468x60 Ads

Friday, October 19, 2012

ဆုတွေ အများကြီးရထားတဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’ ဗီစီဒီ ထွက်ရှိခြင်း အမှတ်တရလက်မှတ်ထိုးပွဲကို အောက်တိုဘာ ၇ရက်၊နေ့ခင်း ၁နာရီမှ ၃နာ ရီအထိ လှည်းတန်းစိန်ဂေဟာနဲ့ ညနေ ၅ နာရီမှ ည ၇နာရီအထိ ဂျန်းရှင်းမော်တင်တို့မှာ အသီးသီးကျင်းပခဲ့ပါတယ်။ လက်မှတ်ထိုးပွဲမှာ ပရိသတ်တွေ တိုးကြိတ်ကာ ဝယ်ယူခဲ့ကြပြီး အနုပညာရှင်တွေကလည်း သီချင်း များဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ တိုးကြိတ်ပြီး အခွေဝယ်ယူအားပေးကြတဲ့ ပရိသတ်များအတွက် ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေကို ဝိုင်းစုကျေးဇူးတင်ပါတယ်။ သူတို့ တအား ပင်ပန်းတယ်။ တအားလည်း တိုးရတယ်။ တချို့ဆို လက်တွေဘာတွေတောင် ထိတယ်။ ချွေးသံတရွှဲရွှဲနဲ့ လာအားပေးကြတာ တအား ကျေးဇူးတင်ပါတယ်။ ဝိုင်းစုရဲ့ တကယ့် ပရိသတ် အစစ်အမှန်တွေပါပဲ။ သူတို့အတွက် ဆက်ပြီးကြိုးစားမှာပါ။ အခုလို အားပေးကြတဲ့အတွက် ကြိုးစားရကျိုးနပ်တာပေါ့” လို့ ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ပတ္တမြား အက်ဖ်အမ်ရဲ့တစ်နှစ်ပတ်လုံး ပရိသတ်အကြိုက် ဆုံးတေးသံရှင်ဆုရရှိ သလို၊ရွှေအက်ဖ်အမ်ရဲ့ ရုပ်ရှင်နဲ့ ဂီတမှာပါအောင်မြင်တဲ့ အမျိုးသမီး အနုပညာရှင်ဆုကိုလည်း ရရှိခဲ့ပါ တယ်။ ဝိုင်းစုခိုင်သိန်းက ပြီးခဲ့တဲ့နှစ်က ရွှေအက်ဖ်အမ်မှာ Rဇာနည်နဲ့ ‘လိုက်ဖက်တဲ့ ဘဝ’ စုံတွဲသီချင်းကို ဆုရဖူးသလို ‘မက်လောက်စရာ’ စီးရီးနဲ့ စီးတီးအက်ဖ်အမ်ဆု ကိုလည်း ရရှိခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းက ‘မျက်လှည့်’ ဗီစီဒီကို ဘားအံ ၊ မန္တလေး၊ မုံရွာ၊နေပြည်တော်၊ မိတ္ထီလာ၊ တောင်ကြီး၊ မကွေးမြို့တွေမှာ ကိုယ်တိုင်သွားရောက် လက် မှတ်ရေးထိုး ဖြန့်ချိမှာဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment