468x60 Ads
Friday, October 26, 2012
လှချင်သလား... ပါးရေတွန့် နေတာတွေပျောက်ချင်သလား.. ထိုင်းအလှပြင်ဆိုင်မှာ ပါးရိုက်ခံလိုက်ပါ... ဒေါ်လာ ၃၅၀ပါ...
ထိုင်းရိုးရာသဘာနည်းဖြင့် အလှပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သူမအ
နေဖြင့် နုပျူလန်းဆန်း၊ ရှင်သန်လှပလိုသူများအတွက် ပါးရိုက်ပေးခြင်းဖြင့် စွမ်းဆောင်ကုသပေး
နေတယ်လို့ ဆိုပါတယ်..
ခွဲစိတ်ပြုပြင်ဆရာမလိုပဲ သက်ဆိုင်ရာကိုယ်ခန္ဒာအစိတ်အပိုင်းများအား ခပ်ဆတ်ဆတ်ရိုက်ခြင်း၊
နှိပ်နယ်ခြင်း၊ထုပေးခြင်းဖြင့် စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်...
ထိုင်းနိုင်ငံတွင် လေ့ ကျင့် သင်ကြားတတ်မြောက်လာခဲ့ သည့် တာတာဆွမ်ဘန်သမ် က သူမ
ပါးရိုက်ကုသခြင်းနုပျိုလန်းဆန်း အလှပြင်ခန်းဟာ အနောက်ကမ္ဘာမှာတော့ ပထမဦးဆုံးလို့ ဆို
ဒေါ်လာ ၃၅၀ မျှသာ ၀န်ဆောင်ခယူပါတယ်လို့ ဆိုပါတယ်... 
 ထိုသို့ ပြုလုပ်ခြင်းဖြင့် အိုမင်းရင့် ရော်ခြင်း၊ အေ၇ပြားလျော့ တွဲခြင်းကို တားဆီးပြုပြင်နိုင်ကြောင်း
ဆေးပညာဆိုင်ရာ အထောက်အထား မရှိသေးသော်လည်း ထိုသို့ ရိုက်ခတ်ပေးခြင်းဖြင့် သွေး 
လှည့် ပါတ်မှုအားကောင်းစေပြီး ကျန်းမာရေးအထောက်အကူပြုစေနိုင်ပါတယ်လို့ ဆရာဝန်များ
က သဘောတူ ၀န်ခံပြောဆိုခဲ့ ကြောင်း အေဘီစီ သတင်းကဆိုပါတယ်...
သို့ သော်လည်း သိသာထင်ရှားမှု၊ အကျိုးဆက်ကတော့ ချက်ခြင်းမြင်နိုင်ပါတယ်လို့ ထိုအလှပြု
ပြင်ခြင်း ပါးရိုက်အနှိပ်ခန်းကို တာတာနှင့် အတူပိုင်ဆိုင်သည့် သူမ၏ခင်ပွန်း မာဝမ် တို့ ကဆိုပါ
တယ်....
"ဘာလက်ဝတ်ရတနာမှဝတ်မထားမိပါစေနဲ့ ... လက်တွေ၊ ခြေတွေအကြောလျော့ ထားပါ... ခိုင်း
ဒါဟာ အလကားပြောနေတာမဟုတ်ဘူး... အလေးအနက်ကိုပြောနေတာဖြစ်ပါတယ်..." လို့ မာ
ဝမ်က ယမန်နေ့ တွင်ဖွင့် လှစ်ခဲ့ သည့် တာတာအနှိပ်၊အလှပြုပြင်ခန်းတွက်ပြောကြားခဲ့ ပါတယ်...
ထိုင်းနိုင်ငံတွင်တော့ အမျိုးသမီးများနောက်ပိုင်းအလှတောင့် တင်းထင်ပေါ်အောင်၊ တင်ပါးများ
အား လက်သီးဖြင့် အထိုးခံခြင်း၊ ရင်သားများဖွံ့ ထွားတိုးတက်အောင် အရိုက်ခံခြင်းဖြင့် အလှပြု
ပြင်ခြင်းများလည်း ခေတ်စားနေပါတယ်... 
ထိုင်းနိုင်ငံဘန်ကောက်တွင်တော့ ထိုပါးရိုက်နားရိုက်၊ ထိုးကြိတ်ခြင်းဖြင့် အလှပြုပြင်ခြင်းလုပ်ငန်း
ကို အသက် ၄၄ နှစ်ရှိ ခွန်ယင်တော့ဘ်နွန် အမည်ရှိအမျိုးသမီးတစ်ဦးက နှစ်ပေါင်း ပရိစ္ဆေဒကြာ
လူကြိုက်များလျှက်ရှိနေပါတယ်...
