468x60 Ads

Tuesday, October 16, 2012

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်

နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်လုံးကျွတ်ညီလာခံကနေ ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်ခဲ့တာမှာ
ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန် ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

ဒုတိယဥက္ကဋ္ဌတာဝန်အတွက်ကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြန်လည်ရွေး ချယ်ခဲ့တဲ့ အပြင် သူရဦးအေးမြင့်နဲ့ ဦးဌေးဦး စုစုပေါင်း ၃ ယောက် ရွေးချယ်ခဲ့ပါတယ်။

ဒီကနေ့ ပြည်ခိုင်ဖြိုး ပါတီညီလာခံကနေပဲ ဗဟိုကော်မတီဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ကို ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက ပါတီ ဥက္ကဋ္ဌ ရာထူး ပြန်လည်ယူတဲ့ အပေါ်မှာ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

0 comments:

Post a Comment