468x60 Ads


Wednesday, October 17, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် CNN အင်တာဗျူး

လက်ရှိ ၀န်ကြီးတွေထဲမှာ ပညာရှင် အဆင့် မဆိုထားနှင့် သာမန်အဆင့်လောက်တောင် မတွေးနိုင်တဲ့ လူတွေက ခပ်များများပါ...

ဒါ့အပြင် ကိုယ်ကျိုးစီးပွားကို ဦးထိပ်ထားလို့ မတရား လာဘ်စားတဲ့အခါ တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျခဲ့ရခြင်း ဖြစ်တယ်ဆိုတာ လက်ရှ

ိ တိုင်းပြည် အနေအထားက သက်သေပြနေပါတယ်...။

''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီး ပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ ဖျင်းခြင်းကြောင့်ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က CNN အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းတစ်ချို့ 

" တိုင်းပြည်မျက်နှာကို ကြည့်ပါ "
-----------------------------------
" ကျုပ်တို့ဟာ ခေတ်နဲ့ညီအောင် လုပ်တတ်ရမယ်။
တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတစ်ယောက်
တစ်လေ၊ တစ်ဖွဲ့တစ်ပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင်တာကို
လုပ်လို့မဖြစ်ဘူး။ တိုင်းပြည်နာမှာကို

ကြည့်ရမယ်။ "

" ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ရင်
ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ပြည့်စုံပြီး
လက်ရှိ ခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်း
အောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။ သူများနှာခေါင်းနဲ့
အသက်ရှုပြီး တန်တန် မတန်တန် ရာထူးမလိုချင်
ကြပါနဲ့။ ကိုယ့်ကိုကိုယ်တန်ဖိုးထားကြပါ။တိုင်းပြည်က
အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး
ဖြစ်အောင်လုပ်ကြပါ။ အရည်အချင်းလဲမရှိ၊ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲမရှိ၊
ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့မှ ခေါင်းဆောင်
မဖြစ်နိုင်ဘူး။ "

စစ်ဝန်ကြီး ဦးအောင်ဆန်း
ဇန်န၀ါရီ ၆ရက်၊ ၁၉၄၄ ခုနှစ်
(ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး နှစ်ပတ်လည်နေ့ မိန့်ခွန်းမှ)

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီး ၂ယောက်က မြေဧက ၅၀ တောင်းခံ -- ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ပါတီရန်ပုံငွေအဖြစ် လုပ်ကိုင်ရန် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ဈေးရုံတရုံ တောင်းခံထား

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး ၂ ဦးဖြစ်သူ အေးသောင်းရွှေနှင့် သိင်္ဂရွှေတို့က ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်အနီး မြေဧက ၅၀ ရရှိရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ထံ   တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမည်မဖေါ်လိုသော အရာရှိတဦးက ပြောသည်။

ထိုသို့ တောင်းခံလာခြင်းအပေါ် မြို့တော်ဝန် ဦးလှမြင့် အနေဖြင့် မည်သို့ ဆံ...ုးဖြတ်မည် မသိရသေးကြောင်း၊ မြို့တော်ဝန် ဦးလှမြင့်သည် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ် ခန့်အပ်ထားသူအဖြစ် သိရှိထားကြပြီး ယခုနှစ်ဆန်း နအဖ အစိုးရ အာဏာလွှဲအပ်ခြင်း မပြုမီ မြို့တော်ဝန် ဦးအောင်သိန်းလင်းအစား လဲလှယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ပါတီရန်ပုံငွေအဖြစ် လုပ်ကိုင်ရန် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ဈေးရုံတရုံ တောင်းခံထားသည်ဟု ၎င်းအရာရှိကပင် ပြောသည်။ ကြံ့ခိုင်ရေး ပါတီအား ဈေးရုံတရုံ ရောင်းချပေးရန်ကိစ္စနှင့် ပတ်သက်၍ ၎င်းပါတီအားပေးလျင် အခြားသော နိုင်ငံရေးပါတီများကိုပါ ရောင်းချပေးရမည့် သဘောဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားသည်ဟု စည်ပင် အရာရှိကပြောပြသည်။

လှိုင်သာယာ စက်မှုဇုန်သည် ရန်ကုန်မြို့ရှိ အခြားသော စက်မှုဇုန်များအနက် အကွာအဝေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရပါ အဆင်ပြေဆုံး စက်မှုဇုန်တဇုန်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ နှစ်သက်ဆုံး စက်မှုဇုန်ဖြစ်သည်။ လှိုင်သာယာ စက်မှုဇုန်မြေကွက် ၁ ဧက ဈေးနှုန်းမှာ သိန်း ထောင်ဂဏန်း ထိရှိသည်ဟု သိရှိရသည်။ အဆိုပါဈေးအရတွက်လျင် သန်းရွှေ၏ သမီး ၂ ယောက်က လက်ရှိနိုင်ငံတော်အစိုးရထံက မြန်မာကျပ်ငွေ သိန်းထောင်ပေါင်း ၁၀၀ နီးပါးကို တောင်းခံသည့် သဘောဖြစ်နေသည်။

အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် အခွန်အကောက်ဆိုင်ရာ ဖြေလျော့မှု လက္ခဏာများ မြင်တွေ့လာရခြင်းနှင့် အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု ပိုမိုလာနိုင်သည့် အလားအလာရှိနေသဖြင့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်နှင့် အခြားသောစက်မှုဇုန် မြေကွက်များအပေါ် လုပ်ငန်းရှင်ကြီးများ ပိုမို စိတ်ဝင်စားလာကြသည်။

ဧပြီလ ၃၀ ရက်နေ့ တွင် နအဖ အစိုးရဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရားဝင်မည်သည့် ရာထူးမျှတာဝန်ယူမထားတော့ သော်လည်း တပ်မှ အနားယူ၊ မယူကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ ထို့အတူ ယခုအစိုးရသစ်အား နောက်ကွယ်မှ ကြိုးကိုင်လျှက်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူ အများစုက ယုံကြည်လျက်ရှိကြသည်။

အင်တာနက် အနိုင်ကျင့်မှုကြောင့် အဆုံးစီရင်သွားသည့် မိန်းကလေး...

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်(၁၅)နှစ်အရွယ် မိန်းကလေး အမန်ဒါတော့ဒ်ကို အဓိက နှိပ်စက် အနိုင်ကျင့်ခဲ့သူ၏ အချက်အလက် အချို့ကို Anonymous Hackers အဖွဲ့က ဖော်ထုတ် ပြောကြားလိုက်သည်။

အမန်ဒါသည် သူမတစ်ချိန်က စိတ်ရူးပေါက်ကာ ပြသခဲ့ဖူးသည့် အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံများ ဖြန့်ဝေခြင်း ခံရသည့်နောက် အောက်တိုဘာ (၁၀)ရက်နေ့က သတ်သေသွားခဲ့သည်။
သူမသည် Onlineပေါ်မှ အနှိမ်ခံ၊ အနိုင်ကျင့်ခံရသည့် ဖြစ်စဉ်များကြောင့် ဘဝတွင် ဆက်လက်ရှင် သန်ချင်စိတ်မရှိလောက်အောင် ဆိုးရွားခဲ့ခြင်းကို သတ်မသေမီ ဗီဒီယိုတစ်ခုဖြင့် စာတန်း များ ကိုင်ဆောင်ကာ ရင်ဖွင့်ခဲ့သေးသည်။ အဆိုပါ ဗီဒီယိုကို YouTubeတွင် လွှင့်တင်ထားခဲ့ သည်ကို တွေ့ရသည်။

ယခုအခါ Anonymous Hackers အဖွဲ့က သနားစရာ မိန်းကလေးကို စိတ်ပိုင်းဆိုင်ရာဆိုးရွား စွာ အနိုင်ကျင့်ခဲ့သည့် ပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး မိမိတို့ အချက်အလက် အလျို့ ခြေရာခံ ထားနိုင်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ မိန်းကလေး၏ မိသားစုနှင့် ကျောင်းနေဖက် သူငယ်ချင်းများထံသို့ အမန်ဒါ၏ ဓာတ်ပုံများ ပေးပို့သူသည် အသက်(၃၂)နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး
ဗြိတိသျှ ကိုလံဘီယာတွင် နေထိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုသူကြောင့် အမန်ဒါမှာ
မိမိကိုယ်ကိုယ်ဆွဲကြိုးချ အဆုံးစီရင်သွားခြင်းဟု Anonymous Hackers အဖွဲ့က အခိုင်အမာ စွပ်စွဲထားသည်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတွင် နေထိုင်သော ကျောင်းသူလေး သေဆုံးမှုအတွက် Anonymous Hackersအဖွဲ့မှ ဖော်ထုတ်လာမှုကို မိမိတို့ အလေးအနက် စဉ်းစားမည်ဟု ရဲတပ်ဖွဲ့က ပြောကြား ထားသည်။ Daily Mail သတင်းဌာနက ဥပဒေကြောင်းဆိုင်ရာ ငြိစွန်းနိုင်သည့် အချက်
အလက်များကြောင့် Anonymous Hackersအဖွဲ့က တိုက်ရိုက် စွပ်စွဲသူ၏ အမည်နှင့်
ကိုယ်ရေး အချက်အလက်များကို ဖော်ပြမသွားချေ။ Anonymous Hackersအဖွဲ့က
YouTubeတွင်ဗီဒီယိုတစ်ခု လွှင့်တင်ပြီး မိမိတို့ ခြေရာခံ သိရှိထားသူ၏ အချက်အလက်များ၊ မွေးနေ့နှင့် နေရပ်လိပ်စာတို့ကို ပြောကြားသွားသည်။

