468x60 Ads

Tuesday, October 16, 2012

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော

နယူးဒေလီ (မဇ္ဈိမ) ။ ။ လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ တောင
်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြောသည်။

တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ကာ ဖွဲ့စည်းနေကြောင်း မုံရွာမြို့သို့
ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တောင်သူလယ်သမား သမဂ္ဂ (မုံရွာခရိုင်) ပေါ့။ ၃ဝ ရှိရင် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိတယ်လေ။ ကျမတို့မှာ ၃ဝ မကပါဘူး။ ရပ်/ကျေး အဆင့်သမဂ္ဂ အဖွဲ့တဖွဲ့တိုင်းမှာ အနည်းဆုံး အလုပ်အမှုဆောင် ၄ဝ-၅ဝ ရှိတယ်။ ဝင်ခွင့်လျှောက်လွှာမှာ မည်သူမဆို ဝင်ခွင့် ပေးထားတယ်။ အဓိက က မြန်မာတနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီး
ပေါ်ပေါက်ဖို့ပဲ” ဟု မဇ္ဈိမကို သည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအုပ်စုများ စုစည်း၍ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်ပေါင်း ၁ဝ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီ
ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment