468x60 Ads

Friday, October 19, 2012

လွန်ခဲ့တဲ့ ၁ဝ နှစ်နဲ့မခြား လှသွေးကြွယ်ဆဲ ဟာဂျိဝန်

မင်းသမီး ဟာဂျိဝန်ကတော့ ၁ဝ နှစ်ကြာတာတောင် ဘာမှမပြောင်းမလဲဘဲ လှနေတုန်း ဆိုတာကို သက်သေပြလိုက် ပြန်ပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ဟာဂျိဝန်ဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်က သူမ သရုပ်ဆောင် ထားတဲ့ “Damo” ပိုစတာရှေ့မှာ ယုံကြည်မှု အပြည့်နဲ့ ထိုင်ပြီး Olay အလှကုန်ရဲ့ Angi-Aging Cream   ကြော်ငြာအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။ ဒီကြော်ငြာရဲ့ ရည်ရွယ်ချက်ကလည်း အချိန်တွေကြာပေမယ့် နုပျိုနေတုန်း ဆိုတာကို ဖော်ကျူးချင်တာဖြစ်ပြီး ဒါဟာ ဟာဂျိဝန်ရဲ့ စိတ်ကူးစိတ်သန်းလို့ သိရပါတယ်။ သူမကိုကြည့်ရတာ ဟာလည်း အဲဒီနေ့ကြော်ငြာ ရိုက်ကွင်းမှာ  ”School” ဒရာမာနဲ့  “Fool” ရုပ်ရှင်ထဲက ထက်တောင် နုပျိုနေတယ် လို့ရေးသားဖော်ပြခံရပါတယ်။

0 comments:

Post a Comment