468x60 Ads

Tuesday, October 30, 2012

ခန့် စည်သူရဲ့  အကယ်ဒမီ ရန်ခုန်သံ....

၂ဝ၁၁ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေထဲမှာ ခန့်စည်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကား ‘ဝဋ်ကြွေး’လည်းပါဝင်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ခန့်စည်သူရဲ့ အကယ် ဒမီပတ်သက်ပြီး ရင်ခုန်မှုကိုလည်း မေးကြည့်တော့ “ဒီကားမှာ သက်မွန်မြင့်နှစ်ကိုယ်ခွဲပေါ့။ သူ လည်းတော်တော်   ကြိုးစား ထားပါတယ်။ ဒီဘက်ခေတ်မှာ ဒီလိုကားမျိုးက ရုံတင်လည်း ရနိုင်မှာ မဟုတ်ဘူး။ အခုက အင်တာတိန်းမန့်ကို ပိုပြီးအလေးထားတော့ ဟာသကားတွေပဲလေ။ ဟဲဗီးဒရာမာ မျိုးကျတော့ အဆင်မပြေနိုင်ဘူး။ စရိုက်ကတည်းက ပရိုဂျူဆာကြောင်ကမ္ဘာဦး ခင်ဆိုင် ကလည်း အနု ပညာ  ကို ရူးသွပ်ပြီးရိုက်တာ။ သူ့ကိုလည်း အကယ်ဒမီရစေ ချင်တယ်။   မြန်မာ့ဗီဒီယိုလော ကမှာ   ခေတ်ဦးလမ်း ဖောက်ခဲ့တဲ့လူလို့တောင် ပြောလို့ရပါတယ်။ဒီနှစ်ထဲမှာ ဒရာ မာကားနည်းတယ်ဆိုပေမယ့် ကားကောင်းတွေလည်း ပါပါ တယ်။ ဒရမ်မာနဲ့ ဟာသဆိုဟာသလည်း ပေးသင့်တယ် ဆိုပေမယ့် အင်တာနေရှင်နယ်ပုံစံနဲ့ကြည့်မယ်ဆို ခက်ခက်ခဲခဲလုပ်ရတာကို ခက်ခဲလို့ပိုသဘော ထားပြီးကမ္ဘာမှာ လည်း ဒီလိုဒရမ်မာပုံမျိုးတွေ ပိုရတတ်တာများတယ်။ဟာသကားက အခွင့်အရေးနည်းတာပေါ့”လို့ပြောပြခဲ့ပါတယ်။
အကယ်ဒမီကိုတော့ ရလိုတဲ့ရည်ရွယ်ချက်နဲ့ ရိုက်ကူးခဲ့တာမဟုတ်ဘဲ အကောင်း ဆုံးတော့   သေချာ သရုပ်ဆောင်  ခဲ့တဲ့လို့ဆိုတဲ့ ခန့်စည်သူက “အနုပညာသမားတိုင်း ကတော့ အကယ်ဒမီဆိုတာ မှတ် တိုင် ပဲလေ။ လူတိုင်းကတော့ လိုချင်ကြတာပဲ။ ဒါပေမဲ့ပိုပြီး လုပ်ကွက် ကောင်းတာက ဒီကားမှာ သက်မွန်မြင့်ပေါ့။ ရိုက်ကတည်းက အကယ်ဒမီရလိုတဲ့ ရည်ရွယ်ချက် နဲ့ရိုက်တာမဟုတ်ပါဘူး။ ကားလေးတစ်ခု ကောင်းရမယ်။ ကိုယ်ပါဝင်တဲ့ ဇာတ်ရုပ်ကလည်း သေချာသရုပ်ဆောင်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီကားမှာ ပါဝင် သရုပ်   ဆောင်   ခွင့် ပေးခဲ့တဲ့ ဦးစိုးသိမ်းတို့ရော ပရိုဂျူဆာဦးခင်ဆိုင်တို့ကိုရော ကျေးဇူးတင်ပါတယ်။ ဒီလိုခေတ်မျိုး၊ ဒီလိုကားမျိုး သရုပ်ဆောင်ရတဲ့ အတွက်ပေါ့။ ဒါရိုက်တာက ‘ထာဝရအလင်းတန်းများ’ ဇာတ်ကားရိုက်တဲ့ ကိုထွန်းအောင် ဇော်ရမယ်လို့ ထင်တယ်။ သူလည်းတကယ် တော်ပါတယ်။ အဓိကက မရသေးတဲ့ သူတွေကို ရစေချင်ပါတယ်” လို့ ပြောပြပါတယ်။
Ref: Popular

0 comments:

Post a Comment