-Myanmar Track 1.5 Dialogue ဆိုတဲ့ အစည်းအဝေး ကို ဝါရှင်တန် ဒီစီ မှာ အောက်တိုဘာလ ၁ ရက်နေ့က စလို့ ၃ ရက်နေ့ အထိ ကျင်းပ ခဲ့ ပါတယ်။ဒီအစည်းအဝေး ကို တက္ကသိုလ်ပညာရှင်တွေ၊ နှစ်ဘက် အစိုးရ ဝန်ကြီးတွေနဲ့ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ အထဲမှာ ပါမောက္ခ David Steinberg နဲ့ အရှေ့အာရှ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell တို့ ပါဝင်ကြပါတယ်။မြန်မာ ဘက် က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပါဝင်ပါတယ်။ အခုလို US-Myanmar Track 1.5 Dialogue အစည်းအဝေး လို့ နာမည် ပေးရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက Track 1 ဆိုရင် အစိုးရ အချင်းချင်း နှစ်ဘက် စကားပြောတာ ဖြစ်သလို၊ Track 2 ဆိုရင်လည်း အစိုးရ မဟုတ်တဲ့ အဖွဲ့ အချင်းချင်း ပြောတာ ဖြစ်လို့ အခုလို မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး အဆက်ပြတ်နေရာက ပြန်စ တဲ့ အတွက် US-Myanmar Track 1.5 Dialogue လို့ ခေါ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး အကြား အတားအဆီးတွေ ဖယ်ရှားရေး မှာလည်း အမေရိကန်ဘက်မှာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ရှိလို့ အခက်အခဲ တွေ ရှိပုံ၊ ဘဏ္ဍာရေး အရရော၊ နည်းပညာပိုင်း အကူအညီပေးရေးမှာ အချိန်မီအောင် ဆန်းသစ်တဲ့ နည်းလမ်း ရှာဖွေဖို့ ရှိတဲ့ အကြောင်း မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောပြခဲ့ကြောင်းသိရပါတယ်။
ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ သုံးဦးကို ရာထူးက ဖယ်
ကေအန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေဖိုး
ကရင်ပြည်နယ် ဘားအံမြို့မှာ ဗဟို ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA စစ်ဦးစီးချုပ်နဲ့ တရားရေးဌာနအကြီးအကဲ အပါအဝင် ဗဟိုကော်မီတီဝင်သုံးဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့  ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ    ဖြစ်တယ်ဆိုတဲ့   ကြေညာ      ချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို ရာထူး ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ကေအန်ယူ ဗဟိုကော်မီတီရဲ့ အမိန့်စာ မှာဖော်ပြချက်အရ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေး ဌာနတာဝန်ခံ ဖဒိုစောဒေးဗစ်ထောနဲ့ ကျန်းမာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးရောဂျာခင်တို့ကို အမိန့်မနာခံမှု၊ အဖွဲ့အစည်းအတွင်း သွေးကွဲအောင် ဆောင်ရွက်မှု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အခုဖယ်ရှားလိုက်တယ်ဆိုတဲ့ ခေါင်းဆောင်သုံးဦးရဲ့နောက်မှာ ကေအန်ယူလက်နက်ကိုင်တပ်ဖွဲ့ အများစုက ရှိနေတာမို့ ဒီအဖြစ်အပျက်ကြောင့် ကေအန်ယူအဖွဲ့ ထပ်ပြီး ကွဲသွားနိုင်တယ်လို့မဲဆောက်မှာရှိတဲ့ ဘီဘီစီသတင်းထောက် ကသုံးသပ်ပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အကျိုးဆောင်ပေးနေ သူတဦးကလည်း ဒီအဖြစ် အပျက်ကြောင့်ြ ငိမ်း ချမ်းရေး ဆွေးနွေးမှုတွေအပေါ် ထိခိုက်မှာကိုစိုးရိမ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
