468x60 Ads


Tuesday, December 4, 2012

KIA ကြောင့် မိုးညှင်းဒေသခံများအခက်တွေ့ နေ..

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်း နေထိုင်သူများထံမှ တစ်အိမ်ထောင်လျှင် ဆန် (၂)တင်းနှင့် ဆား (၂) ပိ သာ KIA(104)ဗျူဟာ တပ်သို့ ပေးဆောင်ရန် စာပို့ထားကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်း စင် ပပျောက်ရေး အဖွဲ့ထံက သိရှိရသည်။"KIA (104)ဗျူဟာတပ်က နမ္မားမှာရှိတဲ့ အုပ်စု (၆)အုပ်စုကို ဆန် နဲ့ ဆား တောင်းတယ်။ ဖားကန့်ကလည်း အလုပ်လုပ်ဖို့ အခက်ခဲဖြစ်နေတဲ့အချိန်မှာ ဒီ လိုတောင်းတော့ ဒေ သ ခံတွေအနေနဲ့ တော်တော်လေး အခက်တွေ့ နေရတယ်"ဟု မိုး ညှင်း မြို့ နယ် ဒေ သခံများ က ပြော ဆို သည်။KIA (104)ဗျူဟာတပ်မှ မိုးညှင်းမြို့နယ်ရှိ အုပ်စုကျေးရွာများဖြစ်သော နမ္မား၊ အင်းကုန်း၊ နန့် စလှော်၊ တောင်အင်း၊ ကန့်ကြီးကုန်းနှင့် အခြားအုပ်စုတစ်ခုသို့ သတ်မှတ်သော ဆန်နှင့် ဆားပေးဆောင် ရ မည်ဟု အကြောင်း စာပေးပို့ထားခြင်းဖြစ်သည်။အဆိုပါ တပ်မှတောင်းသော ဆန်နှင့် ဆားများ ကို  ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာ (၁)ရက်နေ့ သွားရောက်ညှိနိုင်းခဲ့ရာ အိမ်ထောင်စုတစ်ခုလျှင် ဆန်  (၅)ပြည်နှင့် ပိုက်ဆံ (၂၅၀၀) ကျပ်အား ဒီဇင်ဘာ (၈)ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်မည်ဟု သဘော တူခဲ့ရကြောင်း သိရှိရသည်။KIA စစ်တပ်မှ ဒေသခံလူငယ်များအား ပြန်ပေးဆွဲမူ မကြာ ခဏပြု လုပ်နေ ပြီး ကျောင်းသားလူငယ်များအား ဖမ်းဆီးခေါ်ဆောင် မှုကို နိုဝင်ဘာ (၂၇)ရက်နေ့တွင် မိုးညှင်း မြို့ရှိ နည်းပညာကော လိပ်အနီးတွင် အထက်တန်းကျောင်းသူတစ်ဦးနှင့်   ကော လိပ်ကျောင်း သူ တစ်ဦး အပါ အ၀င် လူငယ် (၅)ဦး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီးနှစ်ဦးအား တစ်ဦးလျှင် ကျပ် (၂)သိန်းဖြင့် ရွေးယူခဲ့ရကြောင်း သိရှိ ရသည်။"KIAက အမျိုးသမီးနှစ်ဦးကို (၂)သိန်းနဲ့ ညတွင်း ချင်း လာရွေးခိုင်း တယ်။ နောက်ပြီး ဘယ်ဌာန၊ ဘယ်မီဒီယာကိုမှ မပြောဖို့မှာ လိုက်တယ်၊ အခုဆို ဒီမှာ လူငယ် လူရွယ် သမီး ပျိုတွေအတွက်ပါ အရမ်း အန္တရယ်များတဲ့ အခြေအနေဖြစ်နေပြီ" ဟု မိုးညှင်း မြို့ မှ ဒေ သခံ တစ်ဦး က ပြောသည်။ဒီဇင်ဘာ (၂)ရက်နေ့တွင်လဲ မိုးညှင်းမြို့နယ် နန့်စလှော်အုပ်စုမှ လူငယ် (၁၀)ဦးအား ဖမ်း ဆီးခေါ် ဆောင်သွားခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် (၇)သိန်းဖြင့် သွားရောက်ရွေးယူခဲ့ရကြောင်း ကိုလည်း သိရသည်။
Ref:မြစ်မခ

မေးလ်ထဲရောက်လာလို့ ပြန်ပြီးဝေမျှပေးလိုက်ပါတယ်...

လွှတ်တော်မှမသိကျိုးကျွံပြုနေသူများသို့ မေးချင်သောမေးခွန်းများ...............
(၁) ကချင်ပြည်နယ်သည်ကချင်လူမျိုးစုများသာနေထိုင်သင့်သော
ပြည်နယ်ဟုယူဆပါသလား။ လက်ရှိ ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော
လူမျိုးစုများ၏ အချိုးအစားကိုလေ့လာဖူးပါသလား။
(၂) ကချင်ပြည်နယ်တွင် အစိုးရအဖွဲ့ ၂ ခုရှိသည်ဟု ထင်မြင်ယူဆပါသလား။ KIO
နှင့် လက်ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့သည် မည်သူက
ကချင်ပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်းဖြစ်ပါသနည်း။
(၃) KIA သည် ကချင်ပြည်နယ်ကိုယ်စားပြု တပ်မတော်တစ်ရပ်ဟု ယူဆပါသလား။
တိုင်းရင်းသားအားလုံးနှင့် ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်သည်
ကချင်ပြည်နယ်မှ ပြည်သူလူထု၏ လုံခြုံရေး၊ ကာကွယ်ရေးတွင်
လုံးဝတာဝန်မရှိသဖြင့် ကချင်ပြည်နယ်အတွင်းမှ
တပ်မတော်တပ်ရင်းများအားလုံးကို ရုတ်သိမ်းပြီး ပြည်မ တွင်သာ
အခြေပြုသင့်သည်ဟု ယူဆပါသလား။
(၄) မြန်မာ့တပ်မတော် ကချင်ပြည်နယ်အတွင်းဝင်ရောက်တပ်စွဲထားခြင်း၊
နယ်စပ်ဒေသများအထိ တပ်ချထားခြင်းများသည် ကချင်လူထုကို
ရည်ရွယ်ချက်ရှိရှိဖြင့် ဖိနှိပ်နေသည်ဟု ထင်မြင်ယူဆပါသလား။
(၅) KIA က ကားလမ်းတံတားများ၊ ရထားလမ်းများ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ
တာဝါတိုင်များ ကို  ဖောက်ခွဲဖျက်ဆီးခြင်းသည် စစ်နညးဗျူဟာအရ
တပ်မတော်ကိုထိုးနှက်ခြင်းဖြစ်သဖြင့် ပြည်သူလူထုကို
ထိခိုက်နစ်နာမှုမရှိဟုယူဆပါသလား။
(၆) ကချင်ပြည်နယ်အတွင်းနေထိုင်သော ကချင်အပါအ၀င် လူမျိုးမှန်သမျှ
အရွယ်သုံးပါးမရွေးKIA တွင် အတင်းအဓမ္မစစ်မှုထမ်းစေခြင်းသည်
အမှန်ဟုယူဆပါသလား။ ILO ကဲ့သို့သော နေရာတကာဖွကြီးများကို အချက်အလက်နှင့်
အသိပေးတိုင်ကြားသင့်သည်ဟု အဘယ့်ကြောင့်မထင်မြင်ရပါသနည်း။
(၇) KIA ကစာရွက်လွတ်တစ်ရွက် ဘောပင်တစ်ချောင်း၊ တံဆိပ်တုံးတစ်ခုမျှဖြင့်
(တစ်ခါတစ်ရံတံဆိပ်တုံး ပင်မပါ) စိတ်ထင်သလို အခွန်ကောက်ခံနေခြင်းသည်
တရားဝင်ဆောင်ရွက်နေခြင်းဟု ထင်မြင်ယူဆမိပါ သလား။
(၈) တပ်မတော်ကို တိုက်ခိုက်လိုသဖြင့် လမ်းကြောင်းပေါ်တွင်
အဝေးထိန်းမိုင်းများထောင်ခြင်း၊ ရပ်ရွာများ အတွင်း၊
ဘာသာရေးအဆောက်အဦးများအတွင်းမှ အရပ်ဝတ်ဖြင့်ချောင်းမြောင်းတိုက်
ခိုက်ခြင်း၊ တော တွင်းတောင်ပေါ်
အများသူငါအသုံးပြုရာလမ်းများတွင်မိုင်းထောင်ခြင်း
မြို့ပေါ်ရပ်ကွက်များတွင် ဖောက် ခွဲ ခြင်းစသော
အဖျက်အမှောင့်လုပ်ငန်းများသည်စစ်ရေးသဘောအရ ပြောက်ကျားစစ်နည်းဗျူဟာဖြစ်
သဖြင့် ထောက်ခံသင့်သည်ဟု ယူဆပါသလား။
(၉) ကချင်ပြည်နယ်ကို ပြည်မမှခွဲထွက်ပြီး လွတ်လပ်သော
ကချင်နိုင်ငံတော်အဖြစ်ထူထောင်မည့် ရည်မှန်း ချက်သည်
ကချင်လူမျိုးများအတွက် အမှန်တကယ် အကျိုးရှိမည်ဟု ထင်မြင်မိပါသလား။
(၁၀) လွှတ်တော်မှဖွဲ့စည်းသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့်ရှိ
သဖြင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကို
နိုင်ငံတော်ကထောက်ပံ့သည့်အတိုင်း၊ တယ်လီဖုန်း၊ မော်တော်ကား၊ နေအိမ်၊ ခရီး
သွားလာခွင့်၊ ကြိုက်သည့်လူကို ကြိုက်သည့်အချိန်၊
ကြိုက်သလိုစုံစမ်းစစ်ဆေးခွင့်ရရှိရေးနှင့် ပြည်သူ အများဒုက္ဒခံနေရသော
ကချင်အရေးအခင်း၊ ရခိုင်အရေးအခင်းကဲ့သို့အရေးအခင်းများ၊ ဆွကြဖွကြသည့်
လက်ပန်တောင်းတောင်အရေးအခင်း၊ မိုးထိမိုးမိအရေးအခင်း၊
ကျောင်းပြောင်းရွှေ့ရေးဆန္ဒပြပွဲများ၊ မကြာမီ ဆက်လက်ဖွလာရန်ရှိသော
ရခိုင်ကမ်းလွန်၊ ထားဝယ်ဆိပ်ကမ်းနှင့် ကျောက်မီးသွေးစက်ရုံ၊
သီလ၀ါဆိပ်ကမ်း၊ တရုတ်ပြည်ဂက်စ်ပိုက်လိုင်း ကဲ့သို့သော
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးမျိုး ကို
အကြောင်းအမျိုးမျိုးပြကန့်ကွက်သောပုံစံမျိုးစုံဆန္ဒပြပွဲများကို
ပြေလည်စေမည့်နည်းလမ်းများကို တက်ညီလက်ဆွေးနွေးအဖြေရှာခြင်းသည်
မည်သည့်ကိစ္စက နိုင်ငံတော်နှင့်ပြည်သူအတွက် တန်ဖိုးရှိ သည်ဟု ယူဆပါသနည်း။
(၁၁) လွှတ်တော်အသုံးစရိတ် နှင့် လွှတ်တော်မှဖွဲ့စည်းသော
ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များ၏ အဆောင်အယောင်ရပိုင်ခွင့်များအတွကက်
ကုန်ကျစရိတ်များသည် ပြည်သူအိပ်ကပ်ထဲမှ မသုံးစွဲရဟု ထင်မြင်ယူဆပါသလား။
(၁၂) အခြေခံဖွဲ့စည်းပုံဥပဒေတွင် ပြောင်းလဲသင့်သည်များကို
ဥပဒေနည်းလမ်းအတိုင်းမဟုတ်သော မတ်တပ်ရပ်မဲခွဲဆုံးဖြတ်ချက်ဖြင်
ပြောင်းလဲလိုက်ခြင်းသည် တရားဥပဒေနှင့် ကိုက်ညီမှုရှိသည်ဟု
ထင်မြင်ကြပါသလား။
  တီဗွီကြည့်ရင်း ပေါက်ကွဲနေသော ကချင်လူငယ်တစ်ဦး

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သားတပည့်များ အမျိုးသာဒီမိုကရေစီအဖွဲ့ သားများ၏ စည်းလုံးချင်းသည်အင်အား


စုံစမ်းရေးကော်မရှင်အဖွဲ့ ဝင်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ

အမှတ်၊ ၉၅ / ၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်

(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်တွင် ကျင်းပသောပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်း သည့် အရေးကြီးအဆိုတွင်စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/ မသင့်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော “စုံစမ်းစစ်ဆေးရေး ကော်မရှင်” ကို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ် လိုက်သည်-
(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ် မဲဆန္ဒနယ်
(ခ) ဦးလွန်းသီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
(ဂ) ဦးသန်းမြင့် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်
(စ) ဦးမောင်မောင်အေး အဖွဲ့ဝင် Senior Consultant on Social AssessmentMyanmar Environmental Institute
(ဆ) ဦးဝင်းထိန် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
(ဇ) ဦးမြင့်ဆွေ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ဈ) ဦးတင်မြင့် အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
(ည) ဦးလှမောင်သိန်း အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(ဋ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင် ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန ကျန်းမာရေးဝန်ကြီးဌာန
(ဌ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန
(ဍ) ဦးဗိုလ်သန်း အဖွဲ့ဝင် ကံကုန်းရွာ၊ကျောက်မျက်ကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဎ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စုဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး
(ဏ) ဦးဘိုဌေး အဖွဲ့ဝင် တုံရွာမ၊ တုံကျေးရွာအုပ်စု ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(တ) ဦးကျော်တင့်ဆွေ အတွင်းရေးမှူး သံအမတ်ကြီး (ငြိမ်း)မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်
၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-
(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ရှိ/ မရှိ၊
(ဃ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(င) ၎င်း စီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန် လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ၊
(စ) ကော်မရှင်၏ အထွေထွေ သုံးသပ်ချက်နှင့် အကြံပြုချက်များ။
၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်း စစ်ဆေးရေး ကော်မ ရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ကဖြည့်ဆည်း ပေး ရမည်။ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် ရမည်။
၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လိုအပ်ချက်ရှိလျှင် လုပ်ငန်းကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များကို နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် တာဝန်ပေးအပ်နိုင်သည်၊
၅။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်း တို့ ဆောင် ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် အရောက် တင်ပြပြီး ထိုအစီရင်ခံစာအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ရမည်။
၆။ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၉၂/ ၂၀၁၂) အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်သည်။


(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုတဲ့ ဗိုလ်မှူးကြီးမြင့်အောင်(ငြိမ်း)(မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်)

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ တစိတ်တပိုင်း ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီ မိ တက်က၊ သမ္မတ ဖွဲ့ပေး လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက် လက် ဆောင် ရွက် မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ ရင်း နှီးမြှုပ် နှံ မှု ကော် မရှင် က တရားဝင် ခွင့်ပြု ထားတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင် ရွက်မယ့် လက်ပန်းတာင်း တောင် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အ တိုင်း ဆက် လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က စီမံကိန်း တာဝန်ခံ ဦးမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။ စီမံကိန်းကို ဆက်လက် ဆောင်ရွက် ဖို့ ကြိုးစားနေပြီး၊ ကော်မရှင် နဲ့ လည်း ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။ နောက်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်မှာ စစ်တပ်က ရှယ်ယာ အများစု ပါဝင်တာမို့ ဦးစားပေး ခံရတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။ ဒေသခံ ယာ သမားတွေကို ထိုက်သင့်တာ ထက်ကို လျော်ကြေး ပိုပေး ထားတာ ဖြစ်ပြီး၊ အခု လည်း လျော်ကြေး ထပ်တောင်းရင် ဖြစ်ဖြစ်၊ လူမှုရေးဆိုင်ရာ အကူအညီတွေ တောင်းဆိုရင် ဖြစ်ဖြစ် ကုမ္ပဏီ အနေ နဲ့ အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။
လက်ပန်းတောင်းတောင် ကယ်ဆယ်ရေး ကော်မတီ နာယက ကဗျာဆရာ ဦးအံ့မောင် ကတော့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စွမ်းအား မြင့် စက်တွေ အများကြီး တပ်ဆင် ထားတာကြောင့် ကော်မရှင်က စုံစမ်းမှုတွေ လုပ်နေတဲ့ အချိန်တို အတွင်းမှာပဲ လက်ပန်းတောင်း တောင် ၃၃ လုံး ဟာ ကုန်သွား နိုင်တယ်လို့ ပြောကြား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါဝင် အဖွဲ့ ဝင် ၃၀ ခန့် ပါဝင်တဲ့ လက်ပံတာင်းတောင် အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက် နေ့က သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ်။
Ref:BBC

ကချင်ဗမာပြန်လည်သင့်မြတ်ဖို့ အဓိကအတားအဆီးကတော့စစ်တပ်လို့ ပြောတဲ့ဝမ်ပေါင်သမိုင်းပညာရှင်