"အဲကောင်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တကယ့် စက်ဆုပ်စရာ
ကောင်စားမျိုးပဲ။ သူ့ကို ပြစ်ဒဏ်ပေးရမယ်"ဟု အဆိုပါ ဗီဒီယိုတွင် မျက်နှာဖုံးစွပ် Hackerတစ်ဦးက ပြောကြားသွားသည်။ Anonymous Hackersအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် YouTubeက အဆိုပါ ဗီဒီယိုကို ဖယ်ရှားပစ်ခဲ့သည်။

Anonymous Hackersတို့က ၎င်းတို့သည် ထိုသူကို သေစေလိုကြောင်း အတိအလင်း ပြော
ဆိုထားသလို ယင်းပုဂ္ဂိုလ်သည် မိမိ ကျူးလွန်ခဲ့သည့် ကိစ္စကြောင့် ညဘက်တွင်
အိပ်ကောင်းခြင်းပင် မအိပ်ရဲဘဲ မျက်စိတစ်ဖက် ဖွင့်ထားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။

CKNW သတင်းဌာနက အဆိုပါ ပုဂ္ဂိုလ်ကို ဆက်သွယ်ရန် ကြိုးစားမှု မအောင်မြင်ကြောင်းနှင့် ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများကို မေးမြန်းခဲ့
ရာတွင် ထိုသူသည် ပါတီပွဲ နှစ်သက်လေ့ရှိပြီး ၎င်း၏ အိမ်တွင် ငယ်ရွယ်သော
မိန်းကလေးများ ဝင်ထွက် သွားလာနေတတ်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့က ဗြိတိသျှ ကိုလံဘီယာ ရဲတပ်ဖွဲ့သည် အဆိုပါ နေအိမ်သို့ သွားရောက်
ခဲ့သည်ဟု ယူရသည်။ ရဲတပ်ဖွဲ့က Anonymous Hakersတို့၏ စွပ်စွဲချက်သည် အတိ
အကျ မှန်ကန်ကြောင်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ယင်းအချက်ကို အလေး
ထား စုံစမ်းသွားမည်ဟု ပြောဆိုထားသည်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှ သတ္တဝါ တစ်မျိုး

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။ ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆ
ိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။ ...
ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။ ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။ အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။ ----

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် လက်ခံ ရအုံးမယ့် ငြိမ်းချမ်းရေး ဆု

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင် ဆုတစ်ဆု ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံ က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက်ထွန်းကားစေဖို့ ဆောင်ရွက်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ တတိယအကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်ဖို့ ရှိပါတယ်။ ဂျပန်နိုင်ငံ Osacaနယ် Sakai မြို့အုပ်ချုပ်ရေး အဖွဲ့ က နှစ်နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ငြိမ်းချမ်းရေးဆုပေးပွဲကို မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ဆုလက်ခံယူနိုင်မှာတော့ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ အရွယ် ၁၉၈၅ ခုနှစ်က သားငယ်
ဖြစ်သူနဲ့အတူ ဂျပန်နိုင်ငံမှာ ခေတ္တနေထိုင်ခဲ့ပါတယ်။ မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်း သုတေသနလုပ်ငန်းအတွက် Kyoto တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးစင်တာမှာ ကိုးလ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

နေရာပေးကြပါ...

 နေရာလိုချင်တယ်ဆိုတာ ကိုယ့်တစ်ယောက်တည်း အတွက်ပါ။ နေရာပေးချင်တယ် ဆိုတာ အများအကျိုးအတွက်ပါ။ အဲဒီတော့ နေရာမလိုချင်ကြပါနဲ့။ နေရာပေးချင်ကြပါ။ အရည်အချင်း ရှိပြီး အကျင့်စရိတ္တ ကောင်းတဲ့သူတွေကို နေရာပေးကြပါ။ ”

"ပြည်သူ့ညီလာခံကို ညညစ်နည်းအသွယ်သွယ်နဲ့ အာဏာပိုင်များ စတင်ပြီ"

တောက်....ပြည်သူ့အကျိုးဆောင်တွေကို စစ်ကိုင်းတိုင်းမှာ ပြည်သူ့ညီလာခံ မတက်ရောက်နိင်အောင် ကားတွေမှာရှာဖွေစစ်ဆေးနေကြသတဲ့ဗျာ။ဟားဟားဟား.....တားကြစမ်း...ပြည်သူ့ခင်းတဲ့လမ်းကို ပြည် သူပြည်သားတိုင်းလျှောက်ခွင့်ရှိတယ်။သွားခွင့်ရှိတယ်။မတရား ဥပဒေပုဒ်မတွေတပ်ပြီး လွတ်လပ်ခွင့်တွေကို ဖျက်ဆီးချင်သူတွေ...သတိပေးမယ်....၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်နေတာတွေ ရပ်တမ်းကရပ်ပါ။
ဒါမှမဟုတ်ရင်...ဖွဲ့စည်းပုံအခြေခံ ဥပဒေအရရော...နိင်ငံတကာ ကမ္ဘာ့ဥပဒေတွေနဲ့ပါ တုန့်ပြန်မှုတွေ ကြုံရမယ်။ပြည်သူ့အကျိုးဆောင်များ ၁၈/၁၉ ရက်နေ့ နံနက် (၇)နာရီမှ ည(၇)နာရီထိ ကျင်းပမည့် လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ အရောက်လာမည်။

