468x60 Ads

Tuesday, October 30, 2012

အာဆီယံမှာ ကားမောင်းမဲ့ အနုပညာရှင်...

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင်ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကား   ပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း မျက်ရည်အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကား ဆို လည်း စိတ်ထဲနှလုံးထဲသွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။ “အိုးကြီး ၃ဝ အိုးလေး ၅ဝဝ”  ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီပြန်တွေ့ ရတော့ တအားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦးယောင်တာကို ဟာသဖွဲ့ပြီး ရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊ ဒီလိုမျိုး စုံစုံညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာလူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ်ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုး လေး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရကို မေသဉ္ဇာဦးက ပြန်ပြောပြပါတယ်။ အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင် ငံသားအနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ ဘယ်အတိုင်းအတာ အထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေး ဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့မကြာတော့ပါဘူး၊အကြောင်းကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်းနဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလိုသွားမောင်းရမှာဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ်လည်းကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ မေသဉ္ဇာဦးက ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝများ” ဇာတ်ကားမှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော်တို့နဲ့ အတူပါဝင် သရုပ်ဆောင်ထားကြောင်း ပြောပြခဲ့ပါတယ်။

0 comments:

Post a Comment