လိုင်ဇာ ကချင်ပြည်မှ သမိုင်းပညာရှင်များနှင့် ဘာသာဗေဒ ပညာရှင် များ အ နက် နှစ်ခြင်း သိက္ခာတော် ရ ဆ ရာေ တာ် ဦးဂျာဂွန်းသည် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ ကျောင်းသားအရေးတော်ပုံများ ကြီး ကြီး မားမားဖြစ်ပွားခဲ့သည့်၁၉၆၀-၁၉၇၀ ခုနှစ် များ တွင် ရန်ကုန် တက္ကသိုလ် တွင်ပညာ သင်ကြား ခဲ့ သည်။  ကျောင်း သား အရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တစ်ချိန် က မြန်မာ သင်ရိုးညွှန်း တမ်း အားဖြင့် သာ ကမ္ဘာ့ အမြင်ကို ကန့်သတ်နားလည်ခဲ့ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့၏ အမှုထမ်း များ ကို နိုင် ငံရေး သမိုင်းသင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အမြင်ကို ပြုပြင်ပြောင်းလဲစေရန် ဦးဆောင်ဦးရွက်ပြုလျက် ရှိ သည်။ ဇွန်လ၌ ဧရာဝတီသတင်းဌာန က တွေ့ဆုံမေးမြန်း စဉ် ကေအိုင် အိုနှင့် မြန်မာ အစိုးရ အကြား ဖြစ် ပွားနေသော လတ် တလောပဋိပက္ခ၏ နောက်ခံသမိုင်းကြောင်း နှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတွင် ပဓါနကျ သည့် အတား အဆီးများ အကြောင်းကို ကချင်အမျိုးသားတစ်ဦး၏အမြင်ဖြင့် ဆွေးနွေးထားပါသည်။
မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့ အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့ တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်အင်အား ကြီး တိုင်း ပြည်နှ စ် ခု ကြားနေဖြစ်  ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကို သွားရောက်တိုင်းမှာ ကချင် အကြီးအကဲတွေ နဲ့ ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေ နယ်မြေ မှာ နေထိုင် ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။
ကချင် လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာ ဘုရင်တွေ က မိုးကောင်း၊ ဗန်းမော်တို့ကို သိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင် တုန်း ကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေ ဖြစ်ခဲ့တယ်။ ကချင်တွေရဲ့ အားသာချက်က ဒီတောင် တန်းဒေသ၊ဒီရာသီဥတုတွေနဲ့သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ဗမာတပ်မှာလက် နက်ကောင်းတွေ  ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့ မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ် တိုင်း မှာ ကချ င်တွေ နဲ့ မိတ် ဖွဲ့ တဲ့သူက နိုင်စမြဲပဲ။
မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ် သူတို့ တောင်ပေါ်သားလို့ ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လို တိုင်းရင်း သားလူမျိုးတွေထက် သာတယ်လို့ ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။
ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန် ၀ံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေ ကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန် စိတ် ဓါတ် ခိုင် မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ် တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်း တိုက်ကြတယ်။ တခါတလေတော့ တခြား ရန် သူတွေ နဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင် တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ ယဉ်ကျေးမှု ကို လိုက်လျော ညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင် ယူ ခဲ့ တယ်။ ဗမာ ဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကို ထိမ်း ချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝ လျစ်လျူရှုခဲ့ကြတယ်။
မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ ကချင်တွေကို ဘယ် လို ပြောင်း လဲစေခဲ့သလဲ။
ဖြေ။ ။ ဗြိတိသျှလက်အောက်က ဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ် ပယ် က အကန့်အသတ်နဲ့ပဲ ရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗ မာဘုရင်တွေမထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။အိန္ဒိယဒေသ  ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှ စ်    ဗြိ တိသျှကျူးကျော်မှုကိုတွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ေ ခါင်းေ ဆာင်တွေ   ပဲနယ်ချဲ့တွေကို တွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါ ဘုရင် လက် က ဗမာ့  ထီး နန်း ကို သိမ်း ပိုက် ခဲ့ ပြီး တဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိ သျှတွေ ထင်မှတ်ခဲ့ကြတယ်။ ဒါပေ မယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေ က တော် လှန်ေ တာ့တာပဲ။ ဒါကြောင့် က ချင် ဟာ ဗမာဘုရင်တွေရဲ့ လက်အောက်ခံမဟုတ်ဘူးဆိုတာ ဗြိတိ သျှတွေ သဘောပေါက် သွား ခဲ့ကြ တယ်။ ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့ တခြား တိုင်း ရင်းသားတွေမှာ ကိုယ်ပိုင် သမိုင်း၊ ကိုယ်ပိုင် နယ်မြေဒေသ၊ ကိုယ်ပိုင် ဘာသာစကားတွေ ကို လို နီ အုပ် ချုပ်ရေး မတိုင်ခင်ကတည်းက ရှိခဲ့တယ်။ ဗြတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေ အားလုံး ကို  ပေါင်း စည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။
မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်က ပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ် ချုပ်ေ အာင်ဆန်း ရဲ့ ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲ အချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။
ဖြေ။ ။ ကချင်နဲ့ ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင် ဆန်းနဲ့ သူ့ရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက် အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီ အကြောင်း နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအများ ကြီးရှိပါတယ်။ ဂျပန်သေ နတ်တွေ ကို နေရာ တိုင်း မှာ သုံး ခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲ ၀င်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခ မျိုးစုံပေးခဲ့တယ်။ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေး ရယူပေး ခဲ့တယ် ဆို တာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင် လူ မျိုးတွေ၊ မြောက် ပိုင်း ကချင် ရိန်းဂျား တပ် သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှု အထိမ်း အမှတ် အဖြစ် နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ် မနော ပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန် မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ တာ နှစ်လ၊ သုံးလပါပဲ။
ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်က အဓိ ကဖြစ် လာတာ ပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့က အသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီ အချိန် တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့ အထိမ်း အမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြား ခဲ့တယ်။ သူတို့ တက် လာပြီး ကျနော်တို့နဲ့ တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေး အတူတကွ ပူးပေါင်း ရယူ ဖို့ သဘော တူခဲ့ကြတယ်။
မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့ အတူ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ေ ရးထိုးခဲ့ တယ် ။  ဦနုရဲ့ အရပ်သားအစိုးရက ဒီစာချုပ်ကို လေးစားလိုက်နာခဲ့လား။
ဖြေ။ ။ (ဗိုလ်ချုပ်) အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက် လက် ထိန်းသိမ်း ခဲ့ တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော် တို့ တန်း တူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိ ခဲ့ ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေး အပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့တာကိုး။ ၁၉၄၈ အခြေ ခံ ဥပဒေအရ ဖဆပလ ကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ် ကိုင် ထား တဲ့ အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန် ကုန် အစိုးရ ကို လွှဲပြောင်းပေးခဲ့တယ်။
မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာ လို့ ဒီ အဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့် အ သတ် နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ ပါလီမန်မှာ လူ နည်း စု တိုင်း ရင်း သား အ မတ်ေ တွ  ကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံး အချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေး လိုက် တဲ့ ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေ မယ့် ဖွဲ့စည်း ပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အား မရှိ ခဲ့ ဘူး။ ဒုတိ ယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ ဘာ သာရေး ကို ခွဲခြား ထား(Separation of the Church and the State)စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒ ဘာ သာကို အသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာ သာကို ဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံ စာချုပ်မှာပါတဲ့ ကတိက၀တ်က မျှတမှုနဲ့ အခြေခံ အခွင့်အရေး - လူနည်းစုတိုင်းရင်းသားများ ကာ ကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှု နဲ့ ဒီမို ကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံ ဥပဒေ ကို သုံးပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာ ခွဲဝေ မှုဆို တဲ့ အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။အဲ ဒါကြောင့် ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင် ခဲ့တာ ပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလို ဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့ အရင်း အမြစ် က နိုင် ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေး သွားရ မှာ ပါ။
မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀  နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ ရပ် တည် ချက် ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းသွားရတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ အခြေခံရည်မှန်းချက်ကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေ အနေ ကို လိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ အမြစ် စွဲနေတဲ့ လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့ အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေး ရ ယူ ဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော် တို့ရဲ့ စစ်ရေးအင်အား၊ ခေါင်းဆောင်မှု စတာတွေကြောင့် ကျနော်တို့ရဲ့ ရပ် တည် ရှင်သန် ခွင့် အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန် တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက် ယူနီ ယံ၊ ယူဂိုဆလား ဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလို ဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံး က ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ အခြား တိုင်းရင်း သား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့ နဲ့ ပေါင်း စည်းခြင်း အားဖြင့် ကျနော်  တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီး ခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့ နောက်ဆုံး အဆုံး အစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မေး။ ။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထက်စာရင် လက်ရှိ (ဦး)သိန်း စိန် လက် ထက် မှာ ကချင်နဲ့ ဗမာ အကြား ပိုမိုအဆင်ပြေလာနိုင်မယ်လို့ ထင်ပါသလား။ ဒီမိုကေ ရစီ အသွင် ကူးပြောင်းရေး ဆိုတဲ့ အနေအထားမှာပေါ့။
ဖြေ။ ။ သိပ်မကြာတော့တဲ့ အချိန်မှာ (ဦး)သိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ အကွဲ အပြဲတွေ ဖြစ်တော့ မယ် လို့ ထင်ပါတယ်။ (ဦး)သိန်းစိန်လည်း တစ်နေ့နေ့မှာတော့ တိုင်းရင်းသားလူနည်းစုအရေးကို နားလည် လာ မှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ကတော့ ကျနော်တို့ရဲ့ အခြေအနေကို သဘောပေါက်ပါတယ်။ (ဦး) သိန်းစိန် လည်း နားလည်ကောင်း နားလည်နိုင်ပေမယ့် မတူညီတဲ့ နိုင်ငံရေးသဘောတွေကြောင့် ခက်ခဲ တဲ့ အခြေ အနေ တစ်ခု ဖြစ်နေတာပါ။ ဒီမိုကရေစီကတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် ဗမာပဲ ချုပ်ကိုင် လွှမ်းမိုး မယ့် စနစ် ပါ။ ဒါက သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းပါ။ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကို မပြင်နိုင် ဘူးဆို ရင် အချင်းချင်း ပြန်လည်သင့်မြတ်ဖို့ ခက်ခဲ လိမ့်မယ် ဆိုတဲ့ အချက် ကို မြန်မာနို င်ငံ ပြင်ပ မှာနေ ထိုင်တဲ့ သူတွေတော့ နား လည်သဘောပေါက်ကြမှာပါ။ဗမာတွေ သူတို့ ရဲ့  နိုင်ငံရေး လမ်းကြောင်း ကို ပြုပြင် ခဲ့ ရင်တော့  ကျနော်  တို့ ပြန်သင့်မြတ်ကြမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ရဲ့ အနေ အထား က ပြန် လည် သင့်မြတ်ရေး လုပ်ဖို့အတွက် ကောင်းလာမှာပါ။ ကျနော်တို့ ဗမာတွေကို မလွှမ်းမိုးချင်ပါဘူး။ ကျနော်တို့ရဲ့ သမိုင်း၊ ကျနော် တို့ရဲ့ ဖြစ်တည်မှု၊ တချိန်တုန်းက ကျနော်တို့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ ကျနော် တို့ရဲ့ တိုင်းပြည်ကိုပဲ ကာကွယ်ချင်တာပါ။
မေး။ ။ ဗမာတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ဘယ်အရာက အဓိက အတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိက အတားအဆီးကတော့ စစ်တပ်ပါ။ စစ်ဘက် အာဏာပိုင်တွေပါ။ ဒီစစ်တပ်က ဗမာ ဘုရင်တွေ ကို အစားထိုးထားခြင်းပါ။ စစ်တပ်ရဲ့ သဘောထားက ဗမာဘုရင်တွေအစား ရပ်တည်ဖို့ပဲ။ ဗမာ ဘုရင်တွေ က ကျနော်တို့ကို အရိုင်းအစိုင်းလို့ပဲ သတ်မှတ်ခဲ့ကြတယ်။ ကျနော်တို့ကို လူ လို့ တွေး မှတ် ခဲ့ကြ တာ မ ဟုတ်ဘူး။

