468x60 Ads

Friday, October 26, 2012

ကချင်ရွာသားနှစ်ဦးကိုမြန်မာ စစ်တပ် ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ်  ကာမိုင်းမြို့နယ် နမ့်ဆီးအိမ်ရွာမှာ  တပ်မ ၈၈ လက်ေအာက်ခံ အစိုးရတပ်ဖွဲ့ ဝင်တွေ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ေန့ ညပိုင်းက  ရွာထဲ ၀င်လာပြီး  ရွာသေားတွကို ရိုက်နှက် ဖမ်းဆီးကာ ဆယ်အိမ်မှူး ဦးနိုင်လင်းနဲ့ ရွာသား  ဦးလေဗျာင်ကွန်းကို ဖမ်းဆီးသွားပါတယ်။
ဦးလေဗျာင်ကွန်းရဲ့အိမ်မှာ နွားပျောက်တဲ့ကိစ္စတခုနဲ့ ပတ်သက်ပြီး အစည်းအေ၀းလုပ်ဖို့ ပြင်နေစဉ် ဖမ်းဆီးသွားတာလို့လည်း ဦးလေဗျာင်ကွန်းရဲ့ ညီမဖြစ်သူ အမျိုးသားဒီမိုကေရစီအင်အားစုပါတီက  ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက  ပြောပါတယ်။
“စစ်တပ်က ၀င်လောတာ့ လူအချို့ ကြောက်လန့်ပြီး ထွက်ေပြးကြတယ်။ ကျန်တဲ့သူ လူ ၄ ၅ ဦးကို ကေအိုင်ေအလို့ စွပ်စွဲပြီး  ရိုက်နှက်ခဲ့တယ်။ အစိုးရတပ်ဖွဲ့ဝင်ေပါင်း ၆၀ လောက်ရှိပြီး ဦးလေဗျာင်ကွန်းအိမ်ကို မွေနှောက်ရှောဖွခဲ့တယ်။ သေတ္တာထဲ ထည့်ထားတဲ့ စုစေုပါင်း ကျပ် ၁၅ သိန်း တန်ဖိုးရှိ ရွှေငွေလက်ဝတ်လက်စေားတွပါ သိမ်းယူသွားတယ်။”
အစ်ကိုဖြစ်သူ ဖမ်းဆီးခံရတဲ့ကိစ္စ  ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီ စောရးတိုင်တန်းဖို့ စီစဉ်ေနေကြာင်း၊ သက်ဆိုင်ရာက စုံစမ်းအေရးယူမှုတွေ မလုပ်ပေးဘူးဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ လူ့အခွင့်အေရးဆိုင်ရာ အဖွဲ့အစညေ်းတွဆီ ဆက်လက်တိုင်ကြားပြီး  တရားဥပေဒအရ  အရေးဆိုသွားမယ် လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

0 comments:

Post a Comment