468x60 Ads

Tuesday, December 4, 2012

KIA ကြောင့် မိုးညှင်းဒေသခံများအခက်တွေ့ နေ..

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်း နေထိုင်သူများထံမှ တစ်အိမ်ထောင်လျှင် ဆန် (၂)တင်းနှင့် ဆား (၂) ပိ သာ KIA(104)ဗျူဟာ တပ်သို့ ပေးဆောင်ရန် စာပို့ထားကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်း စင် ပပျောက်ရေး အဖွဲ့ထံက သိရှိရသည်။"KIA (104)ဗျူဟာတပ်က နမ္မားမှာရှိတဲ့ အုပ်စု (၆)အုပ်စုကို ဆန် နဲ့ ဆား တောင်းတယ်။ ဖားကန့်ကလည်း အလုပ်လုပ်ဖို့ အခက်ခဲဖြစ်နေတဲ့အချိန်မှာ ဒီ လိုတောင်းတော့ ဒေ သ ခံတွေအနေနဲ့ တော်တော်လေး အခက်တွေ့ နေရတယ်"ဟု မိုး ညှင်း မြို့ နယ် ဒေ သခံများ က ပြော ဆို သည်။KIA (104)ဗျူဟာတပ်မှ မိုးညှင်းမြို့နယ်ရှိ အုပ်စုကျေးရွာများဖြစ်သော နမ္မား၊ အင်းကုန်း၊ နန့် စလှော်၊ တောင်အင်း၊ ကန့်ကြီးကုန်းနှင့် အခြားအုပ်စုတစ်ခုသို့ သတ်မှတ်သော ဆန်နှင့် ဆားပေးဆောင် ရ မည်ဟု အကြောင်း စာပေးပို့ထားခြင်းဖြစ်သည်။အဆိုပါ တပ်မှတောင်းသော ဆန်နှင့် ဆားများ ကို  ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာ (၁)ရက်နေ့ သွားရောက်ညှိနိုင်းခဲ့ရာ အိမ်ထောင်စုတစ်ခုလျှင် ဆန်  (၅)ပြည်နှင့် ပိုက်ဆံ (၂၅၀၀) ကျပ်အား ဒီဇင်ဘာ (၈)ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်မည်ဟု သဘော တူခဲ့ရကြောင်း သိရှိရသည်။KIA စစ်တပ်မှ ဒေသခံလူငယ်များအား ပြန်ပေးဆွဲမူ မကြာ ခဏပြု လုပ်နေ ပြီး ကျောင်းသားလူငယ်များအား ဖမ်းဆီးခေါ်ဆောင် မှုကို နိုဝင်ဘာ (၂၇)ရက်နေ့တွင် မိုးညှင်း မြို့ရှိ နည်းပညာကော လိပ်အနီးတွင် အထက်တန်းကျောင်းသူတစ်ဦးနှင့်   ကော လိပ်ကျောင်း သူ တစ်ဦး အပါ အ၀င် လူငယ် (၅)ဦး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီးနှစ်ဦးအား တစ်ဦးလျှင် ကျပ် (၂)သိန်းဖြင့် ရွေးယူခဲ့ရကြောင်း သိရှိ ရသည်။"KIAက အမျိုးသမီးနှစ်ဦးကို (၂)သိန်းနဲ့ ညတွင်း ချင်း လာရွေးခိုင်း တယ်။ နောက်ပြီး ဘယ်ဌာန၊ ဘယ်မီဒီယာကိုမှ မပြောဖို့မှာ လိုက်တယ်၊ အခုဆို ဒီမှာ လူငယ် လူရွယ် သမီး ပျိုတွေအတွက်ပါ အရမ်း အန္တရယ်များတဲ့ အခြေအနေဖြစ်နေပြီ" ဟု မိုးညှင်း မြို့ မှ ဒေ သခံ တစ်ဦး က ပြောသည်။ဒီဇင်ဘာ (၂)ရက်နေ့တွင်လဲ မိုးညှင်းမြို့နယ် နန့်စလှော်အုပ်စုမှ လူငယ် (၁၀)ဦးအား ဖမ်း ဆီးခေါ် ဆောင်သွားခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် (၇)သိန်းဖြင့် သွားရောက်ရွေးယူခဲ့ရကြောင်း ကိုလည်း သိရသည်။
Ref:မြစ်မခ

0 comments:

Post a Comment