Ref:ကချင်လူငယ်

KIO/KIA ဗဟို ဌာနချုပ် မှာပြုလုပ်တဲ့ လျှို့ဝှက်ဆွေးနွေး ချက်များ


KIO/KIA ဗဟိုဌာနချုပ်မှာပြုလုပ်နေတဲ့ KIA အင်အားဖြည့်တင်းရေးအစည်းအဝေးကပြီးဆုံးသွား ပါပြီ။ အဲဒီ မှာဆုံးဖြတ် ချက်ကို အသေးစိတ် မသိရသေးေ ပမဲ့ဆုံးဖြတ် ချက်အချို့ ကိုတော့ သိလိုက်ရပါတယ်။အဲဒါ ကတော့  
 -ကချင်ပြည်နယ်အတွင်းမှာ နေထိုင်သော လူမျိုးဘာသာမရွေး အရွယ်မရွေး တပ် သား သစ် အဖြစ် နည်း မျိုး စုံဖြင့်စုဆောင်းရန်၊
- ကချင်နိုင်ငံတော်သစ်ဖြစ်ပေါ်လာပါက KIA စစ်မှု ထမ်းများကို အခွင့်အရေးပိုပေးရန်၊
-ကချင်မှလွဲသော အခြားလူမျိုးများကို စစ်ပညာသင်ကြားပြီး သည်နှ င့်ေ ရှ့ တန်း အကျ ဆုံးသော နေ ရာ များ  တွင် တာ ၀န်ပေးရန်၊
- ရခိုင်နှင့် ကုလားများကိုသီးခြား တပ်များစုဖွဲ့တာဝန်ပေးရန်၊
-မိန်းမများကိုပါ အရံအင်အားအဖြစ် စစ်ပညာသင်ပြီးလုပ်ရည်ကိုင်ရည် ရှိသူများကို တိုက် ခိုက်ရေး တွင် တာဝန်ပေး ရန်၊
-ပညာတတ်သော အမျိုးသမီးငယ်များကို သီးခြား ထောက်လှမ်းရေးတပ်ဖွဲ့ပြီး ကချင်ပြည်နယ် မြို့ ကြီး များ သာ မက မြန်မာပြည်မြို့ကြီးများသို့ပါ စေ လွှတ်ပြီးသတင်းထောက်လှမ်းခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊
-လူမှုရေးအသင်းအဖွဲ့များဖြင့်ဆက်သွယ်လှုပ်ရှားရေးတာဝန်ပေးရန်၊အခြားေ ဒသတွင် တာဝန် ထမ်းဆောင် သူ များကို လစာငွေ ၁၀၀၀၀ိ မဖြစ်မနေပေးရန်၊ ဖားကန့်ဒေသအတွင်းတာဝန်ထမ်းဆောင်သူများကို လ စာငွေ ၇၀၀၀၀ အထိချီးမြှင့်ရန်နှင့် ထိုဒေသတွင်တာဝန်ထမ်းဆောင်သူများကို အလှဲ့ကျ လဲလှယ် တာ ၀န်ပေး ရန်၊
-KIAတွင်တပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးသောကချင်ပြည်သူ့စစ်အဖြစ်တာဝန်ထမ်း ဆောင် ဖူးသော သက်ကြီးရွယ်အိုများကိုမြို့ပေါ်ရပ်ကွက်ကျေးရွာများတွင်လူသစ်စုဆောင်းခြင်းနှင့်သတင်းထောက် လှမ်းခြင်း တာ ၀န်များပေးအပ်နိုင်ရန် ရပ်ကွက် ကျေးရွာမှရပ်မိရပ်ဖ တာဝန်ရှိ သူ များ ဖြစ် လာစေရေး ပံ ပိုးဆောင် ရွက်ရန်၊
-ထိုသို့တာဝန်ပေးရာတွင် မူလတာဝန်ထမ်းဆောင် ဖူးသောနယ်မြေများတွင် မူလ တာ ၀န် ထမ်းဆောင် ဖူးသော ရာထူးအဆင့်အတိုင်း ပြန်လည်တာဝန် ပေးအပ်ရန်၊
-အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင်ပင်လုံစာချုပ်ကိုလက်ကိုင်ထားပြီး UNFC နှင့်ချိတ်ဆက်ရွေ့ သီးခြား ကိုယ် ပိုင် လွတ်လပ်ခွင့်တောင်းဆိုရေး အချက်အလက်များပြုစုထားရန်၊
- ဆွေးနွေးပွဲမအောင်မြင်ပါက ၂၀၁၃ ခုနှစ်အတွင်းကချင်ပြည်နယ်အ၀န်း စစ်ရေးအရှိန်မြှင့်ပြီး နိုင်ငံရေးနှင့် စစ်ရေး တစ်ပြိုင်နက်တည်းဖိအားပေးရန်။အချက်များပါဝင်နေကြောင်းသိရပါတယ်။
 Ref:မောက်ကျောက်ခဲ

ဟောလိဝုဒ်မင်းသမီးတို့ ၏ခန္ဓာကိုယ် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ

ကိုယ်လုံးကိုယ်ပေါက် လှပကြည့် ကောင်းတယ် ဆိုတဲ့ ဟယ်လီ ဘယ်ရီ၊ ဟေဒီ၊ ဂျနီဖာအနစ္စတန် နဲ့ ဂျနီဖာ လိုပက်ဇ်တို့ရဲ့သူတို့ကိုယ်ခန္ဓာကိုဘယ်လိုထိန်းသိမ်းတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေ ကိုဖော်ပြလိုက် ပါ တယ်။
ဂျနီဖာအနစ္စတန်
ကိုယ်လုံးကိုယ်ပေါက် စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အစာကို ပုံမှန်စားပါတယ်။ အမျိုးသမီးအများစုရဲ့ အမှားကြီး တစ်ခုက ကယ်လိုရီတွေကို အလွန် အ မင်းဖြတ်တောက် လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ဇီဝရုပ်ဖြစ်ပျက်မှုနှေးပြီး အားမရှိသလိုဖြစ် သွားပါ တယ်။ ပုံမှန် အတိုင်း အစာပြန်စားတဲ့အခါ ကိုယ်အလေးချိန် တက်လာပါတယ်။
(၂) ဒါပေမဲ့ အစာကို ဖြည်းဖြည်းပဲ စားပါတယ်။ အစာ တစ်လုတ်စားပြီးတဲ့အခါ ဇွန်းခက်ရင်းကိုချပြီး တစ် ကနေ ၁၀ အထိ ရေတွက်ပါတယ်။ ဒါက ဦးနှောက် ကို အစာအိမ်က ဗိုက်ပြည့်နေပြီဖြစ်ကြောင်း အ ချက် ပြ ခွင့်ပေး လိုက်တာပါ။
(၃) လှုပ်ရှားမှု လုပ်ပါတယ်။ အဓိကက ပေါင်အတွင်း၊ အပြင် ကျစ်လျစ်အောင် လေ့ကျင့်ခန်းလုပ်တာပါ။ ကြမ်းပြင်ပေါ်မှာ ဖဲချပ် ၁၀ ချပ်ကို ချထားပါ။ ပြီး ရင် ဆောင့်ကြောင့်ထိုင်ပြီး ဖဲချပ်တစ်ချပ်ကို ကောက် ယူပါ တယ်။ အဲ ဒီနောက် ညာဘက်ကို ခြေလှမ်းလေး လှမ်းလောက် ရွေ့လိုက်ပါ။ ပြီးရင် ဖဲချပ်အပုံတွေ ဆီ ပြန် လာ ပြီး နောက် တစ်ချက်ကို ကောက်လိုက်၊ ညာ ဘက်ကို ခြေလှမ်း လှမ်းလိုက်..ဖဲချပ် ၁၀ ချပ် စ လုံး ကောက် ယူပြီး တဲ့အထိ ပြုလုပ်ပေးပါ။
ဟေဒီကလမ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) တင်ပါးကို ကော့ပြီး ထိုင်ထလေ့ကျင့်ပါတယ်။ဒါက တင်ပါးတင်မက ပေါင်အပြင် ပိုင်းနဲ့ ခြေသ လုံး  တွေ ကို ပါ သန်စွမ်းစေလို့ပါ။
(၂) သင့်အနေနဲ့ ကြိုးခုန်တာ၊ အလေးမတာ၊ ပြေးတာ ..ဘယ်လိုလေ့ကျင့်ခန်းမျိုးကိုပဲ လုပ်လုပ် သင့် တံ တောင် ဆစ်  နဲ့ ဒူးတွေကို ထိန်းချုပ်မထားပါနဲ့။ ဒီအ စိတ်အပိုင်းတွေကို ပျော့ပျော့ပျောင်းပျောင်း ထားရှိ လိုက် ပါ။ ဒါ မှ အဆစ်ထိခိုက်မှု မဖြစ်အောင်ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
(၃) တင်ပါးလှစေဖို့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါတယ်။ ပြုလုပ်နည်းကတော့ ၄-၁၀ပေါင်ကြား အလေး တုံးကို လက်နှစ်ဖက်ကို အဖြောင့်အတိုင်းထားကာ ခေါင်းပေါ်မြှောက်ကာ မယပါတယ်။ ပြီးရင် တတ်နိုင် သလောက်ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်။အဲဒီအတိုင်းရှေ့ကိုခြေလှမ်းနည်းနည်းရွှေ့ကြည့် တာ၊  နောက် ကို  ဆုတ် တာတို့ လုပ်ဆောင်ပါတယ်။
ဟယ်လီဘယ်ရီ
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အမြင့်တက်ပြီး လမ်းလျှောက်တာက အကောင်း ဆုံး နှလုံးသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါ က သင့် တင်ပါး၊ ပေါင်နဲ့ ခြေထောက်အောက်ပိုင်း တွေကို တင်းရင်းစေပြီး ဒူးတွေကို သန်စွမ်းစေပါတယ်။
(၂) လက်မောင်းနဲ့ ပခုံးသားတွေ သန်မာစေတဲ့ ပစ္စည်း Dumbbells ဟာ အလေးတုံး သီးသန့်တွေထက် ပို ပြီး ကြွက် သားတွေကို သန်စွမ်းစေပါတယ်။ အကြောင်းက တော့ ဒီအသုံးအဆောင်တွေက ညှိ ယူ စရာ မလို တဲ့အ ပြင် ခန္ဓာကိုယ်ကို သဘာဝကျကျ လှုပ်ရှားနိုင်စေပါတယ်။
(၃) လေ့ကျင့်ခန်းအနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လိမ်တဲ့ လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒါက ဝမ်းဗိုက်ဘေး တစ် ဖက်တစ်ချက်ရှိ အဆီပိုတွေကို လျော့ကျစေပါတယ်။ ပြုလုပ်နည်းကတော့ ဖျာတစ်ချပ်ပေါ် ဒူးကွေး ပြီး မတ် မတ် ထိုင်ပါ။ အဲဒီအနေအထားနဲ့ အနောက် ဘက်ကို အနည်းငယ်လှန်လိုက်ပါ။ ပြီးရင် ညာဘက် လက် နဲ့ ခန္ဓာ ကိုယ် ဘယ်ဘက်အခြမ်းကို ပွေ့ဖက် တာ၊ ဘယ်ဘက်လက်နဲ့ ခန္ဓာကိုယ်ညာခြမ်းကို ပွေ့ဖက် တာ ကို ၁၀ ကြိမ် ပြုလုပ်ပါတယ်။
ဂျနီဖာလိုပက်ဇ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) လှေကားတက်ရင် ခပ်မြန်မြန် တက်တဲ့နည်းကို ရှောင်ပါတယ။် ဒီနည်းဟာ ကြာကြာနဲ့ ဖြည်းဖြည်းချင်း တက် တာထက် ကြွက်သားတွေကို အလုပ်လုပ်ဖြစ်နှုန်း နှေးပြီး ကယ်လိုရီလောင်ကျွမ်းနှုန်း လည်း နည်း ပါတယ်။
(၂) အလေးမတဲ့ အကြိမ် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးမိနစ်ထက်ပိုပြီး မနားပါနဲ့။ အကြာ ကြီးနား ရင်ြွကက် သားတွေ သွေးအေးသွားပြီး လေ့ကျင့်ခန်းရဲ့ အကျိုး အာနိသင် လျော့ကျသွားနိုင်လို့ပါ။
(၃) ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လက်မောင်းတွေ ကျစ်လျစ်အောင် လုပ်ပါတယ်။ ပြုလုပ်နည်းကတော့ လက် တစ် ဖက် တစ်ချက် မှာ ၅-၈ ပေါင်ခန့်လေးတဲ့ Dumbbellကို ကိုင်ပြီး ဦးခေါင်းပေါ် ရောက်တဲ့အထိ မပါ။ ပြီး ရင် ဦးခေါင်း ဘေးကနေ Dumbbell ကို ဖြည်းဖြည်းချင်း နှိမ့်ချ လိုက်ပါ။ ဒီနည်းအတိုင်း တစ်နေ့ သုံး ကြိမ် လေ့ ကျင့် ပါတယ်။
 Ref:good health