ရှးတုံးကတော့ အခုခေတ်လို ရင်တွေ၊ တင်တွေကြီးတာသေးတာ ဂရုမစိုက်ကြတာမို့ အဲဒီခေတ်
ကလူကြီးတွေက ဒီနည်းပညာကို မဖြန့် ဝေခဲ့ ကြပါဘူး လို့ သူမက ဘန်ကောက်ပို့ စ် သတင်းစာ
ကိုပြောကြားခဲ့ ပါတယ်...
ရှိသည့် ရင်သားနေရာသို့ စုစည်းပေးခြင်းဖြစ်ပါတယ်....
ခွန်ယင်တော့ ဘ်နွမ် ရဲ့ ရင်သားအလှပြုပြင်နည်းကိုမယုံကြည်သူများအနေဖြင့် ထိုင်းနိုင်ငံကျန်း
တစ်ကယ်ဖြစ်ကြောင်း လေ့ လာစမ်းစစ်ချက်ပြုလုပ်ကာ ထောက်ခံပြောဆိုခဲ့ ခြင်းကို တွေ့ မြင်နိုင်
ပါတယ်...
ထိုသို့ မိမိတို့ ၏အလှအပများ စုဝေးဖြစ်တည်လိုသူအမျိုးသမီးများအနေဖြင့် ခွဲစိတ်ကုသမှုမပြုပဲ
ကိုယ်တိုင် ရိုက်ခတ်၊ နှိပ်နယ်ကာ ကြီးထွားဖွံ့ ဖြိုးစေနိုင်မည့် နည်းစနစ်ပညာပေးမှုကို ၀န်ကြီးဌာ
နအနေဖြင့် ပင် အကုန်အကျခံပြုလုပ်ပေးခဲ့ ပါတယ်...
အလှပြုပြင်လိုသူတွေအနေနဲ့ အခုလိုအရိုက်ခံ၊ အနှိပ်ခံယုံဖြင့် သိသိသာသာကြီးထွားလာမာဖြစ်
တယ်ဆိုတာ အသိပေးလိုပါတယ်လို့ လည်း ခွန်ယင် ကဆိုပါတယ်...
ဥပမာအားဖြင့် ရင်သားအရွယ် ၃၀ လက်မ ရှိသူအနေဖြင့် ပြုပြင်မှုအပြီးမှာ ၃၂ လက်မ အထိကြီး
လာနိုင်ပါတယ်...ဒါဟာသက်သေအထောက်အထားနဲ့ ကိုပြနိုင်ပါတယ်လို့ သူမကဆိုပါတယ်... 
 လှချင်ယင်တော့နည်းနည်းတော့ အနာခံရမှာဖြစ်ပါတယ်လို့ လည်းသူမကဆိုပါတယ်...  
နည်စွာနဲ့ ပဲ ငြင်းပယ်ခဲ့ ရတာမျိုးတော့ လည်းရှိခဲ့ ပါတယ်လို့ သူမကဆိုပါတယ်...
အခုအခါမှာတော့ တိမ်မြုပ်ပျောက်ကွယ်လုမတတ်ဖြစ်နေသည့် ရှေးဟောင်း ရိုက်နှက်၊ နှိပ်နယ်ခြင်းနည်းပညာကိုသင်တန်းကြေး ဒေါ်လာ ၃ သိန်း ၃သောင်း၊ ၂သိန်း ၆သောင်း၃ထောင်၊၁သိန်း ၆ သောင်း ၄ ထောင် စသည်ဖြင့် ရက်ရက်ရောရော ဖြန့် ဝေကာ ပညာအမွေပေးလျှက်ရှိနေပါတယ်....မြန်မာပြည်မှစိတ်ပါဝင်စားသူများဆက်သွယ်ကြပါကုန်...
 ပါးရိုက်မခံရခင်နှင့် ပါးရိုက်ခံအလှပြုပြင်ပြီးပုံ...
လျော့ ရဲ၊ ပျော့ တွဲနေတာတွေ တင်းရင်းဝင်းပနေအောင် အရိုက်ခံကြပါစို့ ...
ထိုင်းနိုင်ငံတွင် တီထွင်ကြံဆသည်... အမေရိကန်တွင် လုပ်စားသည်...
နဲနဲလေးတော့ နာပါတယ်... နာတာလေးလည်းကောင်းပါတယ်...
ငါဆရာရိုက်ကာပေးလိုက်မယ် .....ကြီးမားစေသား...
ကိုယ်ကလည်းအရိုက်ခံရသေး၊ ပိုက်ဆံလည်းပေးရသေးတယ်...
ဒါမျိုးအနောက်ဥရောပမှာ ပထမဦးဆုံးပါပဲ...
0 comments:
Post a Comment