လေးစားလျှက်
ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်

ပလောင်ဒေသအား ထပ်မံထိုးစစ်ဆင်ရန် စကခမှူး ကိုယ်တိုင်ကွင်းဆင်းပြင်ဆင်

 သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့ နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အား ထပ်မံ တိုက် ခိုက်ရန်စစ် ဆင်ရေးကွပ်ကဲ မှုဌာနချုပ် (စကခ)မှူးတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်
ကိုယ်တိုင် ကွင်းဆင်းကွပ်ကဲနေသည်ဟု စုံစမ်းသိရှိရပါသည်။

“တိုက်ပွဲ ငြိမ်နေတာတော့ ၄ ရက်တော့ရှိနေပြီ။ ဒါပေမဲ့ (ကျောက်မဲ အခြေစိုက်) စကခ ၁ က ဗိုလ်မှူးကြီးအောင်ဇော်ဦး  ကိုယ် တိုင် နမ့်ဆန်မှာရှိတဲ့ တပ် စခန်း ကိုလာပြီး    ကြီးကြပ်ကွပ်ကဲတယ်။ စစ်ဆင်ရေးထပ်လုပ်ဖို့စီစဉ်နေတယ်။

အစိုးရတပ် အင်အား လျော့သွားတာ လဲမရှိဘူး။ ပုံမှန်ပါပဲ” ဟု တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောခွင့်ရ မိုင်ဖုန်းကျော် က ပြောပြသည်။

အစိုးရတပ်များသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန် နှင့်
မန့်တုံမြို့ နယ်အတွင်း တပ်ရင်း ၁၀ ရင်း ကျော်ရှိကြောင်း၊ မိုးဦးကတည်းကလည်း
နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်သို့ တပ်ရင်းအများအပြား ပို့ဆောင်ထား
ကြောင်း ပြောပါသည်။

“ဒီလ ၄ ရက်နေ့က ကျနော်တို့တပ်ချထားတဲ့ (ပန်စလွပ်တပ်စခန်း) တောင်ကုန်း
တခုကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ ဆုတ်ပေးလိုက်
တာတော့ရှိတယ်၊ကျနော်တို့ ဆုတ်ရင်း ပစ်ရင်းနဲ့ အစိုးရဘက်က ဗိုလ်ကြီး
၁ ယောက် တပ်သား ၆ ယောက်ကျတယ်၊ ဒုတပ်ရင်းမှူး ၁ ယောက်လဲဒဏ်ရာ
အပြင်းအထန် ရသွားတယ်” ဟု TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောပြသည်။

မန်တုံမြို့နယ်အတွင်း၌ အစိုးရတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် စစ်ဘေးသင့်ဒုက္ခသည် ၃၀ဝ ကျော် အတွက် ခရိယာန်ကုန်း နှင့် မန့်စပ်ရွာတို့၌
ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးထားကြောင်း၊ ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ် ဒုက္ခသည်စခန်း၌လည်းသွားရောက်ခိုလုံကြောင်း တအာင်းအမျိုးသားပါတီ
TNP မှ မိုင်အုန်းခိုင်က ဆက်ပြောပါသည်။

“ပလောင်စစ်ဘေးဒုက္ခသည်တွေအတွက် Unicef က ဆန်ထောက်ပံ့ပေး
တာတွေတော့ရှိတယ်။ မလောက်ဘူး။ TNP ပါတီ ကနေ ဒေသခံတွေဆီက အလှူခံပြီး သူတို့ကိုထောက်ပံ့ကျွေးမွေးနေရတယ်၊ကလေးတွေလဲ စာမသင်ရတော့ဘူးဒီနှစ်။
ဒုက္ခသည် စခန်းထဲတော့ ကလေး နဲ့  သက်ကြီးရွယ်အို အများဆုံးဘဲ။

လူလတ်ပိုင်း တွေကတော့ တရုတ်နိုင်ငံဘက် အလုပ်သွား လုပ်ကြနေရတယ်၊ ဝမ်းရေးလဲမလောက်တော့ဘူး” ဟု ၄င်းက ပြောသည်။အစိုးရဘက်ကထပ်ပြီးစစ်
ဆင်ရေးပြုလုပ်လာပါက TNLA ဘက်က လည်း ခုခံတိုက်ခိုက်ရန် စစ်ရေး
အသင့်ပြင်ဆင်ထားပြီးဖြစ် သည်ဟု မိုင်ဖုန်းကျော်က ပြောပြ သည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင်အမှာစကားပြော...