ဥရောပရောက် ကရင်ကွန်ယက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအပေါ် ကူညီတောက်ပံ့နေတဲ့ အဖွဲ့တွေကနေ သွေးခွဲတယ်လို့ သံသယရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Wednesday, October 3, 2012
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို KIA တုန့်ပြန်
KIA ဘက်က အပစ်ရပ်ဖို့ မညွှန်ကြားလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ သမ္မတ ဦးသိန်းစိန်ပြော
ကချင်ဒေသမှာ တိုက် ပွဲတွေ ဆက်ဖြစ်နေ တာဟာ အစိုးရ အပစ်ရပ်ဖို့ အမိန့်ပေး ထားပေမယ့် KIA ကချင် လွတ်လပ်ရေး အဖွဲ့ဘက်က အပစ်ရပ်ဖို့ ညွှန်ကြားတာမျိုး မရှိလို့ ဖြစ်နေရတာ ဆိုတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်ဟာ လက်ရှိ ပြည်တွင်းရေး ပြဿနာ ကနေ ရှောင်လွှဲလိုတဲ့ သဘော ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်း က ပြောပါတယ်။ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ရုံမှအပ အပစ်ရပ်ဖို့ အစိုးရ တပ်တွေကို အမိန့်ပေးထားပေမယ့် KIA တပ်တွေက အစိုးရတပ်တွေ ရိက္ခာပို့ရာ လမ်းကြောင်းတွေမှာ မိုင်းခွဲ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ  ပြော  ခဲ့ ပါ တယ်။ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းကတော့ လက်ရှိမှာ အစိုးရတပ်တွေနဲ့ KIA အကြား တိုက် ပွဲေ တွ
 နေ့စဉ်လိုလို  ဖြစ်နေရာမှာ သွားရင်း လာရင်းနဲ့ ပစ်ခတ်တာမျိုး ရှိသလို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး၊ KIA တပ်စခန်းငယ်တွေကို ဝင်ရောက် ရှင်းလင်း ပစ်ခတ်တာမျိုးတွေကြောင့် တိုက် ပွဲေ တွ
ြ ဖ စ်ရတာလို့ ပြောပါတယ်။အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက   ပြော ပါ တယ်။ နှစ် ဘက် အကြား   ပြဿနာ  ဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။ဒါပေမယ့် အစိုး ရ   ငြိမ်း ချမ်းရေး  ဖေါ်ဆောင်ရေး  ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။  သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတရွေးပွဲ အတွက် စကားရည်လု
ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီနဲ့ သမ္မတ အိုဘားမား
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အတွက် ၁ လကျော် လောက်သာလိုတော့တဲ့ အတွက် အမေရိကန် သမ္မတ ဘာရက် အိုဘားမားနဲ့ ပြိုင်ဘက် ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီတို့ ဒီနေ့ ပထမဆုံး အကြိမ် စကားရည် လုကြမှာ ဖြစ်ပါတယ်။
အဲဒီ စကားရည် လုပွဲကို သမ္မတ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။