"လိမ်တယ်ညာတယ်သမ္မတကြီးရယ်ယုံအောင်ပြောတတ်တယ်ပျိုပျိုမေကိုချစ်ပါဘဲနဲ့ ကော်မရှင်ထဲထည့်တယ်"


နောက်တခါလာပြန်ပြီဟေ့။စုံစမ်းရေးကော်မရှင်ဆိုပါကလား။အားရစရာကြီးဗျ။ကျွန်ုပ်တို့တိုင်းပြည်မှာအခုလို စုံစမ်းရေးကော်မရှင်ဆိုသဟာကြီးတွေဟာမကြာမကြာ ပေါ်လို့၊ ပေါ်လိုလာတတ်သဗျ။ ဘာ့ကြောင့် များ စုံ စမ်းရေးကော်မရှင်ဆိုတာကြီးတွေ လုပ်လုပ်နေရသတုန်းလို့ မေးရင် ခင်ဗျားတို့ လူ ထု က တောင်း ဆို တာ ကိုးလို့ ပြောမယ်ထင်ရဲ့။ နိုင်ငံတကာမှာလည်း ဒါမျိုးလုပ်ကြတာပဲလေလို့လည်း ပြောမယ်ထင်ပါရဲ့။ ဟုတ် တာပ။အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားရေးကပ်ဆိုက်တော့ ဘဏ်တွေ၊ အိမ်ယာမြေ လုပ် ငန်းတွေ ကို စီးပွားရေးကပ် စုံစမ်းရေးကော်မရှင်ဆိုတာ ဖွဲ့ပြီး စုံစမ်းကြရဲ့။ ဗြိတိန်နိုင်ငံမှာလည်း လွှတ်တော် အမတ် ဆို တဲ့သူတွေက ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တော့ စုံစမ်းရေးကော်မရှင်ဆိုပြီး လုပ်လား လုပ်ကြ၊  ဒီတော့ ဒို့မြန်မာကလည်း အားကျမခံပေါ့လေ။
နို့ပေတဲ့ဗျာ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့ ဆိုရပေချိမ့်လော မသိပေါ့လေ။ ကျွန်ုပ်တို့လို အခါ ခါ သေ ဖူး လို့ ပျဉ် ဖိုး၊ သံဖိုးသာမက၊ ရဝတကို ပေးရတဲ့ စာရွက်စာတမ်းဖိုးပါ နောကျေအောင် သိနေတဲ့ လူမျိုးတွေ ကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်ပြန်ပြီဟဲ့ ဆိုတဲ့ အသံများကြားရင်ကို ကျောထဲ စိမ့်စိမ့်သွားလေရဲ့။ စိမ့် တာ လည်း မပြောနဲ့လေ။ ကျွန်ုပ်တို့ဆီမှာ ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင် ဆိုတာများဟာ ဟုတ်တာမှန်တာများ ဘယ် တုန်းက ပြောဖူးလို့တုန်း။“သူတို့ဟာ စုံစမ်းရေးကော်မရှင်ဖွဲ့တယ်ဆိုတာ တကယ်တော့ စုံ စမ်းစေ ချင် လို့မှ မဟုတ် တာကပဲ။ မကျေနပ်တဲ့သူတွေကို အချိန်ဆွဲလို့ရအောင် နှစ်သိမ့်လို့ရအောင် လုပ်တဲ့ နည်း ဗျူဟာ ကြီးပါကလား။ အမြဲတမ်း၊ အမြဲတမ်း သူတို့ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင်ဆိုတာတွေကို ကြည့်လိုက်ရင် အဆုံး မတော့ ရည်ရွယ်ချက်က ဂလိုကိုးဗျ။” ၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်းဖြစ်တုန်းကလည်း ဒီလိုပဲ စုံစမ်းရေးကော်မရှင်ဆိုတာကြီး ဖွဲ့ခဲ့သေးပါသော်ကော။ အဲဒီစုံစမ်းရေးကော်မရှင်ဆိုတာကြီးက ဘာပြော တုန်း။ ကျောင်း သားတွေကို မထိအောင် မြေကြီးပေါ်ရှပ်ပစ်တာဆိုပဲ။ မှန်လိုက်သမျှကလည်း စုစုပေါင်း ငါးယောက် လား ခြောက်ယောက်လားဟာ နောက်ကျောတို့ ဝမ်းပိုက်တို့မှာချည်းဗျ။ အဲဒီစုံ စမ်းရေးကော် မရှင် အစီ ရင်ခံစာကြီး ဖတ်ပြီးမှ အော် … သေနတ်မှန်ခံကြရတဲ့သူတွေဟာဖြင့် မြေကြီးပေါ် ဝပ်ရှောင် တဲ့ သူတွေ ပါလားလို့ အတွေးအသစ်၊ အမြင်သစ်၊ သေနတ်ပစ်တိမ်းရှောင်နည်း သင်ခန်းစာသစ်တွေ ရလာ ခဲ့သ ကိုး။ ဒီလိုအတွေးအသစ်၊ အမြင်သစ်တွေကြောင့် နောက်နောင် အရေး အခင်းဖြစ်လေ တိုင်း မှာ မြေကြီးပေါ် ရှပ်ပစ်မယ်အထင်နဲ့ ခုန်ဆွခုန်ဆွ လုပ်နေတတ်သူဟာ တခြားသူဟုတ်ပါရိုးလား။ ကျွန်ုပ် လှမောင် ဟန်ပင် ဖြစ်တော့သည်တကား။
တလော ကလည်း ရခိုင်အရေး စုံစမ်းရေးကော်မရှင်ဆိုလား ဖွဲ့လိုက်ပါသေးရော။ ရခိုင်တပြည်လုံး မီးတွေ သာ  တဟုန်းဟုန်း တောက် သွားပါလေရော။ သူ့စုံစမ်းရေးက ပြီးကို မပြီးနိုင်ဘူး။ စုံစမ်းရေးကော်မရှင်များ မီးထဲ ပါသွားသလားမသိ။
ခုတခါ လာပြန်ပြီ။ စုံစမ်းရေးကော်မရှင်တဲ့။ စုံစမ်းတာကတော့ ဟုတ်ပါပြီ။ ပြူစောထီးတွေကို ဖွင့်ချထားတဲ့ ဦး ဘဂျမ်း ကာတွန်းလိုပဲ၊ ညက လာတိုက်တဲ့ ဓားပြကလည်း သူ၊ အမှုစစ်ဆေးမယ့်သူကလည်း သူ ဆိုတော့ ခက်ဖူး လားနော့။ အဲတဲ့ … နို့ပေတဲ့ပေါ့လေ။ ဆင်တကောင်လုံးကြီးတွေ့နေမင့်ဟာ၊ ဆင့်အီးအီး ရှာရ ဦး မယ် ဆိုတော့ … ကျွန်ုပ်ဖြင့် ဦးနှောက်စားလို့ မဆုံးပါပေ။ ဘယ့်နှာပါလိမ့်ပေါ့နော။ သူတို့ဟာ စုံစမ်းရေးကော် မရှင်ဖွဲ့တယ်ဆိုတာ တကယ်တော့ စုံစမ်းစေချင်လို့မှ မဟုတ်တာကပဲ။ မကျေ နပ် တဲ့ သူတွေ ကို အချိန်ဆွဲလို့ရအောင် နှစ်သိမ့်လို့ရအောင် လုပ်တဲ့ နည်းဗျူဟာကြီးပါကလား။ အမြဲတမ်း၊ အမြဲ တမ်း သူ တို့ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင်ဆိုတာတွေကို ကြည့်လိုက်ရင် အဆုံးမတော့ ရည်ရွယ်ချက်က ဂလို ကိုး ဗျ။ အခု လက်ပံတောင်းအရေးကြီးမှာ အဓိက အရေးကြီးဆုံး စုံစမ်းရမှာက သံဃာတွေကို မိုက် မိုက် ရိုင်း ရိုင်း မီးလောင်တိုက်သွင်းတဲ့လူ ဘယ်သူလဲ ဆိုတဲ့အချက်မဟုတ်လား။ အဲဒါကို အသိဆုံးလူက xxxxxx က လွဲ ပြီး ဘယ်သူရှိနိုင်ဦးမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ကြည့်ကြည့်၊ သူတို့ စစ် အာဏာ ရှင်တွေ ရဲ့ အထက်အောက် အဆင့်အတန်းအရပဲ ကြည့်ကြည့် xxxxxx မသိဘဲ ဘာမှ လုပ် လို့မရ ဘူး ဆို တာ အသေ အချာပေါ့။ မြေကြီးလက်နဲ့ခတ်တာကမှ လေယာဉ်ပေါ်ရောက်နေရင် လွဲချင်လွဲဦးမလေ။ xxxxxx အမိန့် ကို ကျော်ပြီး လွန်လွန်ကျူးကျူး ဖောက်ဖောက်ပြားပြား သရော်မော်ကား လုပ်ရဲ တဲ့ကောင် များ ရှိရင်လည်း ဘာခက်သတုန်း။ အများပြည်သူသိအောင် ပြည်သူ့ရှေ့မှောက်မှာ ခုံရုံးဖွင့် အရေး ယူ လိုက် ရုံသာ ပ။ ရိုးရိုးသားသားသား လုပ်ချင်ကြတယ်ဆိုရင်ပေါ့လေ။ ခုတော့ ဟုတ်ပေါင်ဗျာ။ သမ္မ တဂျီး က ပဲ ကော် မရှင်ဖွဲ့ပြီး စုံစမ်းခိုင်းဦးမတဲ့။ ပြောလိုက်ပြန်တော့ အိုးနင်းခွက်နင်း၊ လုပ်လိုက်ပြန်တော့လည်း ဦးနင်း ပဲ့ထောင်။  မီးလောင်ဗုံးနဲ့ ပစ်ပြီး နောက်တနေ့မှာ ကြေညာချက်ထုတ်လိုက်ပါသေးလား။ မီးလောင်ဗုံး မသုံး ပါဘူး တဲ့၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနဲ့ အညီပါ ...တဲ့။ အော် … သူတို့ ဒီမိုကရေစီဆိုတာ ဒါမျိုးပါလားလို့ အား လုံး နားလည်လိုက်တဲ့ အချိန်မှာ ဟော … မဟုတ်ပြန်ဘူးတဲ့ဗျ။ အဲဒီကြေညာချက်ကြီး ရုပ် သိမ်း လိုက်ပြန်ရော တဲ့။ ဘာလဲဟ။