မနေက့ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပသော "၁၉၈၈ ခုနှစ် အခြေခံပညာကျောင်းသားများသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် အကျဉ်းထောင်အတွင်းကျဆုံးခဲ့ခြင်း ၆ နှစ်ပြည့်" အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင် က အမှာစကားပြောကြားခဲ့သည်။

ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော ကိုမြတ်ကိုနိုင် ကွယ်လွန်

၂၀၀၃ ခုနှစ်၊ မေ ၃၀ ရက်၊ ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ ကိုမြတ်ကိုနိုင် (၃၁ နှစ်)သည် ၁၅၊ ၁၀၊ ၂၀၁၂ ရက်နေ့၊ နေ့လည် ၁၂ နာရီ ကျော်လောက်တွင် သေဆုံးခဲ့ခြင်း။

ကိုမြတ်ကိုနိုင်သည် ထိုစဉ်က လူငယ်တာဝန်ခံ (မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ) ဖြစ်ပြီး အန်တီအား အသက်ဘေးမှ ကာကွယ်စောင့်ရှောက်ခဲ့သူတစ်ဦး အပါအ၀င်ဖြစ်ကာ သူ့အား စွမ်းအားရှင် လူတစ်စုမှ ခါးရိုးကို ရိုက်နှက်ခဲ့သော ဒါဏ်ရာကြောင့် အရိုးတီဘီဖြစ်ခဲ့ရသည်။

နောက်ပိုင်းကာလများတွင် အောက်ပိုင်းသေသွားခဲ့ရသည်။ ထိုစဉ်က ကိုမြတ်ကိုနိုင်၏ အသက်သည် ၂၂ နှစ်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားကိုးရသော လူငယ်တစ်ယောက်    ဖြစ်ပါသည်။   သေဆုံးခဲ့ခြင်းမှာ တိုင်းပြည်၏ဘဏ္ဍာ လူငယ်တစ်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်ရတဲ့အတွက် ကျန်ရစ်သူများအနေဖြင့် ၀မ်းနည်းမဆုံး ဖြစ်ရပါသည်။ လူစဉ်မမှီဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး သူသေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိနေခဲ့ပါသည်။

ကိုမြတ်ကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် လေးစားစွာဖြင့် အလေးပြုလိုက်ပါသည်။

ကောင်းရာဘုံဘ၀ရောက်ပါစေ ...........။
အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

လာလော့ ဧည့်သည် ♪♫ ရှုလော့ ဧည့်သည် ... ♫ ♪♫

သီချင်းလေးတစ်ပုဒ် ကို ပြေးပြီးသတိရမိပါသည်...အော် မြန်မာပြည် ....

နေပြည်တော်မှာ လယ်သိမ်းခံ လယ်သမားတွေကို ရဲကဖမ်း

 
နေပြည်တော်ခရိုင် ဒက္ခိဏ သီရိနဲ့ လယ်ဝေး မြို့နယ် အစပ်မှာ စည်ပင်သာယာဌာနက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒေသခံ မူလပိုင်ရှင် လယ်သမားတွေက သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့လို့ ဦးဆောင်သူ လယ်သမား နှစ်ဦးကို ရဲက အင်္ဂါနေ့ည အထိ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

စည်ပင်သာယာဌာနက သူတို့ သိမ်းထားတဲ့ လယ်မြေတွေမှာ စည်ပင်ပိုင်မြေ မကျူးကျော်ရ၊ နိုင်ငံတော်ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထားတာကြောင့် ဒေသခံ လယ်သမားတွေက ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်မှု အထောက်အထားများရှိသည်၊ မကျူးကျော်ရ၊ ကျူးကျော်လာသူ ပြည်သူ့ ရန်သူ ဆိုတဲ့ ဆိုင်းဘုတ်တွေကို တန်ပြန် စိုက်ထူခဲ့ကြတာ ဖြစ်တယ်လို့ လယ်သမားတဦးက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီလယ်မြေတွေကို ၂၀၁၀ခုနှစ်လောက်က သိမ်းထားတာဖြစ်ကြောင်းနဲ့ အသိမ်းခံရတဲ့ လယ်မြေ စုစုပေါင်း ဧက ၇၅၀ကျော်လောက် ရှိကြောင်း ပြောပါတယ်။

ဆိုင်းဘုတ်တွေ မစိုက်ထူဖို့ စည်ပင်သာယာနဲ့ ရဲက လာရောက်တားဆီးခဲ့ကြပြီး ညနေ ၆နာရီလောက်မှာတော့ ဒီကိစ္စကို ဦးဆောင်လုပ်ခဲ့သူ လယ်သမား ကိုလှမြင့်နဲ့ ကိုကျော်စိုးတို့ နှစ်ဦးကို ပေါက်တော ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနဲ့ ည ၁၀နာရီလောက်အထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စအကြောင်း အထက်အဆင့်ဆင့်ကို အသနားခံစာတင် တိုင်ကြားထားပေမယ့် အကြောင်းမထူးတဲ့အတွက် အခုလို လုပ်ခဲ့ကြတာလို့လည်း ပြောပါတယ်။

Tuesday, October 16, 2012

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော

နယူးဒေလီ (မဇ္ဈိမ) ။ ။ လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ တောင
်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြောသည်။

တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ကာ ဖွဲ့စည်းနေကြောင်း မုံရွာမြို့သို့
ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တောင်သူလယ်သမား သမဂ္ဂ (မုံရွာခရိုင်) ပေါ့။ ၃ဝ ရှိရင် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိတယ်လေ။ ကျမတို့မှာ ၃ဝ မကပါဘူး။ ရပ်/ကျေး အဆင့်သမဂ္ဂ အဖွဲ့တဖွဲ့တိုင်းမှာ အနည်းဆုံး အလုပ်အမှုဆောင် ၄ဝ-၅ဝ ရှိတယ်။ ဝင်ခွင့်လျှောက်လွှာမှာ မည်သူမဆို ဝင်ခွင့် ပေးထားတယ်။ အဓိက က မြန်မာတနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီး
ပေါ်ပေါက်ဖို့ပဲ” ဟု မဇ္ဈိမကို သည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအုပ်စုများ စုစည်း၍ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်ပေါင်း ၁ဝ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီ
ဖြစ်ကြောင်း သိရသည်။

အစိုးရတပ်တွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မွန်ဂိုးဒေသရှိ မြန်မာအစိုးရ တပ်ပေါင်းစုံစစ်ကြောင်း သည် မုန်လုံ (Munglung) တွင် အောက် တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေတွင်တပ်အတွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပွားပြီး ပစ်ခတ်ကြရာတပ်သား ၄ ဦးနှင့်လမ်းပြ ၁ ဦး သေဆုံးခဲ့ကြောင်း အရာရှိတဦး KNG ကချင် သတင်း ဌာနသို့ ပြောသည်။
အဆိုပါအငြင်းပွားမှုသည် မြန်မာအစိုးရတပ် ခလရ ၆၉ မှ အသက် ၅၀ ကျော်ရှိသည့် တပ်ကြပ်ကြီးသည် ရှေ့တန်းသို့ ၁၀ ကြိမ် ထက်မနည်းသွားရခြင်းကြောင့် ၎င်းတပ်သို့ အသစ်ပြောင်းလာသော ဗိုလ်နှင့် စကားများပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စကားများကြပြီး ပစ်ကြတယ်။ ဗိုလ်ကြီးကိုလဲ လက်မှာ ထိတယ်။ ပြီးတော့ တပ်သား ၂ ဦးနဲ့ ဒေသခံ ပြည်သူ လမ်းပြ ၁ ဦးသေသွားတယ်။

ပြီးတော့ သူ့ကိုသူ ပစ်ပြီးအဆုံးစီရင်လိုက်တယ်။” ဟု ၎င်းနှင့် နီးစပ်သူတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ထို့အတူ မုန်ဘော်တွင်ရှိနေသောမြန်မာတပ်ရင်းတွင်လည်း ထိုညတွင် အရက်မှုးပြီး အချင်းချင်းစကားများပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ အချင်းချင်း ပစ်ခတ်ကြစဉ် မုန်ဘော်ပြည်သူ့စစ်မှ ၁ ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း သိရသည်။
၎င်းမွန်ဂိုးဒေသရှိ တပ်ပေါင်းစုံ စစ်ကြောင်းတွင် ခလရ ၄၅၊ ၆၉၊ ၁၂၃ တပ်သားများ၊ တီခွန်မြတ် ဦးဆောင်သော ကွတ်ခိုင်ပြည်သူု့စစ်အဖွဲ့နှင့် ဒူမွန်းဦးဆောင်သော မုန်ဘော်ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်ကြောင်းသိရသည်။

ယခုအချိန် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အစိုးရစစ်အင်အား ၅၀၀ နီးပါးတိုးချဲ့ထားကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသဆိုင်ရာ KIA အရာရှိတစ်ဦးဆိုသည်။

မြန်မာ့တပ်မတော်မီဒီယာဖြစ်တဲ့ မြ၀တီက ဆောင်းပါးမှာတော့ ဒီကာတွန်းကြည့်ပြီး "ကျွန်တော့်မျက်လုံးများ ရုတ်တရက်ပြာဝေ သွားပါသည်"

ဒီကာတွန်းကြည့်ပြီး ဘယ်လို ဖြစ်သွားသလဲ။
မြန်မာ့တပ်မတော်မီဒီယာဖြစ်တဲ့ မြ၀တီက ဆောင်းပါးမှာတော့ ဒီကာတွန်းကြည့်ပြီး "ကျွန်တော့်မျက်လုံးများ ရုတ်တရက်ပြာဝေ သွားပါသည်" လို့ ဆိုပါတယ်။

ကာတွန်းဆွဲသူ၊ ကာတွန်းဖော်ပြသူတို့ဟာ အမှားတခု ကျူးလွန်တယ်လို့ ယူဆပါတယ် တဲ့။

"ရေးဆွဲသူနှင့် တည်းဖြတ်သူများ၊ အယ်ဒီတာချုပ်၊ ဂျာနယ်တိုက် ပိုင်ရှင်များ နောင် ဤကဲ့သို့ ထပ်မံ မမှားယွင်းစေရေး သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း" လို့ ဆောင်းပါးမှာ ရေးထားပါတယ်။

