468x60 Ads

Wednesday, October 10, 2012

ဆေးတက္ကသိုလ်ဝင်ခွင့် အထူး အစီအစဉ်အတွက် နယ်စပ်ကျောင်းသား ၃၄ ဦးရွေးချယ်


ဆေးတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ခွင့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ကျောင်းသား ၃၄ ဦးကို ရွေးချယ်လိုက်ကြောင်း ဆေး
သိပံ္ပပညာ ဦးစီးဌာနမှ သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွား   လာရေးနှင့်   မှုရေးခက် ခဲသော   ဒေသများမှ 
 ကျောင်းသားများအတွက် ဆေးတက္ကသိုလ် တက်ရောက် ပညာသင်ခွင့် အစီအစဉ်ကို ယခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၂၀၀ နီးပါး လျှောက်ထားခဲ့ကြကြောင်း သိရသည်။

"ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ ကျောင်းသားအများစုက မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ အမှတ်ကိုတော့ ပြောလို့မရပါဘူး။ မူနဲ့ ကိုက်ညီတဲ့ သူတွေထဲက ရွေးချယ်လိုက်တာပါ"ဟု ဆေးသိပံ္ပပညာ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ဒေသများနှင့် ဒေသ စရိတ် ခံစားခွင့် ပြုထားသော ဒေသများတွင် အမြဲနေထိုင်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပံ္ပဘာသာတွဲဖြင့် အောင်မြင်ထားသော ကျောင်းသားများကို ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဆေးတက္ကသိုလ် ၀င်ခွင့်အတွက် သီးခြား လျှောက်ထားရသော အစီအစဉ်တွင် ရွေးချယ်ခံရသော ကျောင်းသားများအနေဖြင့် ဆေးပညာသင်ယူပြီးဆုံးပါက မိမိဒေသတွင် ငါးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။

0 comments:

Post a Comment