468x60 Ads

Tuesday, October 23, 2012

‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’အတွက် ဘန်ကောက်ကို သွားရောက်လေ့လာခဲ့တဲ့ နန်းဆုကေဆွမ်

အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်နေ့ အထိ MCCခန်းမမှာ ကျင်းပပြုလုပ်မယ့် ‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’ မှာ နန်းဆုကေဆွမ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒီပွဲမှာ လိုအပ်မှုတွေအတွက် ဘန်ကောက်မှာ သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ နန်းဆုကေဆွမ်က “ဘန်ကောက်ကို ၁၆ ရက်နေ့သွားတယ်။ ၁၈ ရက်နေ့က ပြန်ရောက်တယ်။ အဓိကကတော့ သူတို့ရဲ့ အဝတ်အစားက မြန်မာနိုင်ငံအနေနဲ့ လက်ခံနိုင်တာမျိုးရှိလား ဆိုတာ သွားကြည့်တော့ အဝတ်အစားတွေက မရိုင်းဘူး။ တအားလှတယ်။ သူတို့ရဲ့သရုပ်ဆောင်မှုတွေကို တော်တော်လေးစားတယ်။ သူတို့က ပုံမှန်လူတွေတော့မဟုတ်ပေမယ့် သူတို့တွေ ပြ သတဲ့ အချိန်မှာ တကယ်လေးစားရတယ်။ သူတို့ကို မဝေဖန်ခင် အရင်ဆုံး လာကြည့်စေချင်တယ်။ ပြပွဲကို အယောက် ၃ဝနီးပါးလောက် လာကြမယ်။ ဒီမှာလာလုပ်ရင် MCC က ကျယ်တော့ စင်အနေအထားကလည်း အဆင်ပြေမှာပါ။ မြန်မာနိုင်ငံကို သူတို့က ပထမဆုံးအနေနဲ့ လာတာဆိုတော့ လာကြည့်စေချင်တယ်။ ဒီပွဲအောင်မြင် သွားရင် ပွဲတွေကို မန္တလေးမှာလည်း နောက်ထပ်လုပ်ဖို့ အစီအစဉ်ရှိတယ်။ သူတို့ လေယာဉ်ကွင်းကို စရောက်တဲ့အချိန်ကစပြီး မှတ်တမ်းတင် ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။

0 comments:

Post a Comment