အကြို ခန့်မှန်းချက်တွေ အရ တနိုင်ငံလုံးမှာ လူကြိုက်များမှုမှာ တဦးနဲ့ တဦး မတိမ်းမယိမ်း ရှိနေကြပြီး သမ္မတ အိုဘားမားက အရေးကြီးတဲ့ မဲဆန္ဒနယ် ပြည်နယ် တွေမှာအသာရ နေတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ သတင်းပတ် တွေအတွင်းက အရင် မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မနီက မဲဆန္ဒနယ် တခိျု့နဲ့ ပတ်သက်လို့ ဝေဖန် တဲ့ စကားတွေ ပြောကြားထားတဲ့ ဗီဒီယို တခု ထွက်လာခဲ့ အပြီးမှာ ဒီ အခု ပြုလုပ်မယ့် စကားရည် လုပွဲ မှာ သူ့အနေနဲ့ ကောင်းကောင်း အစွမ်းပြဖို့ လိုနေတယ်လို့ အဲဒီက သတင်းထောက် တွေက ဆိုနေကြပါတယ်။
တရုတ်ကုမ္ပဏီ အိုဘားမားကို တရားစွဲ
အမေရိကန် ရေတပ်စခန်းအနီးက စွမ်းအင်ထုတ် လေရဟတ်တွေ
အမေရိကန် ရေတပ်  စခန်း အ နီးမှာ လေရဟတ်တွေ ဝယ်ယူမယ့် တရုတ်ကုမ္ပဏီ   တခုရဲ့   အစီအစဉ်ကို တားမြစ်ခဲ့တဲ့ အတွက်  သမ္မတ အိုဘားမားကို အဲဒီကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်၊
ဒီအငြင်းပွားမှုက တရုတ်ကုမ္ပဏီရဲ့ လုပ်ငန်းဟာ အမေရိကန် အမျိုးသား လုံခြုံရေးကို ထိခိုက်စေတာ ဟုတ်မဟုတ် ဆိုတဲ့အပေါ် အခြေခံပါတယ်။
Ralls ကော်ပိုရေးရှင်းလို့ခေါ်တဲ့ တရုတ်ကုမ္ပဏီက အိုရီဂွန်ပြည်နယ် မှာရှိတဲ့ ရေတပ်စခန်း အနီး မှာ လေ ရ     ဟတ်လေးခုကို ခုနှစ်စောစောပိုင်းက ဝယ်ယူခဲ့တာကို မ္မတအိုဘားမားက ပြီးခဲ့တဲ့အပတ်မှာ တားမြစ်လွှာ တခု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ၂၂ နှစ်ကာလ အတွင်း နိုင်ငံခြားကုမ္ပဏီတခုကို အမေရိ ကန်ပြည်ထောင်စု မှာပထမဆုံးအကြိမ် တားမြစ်ခဲ့တာဖြစ်ပါတယ်။ သမ္မတအိုး   ဘားမားဟာ     သူ့လုပ်ပိုင်ခွင့်ကို  ကျော်လွန်ပြီး ဆောင်ရွက်တာ ဖြစ်လို့  ဒီတားမြစ်ချက်ဟာ   တရားမဝင်ဘူးဆိုပြီး တနင်္လာနေ့တုန်းက  တရား   စွဲဆိုချက်မှာ တရုတ်ကုမ္ပဏီဖက်က  ပြောထား ပါတယ်။ ကုမ္ပဏီကိုပိုင်တဲ့ တရုတ်နိုင်ငံသား   နှစ်ဦးက အိုဘားမားဟာ သူတို့ကုမ္ပဏီကို တန်းတူ အခွင့် အရေး မပေး ဘူး လို့   ပြောနေပါတယ်။
ပြီးတော့ ဒီဝယ်ယူမှုဟာ အမေရိကန်လုံခြုံရေးကို ထိခိုက်တယ်ဆိုတာကို သက်သေမပြနိုင်ဘူးလို့လဲ သူတို့ ကပြောပါတယ်။အမေရိကန်စစ်တပ်ကတော့ အိုရီဂွန်အခြေစိုက်စခန်းဟာ မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် အီလက်ထရောနစ် နည်းပညာသုံး စစ်လက်နက်တွေကို စမ်းသပ် တဲ့နေရြာ ဖစ် တယ် လို့ ဆို ပါတယ်။တနာရီကိုမိုင် ၃၀၀ အမြန်နှုန်းနဲ့ ပေ ၂၀၀    လောက် အမြင့် အထိေ လ ယာဉ် ပျံသန်းမှုေ တွ လည်းရှိပါတယ်။တရုတ်ကုမ္ပဏီပိုင်ရှင်နှစ်ဦးဟာ တရုတ်နိုင်ငံမှာအကြီးဆုံး စက်ပစ္စည်းလုပ်ငန်းဖြစ်တဲ့ Sany ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာတွေလည်း ဖြစ်ကြပါတယ်။  တရုတ်အစိုးရပိုင် ရှင်ဝှာ သတင်း ဌာနကတော့ သမ္မတအိုဘားမားဟာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သာမန်အလုပ်သမားတွေဆီက မဲရအောင်တရုတ်ကုမ္ပဏီကို နှိမ်လိုက်တာဆိုပြီးဖော်ပြပါတယ်။Ralls ကော်ပိုရေးရှင်းရဲ့ပြောခွင့်ရသူကလည်း သမ္မတအိုဘားမားဟာ အမေရိကန်မှာ လေရဟတ်နဲ့လျှပ်စစ်ထုတ်တဲ့လုပ်ငန်းတွေကို ကာကွယ်ပေး ဖို့ဆောင်  ရွက်တာသာ ပိုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။  သမ္မတ  အိမ်ဖြူတော်  ကတော့ Ralls  ကော်ပိုရေးရှင်းရဲ့  လုပ်ငန်းဟာ အမေရိကန်  နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေနိုင်  တယ်ဆိုတာကို ယုံကြည်  ရလောက်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့
သမ္မတ ဦးသိန်းစိန် ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံ
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် မြန်မာသမ္မတ ဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့်လည်း နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “(အဆွေတော်၏) အသက်အရွယ်၊ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ မိမိအနေဖြင့် အလွန်ပင် လေးစားခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြပါရှိသည်။
ထို့ပြင် “မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အရှေ့အနောက် ခွဲခြားဆက်ဆံမှုမျိုး မရှိဘဲ နိုင်ငံအားလုံးနှင့် ချစ်ခင် ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း” လည်း ဦးသိန်းစိန် က ပြောကြားခဲ့ သည်။
သမ္မတ နစ်ဆင်လက်ထက် ၁၉၇ဝ ခုနှစ်များအတွင်းက ကမ္ဘာ့အခင်းအကျင်းတွင် သျှမ်းသျှမ်းေ တာက်   ကျော်ကြား လာခဲ့သော ကစ်ဆင်းဂျားကလည်း “မြန်မာနိုင်ငံအားများစွာ စိတ်ဝင်စားမှုရှိပြီး   မြန်မာနိုင်ငံ သမိုင်းအား တန်ဖိုးထား လေးစားပါကြောင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်း မွန်လာသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊… အရှေ့တောင်အာရှ နိုင်ငံများ၏ အနာဂတ် တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မိမိအနေဖြင့် သိရှိပါကြောင်း”   ပြောဆိုခဲ့သည်။
အသက် ၈၉ နှစ်အရွယ်ရှိ ဟင်နရီကစ်ဆင်းဂျားမှာ အထူးသဖြင့် စစ်အေးခေတ် တရုတ်-အမေရိကန် ဆက်ဆံရေး အား ထူထောင်ပေးနိုင်ခဲ့ပြီး ၎င်း၏ ‘Diplomacy’ ကျမ်းကြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ သံခင်းတမန်ခင်း စိတ်ဝင်စားသူများ လေ့လာမှတ်သားကြရသည့် အထင်ကရ ကျမ်းကြီး ဖြစ်ပြီး အခြား သံခင်းတမန်ခင်း စာအုပ်ပေါင်း ၁၅ အုပ်ခန့် ရေးသားခဲ့သည်။
၂ဝ၁၁ ခုနှစ်က On China စာအုပ်ကို ရေးသားခဲ့သည့် ကစ်ဆင်းဂျားမှာ တရုတ်ပြည် အပေါ်တွင်လည်း သြဇာညောင်းသူတဦး ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတ ရစ်ချဒ် နစ်ဆင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းတို့အကြား ၁၉၇၂ ခုနှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ေ အာင် စွမ်းဆောင်ပေးခဲ့ပြီး ထိုမှနေ၍ တရုတ်ပြည်၏ စီးပွားရေးဘဝသစ်ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်လာနိုင်စေခဲ့သည်။