အရင်တုန်းက ပြောနေကျအတိုင်း ပြည်သူတွေက ကျနော်တို့ကို ယုံ ကြည် ပြီး ရွေးကောက် တင်မြှောက် ထား တာဖြစ်လို့ ပြည်သူလူထုကြီး တခဲနက် ဆန္ဒမဲပေးထားတဲ့ အခြေခံဥပဒေကြီးနဲ့အညီ ပြည်သူတို့ရဲ့ သဘော ဆန္ဒအတိုင်း သံဃာတော်တို့ကို မီးလောင်ဗုံးနဲ့ လောင်မီးတိုက်လိုက်ရပါကြောင်းလို့များ မိန့် ခွန်းတွေ ဘာတွေ ထွက်ပြော ဦးမလားတောင် ထင်မိသေး … အောင်မယ် … ဒါမျိုးကျတော့ အရူးပါးဗျ၊ ဘာ သံ မှ ထွက်မလာဘူး။ ငြိမ်ချက်သားကောင်းနေလိုက်ပုံများ အသက်မှ ရှိသေးရဲ့လား အောက်မေ့ရ။ ဟော … ဟော ... ပြောင်းပြန်ပြီဗျ။ ပြောင်းပြန်ပြီ။ ကော်မရှင်ထဲက လူတွေကလည်း အရင်လူတွေ မဟုတ်တော့ ဘူးတဲ့ ခင်ဗျ။ ကော်မရှင် ရဲ့မစ်ရှင်ကလည်း အရင်လို မဟုတ်တော့ဘူးတဲ့ဗျ။ ကဲ … ကဲ … ထား ပါတော့လေ။ လူတွေကို သဘော တူညီချက် ဘာညာ မမေးမမြန်းဘဲ တွေ့ကရာ ကောက်ဆွဲပြီး လုပ် ချင် ရာ လျှောက် လုပ်ထား တာမို့လို့ ကာယကံရှင်တွေက သဘောမတူလို့ ပြင်ရတယ် ထားပါတော့။ အဲ … မရိုးဖြောင့် လိုက်ပုံက နောက်ပြန်ဖွဲ့တဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေထဲမှာ သံဃာတော် များ ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဆိုတာ ပါမလာတော့ဘူးဗျ။ ဆန္ဒဖော် ထုတ်ရ သည့် အကြောင်း ရင်းများ ဆိုတာလည်း ပါမလာတော့ဘူး။ ဒါက ဘာသဘောလဲ။ ဘာ့ကြောင့် ချန် လိုက် တာ လဲ။ ဘာမှလည်း ရှင်းမပြပါလား။ ခင်ဗျားတို့ xxxxxx က နံတယ်ဗျာ။ ခင်ဗျားတို့လူကြီးက ယုံအောင် လည်း ဖြီးတတ်တယ်။ ကျွမ်းအောင်လည်း ရှို့တတ်သဗျ။ ခင်ဗျားတို့ပေးတဲ့ ဒီမိုကရေစီက ညှီစော် နံ တယ်။  သွေးညှီစော်၊ အသားညှီစော်၊ ဘာဘီကျူးစော်နံသဗျာ။တကယ်တော့ ခင်ဗျားတို့ ပြောနေတဲ့ xxxxxx  ဆို တာ လက်စသပ်တော့ ကြောင်သူတော်ကြီးပါလား။ အမေရိကန်ရှေ့ကျတော့ မခုတ် တတ် တဲ့ ကြောင်လေး လို။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ၊ အမေရိကန်သမ္မတရှေ့တို့ရောက်တော့ ကျွန်စုပ် တဲ့ သရက်စေ့ လို ကုပ်ကုပ်ကလေး။ ကျုံ့ကျုံ့ယုံ့ယုံ့ကလေး။ ကျို့ကျို့ရို့ရို့ကလေး။ လူကွယ်ပြီ၊ လူ လစ်ပြီ လား ဆို ရင်ဖြင့် သေ နတ်နဲ့ ပစ်ချင်၊ ဗုံးနဲ့ ပစ်ချင်တဲ့ ခွေးမြီးကောက်က ဖြောင့်ကို မဖြောင့်နိုင်သေးဘူး။ ခုလည်း ဖွဲ့လိုက် တဲ့ ကော်မရှင်က ကြည့်ဦး။ အဓိက လက်ရင်းလက်သည်လို့ အများ ယုံကြည် ကြ တဲ့ ပြည် ထဲရေး နဲ့ ကာကွယ်ရေးတွေက ပါလိုက်သေး။ သူတို့ကို စုံစမ်းပါမယ်ဆိုမှ သူတို့ကို ထည့်ထားတာက ဘယ် လို တုန်း ဗျ။ ဒါလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီလား။ သူခိုးကိုမှ ဓားရိုးကမ်းရက်ပါပေ့ သမ္မတဂျီး ရယ်။ ကျန် တဲ့သူတွေလည်း ကြည့်ဦး။ သူတို့ ခိုင်းတာမလုပ်ရင် အလုပ်ပြုတ်မှာ ကြောက်နေရမယ့် ဗျူရို ကရက်ကြီး များက ငါးယောက်၊ တကြိတ်တည်း တဥာဏ်တည်း၊ တအိုးတည်းစား၊ တခွက်တည်းစား ဒီပုပ် ထဲ က ဒီပဲများဖြစ်ကြတဲ့ ကြံ့ဖွတ်အလိုတော်ရိ အမတ်ကြီးများက သုံးယောက်၊ လူ့အခွင့် အရေး ချိုးဖောက် ကျူးလွန် မှုမှန်သမျှ ဆင်ခြေရှာပြီး အကာအကွယ်ပေးလေ့ရှိသော စစ်ကျွန် လူ့အခွင့်အရေးကော်မရှင်က တယောက်၊ ဒီ လူတွေ ခြံရံတင်းကျပ်ထားပြီး ရွာသားနှစ်ယောက် သုံးယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဤရွေ့ ဤမျှ လွတ်လပ် အနှောင်အဖွဲ့ကင်းလှသော အနှီစုံစမ်းရေး ကော်မရှင်ကြီးကနေ မည်သို့သော ထူး ထူးခြားခြား တွေ့ ရှိချက်များ ထွက်ပေါ်လာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ရအံ့နည်း။ ဟိုသီချင်းထဲကလိုပေါ့ သမ္မတဂျီး ရယ်။ “လိမ်တယ် ညာတယ် သမ္မတဂျီးရယ် ယုံအောင်ဖြီးတတ်တယ်၊ ပျိုပျိုခင်ကို ချစ်ပါ ဘဲ နဲ့ ကော် မရှင်ထဲ ထည့်တယ်” ဆိုတာမျိုး ဖြစ်နေပါပေါ့လား။ ဒီကော်မရှင်ဟာ ကြောင်သူတော်ကြီး ညှစ် ထုတ် လိုက် တဲ့ ပျော့ပျော့လေးနဲ့ နံမယ့် ကြောင်ချေးပဲဆိုတာ အပွေးမြင်ရုံနဲ့ အပင်သိနိုင်ပြီးသားပါ။ ဒါပေမယ့် xxxxxx ဘယ်လောက်နံနံ မထွေးနိုင်၊ မအံနိုင်ကြဘဲ နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင် လုပ်ချင်နေ သူတွေကလည်း ပေါမှပေါ၊ များမှများပါ။ ဟိုလူကြီးတွေက အာဏာပြန်သိမ်း လိုက်ရမလားဆိုပြီး မျက် လုံးပြူးပြလိုက်ရင်၊ အမလေး ကြောက်လှချည်ရဲ့ လန့်လှချည်ရဲ့ အာဏာတော့ မသိမ်းလိုက်ပါနဲ့ သတ်ချင် သတ်၊ ဖြတ်ချင်ဖြတ်၊ လုချင်လု၊ ယက်ချင်ယက်သွားကြပါ၊ အာဏာတော့ မသိမ်းလိုက်ပါနဲ့ ဆို သူတွေကလည်း အနမတဂ္ဂ။ ထားပါတော့လေ။ သူတို့ကိုတော့ အပြစ်မတင်တော့ပါဘူး။ အော် … သူတို့မှာက မမြဝင်းရောဂါကြီးနဲ့ကိုး။
ကိုးကား။ လှမောင်ဟန်(ဖေ့ဘွတ်)

