468x60 Ads

Wednesday, October 10, 2012

IBTC ကုမ္ပဏီ ချဲလ်ဆီး အသင်းနှင့်အကျိုးတူ စာချုပ် ပထမဆုံး ချုပ်ဆို


မြန်မာနိုင်ငံ ဝီစကီဈေးကွက်တွင် ဝေစု အများဆုံး ရရှိထားသော Grand Royal ဝီစကီ ထုတ်လုပ် ဖြန့်ချိ သည့် IBTC ကုမ္ပဏီက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း နှင့် စီးပွားရေး အရ အကျိုးတူ ပူးပေါင်းမှု စာ ချုပ် ပထမဆုံး ချုပ်ဆို လိုက်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ချက်ထရီယံ ဟိုတယ်၌ ပြုလုပ်သည့် အကျိုးတူ ပူးပေါင်းမှု စာချုပ် လက်မှတ်ရေးထိုးပွဲ၌ ချဲလ်ဆီး အသင်း ၏ အာရှ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Adrian က ပြောကြားသည်။
ယင်းကဲ့သို့ စီးပွားရေး အရ အကျိုးတူ ပူးပေါင်းရေး စာချုပ်ချုပ် ဆိုလိုက်သောကြောင့် Grand Royal ကုမ္ပဏီ သည် ချဲလ်ဆီး အသင်း ၏ အမှတ် တံဆိပ်နှင့် ဘောလုံး သမားများ ၏ ပုံရိပ် များကို ပထမဆုံး အသုံးပြုခွင့် ရရှိမည်ဖြစ် ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံသား အများစုမှာ အင်္ဂလိပ် ပရီးမီးယားလိဂ် အသင်းများကို အားပေးသူများ ဖြစ်သည့်အပြင် ချဲလ်ဆီး ပရိသတ်များလည်း အခိုင်အမာ ရှိသည့် အတွက် ချဲလ်ဆီး အသင်းနှင့် အကျိုးတူ ပူးပေါင်းမှု တရားဝင် စာချုပ် ချုပ်ရခြင်း ဖြစ်ကြောင်း IBTC ကုမ္ပဏီ ဥက္ကဌဦး အောင်မိုးကျော်ကရှင်းပြသည်။ Grand Royal ဝီစကီ ထုတ်လုပ် ဖြန့်ချိသည့် IBTC ကုမ္ပဏီအနေဖြင့် အင်္ဂလန်ပရီးမီး ယားလိဂ် ထိပ်သီး ချဲလ်ဆီး ဘောလုံးအသင်းနှင့် နှစ်နှစ်တာ အကျိုးတူ ပူးပေါင်းမှု အတွက် ငွေကြေး မည်မျှ ဖြင့် ချုပ်ဆို သည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မပြုပေ။

0 comments:

Post a Comment