468x60 Ads

Friday, October 19, 2012

မိခင်နိုင်ငံကို တိတ်တိတ်လေး ချစ်ပြတဲ့ ဆောင်းဟေဂျို(အွန်စော)

အွန်စောလို့ မြန်မာပရိသတ်က ချစ်စနိုး မှတ်မိထားကြတဲ့ ဆောင်းဟေဂျိုဟာ မိခင်ဘာသာ စကားနဲ့ နိုင်ငံအကြောင်းကို ကမ္ဘာအနှံ့မှာ သိရှိစေရေးအတွက် “Duru Duru”ဆိုတဲ့ ကိုရီးယား ယဉ်ကျေးမှုနဲ့ ဘာသာစကား အကြောင်း လေ့လာသူတွေကို အထောက်အကူ အဖြစ်စေတဲ့ ဖုန်း Application တစ်ခုကို အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အခမဲ့ရယူနိုင်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။  ပါမောက္ခကြီး Seo Kyoung-duk  က ဒီ Applicationကို နိုင်ငံရပ်ခြားက ကိုရီးယား Gallery များမှာ စတင် အသုံးပြုဖို့ တောင်းဆို ထားပါတယ်။ “Duru Duru” ကို Android ဖုန်းများမှာအသုံးပြုနိုင်ပြီး iPhone များမှာလည်း ရရှိတော့မှာဖြစ်ပါတယ်။ ပါမောက္ခကြီး Seo က   ဆောင်းဟေဂျိုဟာ မိမိနိုင်ငံကို တိတ်တဆိတ် ချစ်ပြနေတဲ့သူလို့ ချီးမွမ်း ခဲ့ပါတယ်။ အရင်တုန်းကလည်း ဆောင်းဟေဂျိုဟာ ကိုရီးယား ခရီးသွား လမ်းညွှန် စာအုပ်ပေါင်း သုံးသောင်းကို ရှန်ဟိုင်းဒေသဆိုင်ရာ အစိုးရထံ ပေးအပ် လှူဒါန်းဖူးပါတယ်။ ဒါ့အပြင်လက်ရှိမှာလည်း ဆောင်းဟေဂျိုနဲ့ ပါမောက္ခကြီး Seo တို့ဟာ နယူးယောက် အနုပညာ ပြတိုက်နဲ့ နိုင်ငံတကာက ပြတိုက်များမှာ ကိုရီးယား ခရီးလမ်းလမ်းညွှန်စာ အုပ်များထားရှိဖို့ စီစဉ်ရာမှာ ပါဝင်ကြဦးမယ်လို့ သိရပါတယ်။ French Global Agency Effigies နဲ့ ပထမဆုံး စာချုပ်ချုပ်ခွင့်ရတဲ့ အာရှက မင်းသမီး တစ်လက်လည်းဖြစ်တဲ့ ဆောင်းဟေဂျိုဟာ It’s Time for Hye-kyo ဆိုတဲ့ Photo Essay စာအုပ်ကိုလည်း ဒီနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

0 comments:

Post a Comment