အစိုးရက ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတယ်၊ တပ်မတော်ကလည်း အမိန့်နာခံတဲ့အနေနဲ့ ထိုးစစ်ဆင်တာတွေ ရပ်ထားပါတယ်လို့ ဆောင်းပါးရှည်က ဆိုလိုပါတယ်။

စစ်အရာရှိတယောက်ဖြစ်တဲ့ သမ္မတရုံးညွှန်မှူးကလည်း ဒီဆောင်းပါးဟာ ကာချုပ်ရဲ့ အာဘော်လို့ ဆိုတယ်။

"ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရပ်တည်ချက်၊ သဘောထား ဖြစ်ကြောင်း တွေ့ရှိရပါသည်" ဆိုတဲ့ မှတ်ချက်နဲ့အတူ ဒီဆောင်းပါးကို အွန်လိုင်းမှာ လက်ဆင့်ကမ်းခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ ကြာ အုပ်လုံးချုပ်စနစ်အောက်မှာ တချို့သောသူတွေဟာ သူတို့သာ မှန်တယ်၊ သူတို့သာ အကုန်သိနားလည်တတ်ကျွမ်းတယ်၊ တိုင်းပြည်ချစ်တယ်လို့ ယူဆတတ်ကြပါတယ်။

ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့ခေတ်ဖြစ်တယ် ဆိုတာ မမေ့ဖို့တော့ လိုပါတယ်။
ခြိမ်းခြောက် ဟိန်းဟောက်တာမျိုးတွေက သေနတ်ပြောင်းအောက်က ဒီမိုကရေစီကိုပဲ ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။

လတ်တလော တိုက်ပွဲတွေ ဖြစ်နေတာက မြန်မာ့တပ်မတော်နဲ့ KIA ကြားမှာပါ။

ကာတွန်းထဲမှာ ပစ်နေတဲ့သူက KIA လည်း ဖြစ်နိုင်ပါတယ်။

မြ၀တီက သဘောမကျတဲ့ ဒီကာတွန်းကို KIA ကရော ဘယ်လို သဘောထားမှာလဲ၊ ကာတွန်း ကြည့်ပြီး မျက်လုံးများ ရုတ်တရက်ပြာဝေသွားအုံးမှာလား။
မျက်လုံးပြာသွားတာတော့ ပြဿနာ မရှိပါဘူး။ ခြိမ်းခြောက်ဟိန်းဟောက်တာမျိုး မလုပ်ဖို့သာ လိုအပ်ပါတယ်။

လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု ပင်တဂွန်ပြော

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေတာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့
ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ပထမဆုံးအကြိမ်ကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးစကားဝိုင်း (US-Burma Human Rights Dialogue) ကိုတက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်း အရာရှိတချို့ မြန်မာပြည် ကို ထွက်ခွာသွားတဲ့အချိန်မှာ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအရ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပင်တဂွန် က မူဝါဒကို ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဒီ ပထမဆုံးအကြိမ် လူ့အခွင့်အရေးစကားဝိုင်းက မြန်မာပြည် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်တွေကို အားပေးအားမြှောက်ပြုဖို့အတွက် အမေရိကန်အစိုးရ တခုလုံးက ချဉ်းကပ်ဆောင်ရွက်နေ တယ်ဆိုတာကို ပေါ်လွင်စေပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ဆိုပါတယ်။

“လူ့အခွင့်အရေး စကားဝိုင်းမှာ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ အများအပြားကို ဆွေးနွေးကြမှာပါ။ အဲ့ဒီ ကိစ္စရပ်တွေထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို အကာအကွယ်ပေးရေး၊ စီးပွားရေးလုပ်ငန်း၊ အလုပ်သမားရေးရာနဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မှုခင်းဆိုင်ရာ တရားမျှတမှု (Criminal Justice) နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ လူ့အခွင့်အရေးနဲ့ စစ်တပ် စတာ တွေ ပါဝင်ပါတယ်” လို့လည်း သူက ပြောပါသေးတယ်။

ဒီစကားဝိုင်းကို တက်ရောက်မယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထင်ရှားတဲ့သူတွေထဲမှာ အရှေ့အာရှ ဆိုင် ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗစ်ကရမ် ဆင်း (Vikram Singh) နဲ့ အမေရိကန်စစ်တပ်က ပစိဖိတ်ဒေသ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်စကီ (Francis Wiercinski) တို့လည်း ပါဝင်ပါတယ်။

အခုလို အမေရိကန် စစ်ရေးဆိုင်ရာအရာရှိတွေ မြန်မာပြည်လာတာကို အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ ပြန်လည်သက်ဝင်လာပြီလို့ လုံးဝ မယူဆသင့်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီဌာန အရာရှိတွေက အခိုင်အမာ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖိတ်လို့ သူတို့ သွားတက်တာလို့လည်း ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။

“မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေ၊ ရေရှည် တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ၊ ပြီးတော့ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတာတွေအပေါ် ကျမတို့ အသိအမှတ်ပြုပါတယ်” လို့ သူက ဆိုပါတယ်။

“ဒီကိစ္စတွေမှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲ့ဒီလို ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာပြည်ကို ဝိုင်းဝန်းကူညီဖို့ စိတ်ဝင်စားပါတယ်” လို့လည်း သူက ပြောပါသေးတယ်။

နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ ပြန်လည်စတင်တာနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်မှူး ကေသီက “ မြန်မာပြည်မှာ အခုထက် ပိုတိုးတက်မှုတွေ ရှိလာမှပဲ ဖြစ်မှာပါ။ မြန်မာစစ်တပ်အနေနဲ့ အရပ်သားအစိုးရကို ဆက်ပြီး ပံ့ပိုးလိမ့်မယ်၊ အစိုးရကို အားပေးအားမြှောက်ပြုပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံလိမ့်မယ်၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တွေရှိနေတဲ့ အနေအထားကနေ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

“လူ့အခွင့်အရေးကို လေးစားတာ၊ အရပ်သားက စစ်တပ်ကို ကြီးကြပ်တာနဲ့ လုပ်ငန်းပွင့်လင်းမြင်သာမှု ဆိုတာတွေက စနစ်ကျတဲ့ ခေတ်မှီတပ်မတော်တွေရဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ အဲ့ဒီအရာတွေဟာ တရားဝင်မှုအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စတွေမှာ သိပ်ကို အလေးအနက်ထားပါတယ်” လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ငြိမ်းချမ်းရေး မိခင်လို့ မြင်မိပါတယ်......

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံ က အောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NLD ငြိမ်းချမ်းရေး အဖွဲ့ ၀င်ရောက်မှသာလျှင် ကချင် တိုင်းရင်းသားလူမျိုးစု အသက်ရှူ ချောင်မည်ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

““ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ငြိမ်းချမ်းရေး လက်မှတ် ခဏခဏရေးထိုးခဲ့ပေ မယ့် နိုင်ငံတော်အစိုးရက သူတို့ အပေါ် သစ္စာမရှိဘဲ ထိုးထားတဲ့ လက်မှတ်ကို ချိုးဖောက်ခဲ့တဲ့ အတွက် ကချင်အမျိုးသားလူထု တွေဟာ လက်ရှိဒုက္ခတွေ ခံစား နေရတယ်။ တကယ်လို့များ နိုင်ငံ တော်အစိုးရက ကချင်အမျိုးသား တွေနဲ့ ထိုးထားတဲ့ လက်မှတ်တွေ အပေါ်မှာ ကတိတည်မည်ဆိုရင် ဒီလိုမျိုး လူထုတွေ ဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကတိမတည် ခဲ့ရင် ကချင်တပ်နဲ့ နိုင်ငံတော် အစိုးရကြား ယုံကြည်မှုကင်းမဲ့ သွားမယ်။ သူတို့ကြားမှာ ငြိမ်းချမ်း ရေးရအောင် တွန်းအားပေးပို့မယ့် လူလိုတယ်။ KNU/KNLA အဖွဲ့ အစည်းကိုယ်စား ပြောချင်တာ ကတော့ NLD ငြိမ်းချမ်းရေးအဖွဲ့ အစည်း ၀င်ရောက်မှသာလျှင် ကချင်တိုင်းရင်းသားတွေ အသက် ရှူချောင်သွားတယ်။ အခြားအဖွဲ့ အစည်းတွေနဲ့ မဖြစ်ဘူးလို့ ယူဆ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျွန်တော့်အနေနဲ့ ငြိမ်း ချမ်းရေးမိခင်လို့ မြင်ပါတယ်””ဟု ပြောပါသည်။

တရုတ် ချီကုန်းအတွင်းအားအစွမ်း

 ကျွန်တော်တို့ ငယ်ငယ်တုံးက ဖတ်ရတဲ့ တရုတ်သိုင်းဝတ္တု၊ ကြည့် ခဲ့ ရတဲ့ တရုတ်သိုင်းကားတွေထဲ
မှာ အတွင်းအားချင်းပြိုင်ကြတာ၊ အတွင်းအားသုံးပြီး ကျောက်တောင်တွေ၊ အဆောက်အဦးကြီး
တွေကို ဖျက်ဆီးဖြိုချပစ်ကြတာတွေကို ဖတ်ရှု၊ ကြည့် ရှုခဲ့ ဖူးပါတယ်...
အခုတော့ အဲဒီလိုအတွင်းအား ဆိုတာချီကုန်းကျင့် စဉ်နဲ့ တစ်ကယ်ကျင့် ယူလို့ ရတယ်ဆိုတာဒီဗီဒီယိုကလစ်က သက်သေပါပဲ...
ကျင့် တဲ့ နှစ်ကာလရှည်လျားမှုပေါ်မူတည်ပြီး စွမ်းအားလည်းပိုမိုမြင့် လာမယ့် သဘောပါပဲ...

ဒီအခန်း မဖြတ်တော့ဘူး ဆိုပေမယ့် ~ Motherland