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ကြေငြာချက်နှစ်ခု ဘယ်လိုနားလည်ရမလဲ??


Monday, December 3, 2012

ကချင်အမျိုးသားများအတွက်တဲ့ 

 
 
 
 
 
နန်းသီရိမောင်၏ လှလှပပ ဖော်ချွတ်ထားပုံများသည် ယောကျာင်္းသားများစွဲမက်စရာပါ။ သို့သော် ရိုရာ ယဉ်ကျေး မှုနဲ့မပိုက်ပေမယ့် ကျန်မာရေးရူထောင့်အရ မိန်းကလေးရဲ့ရင်သားလှလှပပ ကိုကြည့်နေ ရသော  ယောကျာင်္းလေး များအသက်ရှည်တယ်လို့စာစောင်တစ်ခုမှာတွေ့လို့ ကျွန်တော်တို့ ကချင် လူငယ်လေး များ အသက်ရှည်စေချင်သောဆန္ဒနဲ့တင်ပေးလိုက်ချင်းဖြစ်ပါသည်။ 
Ref:ကချင်နေ့ စဉ်သတင်း

ရခိုင်မှာလည်းဒီလိုရှိတယ်

ခုလို ဖမ်းဆီးမိခဲ့တာကို ရဲကျွန်းမှာ ခုတလော ရခိုင်ကမ်းရိုးတန်းမှာ လှေစီးပြီး မလေးကို ထွက်ခွာသွားကြတဲ့ လူတွေ လို့ ယူဆရတဲ့ သူတွေကို ဖမ်းဆီး ရမိတာတွေ များလာနေတဲ့ အတွက် ဒေသခံတွေ အကြား မှာ လည်း  စိုး ရိမ်မူတွေ တိုးလာနေတယ်လို့ သိရပါတယ်။
လွန်ခဲ့ တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စက်လှေပျက် တစ်စီးနဲ့ အတူ ကျောက်ဖြူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံသား ၄၇ ဦးကို အာဏာပိုင် တွေက စက်ကို ပြင်ဆင်ပေးကာ အစားအသောက်တွေနဲ့ အတူ ပြန်လည် နှင်ထုတ်အပြီးမှာ နောက်ထပ် ပင်လယ်ထဲက ရေကူး တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား လို့ ယူဆရတဲ့ သူ ၂ ဦးကို မာန်အောင်မြို့နယ် အပိုင် ရဲကျွန်းမှာ လွန်ခဲ့တဲ့ တစ်ရက်က ဖမ်း ဆီး မိခဲ့ ပါ တယ်။
ခုလို ဖမ်းဆီးမိခဲ့တာကို ရဲကျွန်းမှာ တည်ရှိတဲ့ မြောက်ပိုင်းရွာက အမျိုးသမီး တစ်ဦးက အခု သံသ ယ ဖြစ် ဖွယ် ရာ လူနှစ်ဦးကို ဖမ်းမိခဲ့တဲ့ ရဲကျွန်းဟာ မာန်အောင်မြို့နဲ့ ဆိုရင် စက်လှေနဲ့ ၂ နာရီခန့် သွားရပြီး ကျွန်းပေါ် မှာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ တောင်ပိုင်းရွာနဲ့ မြောက်ပိုင်းရွာ နာမည်နဲ့ ရခိုင် ရွာနှစ်ရွာ ရှိတယ်လို့ ဆို ပါ တယ်။
ပင်လယ်ထဲမှာ သီးခြားတည်ရှိနေတဲ့ အတွက် လုံခြုံရေးကို အထူး စိုးရိ မ်နေ ကြ တာကြောင့်  ကျေး ရွာ သားတွေ ဟာ သူတို့ရွာတွေရဲ့ လုံခြုံရေးကို သူတို့ တာဝန်ယူထားရတယ်လို့ ရဲ ကျွန်း  ဒေသခံ အမျိုးသမီး တစ် ဦး က ပြောပါတယ်။အခု တလော ရခိုင်ဘက်မှာ ဖမ်းဆီးရမိတဲ့သူတွေဟာ မလေးကို လှေစီးပြီး ခိုးသွား ကြတဲ့ သူတွေလို့ လူတွေက ယေဘူယျ လက်ခံ ထားကြပေမယ့် ရခိုင် ပဋိပက္ခ နဲ့ ဆက်စပ်သူတွေ ဟုတ် မဟုတ် ဆို တာကို ခွဲခြား မသိနိုင်တဲ့ အတွက် ဒေသခံတွေဘက်က စိုးရိမ်မူ တိုးပွားနေကြတာ ဖြစ်ပါတယ်။
ဒါပြင် မြန်မာ ရေပိုင်နက်ထဲထိ ၀င်ရောက်လာတဲ့ သူတွေကို ရေတပ်ကရော၊ တခြား လုံခြုံရေး တပ်ဖွဲ့ ၀ င်တွေ က ဖမ်းဆီးမိတာ မဟုတ်ဘဲ ဒေသခံတွေက ဖမ်းဆီးပြီး အာဏာပိုင်တွေရဲ့ လက်ကို အပ်ရတဲ့ အ တွက် မြန်မာ နိုင်ငံရေးရဲ့ ကမ်းရိုးတန်း ဒေသ လုံခြုံရေး နဲ့ ပတ် သက်ပြီး လည်း ဒေသ ခံတွေ အကြား မှာ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့လည်း သိရှိရပါတယ်။
Ref: BBC

တကျော့ပြန်ဘင်္ဂလီတွေရဲ့  လုပ်ကြံသတ်ဖြတ်မှု

မင်းပြားမြို့နယ်၊ သေကန်ကျေးရွာနေ (ဘ)ဦးကျောက်စိန်အောင်၏သား ဦးမောင်သိန်းနု (၄၉)နှစ်သည် ၂-၁၂-၂၀၁၂ နေ့ ညနေ (၃း၄၅) နာရီအချိန်တွင် နရမ်းကျေးရွာမှ မိမိကျေးရွာသို့အပြန် လမ်းခရီး တွင် ရှိ သည့် စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(မွတ်ဆလင်)ကျေးရွှာမှ ကု လား အယောက်(၂၀)ခန့်သည် တုတ်၊ ဓားများဖြင့် ရောက်ရှိလာကာ ဦးမောင်သိန်းနုအား စတင် ခုတ်ဖြတ် သတ် ရာ မှ ပြန်လည်ခုခံယင်း ဒဏ်ရာပြင်ထန်စွာရရှိကာ မိမိကျေးရွာ သို့ ထွက်ပြေး လွတ်မြောက် လာပြီး ကျေး ရွာမှ သက်ဆိုင် ရာလူကြီးများအား အသိပေး တိုင်ကြားရာမှ ကျေးရွာသူ/သားများမှ မင်းပြားဆေးရုံသို့ အမြန် ပို့ဆောင်ပေးခဲ့ပါသည်။ ဦးမောင်သိန်းနုမှာ ဓါးဒဏ်ရာ များကြောင့်သွေး ထွက်မှု အလွန် များပြားနေ သဖြင့် သတိကောင်းစွာမရရှိဘဲမင်းပြားဆေးရုံတွင် အတွင်း လူနာအဖြစ် အရေးပေါ်ဆေးကုသမှုခံယူနေေ ကြာင်း မျက်မြင် သိရှိရပါသည်။

MPT အတွက်လက်ဆောင်

Ref:from facebook

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ သမိုင်းကြောင်း

မြန်မာ့စီးပွားရေးနှင့် ဦးပိုင် အတွက် သိထားရမယ့် အချက်အလက်သမိုင်းတွေ ဒီမှာလာဖတ်ပါ ဒါတွေက သိထားရမယ် သိမ်းထားရမယ် ဂျပန်ကတီဗွီမှာလာသွားတယ်အကုန်လုံးမသိလိုက်ဘူး နီးစပ်ရာကို မှီ သလောက်ပြ ထားပါတယ် ။အပြည့်အစုံကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
Ref: tunwai

နှိပ်စက်ခံလူကုန်ကူမှုမှတ်တမ်းဗီဒီယို

MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည် ကြည်နှ  င့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းနှင့် လာအိုနိုင်ငံမှ လူ ကုန်  ကူး  ခံရသူ အမျိုးသမီး ဗာဆာနာတို့၏ မချိမဆံ ခံစားခဲ့ရသောအတွေ့အကြုံများကို မှတ်တမ်း တင် ထား ပါ သည်။ အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိ သတ် များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်းအဝိုင်းအဖွဲ့အစည်းများကို တင်ဆက်ပေးသည်။ တစ် ချိန် တည်းပင် လူငယ်များအနေဖြင့် ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့ မိသား စုဝင် များ ကိုသော် လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့်သို့မည်ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သ ရုပ်ပြ တင် ဆက် သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူးအွန်မာရမ်မီနှင့် လူကုန်ကူးမှု ဆန့် ကျင်ရေး တွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေသီရှိန်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများမှာ စိတ် ဝင် စား ဖွယ်ကောင်း  လှသည်။ ယင်းတွေ့ ဆုံမေးမြန်းခန်းများတွင် လူကုန်ကူးမှု တိုက် ဖျက်ရေး အ တွက် မြန် မာနိုင် ငံ   အတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ ဖြစ်ပျက်လျက်ရှိသော အလွန်အရေးကြီးသည့် လူ  မှု  ဆိုင်ရာအမည်းစက်နှင့် ပတ်သက် လျက် ရှိသောြ ပဿာ နာ များ ကို  ဖြေ ရှင်း ရန်  ဆောင် ရွက် ရ  မည့်  အရာ  များကို တင်ပြ သွား ကြသည်။
 Ref:7day news journal

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုအပေါ်KIO ရဲ့ သဘောထားထုတ်ပြန်ချက်

Ref:7day news journal


တနေ့ တခြားတိုးတက်လာသောမြန်မာနိုင်ငံ၏မင်းမဲ့စရိုက်ဆန်မှုများ

လှိုင်မြို့နယ်သီရိမင်္ဂလာဈေးသို့လာရောက်သည့်ကားများ၊ဈေးသည်များအားလူမိုက်အဖွဲ့များကခြိမ်းခြောက်  ၍ တရား  မ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ် တိုင် ကြုံတွေ့ နေ ရသူများက ပြောကြားခဲ့သည်။
လူမိုက် အဖွဲ့များအနေဖြင့် ဈေးသို့လာသည့်ကားများကို ကားပါကင် ကြေးကောက်ခံခြင်း၊ ပျံကျဈေး သည် များ အား ရောင်းချခွင့် နေရာအတွက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး ၄င်းတို့ကောက် ခံသည့် အခါ တွင် ပြေလည်စွာ မဆက်ဆံပါက ခြိမ်းခြောက်မှုများနှင့် ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း ကိုယ် တိုင် ကြုံ သူများက ပြောကြားခဲ့သည်။
သီရိမင်္ဂလာဈေး၌ ဆိုင်ခန်းဖွင့်လှစ်ထားသူ ကိုကျော်က''ကျွန်တော်က ရှမ်းပြည်နယ် ပင်းတယ ဘက် ကနေ ဂေါ်ဖီ ၊ ဂေါ်ရခါးသီး၊ ပန်း စတဲ့ပစ္စည်းတွေကို သီရိမင်္ဂလာဈေးမှာ ပြန်လည်ရောင်းချတာပါ။ ကားပါ ကင်ကြေး အနေ နဲ့ စည်ပင်အဖွဲ့ကိုလည်း ပေးရတယ်။ ဒါ့အပြင် လူမိုက်အဖွဲ့တွေက တစ်စီးကို ကျပ် သုံးထောင်နှုန်းနဲ့ ကောက်ပါတယ်။ မပေးလို့လည်း မဖြစ်ဘူး။ ဈေးမှာက သက်ဆိုင်ရာ တာဝန်ရှိသူတွေထက် အဲဒီ လူမိုက်တွေပြီးမှ အားလုံးအဆင်ပြေနေတဲ့ သဘောရှိတယ်။ ဈေးသည်တွေအများစုက ဒီဈေးကြီးကို အနက်ရောင် နယ်မြေလို့တောင် သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်ပင်ကကောက်တဲ့ အခွန်တွေပေး ရတဲ့အပြင် လူမိုက်တွေကောက်တဲ့ ဆက်ကြေးလည်း ပေးနေရပါတယ်'' ဟု ကိုယ် တိုင် ကြုံတွေ့ ခဲ့ရမှုကို ပြောပြခဲ့သည်။
ပျံကျဈေးတန်းတွင် ခရမ်းချဉ်သီး ရောင်းချသူ ဒေါ်နီက ''ကျွန်မက ဈေးထဲမှာ ဆိုင်ခန်းရှိပေမယ့် ကျဉ်း တဲ့ အ တွက် ပျံကျဈေးတန်းမှာ နေရာယူပြီးတော့ ရောင်းချတာပါ။ စည်ပင်ကို တစ်ရက်ကျပ်ငါးရာကနေ တစ်ထောင် ကြား ပေးရတယ်။ လူမိုက်အဖွဲ့ကိုတော့ တစ်ရာသီစာလုံးအနေနဲ့ ကျပ်နှစ်သိန်းပေးရတယ်။ လွန် ခဲ့ တဲ့ နှစ်လတုန်းကလည်း ပျံကျဈေးသည်တစ်ဦးကို လူမိုက်အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံ လာတောင်းတော့ အမြတ်မရသေးလို့ မပေးနိုင်သေးဘူးလို့ ပြောလိုက်တော့ သူတို့က ၀ိုင်း ရိုက်နှက် သွားပါတယ်'' ဟု ဆိုပါသည်။
လူမိုက်အဖွဲ့အနေဖြင့် ယင်းကဲ့သို့ တရားမ၀င် ငွေကြေးကောက်ခံရာ၌ လွယ်အိတ်၊ ခါးကြား စသည့်နေ ရာ များ တွင် ဓားများထည့်ထားပြီး ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရ သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပိတောက်ချောင်းရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်ကျော်ဆင့်က ''ကျွန်တော် သိရသလောက်ကတော့ သီရိမင်္ဂလာဈေးဝင်းအတွင်းမှာ လူမိုက်အဖွဲ့ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိ တယ်။ ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ခြိမ်းခြောက်တောင်းဆိုမှုတွေက နေ့တိုင်းလို ရှိနေပါတယ်'' ဟု  ပြောပြ ခဲ့သည်။
ဈေးအတွင်း ရာသီပေါ်သီးနှံများကို ပွဲစားအဖြစ် လုပ်ကိုင်သူ ကိုထိုက်က ''နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီလောက် က ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးကို လူမိုက်တွေက နေရာရွှေ့ပေးဖို့ ယာဉ်မောင်း ကို  ပြော  တဲ့အခါမှာ ယာဉ်မောင်းက သူတို့ကို လူမိုက်တွေမှန်းမသိတော့ အိပ်ရေးပျက်နေလို့ အသံ မာမာ နဲ့ ပြန်ပြော တဲ့အခါ အဲဒီလူမိုက်တွေက ၀ိုင်းပြီးထိုးကြိတ်ခဲ့ကြပါတယ်။ ကားပါကင်ကြေး တောင်းတဲ့အခါမှာ ဒီအကြောင်းတွေ ကို မသိတဲ့ ယာဉ်မောင်းတွေက မပေးတဲ့ ဖြစ်စဉ်တချို့တွေမှာ အဲဒီလူမိုက်တွေက ကား မှန်တွေ ကို ရိုက်ခွဲတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးသည်တွေ အများစုကတော့ ဒီဈေး အနီး တစ်ဝိုက် က တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ပဲ သုံးသပ်ကြပါတယ်။ ဒီလို မျိုးဖြစ် စဉ်တွေ က  နေ့တိုင်းလိုလို ဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း သိနေ တယ်။  ဒါတွေ ကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟု ပြောခဲ့သည်။
သိရိ မင်္ဂလာဈေးမှ တာဝန်ရှိသူတစ်ဦးက ''လူမိုက်တွေ အများစုက ဈေးရုံအတွင်းထက် ပျံကျဈေး သည်တွေ ကို အားကိုးပြီး ရပ်တည်နေကြတယ်။ အဲဒီလူမိုက်တွေကိုလည်း စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘာမှ မပြောရဲကြဘူး။ ကျွန်တော်အနေနဲ့ သွားပြီးထိန်းသိမ်းရင်လည်း လူမိုက်တွေက ဓားထောင်ပြီး ခြိမ်းခြောက် ပါတယ်။ ဈေးသည်တွေက လူမိုက်တွေအပြင် သူတို့လက်သပ်မွေးထားတဲ့ ကလေးတွေ ကို လည်း ကြောက်နေရပါတယ်။ ဈေးလုံခြုံမှုအတွက် အခုချထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားထက် ပိုပြီးတော့ ချထား သင့်ပါတယ်'' ဟု ဆိုပါသည်။
လူမိုက်များက ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံမှု ဖြစ်စဉ်များကို ညပိုင်းအချိန်များနှင့် နံနက်စော ပိုင်းများ တွင် ပိုမိုဖြစ် ပွားကြောင်း သီရိမင်္ဂလာဈေးမှ တာဝန်ရှိသူက ဆိုပါသည်။
Ref:elevenmedia

သရုပ်ဆောင်ချောရတနာရဲ့ မင်္ဂလာပွဲ

 
 
 

 
ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ကိုဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀ အချိန် တွင်  ဆီဒိုး နားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပန်းကြဲအဖြစ် ၀တ် မှုံရွှေ ရည်၊ပန်းကုံးဗန်းကိုင် ယုသန္တာတင်၊မင်္ဂလာလက်စွပ်ဗန်းကိုင်အဖြစ် ၀ါဆိုမိုးဦးနှင့် မင်္ဂလာသတို့သား / သမီးအရံအဖြစ် ကောင်းပြည့်နှင့်အွန်ဆိုင်း၊ဆန်းတိုးနိုင်နှင့် Mဆိုင်းလူတို့က ပါ ၀င်ဆောင် ရွက်ပေး ခဲ့ကြ ပါ တယ်။
Ref: powpularnews

လိင်ကိစ္စဦးစားပေးရေးသားသော ညို့မဂ္ဂဇင်း

 စာနယ်ဇင်းကျင့်ဝတ်နှင့်မကိုက်ညီဘဲ ပုံနှိပ်ထုတ်ဝေသော ညို့မဂ္ဂဇင်း